မြန်မာ နဲ့ ဗမာ အသုံးနှုန်းကိစ္စ

ခင္ခJuly 3, 20121min028

ယနေ့(၃.၇.၁၂)မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်များရဲ့မေးမြန်းမှု့ကို ဖြေကြားရာတွင် –

ရွေးကောက်ပွဲကော်မရှင်က သတိပေးထားသော ““ မြန်မာ”” ““ ဗမာ”” အသုံးအနှုန်းနှင့်ပတ်သက်ပြီး မေးမြန်မှုကို ပြန်လည်ဖြေကြားရာတွင် ဥရောပတွင်လည်း United Kingdom နိုင်ငံကို အင်္ဂလန်ဟု ပဲခေါ်ဆိုကြကြောင်း၊ ပြင်သစ်နိုင်ငံကိုလည်း လာမွန်တေးဟု မခေါ်ဘဲ ပြင်သစ်နိုင်ငံဟုပဲခေါ်ကြောင်း၊ ယင်းကဲ့သို့ပင် မြန်မာ၊ ဗမာ အခေါ်အဝေါ်မှာ ပြဿနာတစ်ရပ်မဟုတ်ကြောင်း၊ ယင်းသည်
ဒီမိုကရေစီ၏ အခြေခံသဘောတရားနှင့်သက်ဆိုင်ကြောင်း၊
ဒီမိုကရေစီကို ယုံကြည်သူတစ်ယောက်အနေဖြင့် မိမိနှစ်သက်ရာကို ခေါ်ခွင့်ရှိသည်ဟု ယူဆမိကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။

28 comments

  • မမ အညာသူ

    July 3, 2012 at 1:08 pm

    ခုလိုရှင်းပြသွားတာ
    ကျေးဇူးတင်ပါတယ်နော်

    Reply

  • Phaung Phaung

    July 3, 2012 at 1:31 pm

    အင်းလေ… ဟုတ်သားပဲနော်… ကြံဖန်အပစ်ရှာနေတယ်…

    Reply

    • P chogyi

      July 3, 2012 at 3:44 pm

      မှားတာကို ဝန်မခံဘဲ *င်ပိတ်ငြင်းနေတော့
      နိုင်ငံကိုဘယ်လိုဦးဆောင်မလဲဆိုတာ စဉ်းစားရခက်နေပြီ
      မှားတာကိုရှင်းလေ မှားလေပဲ
      မြန်မာနိုင်ငံအဖြစ် ခေါ်ဝေါ်နေတာ ဒေါ်စု မြန်မာပြည်ပြန်မရောက်ခင်ကတည်းကပါ အခုမှမဟုတ်ဘူး လူတိုင်းနားလည်တယ်
      အတိုက်အခံပါတီမဟုတ်ဘူး အငြင်းသန်ပါတီဖြစ်နေပြီး
      နိုင်ငံအတွက်ဘာမှ မလုပ်သေးဘူး
      ဟိုဟာပြင်ပေးမှ အစည်းအဝေးတက်မယ် ဒီဟာပြင်ပေးမှ အလုပ်လုပ်မယ်နဲ့
      လူထုအုံကြွအောင် စည်းရုံးရေးဟောပြောတာကလွဲပြီး ဘာမှလုပ်တာမတွေ့သေးဘူး
      (ဒို့ ဘကြီးက စိတ်မပါရင်အလုပ်မလုပ်ဘူး၊ စိတ်ပါရင်အရမ်းလုပ်တာ ဒါပေမဲ့ သေသာသွားရော တစ်ခါမှ စိတ်မပါလိုက်ဘူး) ဆိုတာမျိုး ဖြစ်နေဦးမယ်။
      ကိုယ်လုပ်ချင်တာလုပ်ပြီး အဲ့ဒါဒီမိုကရေစီလို့မပြောပါနဲ့
      ရှက်တတ်ပါ။

      Reply

      • laypai

        July 3, 2012 at 5:03 pm

        ( မြန်မာနိုင်ငံအဖြစ် ခေါ်ဝေါ်နေတာ ဒေါ်စု မြန်မာပြည်ပြန်မရောက်ခင်ကတည်းကပါ အခုမှမဟုတ်ဘူး လူတိုင်းနားလည်တယ်။ )

        P chogyi ဟုတ်လို့ လား။ သေသေချာ ဟစ်ထရီ ပြန်လှန် ပါဦး။
        ၈၈ နောက် ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ကြီး ကပြင် ခဲ့ တာ ( သို့ ) နိုင်ငံတော် အေးချမ်းသာယာ ရေး နှင့် ဖွံ့ ဖြိုးရေး ကောင်စီ က ပြင်ခဲ့ တာ လို့ ကျနော် မှတ်သား မိခဲ့ လို့ ပါ။
        အရင် တုံး က
        Burma = မြန်မာ။
        Burmese= မြန်မာလူမျိုး၊ မြန်မာစာ ရယ် လို့ ဖြစ်ပါကြောင်း။
        အခု
        မြန်မာ = Myanmar
        မြန်မာလူမျိုး၊ မြန်မာစာ = Myanmese ဟဲဟဲ ဘယ်လို ရေးရမလဲ ဟင်။

        Reply

        • P chogyi

          July 5, 2012 at 11:43 am

          ပြည်ထောင်စုဆိုရှယ်လစ်သမတမြန်မာနိုင်ငံဟု
          ၁၉၆၂ ခုနှစ်က စတင်သုံးစွဲခဲ့ပါသည်။
          မြန်မာလူမျိုး=Myanmar လို့ပဲသုံးပါသည်

      • Kyi Lwin

        July 3, 2012 at 5:14 pm

        ကဲ ကို ပီ ချိုကြိးရေ။
        ပြောပါအုးံ။
        ဘားမားဖြစ်တော့ရော ဘာတွေများအကျိုးယုတ်သွားလို့လဲ။
        ရှင်တို့ကြံ့ဖွတ် ဝန်ကြီးတွေတောင် အနှစ်နှစ်ဆယ်လောက် ကြားပဲ ကြားဖူးပြီး မရောက်ဖူးတဲ့နေရာ ခုမှ ဒေါ်အောင်ဆန်းစုကြည်ရဲံ ကျေးဇူးနဲ့ ရောက်ကြရတာ။
        အနောက်နိုင်ငံက ဘားမားကိုပဲ ပိုသိတာ ကုလသမဂ မှာ မြန်မာလို့ဘယ်လိုပဲပြောင်းပြောင်း။ အဲဒီနေရာမှာပဲ သိတာ။
        အပြစ်မရှီ အပြစ်ရှာ နိုင်ငံတကာအလယ်မှာ ဘားမားမှ လို့ ဘားမားပြောတာ ဘာမှားလို့လဲ။
        ဒီမယ် ရွှေလ ကို ခွေးဟောင်လို့ ရွှေလရောင် ဘယ်မပျက်တယ် တဲ့ ။
        မနာလိုစိတ်ဆိုတာ မြွေဆိပ်ထက် ဆိုးသတဲ့။
        ရှင်ကြီးတို့ လူကြီးတွေရော ဘာတွေများ လုပ်နေလို့လဲ။
        လက်နက်ရှိ အာဏာရှိ အင်အားရှိရဲ့နဲ့တောင် ရခို်င့်အရေးမှာ ဒီလောက် ဆုံးရှုံးခံလိုုက်ရတယ်။
        အခုမှ အနာပေး ပြီး ဆေးကျွေးတာတောင် ဟိုလူ ကူပါ ။ဒီလူ ကယ်ပါ။နဲ့ ။ လုပ်ပိုင်ခွင့်အာဏာဆိုတာ အခွင့်အရေးယူရုံပဲမဟုတ်ဘူး။ တာဝန်လည်းယူရတယ်။
        ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာလုပ်ပိုင်ခွင့် ဘာအာဏာမှ ရှိတာမဟုတ်ဘူး။
        ဟိုဟာ မလုပ်ဘူး။ဒီဟာမလုပ်ဘူးတွေ ပြောနေတာ ပြောသင့်လား အရင် စဉ်းစားအုံးလေ။

        Reply

  • Shwe Tike Soe

    July 3, 2012 at 1:46 pm

    သစ်ထူးလွင်က ဟာကြီးကူနေပြန်ပီ.. credit လေးပေးလေဂျာ..

    Reply

  • စိန်ဗိုက်ဗိုက်

    July 3, 2012 at 1:56 pm

    အမိန့်ကြော်ငြာစာ အမှတ် ၁/က
    စာအမှတ် ၁၂၃၄၅၆ ၊ ၂၀၁၂ခုနှစ် ဇွန်လ ၃ဝရက်နေ့
    ” အမည်သုံးစွဲမှု ပြောင်းလဲ ခေါ်ဝေါ်ခြင်း”

    အပိုဒ်(၁) ပြည်ထောင်စု မြန်ဗာနိူင်ငံဟု ပြောင်းလဲခေါ်ဆိုရမည်။
    အပိုဒ်(၂) မြန်မာ/ဗမာ ၊ Myanmar/Burma အစား မြန်ဗာ ၊ Myanbarဟု ပြောင်းလဲ ခေါ်ဆိုရမည်။

    ပုံ/
    ငနာကြီးရဲစည် ( ငရဲပြည် သမန်ထ )

    အမိန့်ကြော်ငြာစာ အမှတ် ၂/ခ
    စာအမှတ် ၁၂၃၄၅ရ ၊ ၂၀၁၂ခုနှစ် ဇွန်လ ၃ဝရက်နေ့
    ” အမည် နာမ်စားသုံးစွဲမှု ပြောင်းလဲ ခေါ်ဝေါ်ခြင်း”

    အပိုဒ်(၁) ကျွန်တော် အစား ကျော် ဟုပြောင်းလဲ ခေါ်ဆိုရမည်။
    အပိုဒ်(၂) ကျွန်မ အစား ကျ ဟုပြောင်းလဲ ခေါ်ဆိုရမည်။

    ပုံ/
    မာတိကစိန်ဗိုက် ( သကြားပြည် သမ္မတ )

    Reply

    • htoosan

      July 4, 2012 at 11:32 am

      အီး လို့ ခေါ်မလား
      ချီး လို့ ခေါ်မလား
      မစင် လို့ ခေါ်မလား
      အလေး လို့ ခေါ်မလား
      ကျင်ကြီး လို့ ခေါ်မလား

      ီငနာကြီးရဲစည် ( ငရဲပြည် သမန်ထ )
      မာတိကစိန်ဗိုက် ( သကြားပြည် သမ္မတ )

      တို့ အမိန့်ထုတ်ပါဦးခင်ဗျ…. :mrgreen:

      Reply

  • laypai

    July 3, 2012 at 2:04 pm

    သဂျီးရေ United State of America ကို အမေရိကန် လို့ ကျနော် တို့ တောသားတွေ ခေါ်နေတာ ကြိုက် လား မကြိုက် ဖူးလား လို့ အိုဘားမား ကို မေး ပေးပါ။
    မကြိုက် ရင် အမေရိကား လို့ ပြင် ခေါ် ပေး မလို့။
    ကျနော် တို့ တောမှာ တော့ US တို့ United State တို့ ပြော ရင် သိပ် မသိပေ မဲ့၊ အမေရိကန် ဆို ရင် တော သား တော် တော် များ ကတောင် အပြောင် အနောက် စကား လုံး တွေ မှာ ထည့် သုံး တတ် ကြ တာ လား။
    Burma လို့ ဘဲ သိ တဲ့ လူ တယောက် ကို ကျနော် အနေနဲ့ ကိုယ့် နိုင် ငံ ကို မိတ်ဆက် ရတော့ မဲ့ အခါ
    သုံးနှုံး မိတာ ကတော့ Myanmar, former Burma လို့ ပါ ဘဲ ခင် ဗျ။
    မှားသွားပါ က အမျိုး မထိခိုက် ပဲ ပိုင်ပိုင် နိုင်နိုင် ဆဲ နိုင် ပါကြောင်း။

    Reply

    • kai

      July 3, 2012 at 2:39 pm

      ဒါက..ကြိုက်တယ်မကြိုက်ဖူး ပြဿနာမဟုတ်..
      မှားနေတဲ့ပြဿနာ..

      ဆိုတော့..
      တောသားတွေကို.. ..နောက်ဆို.. စင်္ကာပူနိုင်ငံကို.. စင်္ကာပူရီယန်လို့ခေါ်ခိုင်း..
      ဂျပန်နိုင်ငံကို.. ဂျပန်နီးစ်လို့ခေါ်ခိုင်း…
      ကိုရီးယားနို်င်ငံကိုလည်း.. ကိုရီးယန်းလို့ခေါ်ခိုင်းလိုက်နော… 🙂

      Reply

  • snow white

    July 3, 2012 at 4:56 pm

    ဗမာဗုဒ္ဓ လို့တော့ကျောင်းအပ်တုံးကလည်းဖြည့်ရတယ် မှတ်ပုံတင်လုပ်တုံးကလည်း ဖြည့်ရတယ် မြန်မာနဲ့ ဗမာတူသလိုဘဲ မသိတော့ဘူး ဘယ်လို ခေါ်ခေါ် မမှားဘူးလို့တော့ထင်တာဘဲ ဘယ်ဟာအမှန်တုံး ပြောပြလေ ဟုတ်တော့ဟုတ်တယ် ကြိုက်နှစ်သက်ရာခေါ်လို့ရတယ်လို့ထင်တယ်။

    Reply

  • မွန်မွန်

    July 3, 2012 at 5:15 pm

    အခုဖြစ်နေတာက ဗမာနဲ့ မြန်မာ ဆိုတာထက် Burma နဲ့ Myanmar ဖြစ်နေတာ မဟုတ်ဘူးလား…
    မြန်မာလိုက ဗမာဆိုရင် လူမျိုး၊ မြန်မာဆိုတာ နိုင်ငံသား၊ ရှင်းနေတာပဲ…
    အခုဟာ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့သုံးမလား၊ Myanmar လို့သုံးမလား ဖြစ်နေတာမို့လား…

    မွန်မွန်တို့ကတော့ Myanmar ကိုသာ လက်ခံပါကြောင်း…

    Reply

    • မွန်မွန်

      July 3, 2012 at 5:16 pm

      အော်..တစ်ခုကျန်ခဲ့လို့
      Myanmar လို့ပြောလို့မသိရင်တော့ Burma လို့ ပြောမှာပေါ့… 🙂

      Reply

      • htoosan

        July 3, 2012 at 9:44 pm

        Burma မှ မသိသေးရင် အသက်ကြီးကြီးတွေဆို ဦးသန့် နိုင်ငံက လို့ပြော ၊ ကျန် အရွယ်တွေဆို ဒေါ်အောင်ဆန်းစုကြည် နိုင်ငံလို့ ပြော .. သေချာပေါက် သိသွားလိမ့်မယ် …. 😀
        အချိန်တန်တော့လည်း မြန်မာဖြစ်သွားမှာပါဘဲ ..

        Reply

        • first last

          July 4, 2012 at 8:26 am

          As an ordinary people, I like the word, MYANAMR.

        • မွန်မွန်

          July 4, 2012 at 9:47 am

          အခုတော့ ပြောလို့ရပြီ… The Lady လို့…. 🙂

  • AKKO

    July 3, 2012 at 7:48 pm

    ဆင့်-င်အနာလုပ်နေတယ်လို့ပြောရမလား ။ မယောင်ရာ ဆေးလူးနေတယ်လို့ပြောရမလား မသိတော့ဘူး။ အဓိကက တိုင်းပြည်တိုးတက်အောင်လုပ်ဖို့ပါ ငါနဲ့မတူ ရန်သူဆိုတဲ့ စိတ်မျိုးဘေးဖယ်ပြီး ၊ ကိုယ်မလုပ်နိုင်လျှင် လုပ်နိုင်သူကို ချီကျူးရမယ် လေးစားရမယ်လေ ။ အပုပ်ချ ကန့်လန့်တိုက်တာ စိတ်ဓါတ်သိမ်ဖျင်းသူတွေရဲ့ လက္ခဏာမျိုးပဲ။

    Reply

    • Kyi Lwin

      July 4, 2012 at 10:19 am

      ဒါဟာ အမှန်ပဲ။ ဘားမားပဲ ဖြစ်ဖြစ် မြန်မာပဲ ဖြစ်ဖြစ် အခေါ် အဝေါ် အမည် နာမ ထက် တိုင်းပြည် တိုးတက်ဖို့ လူမျိုးတိုးတက်ဖို့ ကမ္ဘာ့အလယ်မှာ လူတန်းစေ့ နေနိုင်ဖို့ရင်ပေါင်တန်းနိုင်ဖို့အရေးကြီးဆုံးပဲ။
      ခု ဖြစ်နေတဲ့ အမည် ငြင်းနေမယ့်အစား ရခိုင့်အရေး ကို ကြံ့ဖွံ့ အစိုးရ က ဘယ်လို ဖြေရှင်းနေလဲ ဆိုတာလေး သုံးသပ် ဝေဖန်ကြတာပိုလိုု့ အကျိုးရှိပါလိမ့်မယ်။ အရိုင်းအစိုင်း အစွန်းရောက်တွေ ကိုယ့်တို်င်းပြည်ထဲ ဝင်လာမယ့်အရေး သတိ ကြီးကြီးထားတော်မူကြပါ။

      Reply

  • hein htet

    July 3, 2012 at 8:37 pm

    အင်း..ကျွန်တော်တို ့အမြဲ တမ်း တိုင်းတပါးမှာကိုယ့်ကို ကို မိတ်ဆက်တဲ ့အခါမြန်မာလို ့ပဲမိတ်ဆက်တယ်ဗျ…ပြီးတော့ ခုဘောလုံးပွဲတွေမှာလည်း မြန်မာ လို ့ပဲအားပေးတာ..ဗမာလို ့အားပေးတာတွေ ့ဘူးဗျ..ပြီးတော ့ဒါဟာ သန်းရွှေတို ့လုပ်သွားတယ်ဆိုပေမဲ ့လည်း..ကျွန်တော်တို ့ပြည်သူတွေကလည်းလက်ခံနေရပြီလေ..ဗမာဆို ဗမာတမျိုးတည်းကို ပဲပြောတာလို ့ပဲ တိုင်းရင်းသားတွေက သိနေကြပီပဲကို..ဒီတော့ကာ တစ်ခါတစ်လေတော့လည်း ငါတို ့သာအမှန်ဆိုတာတွေ ကိုရှော ့သင့်တယ်ထင်တာပဲ..

    Reply

  • Don Juan Ronald

    July 3, 2012 at 10:58 pm

    ကျနော် က တော့ ငယ် ငယ် က တည်း က Burma , Burmese လို့ သုံး ခဲ့ တာ အ ကျင့် ဖြစ် နေ လို့ ခု ထိ Burma , Burmese လို့ဘဲ သုံး နေ တယ် ၊ ဘယ် သူ့ ကို မှ မ မှု ဘူး ။ ကိုယ် ထ မင်း ကိုယ် စား တာ ဘဲ မ ဟုတ် လား ။
    နာ မည် ကောင်း ပြီး လူ မ ကောင်း ရင် အ လ ကား ဘဲ ။

    ပိ ့ပြား အ စိုး ရ တုံး က “ မြန် လည်း မြန် ရ မယ် ၊ မာ လည်း မာ ရ မယ် ၊ တိုင်း ရင်း သား လည်း အား လုံး စည်း လုံး မှု ရှိ အောင် ” ဆို ပြီး အ ကြောင်း ပြ ကာ “ မြန် မာ ” လို့ သူ တို့ သ ဘော နဲ့ သူ တို့ ပြောင်း ခဲ့ တယ် ။
    အဲ လို ပြောင်း လိုက် လို ့ တ ကယ် “ မြန် ” လာ သလား ???
    အဲ လို ပြောင်း လိုက် လို ့ တ ကယ် “ မာ ” လာ သလား ???
    အဲ လို ပြောင်း လိုက် လို ့ တ ကယ် “ တိုင်း ရင်း သား အား လုံး စည်း လုံး မှု ” ရှိ လာ ပါ သလား ???

    အ လုပ် ကို တော့ ကောင်း ကောင်း မ လုပ် ဘူး ၊ ဘာ မ ဟုတ် တဲ့ နာ မည် ပေါ် ယ မယ် လိုက် ရှာ နေ တာ ၊
    ချမ်း သာ ကြွယ် ဝ ပြီး ၊ တရုတ် ကြီး တွေ ခင် မင် လေး စား ခဲ့ သော “ ဗ မာ ပြည် ကြီး ” မှ နှာ ခေါင်း ရွှံ့ ဖို့ ကောင်း တဲ့ ၊ ဆင်း ရဲ ပြီး လာဘ် စား မှု နဲ့ ပြည့် ဝ နေ သော “ မြန် မာ ပြည် ကြီး ” ကို ပြောင်း လှဲ ခေါ် ဆောင် လိုက် ခြင်း တာ ဖြစ် ၏ ။

    Shameless ! ! !

    Reply

    • Kyi Lwin

      July 4, 2012 at 11:06 am

      မှန်လိုက်လေ။ အရေ မရ အဖတ်မရ အကျိုးမဖြစ်တာ ငြင်းချင်သူများ ကိုယ့်ကိုယ်ကိုယ် ရှက်တတ်ကြပါ။

      Reply

  • the best

    July 4, 2012 at 12:50 am

    http://translate.google.com.hk/?ie=UTF-8&hl=en&tab=wT

    google.com ရဲ့ translate က from : English —> To : _________ မှာ

    English နေရာမှာ Myanmar ရိုက်ပြီး

    နိုင်ငံပေါင်းစုံရဲ့ Myanmar ကို ဘယ်လိုအသံထွက်သလဲ ဆိုတာ နားထောင်ကြည့်တယ်။

    တော်တော် စိတ်ဝင်စားစရာကောင်းပါတယ်။

    နားထောင်ကြည့်ပါလား။

    Reply

  • MTY

    July 4, 2012 at 9:23 am

    အဓိက..ကစစ်အာဏာရှင်လက်ထက်မှာ…မြန်မာလို့ပြောင်းလိုက်လို့ပါ။
    DASSK ကလဲဥရောပခရီးစဉ်မှာထုတ်ဖေါ်ပြီးပြီ။…..ဗမာနဲ့မြန်မာ ငြင်းနေလို့မထူးပါ။
    DASSK အာဏာရလာရင် ဗမာပြည်လို့ပြန်ပြောင်းလိုက်ပေါ့။တိုင်းရင်းသားတွေလက်ခံရင်ပေါ့။
    ဒါမှမဟုတ် ပြည်လုံးကျွှတ်ဆန္ဒခံယူပွဲကျင်းပရုံပေါ့။

    Reply

  • koko thant

    July 4, 2012 at 1:37 pm

    သူကြီးခိုင်နှင့် တကွ ဂေဇက်ရွာသူရွာသားအားလုံးခင်ဗျာ
    မြန်မာ လို့ခေါ်ခြင်း (သို့) ဗမာ လို့ခေါ်ခြင်း ကအရေးကြီးပါသလား နိုင်ငံတိုးတက်ဖို့က အရေးကြီးပါသလား
    သူကြီးခိုင်ခင်ဗျာ ကျနော်မေးတာလေးနှင့်တကွ မြန်မာ ၊ ဗမာ ကိုလည်းသေချာရှင်းလင်းပြောပြစေ လိုပါတယ် ခင်တဲ့ ကိုကိုသန့်

    Reply

    • kai

      July 4, 2012 at 2:03 pm

      ပြောမယ်..ပြောမယ်နဲ့..
      အခုပြသနာက.. မြန်မာနဲ့ဗမာအသုံးအနှုန်းကိစ္စမဟုတ်ပါဘူး..
      ဒါက.. ဘယ်ကဘယ်လိုဖြစ်နေတာလည်းတော့မသိ..

      ဆိုတော့..
      တကယ့်ပြဿနာက.. Myanmar နဲ့ Burma ပြဿနာဖြစ်ပါတယ်.
      အင်္ဂလိပ်လို အခေါ်အဝေါ်မှာ ပြဿနာဖြစ်နေတာဖြစ်ပါတယ်..
      အရေးကြီးသလားဆိုတော့..
      တော်တော်.. တော်တော့ကို.. အရေးကြီးပါတယ်..

      Burma ကနေ..Myanmar ပြောင်းတာ.. မြန်မာပြည်ထဲ..အစိုးရရုံးစာရွက်တွေ.. သတင်းစာတွေ..ငွေစက္ကုတွေပြန်ရိုက်ရ..ပြင်ရနဲ့.. နှစ်၂ဝအတွင်းစာရင်းချုပ်ရင်.. ဒေါ်လာ မီလီယန်ချီ ကုန်သွားပြီးပြီ..
      ကုလသမဂ္ဂနဲ့.. တခြားကမ္ဘာ့နိုင်ငံတွေမလည်း.. ကလေးသင်ရိုညွှန်းတန်းကအစ. ပြန်ပြင်ပေးနေရတာ.. ဒေါ်လာသိန်းသန်းချီကုန်သွားပြီးပြီ..
      ငွေတွေအလကားမရပါ..
      အချိန်တွေအလကားမရပါ..။

      အင်းးးးးးးးးးးးးးးး
      ဆိုတော့..
      သုတေသီလုပ်ပြီး. အင်တာနက်တခွင်က.. Myanmar/Burma မြန်မာ/ဗမာ မှတ်တန်းနဲ့.. သမိုင်းစာတွေစုတင်ပေးပါဦးမယ်..

      Reply

  • MTY

    July 5, 2012 at 10:29 am

    Burmaကို DASSK တို့ဘက်ကစွဲကိုင်ထားတယ်။ပြဿနာကဒါပါဘဲ။
    ခေါ်ချင်သလိုသာခေါ်ပါတော့ဗျာ။Myanmar ကပိုအနှစ်သာရရှိမှန်း
    သိမှာပါ။ဒါကနိုင်ငံရေးပြဿနာမဟုတ်ဘူးထင်တာဘဲ။

    Reply

Leave a Reply to Don Juan Ronald Cancel Reply

Your email address will not be published.