လမ်းခွဲစကားဆိုပြီပေါ့လေ…..

ချစ်တယ်ဆိုတဲ ့ နင်ရဲ ့မရေရာတဲ ့
ဒီစကားလေးတစ်ခွန်းနဲ ့ ငါ့မှာလေ
တစ်ညလုံးအိပ်မရအောင် ပျော်မဆုံးဖြစ်ခဲ ့ရတယ်
လေထဲမှာလာတဲ ့အချစ်က လေထဲမှာပဲလွှင့်သွားမယ်လို ့ နင်ထင်နေတာလား

မရောရာမသေချာတဲ ့နင့်ကိုပဲ
ငါ့ရင်မှာတမ်းတမ်းစွဲဖြစ်နေမိတာ
ဪ…အခုတော့နင်ကလမ်းခွဲစကား
ဆိုလာပြီပေါ့လေ
ငါက နင်ရဲ ့လိုရာမရှိသုံးလေ လိုရင်ချစ် မလိုရင်လည်း ပစ်လို်က်ပေါ့

ရင်နာနာနဲ ့ ဆက်ချစ်နေလို ့
သေရာပါမဲ ့ ဒဏ်ရာတစ်ခု ရလိုက်ပါတယ်
ဪ..အချစ်တဲ ့လား ပါးပြင်ပေါ်မျက်ရည်တွေနဲ ့ ဟားတိုက်လို ့ရီလိုက်တယ်
တလောကလုံးလည်း ဟားတိုက်လို ့ ငါ့အဖြစ်ကိုလှောင်နေကျတယ်
နောင်တလည်းမရချင်တော့ဘူး
နောင်လာမယ့်သူတွေ ငါ့အဖြစ်မျိုးမဖဖြစ်ပါစေနဲ ့ပေါ့လေ…။

ဖိုးခွားလေး(ကော့မှုး)

ဖြစ်တတ်တဲ့သဘောနဲ့…
အပြောင်းအလဲမြန်ဆန်လွန်းတဲ့…
လူတွေ ပြောပြောနေတဲ့…
“ချစ်တယ်” ဆိုတဲ့နိယာမတစ်ခုက…
ပျော်ရွှင်ခြင်းတစ်ခုလား……..?
ဝမ်းနည်းကြေကွဲခြင်းတစ်ခုလား….?
လွမ်းဆွတ်ခြင်း တစ်ခုလား…..?
ချစ်တယ်…ချစ်တယ်…ချစ်တယ်..လို့
ပြောပြောနေကြတာ…
ဘာများလည်းကွယ်…
မိုက်လေး….နားမလည်ချင်။။။။။။။။။

14 comments

  • hein latt

    June 27, 2012 at 9:42 am

    မဟုတ်ရပါဘူးကွယ် ကိုလတ်လမ်းခွဲစကားဆိုတာက မိုက်လေးရဲ.ရှေ.ရေးအတွက်ပါ…..
    ဒဏ်ရာတွေထင်ကျန်နေ ဖို.လဲ မရည်ရွယ်ခဲ့ပါဘူးကွယ်….
    တကယ်လို.ကံမကုန်ပဲ သံသရာတကွေ.မှာပြန်ဆုံတွေ.ကြရင် မိုက်လေးကို ကိုလတ်
    မခွဲတမ်းအချစ်တွေနဲ.အမြဲတမ်းချစ်နေပေးပါ့မယ် အခုတော့ ကိုလတ်ကို နားလည်ပေးနော်….
    အဟဲ….ငါဦးတယ်ကွ…ငှဲငှဲ…(ချိတ်ချိုးရဝူးနော့)…. 😛

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 9:47 am

    ခုတော့ပြောပြီပေါ့…
    ချစ်တယ်….လို့
    နှုတ်ခမ်းဖျားလေးနဲ့…
    ပေါ့ပေါ့လေး ပြောခဲ့တာလဲနင်ပဲ…
    စေတနာတွေ ပလပွနဲ့…
    ဝေဒနာထင်ကျန်အောင်…
    လုပ်ခဲ့တာလဲနင်ပဲလေ…
    ခုကျမှ နားလည်ပေးပါလို့…
    နင်ပြောထွက်ခဲ့တယ်နော်….
    ဒါတွေ အတွက်……..
    မလိုအပ်တော့တာ နင်သိဖို့ကောင်းတယ်…
    မိုက်လေး မကြား ချင်ပါ….။

    Reply

  • ဇောက် ထိုး

    June 27, 2012 at 11:08 am

    ပိုးဖလံ မျိုးလိုပါပဲ…
    ရှေ့တိုးကာ မိုက်မဲမိခဲ့တာကြောင့်….
    မိုက်အသဲက ဒဏ်ရာလေးတွေကို….
    အမြဲပြန်ကာ တွေးနေမိတော့….
    ကလေးလို ငိုကာဟစ်လိုက်ချင်ပါရဲ့….
    အသစ်တွေ ပြန်မဖြစ်နိုင်တော့တဲ့….
    အချစ်အတွက်ဝေဒနာလေးပေါ့နော်…….. ဟီးဟီး… (ရယ်တာမဟုတ်။ ငိုနေခြင်းဖြစ်သည်။)

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 11:16 am

    ပိုးဖလံမျိုး.. မီးကိုဝင်တိုးတယ်..
    ပူမှန်းသိရက်နဲ့ ..အချစ်ကိုရှာတယ်..
    ပေးခဲ့တဲ့ ဒဏ်ရာကို.. အလွမ်းလို့ထင်..
    တွေးနေမိသမျှ..အလွမ်းပါလို့ကြွေးကြော်မိတော့..
    ကလေးတစ်ယောက်လို ငိုကာဟစ်မိရင်..
    ချုံးချုံးချိချိနဲ့.. အရှုံးပေးမိသလိုဖြစ်သွားမှာပေါ့..
    ွှအနိုင်ယူချင်မိတဲ့ သဘောလည်း မဟုတ်တာကြောင့်…
    မိုက်လေး….မရှုံးချင်ပါ..။

    Reply

  • cum min

    June 27, 2012 at 12:17 pm

    ဝါး…ဟာ..ဟား……..
    မိုက်လေး..မိုက်လေး…
    ခုတောလဲ..သူစိမ်တွေပါပဲလားး….ချစ်မိတဲ…ချစ်လူညာ..နဲ့..ချစ်လူမိုက်မလေး..မိုက်..မိုက်…မိုက်..

    Reply

  • surmi

    June 27, 2012 at 2:20 pm

    အမိုက်မ အဲ မှားလို ့နော်
    ခတ်မိုက်မိုက်နဲ ့ အထုတ်ဖြေလိုက်တာပေါ ့နော်
    အင်း အဘတို ့ကတော ့အသက်ကြီးပြီ
    အနိစ္စ

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 2:25 pm

    ချစ်ခဲ့ကြတဲ့….
    ချစ်သူတွေဆိုတာ…
    တစ်ခါကတုန်းက သူစိမ်းတွေပါ…။

    ခုတော့လည်း…
    ချစ်ခဲ့ဖူးကြတဲ့….
    ချစ်သူတွေဆိုတာ…
    သူစိမ်းတွေပါပဲလေ……။

    Reply

  • mona smile

    June 27, 2012 at 2:56 pm

    ဟားးးးးး မိုက်တယ် ကွာ..မလိမ္မာဘူ

    Reply

  • မဂွတ် ထော်

    June 27, 2012 at 3:09 pm

    rdkuf

    ခပ်မိုက်မိုက်ပဲ………..မိုက်မိုက်တို့ကတော့

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 3:33 pm

    အင်းးးးးးးးး…..
    ဂွက်ဂွက်ရေ………..
    မိုက်လေး..ကတော့မိုက်နေပြီလေ…။

    Reply

  • သားဦး၊မြေးဦး

    June 27, 2012 at 10:21 pm

    အချစ်၏ အခြားတစ်ဖက်တွင် အမုန်းဆိုတာလဲ ဟုတ်သေးဘူး။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 9:37 am

    ချစ်ခြင်း ရဲ့ တစ်ခြားတစ်ဖက်မှာ…
    အမုန်း ဆိုတာရှိနိုင်သလို….
    ချစ်ခြင်း ရဲ့ တစ်ခြားတစ်ဖက်မှာ…
    ပျော်ရွှင်စရာ တွေလည်း ရှိနေမှာပါ…
    ပျော်ရွှင်ခြင်း တွေနဲ့…..
    တွေ့ဆုံခွင့် မရသေးတဲ့….
    အချိန်ကာလ တစ်ခုမှာတော့…..
    စိတ်ကုန်မှုတွေ..စိတ်ပျက်မှုတွေ….
    အလဲလဲ အကွဲကွဲနဲ့……..
    တစ်ခန်းရပ် ပြဇာတ်တစ်ပုဒ်လို….
    အဆုံးသတ် ကမလှပတော့….
    အမုန်း ဆိုတာလည်း မဖန်တီးချင်ဘူး….
    အပြုံးတစ်ပွင့်နဲ့တော့ အသက်ဆက်နိုင်ပါသေးရဲ့…
    ချစ်ခြင်း ရဲ့ တစ်ခြားတစ်ဖက်မှာ….
    အမုန်း များစွာ မရှိစေချင်တာ…
    မိုက်လေး..ရင်ထဲကပါ…..။

    Reply

  • snow white

    June 28, 2012 at 7:39 pm

    အချစ်ဆိုတာကိုယ့်ဘက်ကချစ်လည်းမကောင်းဘူး သူဘက်ကချစ်လည်းမကောင်းဘူး သူချစ်ကိုယ်ချစ်မှကောင်း တယ် ဒါဆိုဘာဒဏ်ရာမှ မရတော့ဘူး စနိုးအထင်ကိုပြောတာနော်။

    Reply

  • အလင်းဆက်

    June 28, 2012 at 7:48 pm

    “ချစ်တယ်” ဆိုတဲ့နိယာမတစ်ခုက…
    ပျော်ရွှင်ခြင်းတစ်ခုလား……..?
    ဝမ်းနည်းကြေကွဲခြင်းတစ်ခုလား….?
    လွမ်းဆွတ်ခြင်း တစ်ခုလား…..?

    ဖြေမယ်နော်…
    တစ်ယောက် တစ်ယောက်ကို…….ချစ်တယ်…ဆိုတာ…ဘုရားစိုက်တဲ ့ ပန်းကလေး ပွင့်လာတာ…တဲ ့ ။

    Reply

Leave a Reply to ခပ်မိုက်မိုက် ကောင်မလေး Cancel Reply

Your email address will not be published.