မိတ်ဆွေများကို မွေးနေ့ အတွက် မုန့်ကျွေးပါတယ်

1 မွေးနေ့မှာစားရအောင် မန်းလေးကထိုးမုန့်
2 ဒါကတော့ ထိုးမုန့်နောက်ထပ်တစ်ပန်းကန်
3 ထိုးမုန့်နဲ့လမုန့်
4နောက်ထပ်လိုက်ပွဲလေး
5ရွာသူညီမလေး ကိုယ်တိုင်လုပ်တဲ့ သက်တန့်ကျောက်ကျော
6 သီးစုံဖျော်ရည် ဒါလေးလဲ ညီမလေးလက်ရာ စားရခဲမျှနော်
7 မဝမှာစိုးလို့လိုက်ပွဲ
8 မဝရင် ဆက်ဆွဲ နော်
 

နက်ဖြန်မွေးနေ့ဘာကျွေးမလဲစဉ်းစားလိုက်တော့ ရန်ကုန်က ညီလေး အာဂ (ရစ်မမ မူပိုင်)က

လေးပေါက် ထိုးမုန့်စားချင်တယ်ဗျာလို့ပြောဘူးတယ်။

အစက ပေါက်စီကျွေးမယ်စဉ်းစားသေးတယ်။

ဒါပေမယ့် လူတို်င်းကြိုက်ချင်မှကြိုက်မှာ။

အဲဒါနဲ့ ထိုးမုန့်နဲ့လမုန့်ကွေးျမယ် ဆုံးဖြတ်လိုက်ပါတယ်။

မွေးနေ့မှန်းသိသွားတဲ့ ရွာထဲကညီမတစ်ယောက်က ဧည့်သည်တွေပါဧည့်ခံရအောင်ဆိုပြီး

သူလက်စွမ်းပြထားတဲ့(ဝယ်စားလို့မရဘူးနော်) သက်တန့်ကျောက်ကျောရယ်

သီးစုံဖျော်ရည်လာပို့တော့ မြိုင်သွားတာပေါ့။

ကဲ အလှစာ မဟုတ်ဘူး အဝစား။

ကုန်သွားရင် ထပ်ထည့်ပေးမယ်။

ပြန်ရင်လဲ သားသားမီးမီးတို့အတွက်ပါဆယ်ဆွဲသွားနော်။

ရွာသူားအားလုံး အနီးအဝေး ရှိသမျှ မိတ်ဆွေအားလုံး အကုန်ဝအောင်စားကြပါနော်။

 

အားလုံးကိုခင်သော

ကိုပေါက်(မန္တလေး)

 

59 comments

  • Tin Tin

    July 3, 2012 at 5:50 pm

    Happy Birthday ပါလေးပေါက်ရေ….
    မွေးနေ့ပေါင်းများစွာကို ချစ်သောခင်သောမိသားစုများနဲ့ ပျော်ရွှင်စွာ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့
    ဆင်နွဲနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်…
    မုန့်တွေကျွေးတဲ့ အတွက်လည်းကျေးဇူးပါနော်..

    Reply

  • အရီးခင်လတ်

    July 3, 2012 at 7:53 pm

    ကပေါက်ကြီး
    မွေးနေ့ မင်္ဂလာ နေ့ရက်မှ ဒါထက်ပိုမို အောင်မြင်ပျော်ရွှင်သော နေ့ရက်များစွာကို မဒမ်ပေါက် နဲ့ ဆက်လက်ဖြတ်သန်းနိုင်ပါစေ။
    လိုအပ်သောဆု မြတ်သောဆု များလဲ ပြည့်ဝပါစေ။
    စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့လဲ ပြည့်ဝပါစေ။ 🙂

    ခင်မင်စွာဖြင့်

    PS – ကိုပေါက် မန္တလေးမြီးရှည် စားချင်တာ။ 😀

    Reply

  • padonmar

    July 3, 2012 at 8:42 pm

    မင်္ဂလာရှိသောမွေးနေ့ပါ ကိုပေါက်။
    ဒီ သက်တန့်ကျောက်ကျောနဲ့ သီးစုံဖျော်ရည်လေးတွေ့ဖူးသလိုလို စားဖူးသလိုလို 😀
    ………………
    အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ချစ်မိတ်ဆွေတွေလည်း တစ်ရာမကတိုးလာပါစေ။

    Reply

  • ပစ်စလက်ခတ် မျက်ရည်

    July 3, 2012 at 9:02 pm

    ဟက်ပီဘတ်ဒေးပါဗျို့ ….
    ဘောပွဲပီးမှ ပြန်လာမန့်တာပါ…
    နောက်ကျသွားပါအိ ဟီး..

    Reply

  • ကိုလတ်ကြီးရေ အဝေးရောက်တွေအတွက်မြီးရှည့်ပိုစ်တင်ဘို့စီစဉ်ထားပါ၏
    မပဒုမ္မာကလဲ မနှစ်တုံးက ရွှေပုစွန်မှာစားတာနဲ့မတူဘူးလေ။

    မောင်ဂီ မျက်ရည်မကျနဲ့တော့ နောက်လာမယ့်နှစ်အတွက်လူသစ်ပြန်မွေးတော့

    ဒီနှစ်မွေးနေ့ကတော့ မနှစ်က မွေးနေ့လိုဘဲစိုပြေပါ၏။
    မိတ်ဆွေတွေကို အခုလိုအပြင်မှာလဲကျွေးချင်တော့ ရန်ကုန်လာပြီး မဒမ်ပေါက်နဲ့
    မင်္ဂလာထပ်ဆောင်ရင်ကောင်းမလားလို့ စဉ်းစားနေပါ၏။
    အကြံပေးကြပါကုန်လော့။

    Reply

  • MaMa

    July 3, 2012 at 11:11 pm

    ကိုပေါက်ရေ-
    ထိုးမုန့်နဲ့ လမုန့်လည်း ကြိုက်တယ်။
    သက်တန့်ရောင်စုံကျောက်ကျောနဲ့ သစ်သီးစုံ ဖျော်ရည်လည်း ကြိုက်တယ်။

    အပြင်မှာလည်း ကျွေးချင်နေတဲ့ ကိုပေါက်ရဲ့ စေတနာကို လေးစားသောအားဖြင့်
    ရန်ကုန်လာပြီး မဒမ်ပေါက်နဲ့ (မဒမ်ပေါက်နဲ့ပဲနော်) :mrgreen: မင်္ဂလာ ထပ်ဆောင်မယ်ဆိုရင်လည်း အားပေးပါတယ်။

    Reply

  • Foreign Resident

    July 4, 2012 at 8:28 am

    Happy Birthday ပါ ဦးပေါက်

    Reply

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 4, 2012 at 8:32 am

      အဘ ရေးတော့လေ

      Reply

      • Foreign Resident

        July 4, 2012 at 9:03 am

        ကိုပု ရဲ့ ၊
        အဘ အရင် သုံးခဲ့တဲ့ Lap Top နှင့် ၊
        အခု ဩဇီ အိမ်မှာ သုံးနေတဲ့ Lap Top က ၊
        Screen ( Diagonal ) Size ကွာနေလို့ ၊
        burglish Key Board မှာ စာရိုက်တာ အရမ်းနှေးနေတယ် ။

        Reply

  • mamanoyar

    July 4, 2012 at 10:39 am

    လေးပေါက်ရေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
    ကျန်းမာပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်
    ဒါပေမယ့် မစားရပဲ သွားရေကျအောင်လုပ်တဲ့
    လေးပေါက်ကိုတော့ ကျေနပ်ဘူးနော်
    မန်းလေးလာရင် တကယ်ဝယ်ကျွေးရမယ်

    Reply

  • manawphyulay

    July 4, 2012 at 12:56 pm

    လေးပေါက် မွေးနေ့က ဒါပဲ ကျွေးတာလား။ ကော်ဖီနဲ့ ဂျယ်လီကျွေးဘူးလား။ မနောနဲ့ မွေးလ တူတယ်နော်။ ပျော်ရွှင်ပါစေ နှစ်တိုင်းနှစ်တိုင်း မဒမ်ပေါက်နဲ့အတူ သွားအတူ လာအတူ သာသနာပြုနိုင်ပါစေ။

    Reply

  • မယ်မနော လေးပေါက်နဲ့ မွေးလတူလို့ကတော့
    ကန့်လန့်သွားတဲ့ ကရကဋ်တွေနေမှာတော့။

    Reply

  • ကြောင်ကြီး

    July 7, 2012 at 10:00 am

    မုန့်ဝင်အစားနောက်ကျတာ ခွင့်လွှတ်ပါဗျို့…. အခုတလော ရွာထဲဝင်ရ သိပ်ခက်လို့ပါ။ ဦးလေးပေါက် အသက်၅၄နှစ် မွေးနေ့မှာ ကိုးနဝင်းရတနာ မင်္ဂလာအဖြာဖြာ ပြည့်စုံပါစေကြောင်း တူမောင်ကြောင်ကြီးမှ ဆုမွန်ကောင်းတောင်းပါသည်။
    ဦးပေါက်တူမ
    ငါရက
    ဆွေမျိုးစပ်လှ
    တူတော်ပွ
    ရွာသားအပေါင်း
    သိစေဂျောင်း
    ကြောင်ကြီး
    မဟေသီလောင်း.. 😳

    Reply

  • ကျွန်ုပ်တူမ ပွလှလှကို
    ကြောင်ကြီး၏ရင်ခွင်အတွင်းသို့
    မဟေသီနှင်းအပ်
    ပြီးမွန်လတ်ကို…………………………………
    သိစေဂျောင်းရွာသားအပေါင်းတို့
    ဆွေမျိုးတော်ကြ တူတော်ပွအကြောင်းကို
    ကောလဟာလမှအစ
    မကောင်းပြောသူ.မှန်သမျှကို
    မချွင်းမလတ် ထိပ်တုံးခတ်ဒဏ်ပေးဝေနှံမည်
    ယခုမှစ၍ အဤအမိန့်တည်စေသတည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး………………………

    အိတ်ထိတန် ပတ်ထိတန် တုံချမ်……………………………………….
    အိတ်ထိတန် ပတ်ထိတန် တုံချမ်……………………………………….

    Reply

  • နွေဦး

    July 7, 2012 at 1:26 pm

    မွေးနေ့ ကျွေးတဲ့ ကိုပေါက် ကို ကျေးဇူးတင်ပါတယ်…
    မွေးနေ့လက်ဆောင် ကားတစီး ပေးလိုက်ပါတယ်..
    ပျင်းတဲ့အခါ ကားလေးနဲ့ မန​ ္တလေး မြို့ လည်ပေါ့။
    ကားသေ့က ဒီမှာပါ..
    https://plus.google.com/photos/107706568882603434466/albums/5761697039474142401/5761697040852470514

    Reply

Leave a Reply

Your email address will not be published.