“ဘဝဆိုတာ ကြံချောင်းလေးတစ်ချောင်းလိုပဲ…………”

“ဘဝမှာဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးရတယ် တဲ့” ဖြစ်ချင်တာက တစ်မျိုး

ဖြစ်သွားတာကတစ်ခု . အဲဒါကတော်တော်များများဖြစ်တတ်ပါတယ်….. ကိုယ်ဖြစ်ချင်

တာတွေကိုတော့ အချိန်ယူပြီးဖြစ်အောင်ကြိုးစားရမှာပဲလေ….. တစ်ခါတစ်လေတော့လဲ

“ဘဝဆိုတာဘာလဲ” ပေါ့ အကြိမ်ကြိမ်တွေးဖူးပါတယ်…… ရှင်းသန့်လိုပဲ သူငယ်ချင်း

တွေလဲ တွေးကြည့်ဖူးမှာပါ……    ဟိုနေ့က ရှင်းသန့် ရဲ့ အကိုတစ်ယောက်နဲ့စကား

ပြောဖြစ်တော့မှ အကိုပြောပြတဲ့ “ဘဝဆိုတာ ကြံချောင်းလေးတစ်ချောင်းနဲ့တူတယ်”

ဆိုတဲ့ အဓိပ္ပါယ်လေးကို သဘောကျတာနဲ့ သူငယ်ချင်းတွေကို သိစေချင်လို့ တင်လိုက်

တာပါ… ဘဝဆိုတာကြံချောင်းလေးတစ်ချောင်းနဲ့တူတယ်တဲ့ ဟုတ်တယ်နော်…..

ကြံချောင်းလေးမှာကအဆစ်အပိုင်းလေးတွေပါတယ်…ကြံကို စုပ်တယ်လို့ပဲအပြောများ

တယ်… စားတယ်လို့ပြောလဲရတာပေါ့နော်… သူငယ်ချင်းတွေလဲကြံကိုစားဖူးမှာပါ……

ချိုမြ တဲ့ကြံကို စားဖို့အတွက် မာကြောတဲ့အဆစ်လေးတွေကိုတော့ ကိုက်ဖဲ့ရတာပါပဲ

ဘဝဆိုတာကလဲ ကြံချောင်းလေးအတိုင်းပဲ… ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုုင်ဖို့အတွက်

ဆင်းရဲ မှုတွေကို ကျော်ဖြတ်ရတယ်……အောင်မြင်တဲ့ဘဝကိုရရှိဖို့ အတွက်

အခက်ခဲမှန်သမျှကို ရင်ဆိုင်နိုင်ရတယ်…ဆင်းရဲမှုတွေ အခက်ခဲတွေကို ရင်ဆိုင်မကျော်

ဖြတ်နိုင်ရင်တော ့အောင်မြင်ပြီး ပျော်ရွှင်တဲ့ဘဝကိုရနိုင်မှာမဟုတ်ဘူးပေါ့နော်…..

သူငယ်ချင်းအားလုံးလဲ အောင်မြင်ပြီးပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ပါစေ………….

22 comments

  • မမ အညာသူ

    July 5, 2012 at 3:11 pm

    ဖတ်ရင်းဖတ်ရင်းနှင့်
    ကျန်ရည်တောင်သောက်ချင်လာပြီ
    စိတ်ထိမ်း…..စိတ်ထိမ်း
    ကလု…………

    Reply

  • လူ ဟား

    July 5, 2012 at 3:27 pm

    လာပြန်ပြီ နောက်တစ်ယောက်… blackchaw တို့ ပစ္စလက်ခမျက်ရည်တို့ ပြောစရာ ဖြစ်တော့မယ်…။ ပို့စ် ဆိုတာ အဓိပါယ် ရှိရှိ မရှိရှိ တိုတိုရေးပြီး မတင်ရဘူးတဲ့…။ အဓိပါယ်မရှိလည်း ရှည်နေရင်ပြီးရော တင်လို့ရတယ်တဲ့ နားလည်လား…။

    Reply

  • ရဲစည်

    July 5, 2012 at 3:28 pm

    ဘုရား ဘုရားအေ
    ရခဲတဲ့ ဘဝကို ကြံချောင်းနဲ့ အုပမာ ပေးရက်လိုက်ထှာ
    မသဂါ ကျံကျောင်းလောက်တော့ လုပ်ကျပါအေ…… :mrgreen:

    Reply

  • mayjuly

    July 5, 2012 at 3:34 pm

    အယ် ..

    ဘဝဆိုတာတိုက်ပွဲ ..

    ခယ်မ ဆိုတာ မိန်းကလေးတဲ့ … 😛

    Reply

  • manawphyulay

    July 5, 2012 at 3:39 pm

    အဲကြံချောင်းမှာ အရင်းက စ စားရင် ဘယ်လို ခေါ်မလဲ။ ဒါမှမဟုတ် အဖျားက စစားရင်ကော ဘယ်လို ထပ်ပြောဦးမှာလဲဟင်…

    Reply

    • ရှင်းသန့် နွယ်

      July 5, 2012 at 4:28 pm

      ဘယ်လိုမှထပ်မပြောတော့ပါဘူးကွယ်……………….

      Reply

  • Ma Ei

    July 5, 2012 at 4:03 pm

    ရှင်းသန့်ရေ…
    ကြံ ကိုခုတော့ စက်နဲ့ကြိတ်သောက်ကြတာများတယ်လေ…
    ကြံလိုဘဲ အချိုရည် ကုန်အောင်ကြိတ်ထုတ်ပြီးရင်လွှင့်ပစ်ခံရမှာလို့
    အလုပ်မှာ အရမ်းကို အရစ်ခံနေရချိန်မှာ ပြောမိတယ်…

    Reply

  • ko win

    July 5, 2012 at 4:21 pm

    ဟေ့…ဟေ့…။တိ်ု့ဘဝကိုတော့ ကြံလိုမစားနဲ့နော်။ အဟိ..။

    Reply

  • etone

    July 5, 2012 at 4:23 pm

    ဘဝကို စာဆိုတွေက အမျိုးမျိုး ခိုင်းနှိုင်းပြောဆိုကြတယ် ။ ပုံဖော်ကြတယ် … ။ အဲ့ဒါတွေက နာမည်တပ် စိတ်ကူးယဉ်မှုတစ်ခုရယ်ပါ ။
    တကယ်တမ်း လူတစ်ယောက်ရဲ့ ဘဝဆိုတာ သူကိုယ်တိုင် နှဖူးတွေ့ ဒူးတွေ့ ကြုံရတဲ့ အခြေနေ ၊ အဖြစ်ပျက် ၊ ပြောင်းလဲမှုတွေပါပဲ … ။

    ကျွန်မတို့တွေ ဘဝကို ဘယ်လိုပဲ ပုံသွင်းမယ်လို့ ခံယူချက်ရှိခဲ့ရှိခဲ့ .. တစ်ခါတစ်လေ လေတိုက်လို့ လွဲချောခဲ့တဲ့အချိန်မှာ ၊ အဆင်ပြေအောင် ကုန်းကျုံးထရတာပါပဲ .. ဆိုလိုတာကလေ … ဘဝမှာလုပ်ချင်တာမလုပ်ရတဲ့အခါ .. စိတ်ပျက်အားငယ်စိတ်တွေနဲ့ အချိန်မဖြုန်းပဲ ၊ လုပ်နေရတာကိုပဲ .. လုပ်သင့်တဲ့လမ်းပေါ်ရောက်အောင် ဆွဲတင်ပြီး အကောင်းဆုံး ကြိုးစား သွားရမှာပါ ။ ပြောမယ့်သာပြောတာ … ကိုယ်တိုင်တောင် တစ်ခါတစ်လေ .. စိတ်လေနေတဲ့ အချိန်တွေဆို .. ဘဝကို အဓိပ္ပါယ်မဲ့စွာ အိပ်စက်ခြင်းနဲ့ ကုန်ဆုံးမိခဲ့တာ ဝန်ခံပါတယ် ။ 🙄

    Reply

  • snow white

    July 5, 2012 at 5:43 pm

    ကြိုးစားရစမြဲပါဘဲ ဘဝကို ကိုယ်လိုရာ ပုံစံနဲ့အဓိပ္ပာယ်ဖွင့်ဆိုနေကျစမြဲပါ ဘာပြောပြောကြံတော့စားဖြစ်တယ် အဲ့တော့ ကြံစားတိုင်းဒီပို့စ်လေးကို သတိရမိမှာပါ…

    Reply

  • TNA

    July 5, 2012 at 5:47 pm

    ရှည်ရှည်လုပ်ပါဟ။ ဒို့မလဲ ရွာ့သံယောဇဉ်နဲ့ ရွာထဲနေမိတော့ “ ဘယ်ကရောက်လာမှန်းမသိတဲ့ သူပုန်တွေရွက်ဖျင်တဲနဲ့နေပြီး ” လို့ ပြောခံဆိုခံပြီး ဖတ်နေမန့်နေ့ရတာမို့တန်အောင်တော့ရေးပါဟ။

    Reply

    • ရှင်းသန့် နွယ်

      July 17, 2012 at 9:24 am

      နောက်post တင်မယ်ဆိုရင် စာရှည်ရှည်နဲ့ အဓိပ္ပါယ်ရှိတာလေးတွေကို ကြိုးစားပြီးတင်ပ့ါမယ်

      Reply

  • မွန်မွန်

    July 5, 2012 at 5:50 pm

    မွန်မွန်အတွက်ကတော့ ဆရာကောင်းသန့်ပြောထားတဲ့ ဘဝရဲ့အဓိပ္ပါယ်ကို သဘောကျမိတယ်။

    “ဘဝဆိုတာ စိတ်ညစ်စရာဒုက္ခတွေနဲ့ စိတ်ပျော်ရွှင်စရာ သုခတွေကို အချိုးမမျှတစွာ ဖျော်စပ်ထားတဲ့ ကော်ဖီခါးခါးတစ်ခွက်ပါပဲ။”

    Reply

    • ဇောက် ထိုး

      July 5, 2012 at 7:58 pm

      ကြံချောင်းကလဲ ချိုတဲ့နေရာတွေနဲ့ မချိုပဲနဲ့မာကြောတဲ့ အဆစ်ဆိုတဲ့အရာတွေ ရောစပ်ထားတယ်လို့မြင်ပါတယ်။

      Reply

  • အလင်းဆက်

    July 5, 2012 at 7:19 pm

    ဒဿန..တွေ လား…
    မှတ်သမျှတွေလား…. အရှုပ်အရှင်းကများ…
    ကျွန်တော်ကတော့ ကြားနေလူပါ….ဖြစ်ပျက်သမျှတွေ.နည်းနာယူကာ….
    ကြားဖူးနားဝ ရှိဟန် ပြု ခြင်း..သာ…….

    အဲ ..သီချင်း ဖြစ်သွားပြီ.။

    Reply

  • ဇောက် ထိုး

    July 5, 2012 at 7:52 pm

    ဟုတ်ပါတယ်။ မရှင်းသန့်နွယ်ပြောမှ ကျွန်တော်စဉ်းစားမိလိုက်တယ်။ တကယ်တော့လဲ ဘဝဆိုတာ ကြံချောင်းလေး တစ်ချောင်းကို စုပ်ယူနေရသလိုပါပဲ…
    ကြံချောင်းဆိုတာ ချိုတယ်ဆိုပေမယ့် နေရာတိုင်းတော့လဲ မချိုဘူးမဟုတ်လား။ ချိုတဲ့နေရာတွေရှိသလို မချိုတဲ့နေရာတွေလဲ ရှိတယ်လေ..
    ဘဝဆိုတာလဲ ဒီအတိုင်းပဲပေါ့…. အကောင်းတွေနဲ့တွေ့ကြုံခံစားကြရသလို.. အဆိုးတွေနဲ့လဲ တွေ့ကြုံခံစား ကြရတာပါပဲ….
    အဲ…ချိုတဲ့အရသာကိုရဖို့ ကြံချောင်းလေးကို စုပ်ယူတဲ့အခါမှာ စွမ်းဆောင်နိုင်မယ် အဆစ်တွေကိုကျော်ဖြတ်နိုင်မယ်…အခွန်တွေကို ခွာနိုင်မယ်ဆိုရင်… တစတစပိုပြီးချိုလာသလိုပါပဲ…
    ဘဝမှာလဲ တွေ့ကြုံလာတဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်မယ်…ကျော်လွှားနိုင်မယ်ဆိုရင် ဘဝမှာ တဆင့်ထက်တဆင့် အောင်မြင်မှုအရသာကို ရယူနိုင်ကြမယ်မဟုတ်လား….
    အဲ…တခါတခါမှာ ကြံရဲ့အဆစ်ကိုရောက်တဲ့အခါမှာ အဲဒီအဆစ်ဟာ မချိုပေမယ့် အဲဒီမချိုတဲ့ မာကျောတဲ့အဆစ်ကိုပဲ ကိုက်ဖဲ့ကြရတယ်နော်… မချိုလဲ.မချို…မာလဲမာကြောတဲ့ အဆစ်ကို မကျော်လွွှားနိုင်ရင်တော့လဲ ချိုတဲ့နေရာကိုရောက်မှာ မဟုတ်ပြန်ဘူး…
    ဒါကြောင့် မချိုပဲနဲ့ မာကြောတဲ့အဆစ်ကိုလဲ ကိုက်ဖဲ့ပြီးကျော်လွှားနိုင်အောင် ကြိုးစားကြရတယ်နော်….
    ဘဝမှာလဲ တခါတခါမှာ ဘာမှအကျိုးအမြတ်မရတဲ့ အခက်အခဲတွေကိုကြုံရတတ်တယ်။ အဲဒီအခက်အခဲကို မကျော်လွှားနိုင်ရင်လဲ အောင်မြင်မှုဆိုတဲ့ အရသာကို ရနိုင်မှာမဟုတ်ဘူးပေါ့။
    နောက်ကြံချောင်းဟာ ချိုတဲ့နေရာရောက်လိုက်… မချိုတဲ့အဆစ်ဆိုတဲ့နေရာရောက်လိုက်… အဲဒီအဆစ်ကိုကိုက်ဖဲ့ကျော်ဖြတ်လိုက် ချိုတဲ့နေရာရောက်လိုက်နဲ့…ဒီလိုနဲ့တဖြေးဖြေး အချိုဆုံးနေရာကိုရောက်ကြရတယ်နော်…..
    ဘဝဆိုတာကကော……
    မရှင်းသန့်နွယ်ခုလိုအစဖော်ပေးလိုက်တော့ ကျွန်တော်လဲ အတွေးပွားစရာတွေ ရသွားတာပေါ့နော်… ကျေးကျေးပါး ရှင်းသန့်နွယ်ရေ…

    Reply

  • မိုး ချစ်သူ

    July 5, 2012 at 9:16 pm

    မရှင်းသန့် ရေ ဘဝဆိုတာကြံတချောင်းနဲ့တူပါတယ်။ကြံတချောင်းရဲ့
    အဆစ်ဟာဘဝရဲ့အခက်အခဲတခုပါပဲ
    မာကြောတဲ့အဆစ်ကိုကျော်လွှားနိုင်ရင်ဘဝရဲ့အခက်အခဲတခုကို
    ကျော်လွှားနိုင်တာနဲ့အတူတူပါပဲ။အခက်အခဲတွေကိုကျော်နိုင်ရင်နောက်ဆုံးမှာ
    ကြံရဲ့အချိုနဲ့တူတဲ့အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မယ်—–ဆိုတဲ့အတွေးနဲ့
    အသိကိုပြသပေးအစ်မကိုကျေးဇူးတင်ပါတယ်—–

    Reply

  • မောင်ပေ

    July 5, 2012 at 10:19 pm

    ကြံချောင်း
    မှန်ပြောင်း
    ပြန်ရောင်း ။

    Reply

  • P chogyi

    July 6, 2012 at 11:40 am

    ရှင်းသန့်ရယ်
    လွယ်လွယ်လေးပါ
    မာတဲ့အပိုင်းတွေ
    ဒါးနဲ့လှီးထုတ်လိုက်ပြီး ကျန်တာပဲစားလေ။
    ဘဝမှာတွေ့ရတဲ့ အခက်အခဲတွေကို အခက်အခဲလို့
    သဘောမထားဘဲ ရင်ဆိုင်ပစ်လိုက်။

    Reply

    • ရှင်းသန့် နွယ်

      July 17, 2012 at 9:21 am

      ဟုတ်ပါတယ် ဘဝမှာတွေ့ကြုံလာတဲ့အခက်ခဲတွေကိုရင်ဆိုင်ရမှာပေါ့….

      Reply

  • mamanoyar

    July 6, 2012 at 11:48 am

    တစ်ခါတစ်လေ ဘဝမှာ အခက်အခဲတွေနဲ့
    စိတ်ဆင်းရဲစရာတွေ ကြုံတွေ့လာတဲ့အခါ
    မျက်ရည်ကို အဖော်ပြု ခေါင်းအုန်းပေါ် မျက်နှာအပ်ပြီး
    ငိုခဲ့ပေါင်းလဲ များခဲ့ပြီထင်ပါတယ်
    ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်ဖို့ အများကြီးကြိုစားရဦးမှာပါ
    ရှင်းသန့်ရဲ့စာလေးကို ဖတ်ရတာလည်း တစ်မျိုးအားရှိပါတယ်

    Reply

Leave a Reply

Your email address will not be published.