ရုတ်တရက် ကျရောက်သည့် ပစ္စလက်ခတ် ဖြစ်စေသော အခြေအနေ

သူရႆဝါJuly 4, 20121min09

ရုတ်တရက် ကျရောက်သည့် ပစ္စလက်ခတ် ဖြစ်စေသော အခြေအနေ
– ညီဇံလှ ၊ သူရဿဝါ –

အောက်သိုးသိုးဖြစ်နေသော ပစ္စည်းများ တစ်ခုပေါ်တစ်ခု ထပ်ထားခြင်းဖြင်းဖြင့်
အချိန်ဘယ်လောက် ပါဒ ဘယ်လောက် ရုတ်တရက်ကျရောက်သည့် စူးရှကျယ်လောင်စွာ

ကန် ့သတ် သည်ထက် ကျော်သုံးထားသည့် မနက်ခင်းများ တစ်ခုပြီးတစ်ခု လက်ခံရန်

ဆုံးရှုံးသည်ဟု အထင်နှင့် အချောသပ် ခြား နား ပြီး အစွန်းပေါ်မှာ အဆင်သင့်
လည်လည်ပတ်ပတ်မြို့ပြနံရံကို အလယ်မှာ ဒါမှမဟုတ် အောက်မှာ ထားခြင်းဖြင့်
တန်ဖိုးအနည်းငယ်နိမ့်ကျမှု လျစ်လျူရှုခြင်း ညအိပ်မပျော်တဲ့အခါ ပြန်လည်သန့်စင်အသုံးပြု
အမှည့်လွန်နေသော ရွှံ့ဗွက်တချို ့အိုင်ထွန်းနေသည်ကို ပင်လယ်ခေါ်ရန် ဝန်မလေးသင့်သေးပါ
ထို ့နောက် သတ်မှတ်သည် စီးနင်းသည် သတ်မှတ်ချိန်ကျော်သွားသည် ပစ်မှတ်ကို လွန်ထွက်သွားခြင်း သတိမမူခြင်း
မျက်စိတစ်ဖက်လိုက်ခြင်း နှင့်မရဲတရဲ စီးလိုက်သော ကျွဲတစ်ကောင်သာသာ ယဉ်ကျေးမှု
အမှားအယွင်းကင်းကင်း တစ်ဇောက်ကန်း ထုပ်ပိုးမှုပုံစံ လူမှု ရေးရေးမျှမထင်၍ တစ်လှမ်းတိုး၍
ဘယ်ဖက်လှည့်တွေး၍ လွတ် ဟာသွားသော လေတိုက်နှုန်းကို ချည်နှောင်ပြီးသား အပြင်အဆင်
ရာသီဥတုသည် လူတို ့၏ အရေပြားကို တွားသွားတက်လာနေပြီး ကန် ့သတ်သည်များကို
တစ်ခုပေါ်တစ်ခု ထပ်ထားခြင်းကြောင့် အသက်ရှူသံပြင်းပြင်းတို ့သည်
အပူအအေး လှည့်ပြောင်း ခပ်မြန်မြန် တွန်း၍ ရွှေ့၍မရသော ရေပြင် မြေထုပေါ်တွင်
လျှောကျမသွားအောင် ကုပ်တွယ်ထားရမည့်အခြေအနေနှင့် လိုက်လျောညီထွေ မူတည်၍
ပြတင်းပေါက်များဖွင့်ပါ ဖိနပ်စီးပါ ရှေ့တည့်တည့်ကြည့်ပါ ဆက်ရန်ရှိသည် မှစ၍ ဆက်ကာ ဆက်ကာ
မိတ်ဖြစ်ဆွေဖြစ် စာရင်းညှိမရ စကားများတယ် အလုပ်ကောင်းတယ်
ရရှိလာသာ လက်တွေ ့မပါသော အောင်မြင်မှု အမဲဆီ နာထောင်သူဘက်မှ ပြန်လည်ပြောဆိုခွင့်မရှိ ရေဒီယိုအစီအစဉ် လေ့ကျင့်ထားသော
အရပ်ရှည်သော အလှမ်းကျဲကျဲသည် ရရှိလာသော ယာယီချုပ်ရိုး ။

၄ – ဇူလိုင် – ၂၀၁၂

9 comments

  • မောင်ပေ

    July 4, 2012 at 1:06 pm

    မိတ်ဖြစ်ဆွေဖြစ်
    သွားအတူ
    လာအတူ
    စားအတူ
    ပိုက်ပိုက်ရှင်းတော့မှ
    ညှိမရ…။

    Reply

  • Khaing Khaing

    July 4, 2012 at 2:26 pm

    ဖတ်တော့ဖတ်သွားပါသည် လိုက်မမှီတော့ မဝေဖန်မပြောရဲပါ ……… ခင်မင်အားပေးလျှက်

    Reply

  • ဝမ်းတွင်းရူး

    July 4, 2012 at 3:06 pm

    ကိုသူရဿဝါ ခေတ်ကိုလှောင်တာနေလားဗျာ။
    နားမလည်နိုင်အောင် မြင့်နေလို ့ပါဗျ။

    Reply

  • may flowers

    July 4, 2012 at 3:14 pm

    နားလည်ဘူး…………..ဖတ်တော့ဖတ်သွားပါတယ်နော်………ကိုယ်ကဥဏ်မမီတာထင်ပါရဲ့။

    Reply

  • Shwe Yi

    July 4, 2012 at 4:12 pm

    မိမိတင်တဲ့ post တွေကို တစ်ပါးသူတွေက အချိန်ပေး (အချိန်ကုန်ခံ)ပြီး ဖတ်ကြတာဆိုတော့ ကိုယ်တင်တဲ့ post ဟာ တခြားသူနားလည်နိုင်တဲ့ စာသားတွေနဲ့ တင်သင့်ပါတယ်။ ကျုပ်လည်း ဖတ်ကြည့်ပြီး အဓိပါယ်ဖော်ကြည့်တယ် ဉာဏ်မမီလို့လားမသိဘူး၊ ဖော်လို့မရဘူး။

    Reply

  • P chogyi

    July 4, 2012 at 5:11 pm

    ဘာရေးထားတာလဲဟင်

    Reply

  • ဝေးလွင့်တိမ်

    July 4, 2012 at 8:22 pm

    ကောင်းလိုက်တဲ့ကဗျာ။ ရင်ဘတ်ချင်း ကွန်နက်ရှင်ကောင်းပါတယ် ။ ဆက်ရေးပါဗျာ ၊ ခေတ်ပေါ်ကဗျာ သန့်သန့်လေးတွေဖတ်ချင်တယ် ဗျို့။

    အိမ်မက်များ၊ လွန်ဆွဲပွဲ ၊ နှင်းဆီခူးတဲ့နေ့ ၊ ပျောက်ရှသွားသော ဘယ်ဘက်ရင်ခွင်အပိုင်းအစများ ၊ ငုံလျှိုးမှု ၊ ခံစားချက် တမံကျိုးတော့ ရင်ထဲကပွင့်အံလာသမျှ ခေတ္တ တိတ်ဆိတ်မှုနဲ့ ရင်ဘတ်ချင်းချိတ်ဆက် တိတ်တဆိတ် တိုးတိုးလေး သူရဿဝါ ရဲ့ နှလုံးသားကို လှမ်းမြင်လိုက်ရတယ် …. ။

    အောင်မြင်ပါစေ ……. ။ ။

    Reply

  • rat

    July 4, 2012 at 10:05 pm

    ဒီလိုမျိုး ပိုစ့်မော်ဒန်တွေ မဖတ်ရတာကြာပါပြီ …. ရေးတဲ့သူပဲမရှိတော့တာလား……ရှိတဲ့သူတွေကပဲမရေးတော့တာလားတော့မသိပါဘူး …..
    ဒီလို ပိုစ့်မော်ဒန်စာပေရှိတယ်ဆိုတာလဲ စာဖတ်သူပရိတ်သတ်တွေအနေနဲ. စာဖတ်အားနည်းလို. သိပ်မသိတာဖြစ်ပါလိမ့်မယ် ။ ပိုစ့်မော်ဒန်ကို စာဖတ်တဲ့သူတွေကျော်သွားကြတာများပါတယ် …. ဘာလို.လဲဆိုတော့ အဲဒီ့စာပေက အတွေးအခေါ်ကို ဦးစားပေးတာကိုး …တွေးနိုင်လေ အဓိပါယ်ရှိလေပါပဲ …. ပေါ့ပေါ့ပါးပါးဖတ်တတ်တဲ့ပရိတ်သတ်အနေနဲ.တော့ ခံစားရခက်ပါလိမ့်မယ် …… မြန်မာပြည်မှာဆိုရင် ဆရာမင်းခိုက်စိုးစန်တို. ဆရာတာရာမင်းဝေတို. နောက်ပြီးနာမည်မကြီးကြတဲ့ စာရေးဆရာတွေလဲရှိကြပါတယ် ။ စာဖတ်သူတွေအနေနဲ. စာအုပ်ဆိုင်က စာပေမျိုးစုံကို ခံစားနိုင်ကြပါစေလို. ဆန္ဒပြုပါတယ်…..

    Reply

  • thar ag

    July 4, 2012 at 10:34 pm

    နားမလည်နိုင်တော့ပါ ၁၀

    Reply

Leave a Reply to rat Cancel Reply

Your email address will not be published.