ကြမ်း

etoneJune 29, 20102min02

အချို့သောသူများ၌ ဥစ္စာရှိ၏ . . .
အဆောင်အယောင်ရှိ၏. . . သို့သော် အနေအထိုင်မတတ်၊ ကြမ်း – ၉ – ကြမ်းကြောင့်
လူရာမဝင်သလိုဖြစ်နေသည် . .

အချို့သောသူများ၌ ဥစ္စာရှိ၏ . . . ကျောင်းပညာ၊ အတတ်ပညာ၊ လက်မှုပညာတတ်ပါလျက်နှင့် သတိမပြုမိသော ကြမ်း – ၉ –
ကြမ်းကြောင့် လူအထင်အမြင်အသေးခံရ၏ . . .

အချို့သောမိန်းကလေးများ ရုပ်ရည်လှပပါလျက် . .ကြမ်း – ၉ – ကြမ်းကြောင့် ရုပ်ကလေးသနားကမားနဲ့ လူက
အောက်တန်းကျလိုက်တာ ဟု ပြောဆိုခံရတတ်၏ . .


“နာမည်ဆိုးရမည်ကို သေရမည်ထက်ကြောက်ပါ “ဟူသော အီဂျစ်စကားပုံရှိသည်. . .
တန်ဖိုးမဲ့သော ၊ လူအထင်သေးခံရသော ၊ နာမည်ဆိုးရသော ကြမ်း – ၉ ကြမ်းမှာ . .

၁. ပလုတ်ပလောင်း ပါးဖြဲနားဖြဲနားဖြဲ စားသော အစားကြမ်း ၊
၂. ဒူးထောင်ပေါင်ကားအိပ်သော အအိပ်ကြမ်း၊
၃. ခြေနင်းပြင်း၍ ဟိုယိုင်သည်ယို်င်သွားသော အသွားကြမ်း၊
၄. ပေပေရေရေထိုင်သော အထိုင်ကြမ်း၊
၅. လက်ခုပ်လက်ဝါးတီး၍ အော်ကျယ်ဟစ်ကျယ် ရယ်သော အရယ်ကြမ်း၊
၆. အရိုအသေမထားသော ကိုယ်ကြမ်း
၇. ဆဲရေးတိုင်းထွာပြောသော နှုတ်ကြမ်း
၈. အမှုနှင့်မလိုက်အောင် ရိုက်နှက်ဆုံးမသော အဆုံးအမကြမ်း၊
၉. သူတစ်ပါးအား ထစ်ခနဲ့ရှိလျှင် စိတ်လိုက်မာန်ပါ မကောင်းကြံတတ်သာ စိတ်ကြမ်း။


သုတမရှာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ အကျင့်မြတ်ကွာ၊ဤ ငါးဖြာ
အမှန်ရိုင်းစိုင်းကြောင်း ဆိုသကဲ့သို့ ကြမ်း – ၉ – ကြမ်းသည်လည်း
ရိုင်းစိုင်းကြောင်း အမှန်ပင်ဖြစ်၏
~~~~~~~~~

2 comments

  • zamte

    June 29, 2010 at 3:06 pm

    ဗဟုသုတ ရပါပေ့ဗျာ။ တိုတိုနဲ့ တကယ်အကျိုးရှိတဲ့ ပို့စ်လေးပါ။ သုတမရှာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ အကျင့်မြတ်ကွာ၊ ဤ ငါးဖြာ အမှန်ရိုင်းစိုင်းကြောင်းဆိုတဲ့ လင်္ကာလေးကို မှတ်သားသွားပါတယ်။

    Reply

  • snow

    June 30, 2010 at 4:37 am

    ဟုတ်ပါတယ် ဗဟုသုတရပါပေတယ်
    အဲလိုလေးတွေတင်ပေးပါလား
    အဆင့်အတန်းဆိုတာလဲအဲဒါတွေနဲ့ပဲခွဲတာပါ
    ငွေကြေးနဲ့မဟုတ်ပါဘူး
    နံပါတ် 6 ၊ 7၊ 9 ကမသိမသာနဲ့လူတွေအများဆုံးလုပ်ဖြစ်တာတွေပါ
    မယုံရင်လေ့လာလို့ရပါတယ်
    ကြာမှသိတာပါမြင်တာနဲ့မသိတဲ့အချက်လေးတွေပါ

    Reply

Leave a Reply

Your email address will not be published.