ယနေ့ နောက်ထပ် ပြစ်ဒါဏ် လွတ်ငြိမ်းခွင့် ပေး

ယနေ့ ဇွန်လို်င်လ (၃) ရက်နေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈ဝ) ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း eleven media group တွင် ဖတ်ရှုရပါသည်။

နိုင်ငံသား အကျဉ်းသား ၃ရ ဦး၊ အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး နှင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈ဝ ဦးတို့ ကို ပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသားများကိုတော့ ပြည်နှင်ဒါဏ်ပေးခဲ့သည် ဟု သိရှိရပါသည်။

အသေးစိတ် သိလိုသူများ http://www.first-11.com/index.php?option=com_content&view=article&id=14383:2012-07-03-06-37-38&catid=42:2009-11-10-07-36-59&Itemid=112
တွင် ဖတ်ရှုနိုင်ပါသည်။

ဖတ်ရှုနိုင်ရန် သတင်းပေးလိုက်ပါသည်။

15 comments

  • စိန်ဗိုက်ဗိုက်

    July 3, 2012 at 4:57 pm

    ဂွတ်နယုစ် စီဂျေ ထူး
    ဗရာဗို
    အာကာဗို
    ထွန်းအိန္ဒြာဗို
    ကျော်ကျော်ဗို
    ဂိန်..ဂိန်..

    Reply

    • ရဲစည်

      July 3, 2012 at 7:14 pm

      ဟဲ့ ဂဗိုက်မ
      အရက်တာ တူတူမျှ သောက်မယ်
      အလုံးတော့ အတူတူ မမျှဘူးအေ
      အလဂါးစထှာ 😀
      ခုတလော နင်နဲ့ငါနဲ့ အရေးအသား အပြောအဆို အတွေးဒွေ တူနေသလိုဘဲ
      အေးပေါ့အေ ရှက်ကီမန်း အချင်းချင်းကိုးဟဲ့ သတင်းလွင့်လွင့် ပေါင်းဂျဒါပေါ့ 😛

      ဒါပေမဲ့ ငါက ဂိန်ဒါတော့ မတူချင်ဘူးအေ.. ကွိန်…ကွိန်
      ပြောရင်း သူများပို့စ်မှာ ဘာဒွေ ပြောမမှန်း မသိတော့ဝူး

      ဟုတ်… ဖတ်သွားပါတယ်ဗျို့
      အသေးစိတ်ကိုလဲ ထပ်ပီးပြေးဖတ်လိုက်ပါ့မယ်…

      Reply

  • AKKO

    July 3, 2012 at 7:36 pm

    ကြားရတာ ဝမ်းသာစရာပါပဲဗျာ ။ မင်္ဂလာရှိတဲ့သတင်းပါ ။
    ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ အားလုံးကိုတော့ လွှတ်ငြိမ်းချမ်းသာခွင့်ရစေချင်ပါတယ် ။

    Reply

  • မောင်ပေ

    July 3, 2012 at 9:50 pm

    ကြားရတဲ့ သတင်းကြောင့် ဝမ်းသာရပါတယ် ။
    ဖြစ်နိုင်ရင် အရင်တုန်းက နိုင်ငံရေးလုပ်လို ့ဖမ်းထားတဲ့လူမှန်သမျှ အားလုံးကို အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ် ခင်ဗျား။ ကိုထူးဆန်းရေ +1

    Reply

  • kai

    July 4, 2012 at 3:31 am

    အစိုးရအဖွဲ့ခင်ဗျ..
    အကျဉ်းသားတွေကို.. ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလို့.. သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်လို့..
    ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေသူများအားလုံးကို လွှတ်ပေးဖို့.. တောင်းခံပါရစေလို့..
    ယုံကြည်ချက်…ဆိုတာမှာ.. ဘာသာရေးယုံကြည်ချက်။ လူမျိုးရေးယုံကြည်ချက်။ နိုင်ငံရေးယုံကြည်ချက် အားလုံးပါသင့်ပါတယ်လို့… နော..

    ဇူလိုင်လ ၃ ရက်နေ့က နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးခဲ့ခြင်း နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ရာတွင် “နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့က တော့ အားလုံးလွှတ်ပေးပါလို့ အမြဲ ပြောခဲ့ပါတယ်။ကျွန်မတို့ရရှိထားတဲ့ စာရင်းအရကတော့ နိုင်ငံရေးအကျဉ်းသား ၃၃ဝ ရှိတယ်လို့ပြောပါတယ်။ ဒီတော့ ကျွန်မတို့အနေနဲ့ ဒီ ၃၃ဝ လုံး လွှတ်ပေးဖို့ တောင်းဆိုမှာဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။
    http://www.news-eleven.com

    Reply

  • Mon Kit

    July 4, 2012 at 8:57 am

    အင်းးး.. စောစောစီးစီး ကွန်ပြူတာ ဖွင့်.. ရွာထဲဝင်လျှင် ဝင်ချင်း စဖတ်မိတဲ့ပို့စ်က လဲ မင်္ဂလာရှိတဲ့ပို့စ်..
    ကြားရတဲ့ သတင်းတွေကလဲ မင်္ဂလာ ရှိသော သတင်းတွေ .. တနေ့တာအတွက် ကျက်သရေမင်္ဂလာရှိစွာနဲ့ လုပ်ငန်းစလိုုက်ပါပြီ…
    ကျေးဇူးပါ ကိုထူးဆန်းရေ…မျှဝေပေးတဲ့အတွက်…:D

    Reply

  • shwe kyi

    July 4, 2012 at 10:06 am

    ဝမ်းသာပါတယ်ရှင်။ အိမ်မက်ဆိုးမှ နိုးထနိုင်ကြပါစေ။ အတိတ်အရိပ်ခြောက်လှန့်ခြင်းမှကင်းဝေးကြပါစေ။

    Reply

  • mamanoyar

    July 4, 2012 at 10:36 am

    ဝမ်းသာစရာ သတင်းလေးပါရှင်

    Reply

  • ahnyartamar

    July 4, 2012 at 11:22 am

    တကယ့်ကိုမင်္ဂလာသတင်းပါ။

    Reply

  • etone

    July 4, 2012 at 11:53 am

    အလွန်မင်္ဂလာ ကျက်သရေရှိတဲ့ သတင်းမျိုးပါပဲ ။
    အကျဉ်း ချတယ်ဆိုတာ အပြစ်သားတွေကိုသာ ပြူမူသင့်တာပါ ။ အပြစ်လို့ ရေရေရာရာမရှိပဲ … ယုံကြည်ချက်ခြင်း မတူတာကြောင့်တော့ အပြစ်မပေးသင့်ဘူးနော် .. ဒါပေကမယ့် … သဂျီး ပြောသလို .. ဘာသာရေးယုံကြည်ချက်။ လူမျိုးရေးယုံကြည်ချက်။ နိုင်ငံရေးယုံကြည်ချက် အားလုံးပါသင့်ပါတယ်လို့… နော.. ဆိုတာကို လက်ခံပေမယ့် ယုံကြည်ချက်အရပြုမူတဲ့ နေရာမှာ သူတပါးကို အနှောက်ယှက်ပေးတာမျိုး သူတပါးအခွင့်ရေးကို ထိပါးတာမျိုး ၊ ပုတ်ခတ်စော်ကားတာမျိုး ပါလာလို့ ရှိလျှင်တော့ … ဒါဟာ ယုံကြည်ချက်ကို ဗန်းပြပြီး အပြစ်လုပ်ခြင်းပဲ မဟုတ်ဘူးလား … ။

    မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသလို့ ဆိုတာနဲ့ နိုင်ငံရေး အကျဥ်းသားတွေကိုပဲ ပြေးမြင်ကြတာများတယ် … သူတပါးကို မထိခိုက်ပဲ ကိုယ့်ယုံကြည်ချက်လုပ်နေရင်း .. အပြစ်လုပ်တယ်လို့ ယူဆခံခဲ့ရသူတွေမို့ပါပဲ …. ။ သူတို့ကိုတော့ .. စာနာထောက်ထား သနားစိတ်ဖြစ်မိတယ် ။ အခုလို လွတ်လာတယ်ကြားတော့ …. မိသားစုနဲ့ ထပ်တူ ဝမ်းသာစိတ်ဖြစ်မိပါတယ် ။

    Reply

  • snow white

    July 4, 2012 at 12:10 pm

    သတင်းကောင်းပါ လွတ်မြောက်ခွင့်ရချင်နေကျတော့ တကယ့်သတင်းကောင်းပါ

    Reply

  • may flowers

    July 4, 2012 at 3:23 pm

    မင်္ဂလာသတင်းလေးမို့ ဝမ်းသာရင်း ကျေးဇူးတင်ပါတယ် ကိုထူးဆန်းရေ။

    Reply

  • Shwe Yi

    July 4, 2012 at 3:52 pm

    ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေကိုလည်းလွှတ်ပေးဖို့ တောင်းဆိုမယ့်အကြောင်းကို ဒီနေ့ထုတ် 7 day New ဂျာနယ်မှာ ဖတ်လိုက်ရပါကြောင်း။

    Reply

Leave a Reply

Your email address will not be published.