ကမာ္ဘ့ဖလား ဘောလုံးပွဲ သီချင်းဗီဒီယိုတွင် ပါဝင်သူနှင့် ဆက်သွယ် မေးမြန်းခြင်း…

lu ta loneJune 29, 20103min01

http://2.bp.blogspot.com/_na70Aw8gBm4/TCGUpU2ljPI/AAAAAAAAG9A/mHNBM2CK1hs/s1600/small.jpg

YouTube ရုပ်သံ ဝက်ဆိုက်ရှိ ၂၀၁ဝ ကမာ္ဘ့ဖလား ဘောလုံးပွဲ သီချင်းဗီဒီယို http://www.youtube.com/watch?v=oRDgVGHB6eM ကို ယခုတပတ်တွင် ကြည့်ရှုသူပေါင်း ၄၃ သန်း ရှိခဲ့ရာ ဒုတိယ လူကြည့်အများဆုံး ဗီဒီယိုကလစ် ဖြစ်နေသည်။

“Waka Waka” (This Time for Africa) သီချင်း ဗီဒီယို ရိုက်ကူးရာတွင် မြန်မာအမျိုးသမီးငယ် ၃ ဦးလည်း ပါဝင်သည်။ ကယ်လီဖိုးနီးယားပြည်နယ် Daly
City မြို့တွင် နေထိုင်သော နေခြည်မင်းထွန်းက သီချင်း ဗီဒီယိုရိုက်ကူးရေး
အတွေ့အကြုံများ၊ ဗီဒီယိုတွင် ပါဝင်သော ၎င်းတို့ ညီအစ်မ သုံးဦးအကြောင်းကို
ပြောပြထားသည်။

http://2.bp.blogspot.com/_na70Aw8gBm4/TCGUpNCWCkI/AAAAAAAAG84/XWMqsCYvMqE/s1600/Nay+Chi+Min+Tun.jpg

နေခြည်မင်းထွန်း

မိုးမခ – နေခြည်တို့ ညီအစ်မ ၃ ယောက် အကြောင်း အကျဉ်းချုပ် ပြောပါဦး။

နေခြည် – မြန်မာပြည်တုန်းက ရန်ကုန်မှာ နေခဲ့တာ။ အခုတော့ မိဘတွေနဲ့ အတူ Daly City မှာ နေထိုင်နေပါတယ်။

နေခြည် (Naychelle Khine) က အသက် ၂ဝ။ ကျောင်းကတော့ City College of San Francisco မှာ တက်ပါတယ်။ မကြာခင်မှာ CSU East Bay သို့မဟုတ် San Luis Obispo က Cal Poly ကို Accounting နဲ့ ပြောင်းဖို့ ပြင်ဆင်နေပါတယ်။

နေခြည့် အစ်မနာမည်ကတော့ နဒီမင်းထွန်း (Natalee Min)။ သူက ၂၁ နှစ်။ Cal Poly မှာ Accounting နဲ့ပဲ ပညာ သင်ကြားနေပါတယ်။ သူကတော့ နောက်နှစ် Spring ဆို ဘွဲ့ရပြီပေ့ါနော်။

ညီမလေးကတော့ မေဇင်ဦး လို့ ခေါ်ပါတယ်။ အသက်က ၁၅ နှစ်၊ Westmoor အထက်တန်းကျောင်းမှာ ၉ တန်းပေါ့။

ဒီနှစ် မတ်လတုန်းက နေခြည်တို့ ညီအစ်မ သုံးယောက်လုံးကို Network International Models and Talent Agency က စာချုပ် လုပ်ထားပါတယ်။

အခု လောလောဆယ်တော့ သုံးယောက်လုံးကို အေးဂျင့်က လွှတ်လို့ ဇူလိုင် ၂၅ ကနေ ဩဂုတ်လ ၁ ရက်နေ့ အထိ နယူးယောက်က IMTA (International Modeling and Talent
Association) မှာ သွားပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ စုစုပေါင်း ၁၄ ယောက် လောက်ကို လွှတ်တာပါ။ ပြိုင်ပွဲမှာ
တကမ္ဘာလုံးက အေဂျင်စီတွေ အများကြီး ရှိမယ်။ ပြိုင်ပွဲမှာ
နိုင်တာမနိုင်တာထက် အေဂျင်စီတွေက ကိုယ့်ကို စိတ်ဝင်စားတယ် ဆိုရင် ကြော်ငြာလုပ်ငန်းအတွက် မော်ဒယ်၊ မင်းသမီး စသဖြင့် အရွေးခံရနိုင်ပါတယ်။

မိုးမခ – ကမ္ဘာ့ဖလား သီချင်းခွေမှာ “ကျမတို့က အာဖရိက ကပါ” လို့ မြန်မာ ဘာသာနဲ့ ပြောတာ ကြည့်လိုက်ရတယ်။ ဒါကို နိုင်ငံတကာကလည်း ဝိုင်းကြည့်ကြပါတယ်။ ဒီ
ဗီဒီယိုမှာ ပါဝင်ခွင့် ရတဲ့ အတွက် ဘယ်လို ခံစားကြရသလဲ။

နေခြည် – ဪ … ပျော်တာပေါ့။ အဓိက ကတော့ ၄ နှစ် ၁ခါမှ ကျင်းပတဲ့ ပွဲရဲ့နေရာလေး ၁ နေရာမှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ ပါဝင်ခွင့်ရတော့ အရမ်းကို
ဂုဏ်ယူမိပါတယ်။

http://2.bp.blogspot.com/_na70Aw8gBm4/TCGUojQw53I/AAAAAAAAG8o/RhvRFdxKsP8/s1600/Daly+City.jpg

ဝါကာဝါကာ ကကွက်နှင့် မေဇင်ဦး

http://www.youtube.com/watch?v=Bk8k-Fv1ZiQ&feature=PlayList&amp…

မိုးမခ – ကမ္ဘာ့ဖလားရဲ ့ အစိတ်အပိုင်း တခုဖြစ်တဲ့ ဝါကာဝါကာ သီချင်းကို ဗီဒီယိုရိုက်တာ ဘယ်နေရာမှာလဲ။ ဘယ်တုန်းကလဲ။ ဘယ်လို ချိတ်ဆက်မိပြီး ရိုက်ဖြစ်သွားတာလဲ။

နေခြည် – ဟုတ်ကဲ့၊ ဝါကာဝါကာ ကို လော့စ်အိန်ဂျလိစ်မှာ ဧပြီ ၂၅ ရက်နေ့က ရိုက်ကူးခဲ့တာပါ။ ဘယ်လို ချိတ်ဆက်မိသွား တာလဲ ဆိုတာကတော့ အေးဂျင့်က ကမ္ဘာ့ဖလား အတွက်
လော့စ်အိန်ဂျလိစ်မှာ Audition (ရုပ်ရှင်၊ ဂီတ တို့နှင့် ပတ်သက်ပြီး
အရည်အသွေးကို လက်တွေ့ စမ်းသပ်မှု) ရှိတယ် ဆိုလို့ ဝင်ပြိုင်ခဲ့တာပါ။

ဟိုရောက်တော့ လာပြိုင်ကြတဲ့ သူတွေက တော်တော် များတယ်။ နိုင်ငံပေါင်းစုံပဲ။ မရှိဘူး ဆိုရင်တောင် ၁ဝဝဝ ကျော်လောက် ရှိမယ် ထင်တယ်။ ဟိုရောက်တော့ တော်တော်လေးကြာမှ ၁ဝ
ယောက်လောက်ကို တစ်ပြိုင်တည်း ပြိုင်ဖို့ လာခေါ်တယ်။ ပြီးတော့ ဝါကာဝါကာ
သီချင်း ဖွင့်ပြီးတော့ တစ်ယောက်ချင်းစီကို ကိုယ့်နိုင်ငံ အကနဲ့
ကခိုင်းတယ်။

နေခြည်တို့ကတော့ တစ်နိုင်ငံတည်း ဆိုတော့ သုံးယောက်လုံးကို အတူတူ ညီညီလေး က ဆိုတော့၊ အက ကလည်း မတိုက်ထားတော့ ဘာအကွက်ပြီး ဘာ ကရအောင် ဆိုပြီးပဲ တိုင်ပင်ပြီး
ကလိုက်ကြရတယ်။ ပြီးတော့မှ သူ ကသလို လိုက်က ဆိုပြီး၊ သူ့ရဲ့ ကကွက်တိုင်းကို
အမှီ လိုက်ကရတယ်။ အားလုံးကို ဗီဒီယိုနဲ့ ရိုက်ထား ပြီးတော့မှ ဒိုင်လူကြီးတွေကို
ပြမယ်၊ နောက်နေ့ညမှ ဝါကာဝါကာမှာ ပါခွင့် ရမရ ဆိုတာ ဖုန်းဆက်မယ် တဲ့။
နောက်နေ့ မှာ ညီအစ်မ သုံးယောက်လုံး ပါဝင်ခွင့် ရတယ် ဆိုပြီး
အကြောင်းပြန်တော့ အတိုင်းမသိကို ဝမ်းသာခဲ့ကြပါတယ်။

မိုးမခ – အရွေးခံရပြီး နေခြည်တို့ ညီအစ်မတွေ အက လေ့ကျင့်ခဲ့ရသလား။ ဝါကာဝါကာမှာ ပါတဲ့ အဲဒီ အကကို ကြိုက်သလား။

နေခြည် – အင်း … အဲဒီနေ့က ၁ဝ ခေါက်လောက် group နဲ့ အတူတူ လေ့ကျင့်ပေးပါတယ်။ အကလေးက ရိုးတယ်၊ ပြီးတော့ အချက်လည်း ညီတော့ လှတယ်။ ဝါကာဝါကာ အကကိုလည်း သဘောကျလို့ ကဖြစ်ပါတယ်။

မိုးမခ – ကလို့ လွယ်သလား။

နေခြည် – ဟုတ်ကဲ့၊ အားလုံး လိုက်ကဖို့ အဆင်ပြေနိုင်တဲ့ အကလေးပါ။

http://3.bp.blogspot.com/_na70Aw8gBm4/TCGUo3h4V4I/AAAAAAAAG8w/NceB6uTLFIQ/s1600/Nadi+Min+Tun.jpg

နဒီမင်းထွန်း

မိုးမခ – ဗီဒီယို ရိုက်ကွင်း အကြောင်း နည်းနည်း ပြောပြပါဦး။

နေခြည် – အင်း – ရိုက်ကွင်းမှာတော့ လူမျိုးပေါင်းစုံပါပဲ၊ ဒါပေမယ့် အာဖရိက လူမျိုးတွေတော့ ပိုများတယ်။ အခက်အခဲ ကတော့ ရှိတာပေါ့နော်။ ကျောင်းကလည်း ဖွင့်တော့ စာမေးပွဲတွေက တန်းစီ။ ဒါပေမယ့် အရမ်း ပျော်ဖို့ ကောင်းတယ်။ ပြီးတော့ အေးအေးဆေးဆေးပဲ၊ အကတိုက်မယ် ဆိုပြီး လာခေါ်တဲ့ အချိန်ရယ်၊ ဗီဒီယို
ရိုက်မယ့် အချိန်ရယ်၊ မိတ်ကပ် လိမ်းပေးတဲ့ အချိန်လောက်ပါပဲ၊
ကျန်တဲ့အချိန်တွေမှာ ကြိုက်တာ လုပ်ခွင့် ရှိတယ်။ တချို့ဆို အိပ်တောင် အိပ်နေကြသေးတယ်။ အဓိက ကတော့ ရိုက်ကွင်းမှာ ရှိနေရင် ပြီးရော။ နေ့လယ်စာ နဲ့ ညနေစာတွေ အတွက် ကိုလည်း သီးသန့် အားလပ်ချိန် ထပ်ပေးပါတယ်။ တစ်နေ့တည်း
အပြီး ရိုက်တာ ဆိုတော့ မနက် ၁ဝ နာရီကနေ ည ၁၁ နာရီထိ နေလိုက်ရတယ်။
ခရီးကလည်း ပမ်းနေကြတာ ဆိုတော့ တော်တော်လေးတော့ ပြိုင်းတာပေါ့။

မိုးမခ – ကမ္ဘာ့ဖလား သီချင်းမှာ လက်တင် အဆိုတော် Shakira ရဲ့ အက ပိုကောင်းသလား၊ အဆို ပိုကောင်းသလား။ သီချင်းက ပိုကောင်းသလား။ ဘယ်ဟာကို ကြိုက်သလဲ။

နေခြည် – Shakira က အကရော အဆိုပါ အရမ်း ကောင်းတော့ ၂ ခုလုံးကို ကြိုက်တယ်။ သီချင်းကလည်း အရမ်း မြူးတယ်လေ။ သူကလည်း ပိုင်ပို်င် နိုင်နိုင် ဆိုနိုင်တယ်၊ ပြီးတော့ သူ့ရဲ့ အသံ ဝဲဝဲလေးကလည်း တစ်မျိုးလေး ထူးခြားနေတော့ အားလုံး
ပြည့်စုံသွားတာပေ့ါ။

မိုးမခ – ကမာ္ဘ့ဖလား သီချင်း ဗီဒီယိုမှာတော့ ပါပြီးပြီ၊ ကမာ္ဘ့ဖလားရော ကြည့်ဖြစ်ကြသလား။

နေခြည် – ဘောလုံးပွဲကို စိတ်မဝင်စားကြလို့ သိပ် မကြည့်ဖြစ်ကြပါဘူး။ ပါးပါးက ဘောလုံးပွဲ အရမ်း ကြိုက်တော့ သူကြည့်နေရင် တစ်ခါတစ်လေတော့ ဝင်ကြည့်ဖြစ် ပါတယ်။ အဲဒီလောက်ပါပဲ။ ဒီနှစ် world cup တော့ ကြည့်ဖြစ်အောင် ကြည့်ကြမယ်ပေ့ါ။ ဒါပေမယ့် အလုပ်တွေ အရမ်း များနေလို့ မကြည့်ဖြစ်ကြပါဘူး။ နောက်တစ်ခေါက်တော့ ကြည့်ဖြစ်မယ်
ထင်ရတာပဲ။

မိုးမခ – နေခြည်တို့ ရောက်နေတဲ့ ဒေသမှာ မြန်မာပြည်နဲ့ ပတ်သက်ပြီး လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသဖြင့် ဘာတွေ လုပ်ဖြစ်သလဲ။

နေခြည် – ညီမလေး မေ ကတော့ ဗုဒ္ဓဘာသာကျောင်း လောလောဆယ် တက်နေပါတယ်။ ကျောင်းအလှူပွဲတွေ၊ အပြင်အလှူပွဲတွေ၊ သင်္ကြန်ပွဲတွေမှာလည်း နှစ်တိုင်း သုံးလေးပွဲလောက် ကဖြစ်တယ်။ များသောအားဖြင့် မြန်မာအက ကတယ်။ တခါတလေလည်း ဟစ်ဟော့ အက ကတယ်။

အစ်မ နဒီလည်း အလှူပွဲတွေမှာ ဖျော်ဖြေရေး ကဏ္ဍမှာ ပါရင်ပါ၊ မဟုတ်ရင် သူက မိတ်ကပ် ဝါသနာရှင် ဆိုတော့ မိတ်ကပ် လိုအပ်မယ့် ဖျော်ဖြေရေး ကဏ္ဍရှင်တွေကို
ကူညီပေးပါတယ်။ မိတ်ကပ်၊ ဆံပင်တွေ ဝိုင်းပြင်ပေးတာပေါ့နော်။

မနှစ်က ဩဂုတ်လ ၉ရက်နေ့ကမှ ဒီရောက် မြန်မာများ အဆင်ပြေအောင် ဆိုပြီး community center ဆောက်ဖို့ ရန်ပုံငွေ ရှာပွဲမှာ မြန်မာ အကလေးတွေနဲ့ ညီမလေးမေက
တစ်ဖက် တစ်လမ်းကနေ ကူညီခဲ့ပါသေးတယ်။

နေခြည်ကတော့ မယ်ပြိုင်ပွဲကဏ္ဍမှာ ပါဝင် ယှဉ်ပြိုင် ကူညီရင်း ကယ်လီဖိုးနီးယားပြည်နယ်က မြန်မာပြည်သားတွေရဲ့ Miss Kyei Zin (ကြယ်စင်မယ်) “1st Runner Up” Title ကို ရရှိခဲ့ပါတယ်။ အခြား အလှူပွဲတွေမှာ လည်း နှစ်တိုင်း တတ်နုှိင်တဲ့ဘက်က
ဝိုင်း ကူပေးပါတယ်။ များသောအားဖြင့်တော့ ဖျော်ဖြေရေး ကဏ္ဍတွေမှာပေါ့။

City College ရဲ့ BSC ဆိုတဲ့ Burmese Student Club မှာ အစ်မ နဒီရော၊ နေခြည်ပါ semester တိုင်း အသင်းကို officer တွေ အဖြစ်နဲ့ ဦးဆောင်ခွင့် ရခဲ့ပါတယ်။
ဒီနောက်ဆုံး Spring 2010 တုန်းကတော့ အသင်းရဲ့ ဥက္ကဋ္ဌ အဖြစ် နေခြည်
ရွေးချယ်ခံခဲ့ရပါတယ်။

အခု နွေရာသီကျောင်း မပိတ်ခင်လေးကတောင် နေခြည်နဲ့ officer တွေ အားလုံးဦးဆောင်ပြီး BSC တစ်သင်းလုံးရဲ့ သဘော တူညီချက်အတိုင်း သင်္ကြန်တုန်းက ဗုံးပေါက်လို့ ဒဏ်ရာရ၊ သေဆုံးခဲ့ကြတဲ့ သူတွေ အားလုံး အတွက်
ရည်စူးပြီး ဘုန်းကြီး ၂ ပါးနဲ့အတူ ဆုတောင်းပွဲလေး လုပ်ခဲ့ပါသေးတယ်။ ။

ှSource: မိုးမခသတင်းမှ ကူးယူမျှဝေလိုက်ပါသည်။

One comment

  • Gong Zhu

    September 16, 2010 at 1:26 pm

    ကံဇာတာ တတ်နေလို့ဖြစ်မယ် . . . ကုသိုလ်ကောင်းခဲ့လို့ပေါ့နော်

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.