English For All (1)

ယနေ.မှစပြီး အင်္ဂလိပ်စာ စိတ်ဝင်စားသူများ အကျိုးရှိစေရန် Basic English Speaking အချို.ကို အပိုင်းများခွဲကာ တင်ပြပေးသွားပါမည်။

10 Speaking for this period, study and make practice. ဖတ်ပါ၊ ကျင့်ပါ၊ ပြောကြည့်ပါ။

1.

ညစာ/မနက်စာ/နေ.လည်စာ စားပြီးပြီလား။ —-> Have you finish your dinner/breakfast/lunch?

အသံထွက်က    ဟဖ်ယူ ဖင်းနချ် ယော် ဒင်းနာ/ဘရိတ်ဖက်စ်/လန်.ချ်?

2.

မင်းကိုငါ သိပ်ချစ်တာ မင်းမသိဘူးလား။ —-> Don’t you know that I adore you?

အသံထွက်က       ဒုန်.ယူနိုး သတ်ဒ် အိုင် အဒေါလ် ယူ?

3.

မင်းမရှိရင်ငါ့ဘဝကအဓိပာယ်မရှိဘူး။  ——>  It is meaningless for my life without you.

အသံထွက်က     အစ် အစ်စ် မီးနင်းလက်စ် ဖော်မိုင်လိုက်ဖ် ဝဒ်သောက် ယူ

4.

ငါမင်းကို နာမည်နှင့်တကွသိတယ်။ —-> I know you by name.

အသံထွက်က    အိုင် နိုးယူ ဘိုင်နိမ်း

5.

ငါ့ကို အနိုင်မကျင့်နဲ.။ ——> Don’t bully me.

အသံထွက်က   ဒုန်. ဘူးလီး မီ

6.

မင်းက ဘာလူမျိုးလဲ။  —–>  What’s your race?

အသံထွက်က  ဝှက်စ် ယော် ရေ.စ်?

7.

မင်းမုန်.ကြိုက်လား။ —-> Do you prefer to eat snacks?

အသံထွက်က  ဒ ယူ ပရီဖား တူ အိဒ် စနက်ဒ်စ်?

8.

မင်းဘယ်မှာနေတာလဲ။ ——> Where do you live?

အသံထွက်က  ဝှဲ ဒယူ လစ်ဖ်?

9.

ဒီနေ. မင်းပျော်လား။ ——> Are you happy today?

အသံထွက်က  အာ ယူ ဟပ်ပီး တဒေးး?

10.

ဒီနေ.တော့ ဒီလောက်နဲ.ဘဲ နားလိုက်ကြရအောင်။ —–> Call it a day.

အသံထွက်က  ကောလ် အစ် အ ဒေး

 

13 comments

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 12:36 pm

    ငိုချင်ပါတယ်ဆိုမှ လက်လာတို့တယ်ကွယ် …
    ဟင့် ဟင့် …
    🙁

  • mamanoyar

    July 2, 2012 at 12:38 pm

    အရမ်းကိုကျေးဇူးတင်ပါတယ်ရှင်
    နောက်လတွေလည်း စောင့်ပြီး မှတ်သားပါ့မယ်

  • မောင်ပေ

    July 2, 2012 at 1:55 pm

    ဝှက်အစ်မိုင်နိမ်း
    မိုင်နိမ်းအစ်မေပေါင်
    ဝှဲဒူးယူလစ်
    ဝက်
    ဝှဲဒူးယူလစ်
    အိုင်ဒုန် ့လစ် ၊ ဘီကော့ ၊ အိုင်အမ်နော့အသိဖ်
    အိုခေ တူဒေးလက်ဆင်အန်ချက်ပတာ ဖစ်နစ်
    ဂွတ်မောနင်း သီချာ

  • ညလေး

    July 2, 2012 at 2:40 pm

    ကျေးဇူးတင်ပါတယ်…အတန်းတက်သွားပါတယ်ဂျင့်….

  • မမ အညာသူ

    July 2, 2012 at 3:21 pm

    အရမ်းကြိုက်ပါတယ်
    ခုလိုအကျိုးရှိစေတဲ့စာလေးတွေနောက်လဲထပ်တင်ပေးပါနော်

  • etone

    July 2, 2012 at 3:32 pm

    အခုလို ဗဟုသုတပေးနိုင်မယ့် စာတွေရေးတင်သူအားလုံးကို လေးစားမိပါတယ် ။
    များများလည်းရေးနိုင်ကြပါစေနော် … ။

  • MaMa

    July 2, 2012 at 5:59 pm

    Basic လောက် သင်မှ အတော်ပဲ။
    Advance ဆိုရင် လိုက်မမီလု့ိ မန့်တောင် မမန့်နိုင်ဘူး။ :mrgreen:
    အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ ဈေးပြော ဈေးဆစ် ဈေးဝယ် ကုန်ပစ္စည်းအပေးအယူ လေးတွေအတွက်
    လွယ်ကူရှင်းလင်းတဲ့ စာကြောင်းလေးတွေလည်း သိချင်ပါတယ်။
    ကျေးဇူးတင်ပါတယ်။ 🙂

  • အဂျစ်

    July 2, 2012 at 7:14 pm

    ဒါမျိုးလေး Mp3 မရနိုင်ဘူးလား

  • hnin phyu

    July 2, 2012 at 8:49 pm

    CNBC. ကလာတဲ့စီးပွားရေးနဲ့ပတ်သက်လို့ပြောတာတာတွေနားလည်ခြင်လို့ပါရှင့်။ ဘယ်လိုလေ့လာရမလဲလမ်းညွှန်ပေးကြပါအုန်းရှင့်။
    EAL(1)ကိုလဲကူးထားလိုက်ပါတယ်။နောက်သင်ခန်းစာတွေလဲစောင့်မျှော်နေပါသည်။
    ကျေးဇူးပါ။

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 8:53 pm

      အဲ့ဒါတွေ နားလည်အောင် လုပ်ရင် သွပ်ချာချာဖြစ်တတ်တယ်ဆိုလားပဲဗျာ …
      နောက်မှ ဒီတေးလ်ပြောပြပါတော့မယ်…
      ဒီနေ့ကတော့ ..မျက်ရည် မဆည်နိုင်လို့ပါ …
      🙁

  • hnin phyu

    July 2, 2012 at 10:17 pm

    ကိုဂီရေ
    ကျမသွပ်သွပ်ချာပါစေ။လေ့လာချင်လို့ပါရှင့်။ အွန်လိုင်းကနေရွှေအရောင်းအဝယ်လုပ်ရင်သတင်းတွေအချက်အလက်တွေနားလည်တဲ့သူတွေကိုမေးနေရတာအားနာလို့ပါ။
    ကိုဂီ စိတ်ကြည်ကြည်လင်နဲ့ ဒီတေးလ်ပြောမဲ့အချိန်ကိုေစောင့်မျှော်နေပါ့မယ်။

  • မမလေး

    October 27, 2012 at 4:04 pm

    Let bygones be bygones … ပြီးတာတွေလည်းပြီးပါစေတော့ …

    ှSo soon ! မြန်လှချည်လား …

    How time files … အချိန်ကုန်တာမြန်လှချည်လား

Leave a Reply