သူငယ်ချင်းဆိုတဲ့ “စည်း” လေးခြားထားသရွှေ့တော့….!!!

သူငယ်ချင်းဆိုတဲ့….
အဖြူရောင် အလွှာပါးလေးတစ်ခုကို…
ရင်းနှီးမှုတစ်ခု နှင့် အတည်ပြုလို့…
ငါတို့နှစ်ယောက် ရဲ့ ခင်မင်မှုလေး…
အစပြုခဲ့တယ်…။

သူငယ်ချင်းဆိုတဲ့….
အဖြူရောင် ဂုဏ်ပုဒ်လေးတစ်ခုကို…
သံယောဇဉ်ကြိုးလေး တည်ဆောက်ပြီးမှ…
ဆေးရောင်ပါးပါးပြယ်ခဲ့တယ်…။

သူငယ်ချင်းဆိုတဲ့….
နှောင်ကြိုးလေး ပြတ်တောက်သွားမှာ…
စိုးထိပ်မိပြန်တယ်…။

ရင်မှနှောင်ကြိုး သံယောဇဉ်ကြိုးလေး…
အစဉ်သာအမြဲ ခိုင်မြဲစေဖို့အတွက်…
အဖြူရောင်ခြယ်တဲ့…
သူငယ်ချင်းလေး ရဲ့ စိတ်ထား…
အရောင်တွေခြယ်ခဲ့တဲ့…
င့ါနှလုံးသားလေးကို…
အပြီးအပိုင်သော့ခတ်ထားပါတော့မယ်…။

ငါတို့နှစ်ဦး ရဲ့…
အရင်းနှီးဆုံး သံယောဇဉ်ကြိုးလေး…
နှုတ်ဆိတ်ခြင်းကင်းဝေးလို့…
အပြီးအပိုင် ကျောခိုင်းနှုတ်ဆက်ရမယ့်…
သူစိမ်းတွေအဖြစ် ငါမပြောင်းလဲချင်လို့ပါ…။

ခင်မင်လျှက်…မိုက်လေး

19 comments

  • ko khin kha

    June 29, 2012 at 2:17 pm

    ကျွန်တော်တက္ကသိုလ် နောက်ဆုံးနှစ်တက်တော့ သူငယ်ချင်းတွေ လ္ဘက်ရည်ဆိုင်ထိုင်စဉ်
    စီဇာကြောင်တဲ့ သူငယ်ချင်းမိန်ခလေးတစ်ယောက်အတွက် သူငယ်ချင်းတစ်ယောက်က ကဗျာစပ်ပြီးရွတ်ပြဖူးတယ် ကဗျာစာသားတွေမေ့နေပေမဲ့ ခေါင်းစဉ်တော့မှတ်မိတယ်။
    သူငယ်ချင်းအဖြစ်နွံမနှစ်ဖို့ ကယ်မယ့်သူကိုမျှော်မိတယ်—တဲ့။
    မိုက်ကလေးကရော မျှော်တော်ရောင် လုပ်ချင်ပြီလားလို့။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 2:23 pm

    မိုက်လေးက..မျှော်တော်ယောင်မလုပ်ချင်ပါဘူးနော်…..
    သူငယ်ချင်းဆိုတဲ့ ခံစားမှုတစ်ခုနဲ့….
    ကဗျာစပ်ကြည့်လိုက်တာပါ……
    မိုက်လေးက….ကဗျာလေးပါပဲ……….။

    Reply

  • မဂွတ် ထော်

    June 29, 2012 at 2:37 pm

    သူငယ်ချင်းဆိုတဲ့….
    နှောင်ကြိုးလေး ပြတ်တောက်သွားမှာ…
    စိုးထိပ်မိပြန်တယ်…။

    Reply

  • မွန်မွန်

    June 29, 2012 at 3:22 pm

    မွန်မွန်ကတော့ ကျောခိုင်းလိုက်တာ ကောင်းမယ်ထင်တယ်…
    ကိုယ်ကတော့ ကိုယ့်ကိုကိုယ် သော့ခတ်ထားလို့…သူကတော့ တစ်ခြားတစ်ယောက်အတွက် နှလုံးသားတံခါးကို ဖွင့်ပေးလိုက်တဲ့အခါ….
    မိုက်လေးရေ…မွန်မွန်ကတော့ ကျောခိုင်းမိလိမ့်မယ်..မြင်ရတာ ရင်နာလွန်းလို့ပါ…

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 4:11 pm

    အင်း…..
    မွန်လေး..ပြောတာလည်းမှန်ပါတယ်….
    တစ်ချို့သူငယ်ချင်းအဖြစ်ကနေ….
    သံယောဇဉ်တွေဖြစ်ပြီး နှလုံးသားချင်းနီးစပ်တဲ့သူတွေရှိသလို….
    သူငယ်ချင်း ဆိုတဲ့ အဖြူရောင်စည်းလေးကို ကျော်လွန်မိရင်လည်း….
    နောင်တတွေလည်း ရတတ်ကြပါတယ်….
    တစ်ချို့အတွက်လည်း သူငယ်ချင်းလေးအဖြစ်နဲ့…..
    ရှေ့ဆက်နိုင်မယ့်သူတွေလည်း ရှိနေနိုင်မှာပါ…..
    မိုက်လေး..လည်းသေချာတော့မပြောပြတတ်ပါဘူး….
    မွန်လေးရယ်………
    မိုက်လေး..လည်းပြောရမယ်ဆိုရင် မွန်လေး..လိုပဲကျောခိုင်းမိမှာအမှန်ပါပဲ……။

    Reply

  • Shwe Tike Soe

    June 29, 2012 at 4:56 pm

    ခပ်မိုက်မိုက်ကောင်မလေး က ခပ်မိုက်မိုက် ကဗျာတွေနဲ. မိုက်နေပါပေါ့လား…..
    အားပေးတယ်နော်….
    ကျွန်တော်တို. ငယ်ငယ်တုံးကလဲ အဲလိုကဗျာတွေ ရေးခဲ့ကြသေးတယ်……

    Reply

  • snow white

    June 29, 2012 at 5:51 pm

    သူငယ်ချင်းလေးပါဘဲသူငယ်ချင်းလေးဘဲတဲ့ကွယ် စိုင်းစိုင်းသီချင်းလည်း ကြိုက်တယ် ဆုန်သင်းပါရ်ဆိုတဲ့ အဖြူရောင်လေးကိုလည်း မင်းဆေးမဆိုးနဲ့ အရောင်ပြယ်လွင်အောင်လည်းမင်းမလုပ် နဲ့ အဲ့သီချင်းစာသားတွေ ကြိုက်တယ် သူငယ်ချင်းကနေ ချစ်သူဖြစ်တဲ့သူတွေလည်းအဆင်ပြေကျပါတယ် တော်တော်များများလည်း သူငယ်ချင်းကနေချစ်သူဖြစ်တာများတယ် မိုက်လေးရယ်သူငယ်ချင်းလေးကိုရည်းစားဖြစ်ကြည့်လိိုက်ပါနော်။

    Reply

  • awra-cho

    June 29, 2012 at 5:52 pm

    နုစဉ် ဘဝက အဲလိုကဗျာတွေ ရေးခဲ့တာပေါ့ လုူတိုင်းနီးနီးပါပဲ ။အချစ်နဲ့ တွေ့ရင် ကဗျာဆရာ ဖြစ်သွားတယ်တဲ့။ ယောင်္ကျားတွေက ပြီးရင် အရက်သမားပါ ဖြစ်တာ၊ အစဉ်မပြေရင်ပေါ့ နော။

    Reply

  • ကျိကုန်း

    June 29, 2012 at 6:15 pm

    အလွှာပါးပေမဲ့ ၁ဝကမ္ဘာခြားသလို ခံစားရပါတယ်
    နှောင့်ကြိုးလေးပြတ်သွားရင် ပြန်ဆက်လိုက်ပါ ဒါကာမလေး
    လောကနဲ့ ချစ်မေတ္တာဟူသည် တဏှာ
    လောဘ ရောဂ အပူမီးတွေကို ရင်ဝယ်မပိုက်ပါနဲ့ ချစ်သမီး
    ဥုံ မာနီ မာနီ ဟုန်

    Reply

  • တေလေငှက်

    June 29, 2012 at 6:38 pm

    အခုခေတ်မှာ Friend with benefits ဆိုတဲ့သူငယ်ချင်းတမျိုးလဲရှိပါသေးတယ်။ ဟေးဟေး ကိုယ်တော့မပါ။

    Reply

  • မောင်ပေ

    June 29, 2012 at 6:59 pm

    သငယ်ချင်း
    ရှေ ့ဆက်..မင်းဘဝမှာ..အမြဲချိုမြိန်ဘာဇေ….

    Reply

  • ဖိုးထောင်

    June 30, 2012 at 12:33 am

    ဟာရေး ကလားနော် အာသေးတချောင်းပဲပါတယ် သော့အားလုံး ဖွင့်နိုင်တယ်
    ခပ်မိုက်မိုက်လား တုတ်မီးဆောင်ထားတယ် အဟွတ် အဟွတ်

    Reply

  • ရဲစည်

    June 30, 2012 at 8:13 am

    ငယ်ရွယ်သူဘဝ
    သူငယ်ချင်းဆိုတဲ့ စည်း
    အဖြူရောင်ကြိုး
    မြိုသိပ်မှုတွေ
    စိုးရွံ့မှုတွေ…………..

    အချိန်တွေကြာလို့ အပျိုကြီး/လူပျိုကြီး ဘဝ
    သူငယ်ချင်းဆိုတဲ့ ထီး
    အရောင်စုံကြိုး
    အန်ထွက်မှုတွေ
    မထူးဇာတ်ခင်းလိုက်လေသတည်း….

    ကိုယ်တွေတောင် အခုဘယ်မှာမှ ရှာမရလို့ ငယ်ငယ်တုန်းကဟာတွေဘဲ ပြန်ပတ်ကြံနေတယ် 🙂

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 30, 2012 at 10:33 am

    သူငယ်ချင်းကို ရည်းစားအဖြစ်ကြည့်ဖို့…
    မိုက်လေး…သူငယ်ချင်းရှာလိုက်ဦးမယ်နော်…..
    😀

    Reply

  • သားဦး၊မြေးဦး

    June 30, 2012 at 12:11 pm

    စိုင်းဆိုင်မောဝ်ကတော့ ပုဝါပါးပါးလေးလဲစွန်းမှာစိုးပါတဲ့။

    Reply

  • မောင်ကောင်း ကို

    June 30, 2012 at 1:09 pm

    ကောင်းပါ့ဗျား

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 2, 2012 at 11:15 am

    သူငယ်ချင်းလေးပါပဲ…
    ကောင်းဘာဒယ်…။။။။။။။။။။။

    Reply

  • ညလေး

    July 2, 2012 at 11:11 pm

    သူငယ်ချင်းလို.ပြောနေပေမယ့်…..အမြဲငါရင်ထဲကချစ်နေတယ်……
    အဖြူရောင်စည်းပါးပါးလေးခြားထားပေမယ့်…….သူ.အကြည့်ကိုတော့…..
    ရင်မဆိုင်ဝံ……….

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 3:42 pm

    ညလေး…ရေ..
    ရင်မဆိုင်ဝံ့ရင်လေ…
    မိုက်လေး…အကြံပေးမယ်လေ….
    မှိတ်ထားလိုက်နော်….:P

    Reply

Leave a Reply to awra-cho Cancel Reply

Your email address will not be published.