Black Monday လို့ ပြောတဲ့ ဇူလိုင် ၉ ရက်

ဒီနေ့ ဇူလိုင် ၉ ရက် ၂၀၁၂ ကို တစ်ချို့က Internet Doomsday လို့ခေါ်ပြီး တစ်ချို့က Black Monday လို့ ခေါ် နေကြ ပါတယ်။

ဖြစ်ရပ် ကို လွယ်လွယ် သိအောင် ပြောပြချင်ပါတယ်။

၂၀၀ရ လောက်မှာ ကမ္ဘာတစ်ဝှမ်း ရှိ အသုံးပြု နေတဲ့ ကွန်ပျူတာတွေမှာ DNSchanger လို့အမည်ရှိ malware (ဗိုင်းရပ်) တစ်မျိုး ပြန့်နှံ့ ခဲ့ပါတယ်။

အဲဒီ malware က ကိုယ် အင်တာနက် အသုံးပြုချိန်မှာ သူတို့ ပြင်ဆင်ထားတဲ့ sites တွေ ဆီ ကို လမ်းလွဲလိုက်ပါတယ်။

အဲဒီမှာ ကိုယ့်စက်က သူတို့ ထိန်းချုပ်မှု အောက်မှာ ရောက်သွားပါတယ်။

ကိုယ့် ရဲ့ အချက်အလက်တွေ လဲ သူတို့ ယူလို့ ရပါတယ်။

ကိုယ့်ကို သူတို့ ပြတဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်း ကြော်ငြာ တွေ၊ promoting အတုတွေ နဲ့ စွဲဆောင်လို့ ရသွားပါမယ်။

အဲဒီ ကြော်ငြာ တွေ ကနေ သူတို့ ပိုက်ဆံ များစွာ ရခဲ့ပါတယ်။

ဒါဟာ အင်တာနက်မှုခင်း ကျူးလွန်ခြင်းပါ။

 

အဲဒါကို FBI  နဲ့ Estonian Police က မနှစ် က နှိမ်နှင်း လိုက်ပါတယ်။

သဘောက တော့ FBI က အဲဒီ ဆာဗာ တွေ ကို ထိန်းသိမ်း ခဲ့တာပါ။

ပြီးတော့ အဲဒီ malware ကို ထိနေတဲ့ ဓားစာခံ အဖွဲ့အစည်း တွေ ကို ဆက်သွယ်ပြီး ရှင်းလင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ အများအပြား ကျန်နေဆဲပါ။

ထိုသူများ မထိခိုက် ရလေအောင် FBI က စရိတ် အကုန်ခံ ပြီး အဲဒီ ဆာဗာ တွေ ကို Run ပေးနေခြင်းပါ။

ဒါပေမဲ့ FBI မှ အဲဒီ အတွက် စရိတ် ကို မခံနိုင်တော့လို့ အဲဒီ ဆာဗာ တွေ ကို ဒီနေ့ ပိတ် လိုက်တော့ မှာ ဖြစ်ပါတယ်။

အဲဒီ ဆာဗာ တွေ ထဲ ကို ကိုယ့်ရဲ့ ကွန်ပျူတာ လမ်းလွဲ ခံရခြင်း ရှိမရှိ စစ်ဆေး ဖို့ Link  တွေ လဲ ပေးပါတယ်။

တကယ် လို့ များ ပါခဲ့ရင်တော့

ကိုယ့်ဆီမှာ အဲဒီ malware ရှိနေလို့ လမ်းလွဲခံရမယ်။ လမ်းလွဲ ခံရတဲ့ ဆာဗာ ကလဲ ပိတ်သွားပြီ ဆိုရင် အင်တာနက် လမ်းမ ကြီး ထဲကို မဝင်နိုင် တော့ပါဘူး။

တစ်ချို့ Site တွေ ကတော့ သူတို့ ရဲ့ IP နံပါတ် ကို တိုက်ရိုက်ရိုက်ပြီး ဝင်လို့ ရပါတယ်။

ဥပမာ –  ကိုယ်ဝင်ကြည့်ချင်တာ about.com  ဆိုပါစို့။

About.com လို့ ရိုက်ပြီး ဝင်လို့ မရတော့ပါဘူး။

ဒါပေမဲ့ 212.58.24.131  လို့ ရိုက်ဝင်လို့ တော့ ရတယ် ပြောပါတယ်။

ဒါပေမဲ့ Website တိုင်း ကို မရပါ။

Mandalaygazette.com ကို ဒီနည်း နဲ့ ဝင်မရ လို့ ထင်ပါတယ်။

 

အဲလို ဖြစ်ပြီ ဆိုရင်တော့ ကိုယ့်ရဲ့ အင်တာနက် အတွက် Service ပေးသူများ နဲ့ သာ ဆက်သွယ်ပါ။ သူတို့ လဲ ဒါတွေ ကို စစ်ဆေးပြီး ဖြစ်လောက်ပါတယ်။

မြန်မာပြည် မှာတော့ ခံရဖို့ Risk  နဲ တယ် ထင်ပါတယ်။

ဟုတ်မဟုတ် မနက်ဖြန် စောင့်ကြည့် ကြတာပေါ့။

 

နောက်ဆက်တွဲ စဉ်းစားရန်

တစ်ချို့က စွပ်စွဲ နေပါတယ်။

FBI မှ Link ပေးပြီး သူတို့ ကို စပိုင် လုပ်ဖို့ တဲ့။ 😀

ကြိုက်တာကို သာ ယုံပါတော့။

တကယ်တော့ ကျွန်မတို့ ဆရာ့ ဆရာကြီး တွေ နဲ့ နေနေရတာ မဟုတ်လား။ 😉

ဆောင်းပါး တစ်ချို့ ကို ဖတ်အပြီး ကျွန်မ နားလည် သလို ပြောပါသည်။

မှားနိုင်၍ အမှားတွေ့က ပြင်ပေးကြပါ။ 🙂

http://www.hongkiat.com/blog/preventing-dnschanger-malware/

http://www.bbc.co.uk/news/technology-18735228

http://www.independent.co.uk/news/british-pc-users-face-internet-doomsday-as-fbi-shuts-off-servers-7924320.html

http://www.huffingtonpost.co.uk/2012/07/06/dnschanger-internet-doomsday_n_1658127.htmlv

 

 

 

10 comments

  • မောင်ပေ

    July 9, 2012 at 9:35 pm

    အန်ကယ်လတ် ရေ
    သားတို ့ဆီမှာတော့
    သူရို ့တွေ အတွက် အကျိုးအမြတ်များမယ့် လုပ်ကွက်သိပ်မကျန်လို ့ထင်ပါတယ်
    ဘာမှ မဖြစ်လိုက်ဘူးဗျ ။

    Reply

  • Inz@ghi

    July 10, 2012 at 6:42 am

    ခင်ဒေါ့ကွမ် လိုကောင်ဒွေ တောင် မဖမ်းနိုင်တဲ့ ဒီမို ဒွေဆိုတော့…
    သိပ်တော့ မယုံတာအမှန်ပါ အရီးရေ ….
    ဖြစ်ချင်တာဖြစ်ဗျာ ..မဖြစ်ခင်တော့ သုံးနေရဦးမှာရယ်…
    မေးစေ့အကွဲလေးကို သတိရနေလို့ …ညကျမှ ပြန်ခဲ့တော့မယ်ချင့်..

    တော်သေးဘီ
    ခင်တဲ့
    ဂီ

    Reply

  • blackchaw

    July 10, 2012 at 10:58 am

    ကျွန်တော့်ကို ဂုဏ်ပြုပြီး ခေါ်တာလားဟင်င်င်င် ????
    အပျော်ဝင်နောက်သွားပါတယ် အစ်မရေ..။
    :mrgreen:

    Reply

    • အရီးခင်လတ်

      July 11, 2012 at 4:41 am

      ရှင်က ညိုချောကြီး ပါ ကဘချော ရယ်။
      ဂငယ် မလေးတွေ အကြိုက်လို့ ဆိုကြတာဘဲ။ 😉

      မယုံရင် ကျွန်မ တူလေး ဂီဂီ ကို ကြည့်ပါလား။
      ခါချနေရတယ်။ အဟတ်။ 😛

      Reply

  • pooch

    July 10, 2012 at 1:55 pm

    FBI အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတာပါ အရီးရေ။
    ခုလိုလေး ပြောပြတဲ့သူရှိတော့လည်း သိရတာပေါ့။

    နောက်ကြားဖူးတာလေး တခုက အခု ကမာ္ဘနဲ့ အဝန်း သုံးနေကြတဲ့ အင်တာနက်ဆိုတာကြီးဟာ အမေဒစ်ကန်က စစ်တပ်မှာ နှစ်ပေါင်းများစွာ ဖန်တရာတေအောင် သုံးနေခဲ့ပြီး မှ အဲ့ဒီထက် ပိုပြီး အဆပေါင်းများစွားမြင့်တဲ့ နည်းပညာကို ရှာဖွေ တွေ့ရှိထားပြီးမှသာ ဒီအင်တာနက်ကို လူတွေ သုံးပါစေဆိုပြီး ချပေးခဲ့တယ်လို့ ဆိုပါတယ်။

    အမေဒစ်ကန်ရဲ့ ထုံးစံအရ နည်းပညာတခုကို ချပြတယ် ဆိုရင်တောင် သူတို့လက်ထဲမှာ လူမသိသေးတဲ့ အသစ်သစ်တွေ ရှိပြီးမှ သာ အမြည်းပေးလေ့ ရှိပါတယ်။ အဲ့ဒီ အမြည်းလေးကိုပဲ ကျန်သော တိုင်းပြည်များက မရမက တုပတီထွင်နိုင်ဖို့တောင် မနည်းလိုက်ရပါတယ်။

    ဆိုတော့ ဒီကမာ္ဘကြီးကို နည်းပညာမှာ သူတို့ ဦးဆောင်နေတာမို့ ဒီလို ကိစ္စလေးတွေကတော့ သူတို့ အဖို့ မျက်စိမှိတ်ရှင်းရင်တောင် ရမယ် ထင်မိတာပါပဲ ။
    သိသလောက်နဲ့ ရမ်းတုတ်သွားပါတယ် အရီး ။ 😀

    အခု black Monday ကတော့ အရီးပြောမှပဲ ရေလည်အောင် သိပါတော့တယ်။

    Reply

  • အရီးခင်လတ်

    July 11, 2012 at 4:42 am

    ကြင်နာစွာ ဝင်ပြီး မန့်သွား သူများ နဲ့ ဖတ်သွားသူများ ကို ကျေးဇူးပါ။ 🙂
    နီးစပ်ရာမှာတော့ ဘာမှ ပြသနာ ဖြစ်တယ် မကြား တော့ တစ်ချို့ စွပ်စွဲ သလို စပိုင် လုပ်ဇာတ် ကြီးလား မသိပါဘူး. 😉

    Reply

    • kai

      July 13, 2012 at 3:47 am

      စပိုင်လုပ်ဇတ်လား.. ဘာလားတော့မသိ..
      အဲဒီရက်နောက်ပိုင်း.. မန္တလေးဂေဇက်ဝက်ဘ်ဆိုက်တော့.. တော်တော်ပေါ့သွားပုံရတယ်..

      .. ပေချ် ့တခုတက်ဖို့..loading နဲ့ရပ်နေတာတွေပျောက်သွားကြောင်း.. 🙂

      Reply

  • padonmar

    July 12, 2012 at 10:56 pm

    မလတ်ရေ
    ကျမ“အ”ချက်များကတော့ ဒီဘလက်မန်းဒေးကြီးသာ တကယ်ဖြစ်သွားရင်တောင် အစိုးရက လုံခြုံရေးကြပ်ပြန်ပြီလို့ ထိုင်ဆဲနေဦးမှာ။
    အော်တခါတလေတော့လည်း အ တာ ခပ်ကောင်းကောင်းဘဲနော်။
    သူ့ဖာသာသူပြီးသွားမှာတွေအတွက် စိုးရိမ်သောကဖြစ်နေစရာမလိုတော့ဘူးပေါ့။
    ……….
    Full Star မလတ်ကို ဂုဏ်ပြုပါတယ်။

    Reply

Leave a Reply to အရီးခင်လတ် Cancel Reply

Your email address will not be published.