ကြွက်များ ထောင်နှင့်ချီ ရွှေ့ပြောင်း

khinmintatthuJune 29, 20103min06

နေပြည်တော် – ရန်ကုန် လမ်းမသစ် ကြီးပေါ်တွင် နေပြည်တော် ဘက်မှ အုပ်စုလိုက် ရွှေ့ပြောင်း နေကြသည့် ထောင်နှင့်ချီသော  ကြွက်အုပ်များကို

ယခု ရက်အတွင်း တွေ့ရကြောင်း ခရီးသွားများက ပြောသည်။

မိုင်တိုင် ၄ရ တလျှောက်တွင် ဧရာမ ကြွက်အုပ်ကြီး ရွှေ့လျား နေသည်ကို တွေ့ရကြောင်း၊ ကားများက နင်းကြိတ်မိ သဖြင့် အမြားအပြား သေနေကြသည် များလည်း ရှိကြောင်း ဇွန်လ ၂ရ ရက်နေ့က နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာသည့် ခရီး သည်တဦးက ပြောသည်။
တခြားသော ခရီးသွား တဦးကလည်း သူတွေ့ရှိ ချိန်တွင် မိုင်တိုင် ၄၅ ဘက်သို့ ရောက်ရှိနေပြီး ပဲခူးဘက်သို့ ဦးတည် နေကြောင်း ပြောဆိုသည်။

“ကားတွေဆိုတာ ရပ်တောင် မရပ်ရဲကြဘူး။ ကြွက်တွေ ကလည်း ကားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင် မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက ကြောက်ဖို့တောင် ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက် သွေးတွေနဲ့ ရဲရဲတောက်လို့။ ကြွက်သေ တွေကို ကြွက်ရှင် တွေက စားသောက်နေ လိုက်ကြတာ မြင်မကောင်းဘူး” ဟု ဇွန်လ ၂၈ ရက်နေ့ညက ကိုယ်တွေ့ကြုံခဲ့သည့် ဘလော့ဂါ ညီလင်းဆက်ကလည်း သူ၏ ဘလော့ဂ် (http://blog.nyilynnseck.com/2010/06/blog-post.html) တွင် ရေးသားထားသည်။

ထိုသို့ကြွက်များ ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုမှုများလည်း ပေါ်ထွက်နေသည်။ တချို့က ငလျင်ကဲ့သို့သော သဘာဝဘေးဒဏ်၏ ရှေ့ပြေးနိမိတ်ဟု ယူဆလျက်ရှိကြောင်း၊ တချို့ကမူ ကြွက်နှင့် ပတ်သက်ပြီး ဖြစ်ပေါ်တတ်သည့် ပလိပ်

ရောဂါ ကဲ့သို့သော ရောဂါမျိုး ဖြစ်ပွားမည်ကို ထိတ်လန့်လျက်ရှိကြောင်း သိရသည်။ တချို့က ပဲခူရိုးမတွင် ဝါးများပွင့်ခြင်း ကြောင့် ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံတွင်၂၀၀၈ ခုနှစ် စီချွမ် ငလျင် မတိုင်ခင်ကလည်းကောင်း၊ ယခုနှစ် မေလကုန်ပိုင်းကလည်း ဂရိတွင်လည်းကောင်း ထောင်ပေါင်းများစွာသော ဖားများ လမ်းပေါ်ထွက်လာပြီး အစုလိုက် အပြုံလိုက် ပြောင်းရွှေ့မှု ဖြစ်ပေါ်ဖူးသည်။











6 comments

  • snow

    June 30, 2010 at 3:56 am

    အင်း စိတ်ဝင်စားဖို ့တော့ကောင်းတယ်
    ဘာလဲတော့မသိဘူး
    သတိတော့ရှိစေချင်တယ်
    တရုတ်မှာတုန်းကတော့ ဖားတွေထွက်တာသိတယ်

    Reply

  • လင်းဝေကျော်

    June 30, 2010 at 4:24 am

    လေ့လာမှုတစ်ခုခုတော့ လုပ်သင့်တယ်။
    နောက်သတင်းထုတ်ပြန်တာမျိုးသေသေချာချာရှိသင့်တာပေါ့။

    Reply

  • novemberlay

    June 30, 2010 at 4:25 am

    မယုံနိုင်စရာပါလားနော်…အင်း animalsတွေက သဘာဝဘေးကို ပိုသိကြတယ်…ဘာမမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ….

    Reply

  • yannaingech

    June 30, 2010 at 6:30 am

    ကြွက်အတုတွေက ကြွက်တွင်းအတုတွေ စွတ်တူးနေတော့ ကြွက်အစစ်တွေ တွင်းတူးနေစရာ မရှိတော့လို့လားမသိဘူး…

    Reply

  • snow

    June 30, 2010 at 7:38 am

    မိုက်တယ်ကြိုက်သွားပြီပြောတာ
    ဟိဟိ

    Reply

  • မန်း ရိပ်

    September 2, 2010 at 2:34 pm

    သဘာဝ အန္တရာယ်တခုခုဖြစ်တော့မှာသိလို့ ရွေ့ပြောင်းသွားတာနေမှာ
    သတိထားရတော့မယ်

    Reply

Leave a Reply

Your email address will not be published.