၉၆ တုန်းကအဖြစ်လေးပါ

၁၉၉၆ လူသိပ်မသိလိုက်တဲ့ အရေးအခင်းလေးအကြောင်းပြောပြချင်လို့ပါ။ အဲဒီတုန်းက ကျွန်မက အာစီတူးမှာ။ တတိယနှစ်တက်နေတာပေါ့ရှင်။ အရေးအခင်း အကြောင်း ဆိုတာထက် ကျွန်မကြုံတွေ့ခဲ့ရတဲ့အပိုင်းလေးပေါ့။ အဲဒီတုန်းကတော့ ဒုက္ခကြီးပေါ့ရှင်။ အခုတော့လဲ ဒီဒုက္ခကအသေးလေးဖြစ်သွားပါပြီ။ အရေးအခင်း မတိုင်ခင် တပတ်လောက်မှာ ကျွန်မတို့မေဂျာက မန ္တလေး ပြင်ဦးလွင် ပုဂံဆိုပြီး ခရီးထွက်ကြတယ်။ ၄ ညအိမ် ၅ ရက်ပေါ့ရှင်။ ဒါပေမဲ့လမ်းမှာကားက ဝက်ဝက်ကွဲ ပျက်တော့ ၅ ညအိပ်( တောင်ငူကလယ်ကွင်းထဲမှာအိပ်ခဲ့ရတာ ) ၆ ရက်ဖြစ်သွားတာပေါ့။ အဲဒါနဲ့ ပြန်ရောက်ပြီးနောက်နေ့ကျောင်းသွားတာပေါ့။ ခရီးသွားလိုက်တာ ပိုက်ဆံကလဲ နဲနဲလေးပဲကျန်တော့တယ်။ ၁၅၀ဝ ပဲကျန်တယ်ထင်တာပဲ။ အိမ်ကလဲနောက်မှပို့မယ်ပေ့ါ။ မှတ်မှတ်ရရ သောကြာနေ့ကြီးပေါ့။ ကျောင်းရောက်တော့ ထုံးစံအတိုင်းစာသင်ခန်းထဲမရောက်ပဲ ခရီးကို စမြုံပြန်နေတုန်းမှာ ကျောင်းသားတွေရုတ်စုရုတ်စုနဲ့။ အောက်က စားသောက်ဆိုင်မှာလဲ ထူးထူးဆန်းဆန်းကျောင်း သားတွေအပြည့်ပဲ။ ကျွန်မတို့ကလဲ ကျောင်းကနေ တပတ်လောက်ဝေးထားတော့ ကိုယ့်အာရုံနဲ့ကိုယ်ပေါ့။ ခဏနေတော့ တယောက်ကလာပြီလာပြီ အာစီတူးထဲချိုး လာပြီလို့လဲအော်ရော အစောကစားသောက်ဆိုင်မှာထိုင်နေ တဲ့ကျောင်းသားတွေက ပင်နီတိုက်ပုံတွေ ဝတ်ပြီးအော်တော့တာပဲ။ ကြွေးကြော်သံတွေတိုင်ပြီး။ ဘာလာတာ တုန်းဆိုတော့ YIT ကျောင်းသားတွေချီတက်လာတာ။ ဒီက ကျောင်းသားတွေနဲ့စုပြီး မိန်းကိုသွားမှာ မိန်းကလဲစောင့်နေပြီတဲ့။ အဲဒါနဲ့ကျွန်မကလဲ ကြောက်တတ်တော့ သူတို့နဲ့ပါဖို့စိတ်မကူးပဲ ပြန်ဖို့စိုင်းပြင်းတာပေါ့။ အဲဒီကျမှကျောင်းကသူတို့ အစီအစဉ်ကိုသိပြီးဝင်းတွေ ပိတ်တဲ့အချိန်မမှီတော့ဘူး။ အဲဒါနဲ့သက်ဆိုက်ရာက ကျောင်းကို ချက်ချင်းပိတ်လိုက်တယ်။ ဘတ်စ်ကားတွေလဲဝင်လို့မရတော့ဘူး။ ဒါနဲ့ကျွန်မတို့လဲ မိန်းထဲကို ( ကျွန်မက မိန်းထဲမှာနေတာ ) ခြေကျင်ပြန်ရတော့တာပေါ့။ ခြောက်မိုင်ခွဲ လဲရောက်ရော မောလို့ ဓမ္မာ ရုံလမ်းထိပ်မှာခဏထိုင်နေတုန်း ကျောင်းဖက်ကလာတဲ့ ပစ်ကပ်အပြာလေး က ဂေါ့ဖ်ဆိုင်ရှေ့လောက်မှာ ဂျွမ်းပြန်သွားရော။ ဝင်ရိုးကျိုးပြီး လမ်း ကိုသွားထောက်လိုက်တော့ အမြင့်ခုန်လိုက်သလိုပဲ လေထဲမှာ။ နိုင်ငံခြားကား ထဲမှာပဲမြင်ဖူးတဲ့မြင် ကွင်းကိုတွေ့လိုက်ရရော။ ကျွန်မလဲအုတ်ခုန်ပေါ်ကနေ လမ်းဘေး လန့်ပြီးဖုတ်ကနဲ့ကျသွားရော။ ကားထဲကလူတွေကလဲ ထွက်ကျလာလိုက်တာ ပလက်ဖောင်းပေါ်ရော တယောက်ဆိုကျွန်မရှေ့ထိလာကျတာ။ ကျွန်မတို့လဲကြောင်နေကြ တုန်းလုံခြုံရေးတွေရောက်လာပြီး လာတဲ့ကားတားပြီး ဒဏ်ရာရတဲ့သူတွေကိုဆေးရုံခေါ် သွားကြ တာပေါ့။ နဂိုကမှကြောက်နေပါတယ်ဆို။ ဒါနဲ့အုပ်စုတွေနဲ့လမ်း ဆက်လျှောက်လာတော့ ချီတက်လာတဲ့သူတွေက အင်းစိန်လမ်းကနေ လှည်းတန်းရောက်လာပြီ။ ကျွန်မလဲ အဆောင်မြန်မြန်ပြန်ပြီး ငြိမ်နေတာပေါ့။ ခဏနေတော့ မိန်းကြီးကို စစ်တပ်ကထိန်းလိုက်ပြီဆိုပြီး သတင်းရောက်လာတယ်။ ဒါနဲ့ကျွန်မလဲ ပုဂံလမ်းထိပ်ထွက် ကြည့်တော့ အောင်မယ်လေးစစ်သားတွေဆိုတာ နဲမှမနဲပဲ။ ဒါနဲစပ်စုကြည့်လိုက်တော့ လမ်းတွေပါပိတ်ထားတယ်တဲ့။ ဘယ်နားတုန်းလို့ဆိုတော့ ပြည်လမ်းပေါ်မှာ ဟံသာဝတီအဝိုင်းကနေ ပါရမီလမ်းထိပ်ထိတဲ့။ ဒီတက္ကသိုလ် ရိပ်သာလမ်းမှာတော့ ဆင်မလိုက်ကနေ ကမ္ဘာအေးဘုရားလမ်းထိတဲ့။ ဒါနဲ့ ဘာကားမှမလာတော့ဘူး လားဆို တော့ မလာတော့ဘူးတဲ့။ ပြန်ချင်တယ်ဘယ်လိုပြန် ရမှာလဲဆိုတော့ သူတို့ကမေးတယ်။ ဘယ်ပြန်မှာလဲတဲ့။ စော်ဘွားကြီးကုန်းကနေ ကားစီးရမှာဆိုတော့ ပါရမီထိလမ်းလျောက်တဲ့။ အဲဒီဟိုဘက်မှာ ကားတွေရှိတယ် တဲ့။ အောင်မယ်လေးသေချင်စော်နံသွားတယ်။ သူတို့သေနပ်ကြီးတွေကလဲကြောက်ရသေးတော့ သိပ်အထွန့်မတက် တော့ပဲပြန်လာခဲ့ရတယ်။ ခရီးကပြန်လာတော့ ဘာမှလဲမဝယ်ထားရသေးဘူး။ အဆောင်မှာ ကြည့်လိုက်တော့ ဆန်ပဲရှိတယ်။ အဲဒါနဲ့ အဲနေ့ ညနေတော့လက်ဆောင်ပေးဖို့ဝယ်လာတဲ့မုန့်စားလိုက် တယ်။ နောက်နေ့ ကလဲ စနေ ဖြစ်နေတော့ ဘာလုပ်စရာမှလဲမရှိဘူး။ ဆန်ပြုတ်ပြုတ်သောက်နေ လိုက်တယ်။ ဝင်းထဲမှာကလဲ ကျောင်းသားတွေကအများကြီးဆိုတော့ ဝင်းထဲမှာပါတ်ပြီး ဆန္ဒပြနေတာကိုလိုက်ကြည့်လိုက် စစ်သားတွေက ဆန္ဒပြနေတဲ့သူတွေလိုက်ဖမ်း ရင် သူတို့နဲ့ရောပြေးလိုက်လုပ်နေတာ။ နောက်ဝင်းကအသေပိတ် ထားတာမို့ ရာမညဆောင်ရှေ့ကိုညညကျသွားကြည့်ရင် ပြည်လမ်းပေါ်မှာကျောင်း သားတွေထိုင် ဆန္ဒပြနေတာတွေရတယ်။ အဲတုန်းကပြည်မြန်မာကုန်တိုက်ကြီးကတန်းလန်းကြီး။ ပုံကြမ်းပဲပြီးသေးတာ။ အဲဒီအပေါ်ကိုလူတွေက တက် ကြည့်ကြတယ်။ ကျွန်မတို့က ဝင်းထဲကနေ သံတိုင်လေးတွေကိုင်ကြည့်ကြတယ်။ အဲဒီမှာ ဆန္ဒပြနေသူတွေ ကလဲ ပြည်လမ်းမီးပွိုင့်နားမှာထိုင်နေကြတာ။ ခဏနေတော့မီးသတ်ကားရောက်လာ ပြီး ရေနဲ့ထိုးချတာ။ ကျောင်းသား ကျောင်းသူတွေဆိုတာအလူးအလဲပဲ။ ဝင်းထဲကကျောင်းသားတွေကလဲအော်ဆဲပြီးတွေ့ရာ ဂဲတွေနဲ့ပစ်ကြ။ ပြည်မြန်မာကုန်တိုက်ပေါ် တက်ကြည့်နေတဲ့သူတွေကလဲ အုပ်ခဲတွေနဲ့ပစ်ကြပေါ့။ ခဏနေတော့ ပြည်မြန်မာကုန် တိုက်ပေါ် စစ်သားတွေတက်သွားပြီး လူတွေကိုလိုက်ဖမ်းပါရော။ ကျွန်မတို့ဝင်း ထဲကလူတွေနောက်လဲ လို်က် တော့ပြေး ကြရော။ နောက်နေ့ တနင်္ဂနွေနေ့မှာ သူများအိမ်နောက်ကနေထွက်လို့ရတယ်လို့သတင်းကြားတာနဲ့တက္ကသိုလ် ရိပ်သာလမ်း ဘက် မျက်နှာလှည့်ထားတဲ့ အိမ်တခု ရဲ့နောက်ပေါက်ကိုသူတို့ကဖွင့်ပေးထားတော့ အဲဒီအပေါက်ကဝင် သူတို့အိမ်ဘေးကဖြတ်ပြီး တက္ကသိုလ် ရိပ်သာလမ်း ပေါ်လဲ ထွက်လိုက်ရော စစ်သားတွေ စစ်ကားတွေ လက်နက်အပြည့်အစုံနဲ့ လမ်းသလားနေကြတာ။ တလမ်းလုံးမှာလဲ အရပ်ဝတ်နဲ့ဆိုလို့ကိုယ် တယောက်ပဲရှိတာ။ ကျွန်မလဲကြောက်ကြောက်နဲ့ လာလိုက်တာ မီးပွိုင့် ကိုရောက်ရော။ မီးပွိုင့်လဲရောက်တော့ ဟိုဘက်လှည်းတန်းဘက်လှမ်းကြည့်လိုက်တော့ လမ်းပိတ်ထားတယ်။ စစ်သားတွေက ဒုတ်တွေရော ဒိုင်းတွေ ရောမနဲပဲဟာ။ ကျွန်မလဲလမ်းကူးမလို့ကနေ စိတ်ကူးတခုရသွားတယ်။ အရင်ကဒီလမ်းကူးရင် အသက်ဖက်နဲ့ထုပ် ကူးရတာ။ အခုက ကျွန်မတယောက်ကလွဲလို့ ဘာမှမ ရှိတော့ ကြောက်တာကနောက် ဒီလိုအခွင့်အရေးမျိုးရခဲ မျှဆိုပြီး မီးပွိုင့်အလည်ခေါင်ကနေ စိတ်အေးလက်အေးနဲ့ လမ်းကူး ခဲ့ပါတယ်။ ( နောင်တချိန်မှာ ဂုဏ်ယူလို့ ရတာပေါ့  မီးပွိုင့်အလည်ကနေကူးခဲ့တာဆိုပြီး ) ဟိုဘက်ထိပ်ကစစ်သားတွေကတော့ ထူးထူးဆန်းဆန်းလမ်းကူးနေတဲ့ ကျွန်မကိုဝိုင်းကြည့်နေကြတယ်။ အဲဒါနဲ့ဒီဘက်ထိပ်ရောက်တော့ သူတို့ကဒီကလာလို့မရဘူး။ ဘယ်သွားမှာ လဲတဲ့။ လှည်းတန်းဈေးဆိုတော့ ဘာလုပ်မလို့လဲ တဲ့ စားစရာမရှိတော့လို့ဆိုတော့ ဂိုးရှိုးဘေးကနေပါတ်ဝင်ပါတဲ့။ အဲဒါနဲ့ ကျွန်မလဲ ဂိုးရှိုးဘေးသွားလိုက်တေ့ာ စစ်သားတွေခုံတလုံးချပြီးစာရွက်တွေနဲ့အလုပ်ရှုပ်နေတယ်။ ဒါနဲ့ ကျွန်မကလဲစိပ်စုစိန်ဆိုတော့ သွားစပ်စုတော့မှ ပြန်ချင်တဲ့ကျောင်းသားတွေပြန်ပို့ပေးနေတယ်တဲ့။ အဲဒါနဲ့ကျွန်မ လဲ စရင်းပေးခဲ့ပြီး အခုပဲအထုပ်သွားယူမယ်။ စော် ဘွားကြီးကုန်းပို့ပေးဆိုတော့ ပို့ပေးမယ်လာခဲ့တဲ့။ စပ်စုစိန် ကျွန်မက အိမ်မပြန်သေးပဲ လှည်းတန်းဈေးကိုဆက်သွားပြီး စပ်စုလိုက်သေးတယ်။ ပြန်တော့မှာမို့ ဘာမှတော့ မဝယ်တော့ဘူးဆိုပြီးဈေး ထဲပါတ်ကြည့်တော့ စစ်သားတွေက ၁ဝ နာရီဈေးသိမ်းရမယ်ဆိုလိုက်အော်နေတယ်။ ဈေးထဲမှာလဲယောက်ယက်ခတ်နေတာပေါ့။ ဒါနဲ့ကျွန်မလဲ ၁ဝ နာရီကျော်တော့ပြန်လာခဲ့တယ်။ အဆောင်ပြန် အထုပ်ထုပ်။ တနိုင်ပဲယူပြီးကျန်တာတော့ သော့ခတ်ထားခဲ့တယ်။ အထုပ်ကလေးဆွဲပြီးထွက်လာတုန်း မှာ ကျောင်းသားတွေက စစ်သားတွေကို ဂဲနဲ့သွားပေါက်လို့ စစ်သားတွေကလိုက်ဖမ်းတာနဲ့ ကြုံပါလေရော။ ကျွန်မပါရောပြေးပြီးအခန်းပြန်ရတာပေါ့။ အဲဒါနဲ့သူတို့ လဲခေါက်တုန့်ခေါက်ပြန်လျှောက်နေတာနဲ့ ကျွန်မလဲစကား မပြောချင်လို့ ဒီနေ့ပြန်ဖို့အစီအစဉ်ကိုလက်လျော့လိုက်ပြီး စားစရာလဲမရှိတာနဲ့ ရှိတဲ့ဆန်ပြုတ်သောက်ပြီး တညထပ်အိပ်လိုက်ရတယ်။ နောက်နေ့တနင်္လာနေ့ကျမှ မနက်အထုပ်ဆွဲပြီး အခြေအနေကြည့်ပြီး ဂိုးရှိုးရှေ့ ရောက်တော့ မှစစ်ကားပေါ်တက်လို့ အိမ်ပြန်ခရီးစခဲ့ရပါတယ်။

 

27 comments

  • surmi

    June 28, 2012 at 1:15 pm

    ၁၉၉၆ ကတဲက CJ စစ်စစ်ဖြစ်ခဲ ့တယ်ဆိုပါတော ့
    ပါရမီရှိတော ့ မနေသာဘူးပေါ ့လေ

    Reply

    • TNA

      June 28, 2012 at 3:28 pm

      ဟုတ်တယ်ကိုဆာမိရေ။ ကျွန်မလဲစပ်စပ်နဲ့ CJ ဖြစ်ခဲ့တာကိုး။

      Reply

  • may flowers

    June 28, 2012 at 1:29 pm

    တိုက်ဆိုင်လိုက်တာ ၉၆ တုံးကတို့ကပထမနှစ် အာစီတူးမှာတက်နေတာ။ ပိုပြီးတိုက်ဆိုင်တာက ကိုယ်က

    ဓမ္မာရုံလမ်းထဲက အဆောင်မှာနေတာလေ။ အဆောင်က တတိယနှစ်အမကြီးတစ်ယောက်(နံမည်တော့မေ့

    နေပြီ) လည်း လှည်းတန်းမှာ စင်ပေါ်တက်ဟောလို့ အချုပ်ထဲတစ်ညသွားအိပ်လိုက်တာတော့ သိတယ်။

    ကြောက်လို့ အပြင်မထွက်ရဲဘဲ နယ်ကအမေလာခေါ်မှ ပြန်လိုက်သွားရတာ………..ခုထိအမှတ်တရပါပဲ။

    Reply

    • TNA

      June 28, 2012 at 3:29 pm

      may flowers ကတော့ အမေလာခေါ်လို့ရလို့တော်သေးတာပေါ့။ အမတို့ကမိန်းထဲမှာပိတ်မိနေပြီး မိဘတွေနဲ့လဲအဆက်သွယ်မရ၊ ဖုန်းတွေကလဲခေါ်မရနဲ့ ကိုယ့်အားကိုယ်ကိုးပြီးမနဲအိမ်ပြန်ခဲ့ရတဲ့ အချိန်ပေ့ါ။

      Reply

  • ko khin kha

    June 28, 2012 at 1:36 pm

    ၁၉၈၈ လည်းမဟုတ်တော့၊ ၁၉၉၆ တုံးက ဘာ အရေးအခင်းလဲဟင်။

    Reply

    • TNA

      June 28, 2012 at 3:33 pm

      ၉၆ တုန်း ကျွန်မတို့ကသာ တော်တော်ကြီးကျယ်သွားတယ်ထင်တာ။ ကိုခင်ခတို့လိုပဲ မသိလိုက်တဲ့ သူတွေအများကြီးပဲ။ စံချိန်တင်ကျောင်းပိတ်သွားတာလေ။ ၃ နှစ်တောင်။ အဲဒီတတိယနှစ်စာမေး ပွဲတောင်ကိုယ်နေတဲ့မြို့က အထက်တန်းကျောင်းမှာဖြေခဲ့ရတာ။ ၂၀၀ဝ ကျောင်းပြန်ဖွင့်တာ။

      Reply

      • Yae Myae Tha Ninn

        October 3, 2014 at 1:34 pm

        အဲတုန်းက တားက ထရေးပဲ ချိသေးတယ်… 😛

        Reply

  • mocho

    June 28, 2012 at 1:42 pm

    အမသဲနုရေ
    ၉၆ ကတော့ တက္ကသိုလ် ကျောင်းသူ အနေနဲ့ တကယ့် ကိုနဖူးတွေ့ ဒူးတွေ့ ကြုံရတဲ့အရေးအခင်းပါပဲ။ ကျမတို့ ကျောင်းကတော့ စတင်မြစ်ဖျား ခံရာပေါ့လေ။ ကိုယ် က ပထမနှစ်ဆိုတော့ ကြောက်တာပဲ သိတယ်။ ကျောင်းသားတော်တော် များများလည်း အဖမ်းခံရတယ်။ ကျောင်း ပြန်ဖွင့် တော့ တချို့ တွေ ဆီ က စစ်ကြောရေး အတွေ အကြုံတွေ ပြန်ကြားရတယ်။
    ကျမရွာထဲ စဝင်တဲ့ပိုစ့် က ၉၆ အတွေ့ အကြုံ ပဲ။အဲတုန်း က အမ သဲနုလည်း ၉၆တုန်း က ထမင်း ငတ်ဖူးတဲ့ အတွေ့အကြုံ ရှိတယ်လို့ မန့်ဖူးတာ မှတ်မိတယ်။ အခု ရေးဖြစ်ပြီပေါ့။

    Reply

    • TNA

      June 28, 2012 at 3:36 pm

      ဟုတ်တယ်မိုချိုရေ။ အဲတုန်းတော့ တော်တော်ကိုချောက်ခြားစ ရာပေါ့။ ကျောင်းထဲမှာကိုယ် ကလဲပိတ်မိ။ ပြန်ဖို့ ကလဲမလွယ်။ မိဘတွေနဲ့လဲအဆက်အသွယ်မရနဲ့။ သူငယ်ချင်းတွေထဲမှာလဲ ရိုက်ခံရတဲ့သူနဲ့ ဖမ်းခံရတဲ့သူ နဲ့။ ဗြောင်းဆန်ခဲ့တဲ့ကာလပေါ့။ လက်ဆောင်ဝယ်လာတဲ့စား စရာ လေးတွေရှိလို့ တော်သေးတာ။ နို့မို့မလွယ်ဘူး။

      Reply

  • ဖိုးထောင်

    June 28, 2012 at 2:35 pm

    အန်တီနုက ဒါဆို ကျောင်းသားခေါင်းဆောင်ကြီးပဲ သူပြောပြတဲ့ သူ့လှုပ်ရှားမှုတွေက အားရစရာကြီး အဟီး

    Reply

    • TNA

      June 28, 2012 at 3:39 pm

      အောင်မယ်လေး ကျောင်းသားခေါင်းရှောင်ပါ။ ကြောက်လွန်းလို့ ဘာမှတောင်ထွက်မဝယ်ရဲလို့ ရှိတာစားနေရပါတယ်ဆို။ အဲတုန်းကများကြောက်တာဘာနဲ့မှမတူတာ။ မတော် သေနပ်နဲ့ ပစ်လိုက်မှာကလဲစိုးရသေး။ အိမ်ပြန်မရောက်မှာကလဲပူရသေး။ အဲဒီ နှစ်ရက် သုံးရက်က တကယ့် ငရဲပဲ။ ကာလအရှည်ကြီးလိုပဲ။

      Reply

      • TNA

        June 28, 2012 at 6:26 pm

        တကယ်လုပ်တာ ၈၈ တုန်းကမှ။ နောက်မှပြောပြမယ်။

        Reply

  • Phaung Phaung

    June 28, 2012 at 5:14 pm

    အဲဒီ 96 ပေါ့ …. ဘာမှန်းမသိလိုက်တဲ့အရေးအခင်းကြောင့် သများတို့ (10)တန်းအောင်ပြီး (3)နှစ်ကြီးများတောင် တက္ကသိုလ်တက်ဖို့စောင့်လိုက်ရတယ်။ 99~2000 မှ အဝေးသင်အရင်ဖွင့်တာနဲ့ အဝေးသင်တဖက်နဲ့ အလုပ်ဝင်လိုက်တာ Day ဆိုတာဘာမှန်းတောင်မသိလိုက်ဝူး …။ အဟင့်…ရွှတ်

    Reply

    • TNA

      June 28, 2012 at 6:20 pm

      အောင်မယ်လေး။ ပေါင်ပေါင်တို့က တခါတည်း။ ဒို့များစီကနဲ့ဆို ပစ်မလွဲပဲ။ ကျောင်းပိတ်တိုင်း ပါတယ်။ ၈၈ တနှစ်ပိတ်တော့လဲမှီတယ်။ ၉၃ ဆယ်တန်းအောင်ပြီးလို့ ကျောင်းတွေစောင့် ဆို တော့လဲပါတယ်။ ၉၅ မှာစတက်ပြီး ၆ လတတန်းလဲမှီတယ်။ ၉၆ မှာအရေးအခင်းဖြစ် လို့ ကျောင်း ၃ နှစ်ပိတ်တော့လဲ ဒို့များအဖွဲ့ပဲ။ ကဲ ဘယ်သူဘာပြောချင်သေးလဲ။ ဒို့ကမှ ရှေ့မှီနောက်မှီတွေ။

      Reply

  • char too lan

    June 28, 2012 at 5:22 pm

    သဲနော် တက်မဒေါ်အပေါ်မှာကြေးဇူးရှိတယ်ဆိုတာ ကျနော်သိဒယ်နော် 😉
    တက်မဒေါ်အကြောင်းအကောင်းမပြောနဲ့ (အဲ့ဆောဒီး) မကောင်းမပြောနဲ့
    ငရဲကြီးလိမ့်မယ် 😀

    Reply

    • TNA

      June 28, 2012 at 6:10 pm

      အဲလာပြောတာပေါ့။ ချာချာတို့ပြောခဲ့တာထည့်ရေးမလို့ပဲ။ နောက်မှ ကိုယ့်ဟာကိုယ်တရား ဝင် ပြောလိုက်မိရင်ကျေးဇူးဆပ်နေရမှာစိုးလို့ မသိခြင်ထောင်ထောင်ပီး ကျော်ချသွားလိုက်တယ်။ တိုးတိုးနော်တိုးတိုး

      Reply

  • ဦးဦးပါလေရာ

    June 28, 2012 at 6:12 pm

    ကျုပ်က မြို့ထဲနေတော့ အဲဒီအရေးအခင်းကို ကြားရုံကြားလိုက်ရတယ်။
    ညဘက်ကြီး တရက်တော့ မြို့ထဲ လှည့်လာသေးတယ်။ အဲဒီညမှာပဲ ဖြိုခွဲခံလိုက်ရတယ်…။
    ၈၈ တုန်းက အတွေ့အကြုံရှိထားတော့ နိုင်အောင်ထိန်းကြတယ်ပေါ့…။
    မမေ့နိုင်စရာတွေပေါ့နော…..

    Reply

    • TNA

      June 28, 2012 at 6:24 pm

      ဟုတ်တယ်။ အဲဒီစတဲ့နေ့ပဲ မြို့ထဲထိမိုးအလင်းချီတက်ကြတာ။ လမ်းမှာပဲဆီးဖမ်းပြီး သိမ်ဖြူ ကွင်းထဲမှ ထိန်းထားပြီးမှ သက်ဆိုင်ရာမိဘတွေခေါ်အပ်တာ။ အဲဒါမိဘတွေမလာခင် လဘက်ရည် နဲ့စမူစာကျွေးတာ အားလုံးလွှင့်ပစ်ပြီး ဆန္ဒပြကြသေးဆိုပဲ။

      Reply

    • TNA

      June 28, 2012 at 7:28 pm

      အိုးတားတားလေးရယ်။

      Reply

  • pooch

    June 28, 2012 at 7:26 pm

    ဒါဆို အမသဲက တကယ့်အရေးအခင်းတခုကို ကြုံဖူးခဲ့တာပေါ့။ ကျမက အဲ့ဒီအချိန်တုန်းက အလယ်တန်းလောက်တော့ ရှိမယ်ထင်တယ်။ ဘာမှလည်း သိပ်မသိခဲ့ဖူး ထင်တာပဲ။ ငယ်လည်းငယ်သေးတာကိုး။

    ငယ်ငယ်က ၈၈ အရေးခင်း စဖြစ်တဲ့နေ့မှာပဲ မန္တလေးမြေကို ခြေချခဲ့တာ။ ရထားပေါ်မှာအောက်ကနေ ခဲနဲ့ဝိုင်းထုကြတာ။ တကိုယ်လုံးကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေတာတော့ မှတ်မိတယ်။ အဲ့ဒီကထဲက အရေးအခင်းဆို တုန်အောင်ကြောက်တယ်။

    Reply

  • မောင်ပေ

    June 28, 2012 at 10:07 pm

    သဲလဲ စီဂျေ
    ပေလဲ စီဂျေ
    အားလုံး စီဂျေ
    (သေချာမဖတ်ရသေးလို ့တိုတိုမန် ့သွားပါအိ ၊ နက်ဖန်မှ သေချာတစ်ခေါက်ပြန်ဖတ်ပြီး ထပ်မန် ့မည်)

    Reply

  • Mr. MarGa

    November 23, 2013 at 5:35 pm

    ရဲရဲတောက် တို့ တီသဲ ကွ
    လေးစားဘာအိ…..

    Reply

    • TNA

      November 28, 2013 at 6:13 pm

      ရဲရဲတောက်ကြောက်နေဒါလေအေ။ ဒူးနှစ်လုံးရိုက်အောင်ကြောက်တာပါဆို :mrgreen:

      Reply

  • တယုတ် သိုင်းကားတွေထဲက..ဘုရင် မြင်းမတ်..အဲ.. မင်းမြတ်လိုပဲ..ပြောလိုက်တော့မယ်..

    အဲသလိုအဖြစ်မျိုးလည်း..ရှိသကိုး….. လို ့..
    :kwi:

    Reply

    • TNA

      November 28, 2013 at 6:16 pm

      ရှိခဲ့သပေါ့ ရှိခဲ့သပေါ့။ တသက်လုံးချစ်လာခဲ့တဲ့ စစ်သားနဲ့ သေနတ် နီးနီးကပ်ကပ်နေဖူးပါရက်နဲ့ ဒီတခါအတော်ကြောက်တာအေ။

      Reply

Leave a Reply to char too lan Cancel Reply

Your email address will not be published.