လင်းယုန်ပုံပြင်

Knowledge SeekerJuly 7, 20121min05

သိ ပြီး သာ ဖြစ် ကြ မှာ ပါ၊ ဒါ ပေ မဲ. မ သိ သေး သူ များ အ တွက် Email မှ ရ သည် ပုံ ပြင် လေး ပါ

လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင်အသက်ရှင်နေထိုင်နိုင်ပါတယ်။
လင်းယုန်ဆိုတာ ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားပြင်းပြင်းပျံနိုင်တဲ့ ငှက်မျိုး။
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၄ဝ လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာ
ကောင်းကောင်းမပျံနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ.ရဲ့ နှုတ်သီးဟာ
ကွေးလာပြီး ရင်ဘတ်ထိအောင် စိုက်ကျလာတယ်။ အတောင်ပံတွေဟာ
မခတ်နိုင်တော့လောက်အောင် လေးလာတယ်။ လက်သည်းတွေဟာ ရှည်လျားလာပြီး
အစာရှာဖို.ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။
အဲဒီမှာ ရွေးချယ်စရာ လမ်းနှစ်ခု ရှိတယ်။
တစ်ခုက ကောင်းကောင်းမပျံတော့ဘဲ သေပွဲဝင်ရမယ့် နေ.ကိုထိုင်စောင့်ဖို.။
နောက်တစ်ခုကတော့ ကျန်တဲ့သက်တမ်း ၃၈နှစ်ကို ကောင်းစွာပျံသန်းရင်း
အသက်ဆက်ရှင်သန်ဖို.။ အဲဆက်ပြီးရှင်သန်ဖို.ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို
အဖြစ်မနေဖြတ်သန်းရမယ်။ အဲဒီဖြစ်စဉ်နာမည်က Pain and Difficulites
“နာကျင်မှု နဲ့ အခက်အခဲ” ။
ပထမဆုံး ကျောက်တောင်ထိပ်ကြီးတွေပေါ်ကို ပျံသန်းသွားရမယ်။ အဲဒီ
ကျောက်တောင်ထိပ်ပေါ်ရောက်ရင် နှုတ်သီးကို ကျောက်သားနဲ.ဖဲ့ချိုးပစ်ရမယ်။
တစ်ခါနှုတ်သီး နဲ. လက်သည်းတွေကို ဆွဲခွာပြီးနှုတ်ပစ်ရမယ်။
ဘယ်လောက်များနာကျင်လိုက်လေမလဲ။ ဘယ်လောက်များ ခက်ခဲလိုက်လေမလဲ။
ကိုယ်တိုင်လုပ်ရတာ။ အသက်ရှင်ချင်သူကိုယ်တိုင်လုပ်မှရတာမျိုးပါ။
ပြီးရင်တော့ ရက်အနည်းငယ်ကြာကြာ တောင်ထိပ်မှာနေပြီး လက်သည်းတွေ
နှုတ်သီးတွေ ပြန်အသစ်ထွက်ပြီး အသားကျလာတဲ့ အထိစောင့်ရတယ်။ ပြီးရင်တော့
အဲဒီလင်းယုန်ဟာ ကျန်တဲ့သက်တမ်း ၃၈ နှစ်ကို ရှင်သန်ခွင့်ရသွားပြီ။
ဒုတိယလမ်းကို ရွေးချယ်ကြတဲ့လင်းယုန်တွေအများကြီးရှိပါတယ်။
ကျွန်တော်တို.ကလူသားတွေပါ။ ငှက်တွေတောင် အကျိုးစီးပွား
တစ်ခုအတွက်နာကျင်မှုနဲ့ အခက်အခဲဆိုတဲ့ဖြစ်စဉ်တစ်ခုကို ကျော်နိုင်သေးရင်
ကျွန်တော်တို.လို လူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေ အရောက်သွားဖို.
ဆက်လက်ရှင်သန်နေဖို. “နာကျင်မှု နဲ့ အခက်အခဲ” ဆိုတဲ့ဖြစ်စဉ်ကို မဖြစ်မနေ
ရင်ဆိုင်ရဲရမှာပေါ့။
ကျွန်တော်တို. လိုချင်တဲ့ပန်းတိ်ုင်ကို အရောက်သွားဖို. တစ်ခါတစ်ရံ
ကျွန်တော်တို.တစ်တွေ အရမ်းနာကျင် ကြရမယ်။ အခက်အခဲတွေ
မရေမတွက်နိုင်အောင်ကျော်ဖြတ်ကြရမယ်။ ကျွန်တော်တို. ကျော်ဖြတ်ကြမယ်လေ။ အဲဒီ
“နာကျင်မှု နဲ့ အခက်အခဲ” ဆိုတဲ့ဖြစ်စဉ်ကို ကျွန်တော်တို.
အတူတူဖြတ်ကျော်ကြရအောင်ပါလေ။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးကျန်တဲ့သက်တမ်းတွေကို အဓိပ္ပာယ်ရှိရှိ
ရှင်သန်ရဦးမှာမို့ပေါ့။ ကျွန်တော်တို့တွေဟာ လက်မြှောက်အရှုံးပေးကြမယ့်သူတွေ
မဟုတ်လို့ပေါ့…………..

CREDIT TO DEZIN

5 comments

  • ဝမ်းတွင်းရူး

    July 7, 2012 at 6:25 pm

    ကျွန်တော်တို.ကလူသားတွေပါ။ ငှက်တွေတောင် အကျိုးစီးပွား
    တစ်ခုအတွက်နာကျင်မှုနဲ့ အခက်အခဲဆိုတဲ့ဖြစ်စဉ်တစ်ခုကို ကျော်နိုင်သေးရင်
    ကျွန်တော်တို.လို လူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေ အရောက်သွားဖို.
    ဆက်လက်ရှင်သန်နေဖို. “နာကျင်မှု နဲ့ အခက်အခဲ” ဆိုတဲ့ဖြစ်စဉ်ကို မဖြစ်မနေ
    ရင်ဆိုင်ရဲရမှာပေါ့။
    ကျွန်တော်တို. လိုချင်တဲ့ပန်းတိ်ုင်ကို အရောက်သွားဖို. တစ်ခါတစ်ရံ
    ကျွန်တော်တို.တစ်တွေ အရမ်းနာကျင် ကြရမယ်။ အခက်အခဲတွေ
    မရေမတွက်နိုင်အောင်ကျော်ဖြတ်ကြရမယ်။ ကျွန်တော်တို. ကျော်ဖြတ်ကြမယ်လေ။

    ကျေးဇူးဘဲဗျို ့။

    Reply

  • ဇောက် ထိုး

    July 7, 2012 at 7:29 pm

    အသက် ၈ဝ ဆိုတာ အတိအကျပဲနော်… ဗဟုသုတ ရပါတယ်။

    Reply

  • မောင်ပေ

    July 7, 2012 at 8:00 pm

    ဒီပုံပြင်ကိုတော့ မဖတ်ဖူးသေးဘူး
    ဘဝမှာ အခက်အခဲတွေနဲ ့ရင်ဆိုင်နေရတဲ့ လူတွေအတွက် ရုန်းကန်ကြိုးစားဖို ့အားအင်တွေ ဖြစ်စေနိုင်မယ့် စာတစ်ပုဒ်ပါဘဲ ။
    ပြန်လဲ ဝေမျှပေးလို ့ကျေးဇူးပါ။

    Reply

  • လူ ဟား

    July 7, 2012 at 8:12 pm

    Knowledge Seeker ရေ… အရမ်းမိုက်တယ်ဗျာ.. ချက်ချင်းကြီးကို အားမာန်တွေရလိုက်ပါတယ်… ဘာလို့လဲဆိုတော့ .. လူ့ဘဝကြီးကို အရှုံးပေးလိုက်တော့မလို့ အကြိမ်ကြိမ် စဉ်းစားရင်း .. နေ့ရက်တွေ စိတ်မသာငြီးတွားပြီး ကုန်ဆုံးနေရလို့ပါ….။ ဒီပို့စ်လေးကို နှလုံးသားမှာ စွဲမြဲစွာ မှတ်ကျောက်တင်လိုက်ရပါကြောင်း… ။ တကယ်လိုအပ်နေချိန်မှာ တကယ်တန်ဖိုးရှိတဲ့ပို့စ်လေးတွေကို ဖတ်ရင်း အင်သစ်အားသစ်တွေဖြစ်စေလို့ .. MG ကိုလည်း ကျေးဇူးတင်လိုက်ရပါကြောင်း..။

    Reply

  • metallic

    July 7, 2012 at 10:40 pm

    လူ့ဘဝကြီးမှာတော့ နာကျင်မှုတွေက အကြိမ်ကြိမ်ပါပဲ
    ခဏခဏ ပြန်ပြန်ထနေရတယ်
    ဒါတောင် တခါတခါ ငိုက်မြည်းသွားတက်သေးတယ်
    ဘာပဲဖြစ်ဖြစ်ရှေ့ကိုတိုးရမယ်ဆိုတဲ့ သတိလေးသာ နာကျင်မှုတွေက သက်သာရာ။

    Reply

Leave a Reply to metallic Cancel Reply

Your email address will not be published.