သူတို့ဘဝသူတို့ တို့အကြောင်း ( ဒုတိယပိုင်း)

snow whiteJuly 10, 20121min07

ထားဝယ်လူကြီးနဲ့လည်းသဘောမတူတော့  လက်မထက်ဖြစ်လိုက်ဘူးလေ ထားဝယ်လူကြီးကသူဆင်ထားတဲ့  လက်ဝက်ရတနာ တွေ အကုန်ပေးခဲ့တယ် ထားဝယ်လူကြီးနဲ့အဲ့ထဲ ကအဆက်သွယ် ပျက်ခဲ့တယ်  အလတ်မနာမည်က မမွန်မွန်ဝေဆိုတော့  စနိုးမမွန်လို့ရေးမယ်နော်  ဒီနေရာမှ တင်မမွန်အကြောင်းခဏရပ်မယ် အငယ်မလေး မိုးမိုးဝေအကြောင်းပြောပြမယ်  မမိုးကကျတော့ တကယ့်ဒိတ်ဒိတ်ကျဲ အသိုင်းဝိုင်းနဲ့ကြိုက်မိတာ (မန္တလေးသားတွေ မန္တလေးသူတွေသိရင် လည်းမပြောနဲ့နော်  စနိုးမေတ္တာ ရပ်ခံတာပါ)မမိုးကိုကြိုက်တဲ့ကိုကြီးက   မန္တလေးသားမိဘနှစ်ပါးလုံးမရှိတော့ဘူး မောင်နှမလေး၂ယောက်ထဲ     သူတို့ကမန္တလေးမှာတော့ပိုက်ဆံတော်တော်လေးချမ်းသာတယ်လို့မမိုးပြောတာဘဲနော်  မုန့်တိုက်လည်း ဖွင့်ထားတယ် အထည်ချုပ်လည်းပိုင်တယ်တဲ့ စိန်ပွဲစားလည်းလုပ်တယ် အဲ့အကိုကြီးအစ်မက တော်တော်လေးလည်းပိုက်ဆံတော့ရှိတယ် ကိုကြီးကတော်တော်လေးလည်းဝတယ်  ကိုကြီးက မမမိုးကိုတော့အသေချစ်တယ် အသေကြိုက်တယ်   ယူတော့ယူမယ် ဒါပေမယ့် တရားဝင်လက်မထပ်ဘူး တိတ်တိ်တ်လေးပေါင်းမယ် ဘာကြောင့်လည်းဆိုတော့သူ့အစ်မက လုံးဝသဘောမတူလို့ဘဲလေ  သူ့အစ်မ ကလုံးဝသဘောမတူဘူး လေအဆိုတော်မဆိုတဲ့တစ်ချက်ထဲနဲ့သူတို့အသိုင်းဝိုင်းထဲ အမျိုးမတော်နိုင်ဘူးတဲ့လေ   ကိုကြီးကိုလည်းအမွေဖြတ်မယ်ဆိုလို့မမိုးက တစ်ခါထဲအဲ့ သူအစ်မပြောတဲ့စကားတွေကိုကိုကြီးကအကုန်ပြန်ပြောပြတော့ မမိုးက  ကဲပါ နင်လည်းငါကိုထားခဲ့လိုက် နင်လည်းအမွေဖြတ်မခံရအောင်  အေးပေါ့ နင်အစ်မကဘယ်သဘောတူနိုင်မှာလည်းပိုက်ဆံရှိအသိုင်းဝိုင်းပညာတက် တဲ့သူ နဲ့ဘဲ    နင်ကိုသဘောတူမှာပေါ့

အေးပါနင်နဲ့ငါနဲ့ဇတ်လမ်းဒီနေရာမှာတင်ရပ်လိုက်တော့ လို့ အပြတ်ပြောပေမယ့် ကိုကြီးကရန်ကုန်လာတိုင်းမမိုးကိုုလက်ဆောင် တွေ  ပေးတယ်   အပြင်တွေသွားကျ တယ်သီချင်းမဆိုတော့ဖို့လည်းကိုကြီးကပြောတယ် တဲ့လေ ဒါပေမယ့်မမိုးကနင်နဲ့ငါ့ဇတ်လမ်းပြီးပြီ ကိုကြီးကလည်းမရဘူး  ချစ်တော့ချစ်တယ် ဒါပေမယ့် သူအစ်မကိုလည်းသူမလွန်ဆန်ရဲဘူးပြသနာတွေ နည်းနည်းတင်းမာလာတယ် ဒီခါ ကျတော့ ပေါင်ချိန်အိပ်ယာကနိုးလာပြီ း ဖွားကြီးက ပြောပြီ မောင် ရင်    သားတကယ် ဘဲအန်တီသမီးကိုတကယ်ချစ်တကယ်မြတ်နိုးရင်  တရားဝင်လက်ထက် ပါလို့ပြောလိုက်တယ် ကိုကြီးက ဟုတ်ဟုတ်ဟုတ်ကဲ့ပါ  သားမန္တလေးပြန်ပြီးမမနဲ့တိုင်ပင် လိုက်အုံးမယ်လို့ပြောပြီးပြန်သွားလိုက်တာ    အဲ့ထဲကနေ ကိုကြီးပျောက်သွားတာ ပေါ်ကိုမလာတော့ဘူး ။။။  သူတို့ပြောတဲ့လေထဲ မှာ စနိုးတို့မျောသွားတာ ထမင်းစားချိန်ဆိုတာလည်း မေ့သွားတဲ့ထိပါဘဲ

စနိုးတို့ဘေးတိုက်ခန်းကနေ သူတို့ပြောင်းသွားတာ ၃လလောက်ကြာတော့  သူတို့ ညီအစ်မ တွေ အညာပြန်သွားတယ် ဆိုတဲ့သတင်းကိုသူတို့နဲ့ရင်းနှီးတဲ့ အန်တီတစ်ယောက်ကပြောပြတယ်  သူတို့အဆိုတော်အလုပ်လည်းမလုပ်တော့ ဘူးလို့  ပြောပြတယ် စနိုးတို့ မမိုးတို့သတင်းကြားရတာ တကယ့်ကို မင်္ဂလာသတင်းပါ  အမှားလမ်းမှာနွံမနစ်နေဘဲ အမှန်လမ်းကိုပြန်ရွေးချယ် နိုင်လို့လေ    ခုထိတော့စနိုးတို့သူတို့သတင်းကြားနေရတာ စိတ်ချမ်းသာစရာ ပါ မမွန်က အထည်ချုပ်မှာအလုပ်ရသွားပြီး  အဆောင်ပေးလို့အဆောင်မှာနေနေပါတယ်   မမိုးကတော့  အိမ်မှာဘဲစက်လေးတစ်လုံးဝယ်ပြီး စက်ချုပ်တယ် စက်ချုပ်လို့ရတဲ့ပိုက်ဆံလေးနဲ့သူတို့သားအမိနှစ်ယောက် စားတယ်တဲ့လေ  သုံးရတာတော့ တော်တော်လေးကျပ်တည်းသွားပေမယ့်  ဖြူစင်တဲ့ဘဝလေးပြန်ရာတာနဲ့ ဘဲကျေနပ်နေလောက်ပြီလို့  ထင်မိပါတယ်     အဖွားကြီးလည်း စထဲက ဒီလမ်းမှားကိုသူမညွှန်ဘူးဆိုရင် တော်တော်တန်ဖိုးထားမြတ်နိုးရမယ့် မြန်မာ့မိန်းကလေး နှစ်ယောက်မရှုံးရဘူးပေါ့လေ    အဖွားကြီးလည်းအမြင်မှန်ရတာသိပ်မနောက်မကျေသေးဘူးလို့ထင်မိပါတယ်     ။။။။။။။။။။

 

 

 

 

 

 

 

 

ဇာတ်သိမ်းလေးကတော့ ဒါလေးဘာဘဲ  ကျေးဇူးတင်ပါတယ်    ဆက်လက်ကြိုးစားပါအုံးမည်    ဂေဇက်ရွာသူရွာသားများကို အစဉ်လေးစားလျှက် စနိုး

7 comments

  • etone

    July 10, 2012 at 1:50 pm

    စနိုးရေ .. ဒုတိယပိုင်းလေးကို … မြန်မြန်ဆွဲ ချုံ့လိုက်သလိုပဲနော် …. ။
    မကျေနပ်သေးဘူး .. တတိယပိုင်းပါ ထပ်ရေးဦး .. အဟီး ..ပွဲတောင်းတာပါ … 😀

    အမှားသိလို့ အမှန်ပြင်နိုင်တဲ့ လူက တစ်ရာမှာ တစ်ယောက်ပါ စနိုးရေ …
    ငွေရွှင်ရွှင်ရနေတဲ့ ဘဝကို၊ အစ်မတို့လို တပဲခြောက်ပြားလခစား ဘဝလေးပြန်လာဆိုလျှင်တော့ … ဘယ်လာချင်ပါ့မလဲနော် … ။ဒီညီမတွေကတော့ တကယ့်ကို ရှားတဲ့ လူသားတွေပဲ …. ။ ပြောရလျှင် အဖက်ဖက်က ငွေသုံးတာကို ချိုးနှိမ်ဖို့ဆိုတာ … အတော်မလွယ်တာ … ။ ကျားကြီးလို့ ခြေရာကြီးထားတော့ … အသုံးစွဲလည်း တတ်သွားတတ်ပြီလေ … ။
    တကယ်သာ လိမ်မာမယ်ဆိုလျှင် … တစ်မိသားစုလုံး အေးအေးလူလူ … နေရမယ့် အချိန်မျိုး … ။

    Reply

  • snow white

    July 10, 2012 at 2:48 pm

    မမအိ ချုံ့လိုက်တာမဟုတ်ဘူး သူတို့တကယ်ကို အဲ့ဘဝလေးမှာသူတို့ နှစ်သက်နေရတယ်တဲ့ ခုနောက်ပိုင်းတော့ ပြန်ဆိုချင်လည်းဆိုနေမှာပေါ့ မမအိရယ် စနိုးတို့ကြားရတဲ့သတင်းလေးကတော့ အဲ့မှာတင် အဆက်သွယ်ပျက်သွားပြီ မမအိရယ်

    Reply

  • lynn lynn

    July 10, 2012 at 3:42 pm

    တော်သေးတယ် မစနိုးရေ။ ဇာတ်သိမ်းလေးကောင်းလို့။ လမ်းမှန်ရောက်သွားတာ ဝမ်းသာစရာပဲ။ လူတွေက တစ်ခါတစ်လေးမှားတတ်ကြတယ်။ မှားတဲ့အတိုင်းဆက်မသွားဘဲ ပြင်နိုင်တာ တော်တယ်နော်။

    Reply

  • manawphyulay

    July 10, 2012 at 4:19 pm

    ကိုရီးယားကားကို ကြည့်ရသလိုပဲနော်… ပထမပိုင်းက ဇာတ်လမ်းက အရှိန်တက်နေတုန်းလေးမှာ ဇာတ်သိမ်းပိုင်းကို ဆွဲသိမ်းသွားတယ် ဟွန်း ရဘူး စနိုးရေ တတိယပိုင်း ဆက်ရေးပေးဦး။ အတွေ့အကြုံလေးတွေက သင်ခန်းစာရတာပေါ့။

    Reply

  • မနှင်းဖြူလေးရေ သူတို ့ခုလိုရွေးချယ်လိုက်တာ တော်သေးတယ်။
    ဆက်ပြီး မှားနေမှန်းသိပါရဲ့ ဆက်လုပ်နေရင်. ခက်တာပေါ့နော်။

    Reply

  • may flowers

    July 10, 2012 at 7:56 pm

    တော်သေးတာပေါ့စနိုးရယ် ပျော်စရာ( သူတို့လမ်းမှန်ကို ရောက်သွားတာကိုဆိုလိုခြင်း) လေးနဲ့

    ဇာတ်သိမ်း သွားလို့။နောင် ရေးမဲ့ပိုစ့်တွေကိုလည်း အားပေးဖို့စောင့်နေပါတယ်နော်။

    Reply

  • မောင်ပေ

    July 10, 2012 at 9:28 pm

    ဟူးးး…တော်ပါသေးရဲ ့နှင်းလေးရာ
    ကိုယ့်မှာ ပထမပိုင်းဖတ်ပြီးကတဲက စိတ်တွေပူနေခဲ့တာ။ ဟင်းးး

    Reply

Leave a Reply to may flowers Cancel Reply

Your email address will not be published.