ကျွန်ုပ်တို့နှင့် ဂေဇက်ရွာကလေး (လွမ်းတမ်းတခြင်း) အပိုင်း – ၂

ThuyazawJuly 5, 20121min023

ကိုမက်အိပ်နေရာမှ ထလာဟန်တူ၏….. သူ၏ ပုလင်းဖင်မျက်မှန်ကို ကပျာကယာကောက်စွပ်လျက် ပွတ်သတ်ပီး ထွက်လာလေသည်……. ဟား…..ကိုသူရ ဘယ်တုန်းကရောက်တုန်းလာဗျာ၊ ထိုင်ဗျထိုင်၊ ကြောင်ဝတုတ်လဲပါသကိုးဗျ……….. ကိုမက်မင်းမှာ ယခင်ပုံစံတိုင်းမပြောင်းလဲ တဲတွင်းတွင် ပုလင်းခွံအများအပြားနေရာယူထားလျက်…… ပုလင်းခွံများမှထွက်လာသည့် ချဉ်သိုးသိုးအနံ့နံ့များမှာလဲ မင်းမူလျက်ရှိလေသည်….. ခဏအကြာတွင် ပဲကြီးလှော်ပျော့ပျော့များကို ယူလာလျက် ကိုမက်မင်းထွက်လာလေသည်……. စားဗျာကိုသူရနဲ့ ကြောင်ဝတုတ်….. ညက ကျွန်တော်မြည်းလို့ကျန်တဲ့ ပဲကြီးလှော်တွေပါ…..အကောင်းတွေပါဗျ…စားပါ…..စေတနာကောင်းစွာဖြင့် သူခင်ဗျာ ဧည့်ဝတ်ပြုရှာလေသည်….သို့တွင် ကျွန်ုပ်သူရ လာရင်းအကြောင်းအား စကားဖောင်ဖွဲ့ပြောဖြစ်လေတော့သည်……ဒလိုဗျ….ကိုမက်ရ…. ကျွန်တော်အကြောင်းလဲ ကိုမက်အသိသားလားဗျ… ကျွန်တော်က ရွာကိုရောက်ရောက်ချင်းနေ့မှာပဲ ပွေလီကာလီလေးတွေလုပ်တတ်သဗျ…. ဒီတော့ကာ ကျွန်တော်ဆိုလိုချင်တာက ညနေဘက် ဦးကြီးမိုက် ထန်းတောထဲမှာ ကာလသားခေါင်း ကိုမက်ဦးဆောင်ပီး ရွာကာလသားတစ်သိုက် ပျော်ချင်တယ်ဗျာ…..အဲဒါလေး ကိုမက် ကူညီနိုင်မယ်ထင်သပေါ့ဗျာ….. အို ကိုသူရရာ ဒါများ အထွေအထူးလုပ်လို့ ညနေဖြစ်ပီသာမှတ်လိုက်ဗျာ…..ကိုကြောင်ဝတုတ်က ရွာအရှေ့ပိုင်းက ကာလသားတွေကိုသတင်းပို့ဗျာ…… ကျုပ်က ဦးကြီးမိုက် ထန်းတောကို အော်ဒါကြိုမှာထားမယ်ဗျို့….. တောအရက်ကလေးများလဲ ဖန်တီးခိုင်းထားမယ်….. အမြည်းကတော့ ကိုသူရအကြိုက်ဖြစ်တဲ့ လယ်ကြွက်နဲ့ ပဲခြမ်းကြော်သုတ်လေး လုပ်ခိုင်းထားမဗျ…… ဒါနဲ့ ကြောင်သားကောမြည်းချင်သေးသလားဗျ…….. ဝဝတုတ်တုတ်ကြောင်ဆိုလဲဖြစ်သဗျ…… ရပါတယ်ကိုမက်ရာ …… အဆင်ပြေသလိုလုပ်ပါ…… ကျေးဇူးတင်သဗျ…..ကဲကိုမက်ရေ ဒလိုဆို ကျုပ်ကို ခွင့်ပြုဦးဗျာ……… သို့နှင့် ကြောင်ဝတုတ်မှာ ရွာအရှေ့ပိုင်းသို့ လုံးတုံးလုံးတုံးဖြင့် ထွက်ခွာသွားသလို ကိုမက်မှာလဲ ဦးကြီးမိုက် ထန်းတောသို့ သုတ်ချေတင်လေတော့သည်…….ကျွန်ုပ်မှာ ကျွန်ုပ်နှင့် ဦးကြီးတော်စပ်သူ ဦးဘလက်ချောအိမ်သို့ ပြန်ခဲ့လေသည်…… ကျွန်ု၏ ဦးလေးတော်စပ်သူ ဦးဘလက်ချောမှာလဲ အပျော်အပါးဆို လာထားဆိုသူပင်….. သူ၏သားဖြစ်သူ ဗိုက်ကလေးမှာလဲ ပေါ်တင်တစ်မျိုး၊ ခွက်ပုန်းတစ်မျိုးတည်း…….သို့နှင့် ညနေချိန်သို့ နီးကပ်လာလေပီ ဖြစ်သဖြင့် ကျွန်ုပ်သည် ရေမိုးချိုးပြင်ဆင်ရတော့သည်…… ခုချိန်ဆို ကာလသားခေါင်း ကိုမက်မင်းမျှော်လှပေါ့ထင့်…….. မျက်လုံးထဲ ဦးကြီးမိုက်ထန်းတောကြီးနှင့် ကြွက်ကြော်၊ ကြောင်သားဟင်းတို့ကို မြင်ယောင်မိနေလေသည်………. ဦးလေးဖြစ်သူအားလဲ ခေါ်ရပေဦးမည်……ညီဖြစ်သူ ဗိုက်ကလေးအားလဲ မချန်……. သို့နှင့် ဦးဘလက်ချောနှင့် သားဖြစ်သူ ဗိုက်ကလေးအပါအဝင် သုံးယောက်သား ဦးကြီးမိုက်ထန်းတောကြီးဆီသို့ ချီတက်ခဲ့လေသည်……. ထန်းတောသို့ ရောက်လေလျှင် အဖွဲ့သား စုံစုံလင်လင် တွေ့မြင်ရလေပီတကား…..

ဆက်ပါဦးမည် (တတိယပိုင်းမျှော်)

 

23 comments

  • Khaing Khaing

    July 5, 2012 at 2:09 pm

    အမလေး ဒီအခန်းက အရက်သမားတွေစုတဲ့အခန်းတော့ ကိုမတ်ကကော ဘာကြီးကိုကောက်တပ်တာလဲ မျက်မှန်ကောဟုတ်ရဲ့လား သူဂျီးဒေါ်ဟာကြီးလားမသိဘူး တော်ပီအေ မူးတယ် အိပ်တော့မယ်

    Reply

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 2:13 pm

    ဒယ်ဒီချောရေ
    ကစ်ထားနော်..
    လက်နှေးလို ့ အဂွတ်နှေးရင် မရစ်ကျေး..
    အခေါက်ရေများမှ ကိုယ့်အတွက် ကျန်မှာ..
    ဂိန်..

    Reply

  • ရဲစည်

    July 5, 2012 at 2:17 pm

    ကောင်မ ညဉ်း
    အလှူသွားဖို့ လမ်းစရိတ် မရှိတာနဲ့တင် ၃ဝကို ခွဲခွဲ ယူနေတယ်ပေါ့ ဟတ်လား 👿
    ချဉ်ပါတယ်အေ 😛

    အားပေးသွားတယ်အေ့
    ပြန်တွေ့မှာ လူဂိုလဲ အားပေးအုံးမယ်အေ့
    အပိုဒ်လေးဒွေတော့ ခွဲရေးအေ
    ညဉ်းဟာက စကားပြော များတော့ ဖတ်ရတာ လုံးကုန်တယ်အေ့
    အဲလာလေး …….

    Reply

  • Inz@ghi

    July 5, 2012 at 2:18 pm

    သောက်ကြပါ သောက်ကြပါ…
    ကျုပ်လည်း … Kim Min Jung လေးကို သဒိယ လို့
    သောက်လိုက်ပါဦးမယ်…
    ဂလုဂလု…

    Reply

  • ကြောင်ဝတုတ်

    July 5, 2012 at 2:27 pm

    ဟုတ်တော့မဟုတ်သေးဘူးနော်… အရက်သောက်တဲ့အကြောင်းရေးတာလား…
    ကိုယ့်ပေါင်ကိုယ်လှန်ပြီး ဓားနဲ့ထိုးနေတာလား…
    ဒီမှာ ကြောင်ဝတုတ်ဆိုတာချက်စားစရာမဟုတ်ဘူး… ဖက်ထားစရာ… ဘာများမှတ်နေတုန်း

    ဖက်ထားစရာ-
    ကြောင်ဝတုတ်

    Reply

    • Inz@ghi

      July 5, 2012 at 2:39 pm

      မကြီးစမ်း က ဖက်ချင်လို့ ကြွခဲ့ပါတဲ့
      ခုခိခုခိ

      Reply

  • Rose Minn

    July 5, 2012 at 2:28 pm

    လပျိုသိုးပါဆိုနေမှ ချဉ်သိုးသိုးထွက်ပေမပေါ့။ သူပုလင်းဖင် ဘော်လီကြီးက လည်း ပါသေး။ မြင်ယောင်ပါပေ့ မတ်မတ်ရယ်။
    မိတူရတို့များ ရွာ အရောက် ဦးပုဇင်းကို ကမ်းဝေး အရင်ဦးမချဘူး။ ထန်းတော အရင်သွားတယ်။ ခက်တယ် ဒီကလေးနယ်။ ……(ဆရာမကြီးလေသံဖြင့်) ဦးပုဇင်းအစားပြောပေးခြင်းဖြစ်သည်။

    Reply

  • နှင်းဆီ ငုံ

    July 5, 2012 at 2:51 pm

    အမလေး တစ်ရွာလုံးက လူတွေလည်း သောက်မယ် စားမယ် ဆိုတဲ့သူတွေချည်းပါလား ကိုတူရရေ…

    Reply

  • etone

    July 5, 2012 at 2:59 pm

    ကောင်းခန်းကျလျှင် ဖြတ်ပြန်ပြီ … ထန်းတောထဲတောင် မသွားလိုက်ရဘူး .. ညည်းဟာကလည်း တိုးလို့ တန်းလန်းနဲ့ … မုန်းထှာအေ … ဟိဟိ 😛

    ဪ .. ကိုမက်ကိုမက် (ပို့စ်ထဲက) ကိုမက် … နာ့မျက်မှန် ငှားပေးလိုက်တာတောင် … ရပ်သိရွာသိ ပို့စ်ထဲပါလာလေရော့လားဟယ် …. ။ ငှားရကျိုးနပ်ပါတယ်အေ .. ခွိခွိ :mrgreen:

    Reply

    • Khaing Khaing

      July 5, 2012 at 3:22 pm

      အော် ….. လတ်စသတ်တော့ ကိုမတ် ဂျီးထော်က မမတုံဖြစ်နေတာကို ဒါကြောင့် ကိုမတ်မျက်မှန်က ပွယောင်းယောင်းဖြစ်နေပါတယ်လို့မှတ်ပါတယ် ……… သူ့ရဲ့လူပါးပို့စ်ထဲမှာ လည်း မျက်မှန်ကနေကြည့်ရင် စိမ်းနေတယ်ဆိုတော့ ဘယ်နှယ့်မျက်မှန်ကစိမ်းပါသလဲ အခုဒီပို့စ် ဒီကော်မန့်တွေနဲ့ပေါင်းဖတ်မှ ဇာတ်ရေလည်တော့တယ် ………

      Reply

  • kyeemite

    July 5, 2012 at 3:15 pm

    ထင်တယ်..ထင်တယ်..ပထမပို့စ်မှာ
    ညနေစောင်းပီဆိုကတည်းက..မျက်ခုံးလှုပ်နေတာ..
    လာကြဟေ့….မထူးပါဘူး..ခုမှတော့သောက်ကြပေတော့ပေါ့..
    ဇတ် က ဒီလိုကိုဖြစ်လာရမှာ…

    Reply

  • manawphyulay

    July 5, 2012 at 3:34 pm

    မျက်မှန်က သောက်တုန်းက တက်နင်းမိလို့ ကျိုးသွားပြီမဟုတ်ဘူးလား။ ကောက်တပ်တယ်လုပ်ပါအေ… ဘယ်နှာ ကောက်စွပ်တာတုန်း…

    Reply

  • Moe Z

    July 5, 2012 at 3:54 pm

    အခုက မိုးတွင်းဆိုတော့ ဖားလည်းပေါတယ်ဗျ
    သူများရွာတွေမှာ ဖားကိုကြွပ်နေအောင် ကြော်စားကြတယ်
    အဲဒီ အမြည်းပါထည့် :mrgreen:

    Reply

  • kyeemite

    July 5, 2012 at 4:00 pm

    ရွာထဲအရက်ရောင်းနေကျ..အမတ်မင်းကလည်း
    အရင်းပြုတ်ပီး..ပုလင်းနဲ့အိမ်မှာဝယ်မော့နေတယ်ဆိုကတည်းက
    ငါ့ဘက်လှည့်လာတော့မယ်ဆိုတာသိနေတယ်လေ…
    လုပ်ကြပေါ့ကွာ..ငါ့မှာတော့..သကောင့်သား
    တအုတ်ကြီးလာရင် အလျှင်မီအောင်..မကြီးမငယ်နဲ့
    ခတောင်းမျှောင်အောင်ကျိုက်ပီး..ထန်းပင်တက်လိုက်အုံးမယ်…ဂေ့..လေတောင်တက်တယ်..
    အံဇာတုံးရေ…ထန်းလှီးဓါးလေးငှားပါအုံးဟ…

    Reply

  • Crystalline

    July 5, 2012 at 4:05 pm

    ကြွက်ကြော်ကလည်း မEtone ဘကြီးခြံထဲကထောင်ထားတဲ့ကြွက်တွေဖြစ်မယ်… 🙂

    Reply

  • amatmin

    July 5, 2012 at 4:12 pm

    ကိုသူရဇော်..
    ကျုပ်ကိုအရက်သမားအရမ်းပီသနေအောင်..
    သရုပ်မဖော်ဖို့အတွက်..
    ညနေဘာအရက်တိုက်ရမလဲဟင်င်..
    စာမှာထဲ့ရေးတာပဲဗျာ..မိုးယုစံလောက်နဲ့ပေးစားရေးရင်..
    ဘာမှကိုမပြောလိုပါဘူးရယ်..
    ခုတော့ဗျာ..လုပ်ပုံ 🙁

    Reply

  • Ma Ei

    July 5, 2012 at 4:19 pm

    စာဖတ်ရင်းနဲ့ မူးလာပြီ…
    ဒါတောင် လူမစုံသေး…
    အဖွဲ့သား စုံစုံလင်လင်
    ဆိုရင်တော့ဖြင့်….

    Reply

  • blackchaw

    July 5, 2012 at 4:22 pm

    အော် သူရဇော်လုပ်မှ ငါ့လည်း ကလေးတစ်ယောက်အဖေ ဖြစ်ရပြီ…။
    လူပျိုကြီးပါဆို…။
    :mrgreen:

    Reply

  • ရာဇဝင်လူဆိုး

    July 5, 2012 at 7:02 pm

    အဟမ်း..အဟမ်း… ကိုဘလက်က ကလေး ၂ ယောက်အဖေ လူဗျိုုကြီးပါဗျ…

    Reply

  • ကြောင်ကြီး

    July 6, 2012 at 10:01 am

    ကြောင်သားဟင်းထဲ ဆေးခြောက်ထည့်ချက်ဖို့ မမေ့နဲ့နော်၊ အချိုမှုန့်မလို သဘာဝအချို ကောင်းမှကောင်း…..

    Reply

  • မွန်မွန်

    July 6, 2012 at 11:14 am

    စာက ကွန်မန့်တွေနဲ့ တွဲဖတ်မှ ဇာတ်ရည်လည်တာပဲ…
    ဟဲဟဲ.. တော်တော်လေးတော့ သိနေပြီ။ 🙂

    Reply

  • mamanoyar

    July 6, 2012 at 12:49 pm

    ဦးလေးတော်စပ်သူ ဦးဘလက်ချောမှာလဲ အပျော်အပါးဆို လာထားဆိုသူပင်….. သူ၏သားဖြစ်သူ ဗိုက်ကလေးမှာလဲ ပေါ်တင်တစ်မျိုး၊ ခွက်ပုန်းတစ်မျိုးတည်း…ဟားးးးးးးးးး
    သဘောကျပါ့ စိန်ဗိုက်ကိုပြောတာလားမသိ

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.