ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ(ပုဂံ)

Ko chogyiJuly 8, 20121min03

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ(ပုဂံ)

ရှေးနှစ်ပေါင်း တစ်ထောင်နှင့် ရှစ်ရာသက်တမ်းပတ်ဝန်းကျင်ရှိသော ယဉ်ကျေးမှုအမွေအနှစ်များ များပြားလှသည့် ပုဂံမြေတွင် ရှေးဟောင်း စေတီ၊ ပုထိုး၊ သိမ်ကျောင်းနှင့် နန်းတော်ရာများ တည်ရှိပါသည်။ “ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း” ဟူသော လင်္ကာနှင့်အညီ စေတီ၊ ပုထိုးနှင့် သိမ်ကျောင်းပေါင်း လေးဆယ့်လေးသိန်းကျော်ခန့် တည်ထားကိုးကွယ်ခဲ့ကြောင်း သိရှိရပါသည်။

သဘာဝဘေးရန်ဖြစ်သော မြေငလျှင်လှုပ်ခြင်းအပါအဝင် အခြားသော သဘာဝဘေးဖြစ်သည့် နေ၊ ရေ(မိုး)၊ လေ တို့၏ တိုက်စားမှုကြောင့်လည်း ပျက်စီးမှုများစွာ ပေါ်ပေါက်ခဲ့ရပါသည်။ ယခုအခါ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် စေတီ၊ ပုထိုးပေါင်း တစ်သောင်းခန့် ကျန်ရှိနေပြီး အများစုမှာလည်း အုတ်ပုံ၊ ကုန်းမြေမို့မို့ အဖြစ်သာ ကျန်ရှိတော့သည်။ စေတီ၊ ပုထိုး နှစ်ထောင်နှစ်ရာပတ်ဝန်းကျင်ခန့်သာ ပြုပြင် မွမ်းမံ ထိန်းသိမ်းထားနိုင်ပါသည်။

UNESCO ၏ World Heritage Site တွင် မြန်မာနိုင်ငံရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား စာရင်းသွင်းရန် လေ့လာ ဆောင်ရွက်မှုများကို ၁၉၈၆ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ ပြန် လည်ပြီး လေ့လာဆန်းစစ်မှုများ၊ အလုပ်ရုံဆွေးနွေးပွဲ(workshop) များ ပြုလုပ်လျက်ရှိပါသည်။ လေ့လာဆန်းစစ်မှုများ ပြီးဆုံးပါက UNESCO ၏ World Heritage Site တွင် စာရင်းသွင်းနိုင်ရန် မြန်မာနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ကြိုးပမ်းလျက် ရှိပါသည်။

3 comments

  • ဇောက် ထိုး

    July 8, 2012 at 3:07 pm

    ဖတ်ရှုပြီး ဗဟုသုတ ယူသွားပါကြောင်း

    Reply

  • shwe kyi

    July 9, 2012 at 12:32 pm

    မရောက်ဖူးသေးဘူး။ သွားချင်တယ်။ ဘုရားတွေဖူးချင်တယ်။

    Reply

  • မမ အညာသူ

    July 9, 2012 at 1:04 pm

    ပုဂံမှာကြည်ညိုဖွယ်ကောင်းတဲ့ဘုရားတွေရယ်
    ရှေးဟောင်းအမွေအနှစ်ပန်းပုလက်ရာတွေလဲရှိပါတယ်
    ဧရာဝတီတံတားလဲဖောက်လိုက်ပြီဆိုတော့ သွားရလာရတာတကယ်ကိုလွယ်ကူနေပါပြီ
    စကားပုံတောင်ရှိသေးတာပဲ မြန်မာမှန်ရင်ပုဂံရောက်ဘူးရမယ်လို့လေ…….
    ကြိုဆိုပါတယ်နော်

    Reply

Leave a Reply to shwe kyi Cancel Reply

Your email address will not be published.