အစားအစာတွေကို အဆိပ်ဖြစ်အောင်လုပ်နေတဲ့ လူ…

lu ta loneJune 29, 20101min04
01-1.jpg image by ZawGyi

စားအုန်းဆီ

စားအုန်းဆီထဲတွင် ဆပ်ပြာမှုန့်တွေရောကာ မခဲအောင်လုပ်ပြီး ရောင်းချနေကြောင်း သိရှိရပါတယ်။ အီလန်ဆပ်ပြာမှုန့်က ဈေးပေါတော့
စားအုန်းဆီ တစ်ပီပါ (၄၂) ဂါလံကို အီလန်တစ်ထုပ် (၂၀ဝ ဂရမ်) ထည့်တယ်လို့
ကြားရပါတယ်။

“ဆီကို ရေချိုး ဆေးရိုး မီးလှုံ ကောက်ရိုးတောင်လိုပုံ” ဆိုတဲ့ စကားပုံကို အမြတ်တနိုး ရွတ်တတ်တဲ့ ဗမာလူမျိုးဟာ ဆီစားကြတာ
ကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။
မပေါတော့တာ ကြာလှပါပြီ။ ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။

မြန်မာတိုင်းမ်ရဲ့ အဆိုအရ
ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ (၅) ပိဿာနဲ့ (၄၉) ကျပ်သား
စားသုံးပါတယ်။ လူဦးရေ (၅၂) သန်းနဲ့ တွက်မယ်ဆို တနှစ်ကို ပိဿာပေါင်း (၂၈၅) သန်း၊ တန်အားဖြင့် (၄) သိန်း စားသုံးပါတယ်။

ဆီအဖြစ် ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီတို့ကို အဓိက အသုံးပြုရာမှာ ပြည်တွင်းမှာ စားဆီ ၅၀%လောက်ပဲ ထွက်ပြီး ကျန်တဲ့တဝက်ကို ပြည်ပက တင်သွင်းရပါတယ်။

အဓိက တင်သွင်းတဲ့ နိုင်ငံက မလေးရှားဖြစ်ပြီး သွင်းတဲ့ဆီအမျိုးအစားက စားအုန်းဆီ ဖြစ်ပါတယ်။ တနှစ်ကို တန်ချိန် (၂) သိန်း တင်သွင်းပါတယ်။ ပြည်တွင်းမှာ တနင်္သာရီတိုင်းမှာ ဧက (၂) သိန်းလောက် စိုက်ဖို့ လျာထားတာ (၁) သိန်းလောက်ပဲ စိုက်နိုင်သေးတယ်လို့ ဆင်ဟွာသတင်းဌာနက ပြီးခဲ့တဲ့လက ရေးပါတယ်။

ဒါပေမယ့် မြန်မာတိုင်းမ်က ၂၀၀၅ ခုနှစ်မှာ ဧက (၇) သောင်းလောက်ပဲ
စိုက်နိုင်သေးတယ်လို့ ဆိုပါတယ်။ မြန်မာတိုင်းမ်အဆိုက အမှန်နဲ့
ပိုနီးစပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ (၁) ဧကကို (၂.၅) တန်ထွက်ရင် ဧက (၇) သောင်းကို တန်ချိန် (၁) သိန်း (၇) သောင်းခွဲ ထွက်ပါတယ်။ မလေးရှားက
တနှစ်ကို စားအုန်းဆီ တန် (၂) သိန်း တင်သွင်းတယ်ဆိုတော့ ပြည်တွင်းမှာ
စားအုန်းဆီ နှစ်စဉ် တန်ပေါင်း (၃) သိန်း (၇) သောင်းခွဲ စားနေပါတယ်။
ဆင်ဟွာက ပြောတာယူရင် နှစ်စဉ်စားတဲ့ဆီက စားအုန်းဆီချည်းပဲ တန် (၄) သိန်းခွဲ ဖြစ်သွားပါလိမ့်မယ်။

တနှစ်ကို စားအုန်းဆီ တန် (၃) သိန်း (၇) သောင်းခွဲ စားတယ်ဆိုတော့ လိုတဲ့ တန် (၂) သောင်းခွဲက ပဲဆီနဲ့ နှမ်းဆီဖြစ်ဖို့များပါတယ်။ နေကြာဆီ နည်းနည်းပါနိုင်ပါတယ်။

ချုပ်လိုက်ရင် စားအုန်းဆီတွေ
ပြည်တွင်းမှာ လှိုင်ဘောလယ်နေပါတယ်။ တန် (၃) သိန်း (၇)
သောင်းခွဲကို လူဦးရေ (၅၂) သန်းနဲ့စားရင် လူတယောက်ဟာ တနှစ်ကို စားအုန်းဆီ (၅) ပိဿာနဲ့ (၁၅) ကျပ်သား စားသုံးပါတယ်။

4 comments

  • etone

    June 29, 2010 at 8:22 am

    စားအုန်းဆီ စားကိုမစားဘူး ။ ပဲဆီတောင်မှအရောနှောတွေလုပ်လာနေကြပြီ ။

    Reply

  • winne

    July 11, 2010 at 7:58 am

    ရိုးသားစွာ စီးပွားရှာကြရင် ပိုကောင်းမယ် ဒီလိုလုပ်နေတာ သတင်းတွေ ကြားတာကတော့ ၁နှစ်လောက် ရှိပြီ။ ဒီကိစ္စကိုတော့ အပြင်းအထန် ဝိုင်းကန့်ကွက်တာမျိုးနဲ့ မလုပ်အောင် တားမြစ်ဖို့ စစ်ဆေးတာတွေ ရှိလာရင်ကောင်းမယ်

    Reply

  • Thiri

    July 23, 2010 at 3:02 pm

    စကားပုံက နည်းနည်းလွဲနေသလိုပဲ၊ “ဆီကို ရေချိုး ဆေးရိုး မီးလှုံ ကောက်ရိုးတောင်လိုပုံ” အစား
    “ဆီကို ရေချိုး ဆေးရိုး မီးလှုံ စပါးတောင်လိုပုံ” ဖြစ်မယ်ထင်တယ် .. အကြံပေးတာပါ၊

    Reply

  • maypearl

    July 28, 2010 at 9:39 am

    ဟားဟား…ဟုတ်တယ်
    စပါးတောင်လိုပုံဖြစ်မယ်ထင်တယ်

    Reply

Leave a Reply to Thiri Cancel Reply

Your email address will not be published.