မြွေနဂါး ကဲ့သို့ ရှောင်ရှားရန်

နွေဦးJune 26, 20121min034

ဟိုရက်က မြွေ အကြောင်းရေးထားတာလေးဖတ်ရတော့

ကြောက်စရာ မြွေတွေကို သတိရသွားတယ်…။

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးကတော့ မိန်းမများနှင့် ဆက်ဆံ ထိတွေ့မှုများဟာ

အဆိပ်ပြင်းတယ်ဆိုတဲ့အကြောင်း (အာသီဝိသောပမ သုတ်လာ) မြွေ-၄ မျိုးနှင့်တူကြောင်း

မိန့်ဆိုခဲ့ဖူးကြောင်းပါ..။

ထိုမြွေလေးမျိုးကား-

၁။ ဒိဋ္ဌဝိသမြွေ

ထိုမြွေနဂါး၏ စူးစူးစိုက်စိုက်ကြည့်ခြင်း ခံရသူသည် အကြည့်ခံရရုံနှင့် အဆိပ်တက်စေနိုင်ခြင်း။

၂။ ဖုဋ္ဌဝိသမြွေ

ထိုမြွေနဂါး၏ အထိခံရသူမှာ တစ်ကိုယ်လုံး အဆိပ်များ ပျံ့နှံ့စေခြင်း။

၃။ ဝါတိဝိသမြွေ

ထိုမြွေနဂါး၏ နှာခေါင်းလေဖြင့် အမှုတ်ခံရလျှင် ဖွဲပြာကဲ့သို့ ဖြစ်စေနိုင်ခြင်း။

၄။ အဋ္ဌဝိသမြွေ

ထိုမြွေနဂါး၏ အကိုက်ခံရသူများ ထိုနေရာ၌ပင် လဲ၍ သေစေနိုင်ခြင်း။

စသော မြွေလေးမျိုးကဲ့သို့ပင် –

၁။ မိန်းမပျို၏ အကြည့်ခံရရုံနှင့် အဆိပ်တက်သကဲ့သို့ ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း။

၂။ မိန်းမပျို၏ အထိခံရသူမှာလည်း တစ်ကိုယ်လုံး အဆိပ်ပျံ့နှံ့သကဲ့သို့ ရှိန်းဖိန်းသွားနိုင်ခြင်း။

၃။ မိန်းမပျို၏ နှာခေါင်းလေ အမှုတ်ခံရသူမှာလည်း တစ်ကိုယ်လုံး အဆိပ်တွေပျံ့နှံသကဲ့သို့ မနေတတ် မထိုင်တတ်

ဖြစ်တတ်ခြင်း။

၄။ မိန်းမပျို၏ ကာမဂုဏ်မေထုန် အကိုက်ခံရသူမှာလည်း တစ်ကိုယ်လုံး အဆိပ်တက်ကာ မူးမေ့သွားနိုင်ခြင်း။

ထိုအဆိပ်မျိုး မကျရောက်စေရန် မိန်းမတည်းဟူသော

မြွေအန္တရာယ်ကိုကာကွယ်ရန်မဟာဂန္ဓာရုံ ဆရာတော် အရှင်မြတ်ကိုယ်တိုင် သတိပေးတော်မူခဲ့ပါသည်။

 

34 comments

  • နွေဦး

    June 26, 2012 at 4:38 pm

    ဟောဒီ လောကီ လူ့ဘောင်..
    ဝတ်ကြောင်ကို လွတ်အောင်..
    မရှောင်နိုင် မောင်မှားမိပါပေါ့…
    အကြည့် အထိ လေမိရုံ နဲ့တင်
    မနေနိုင်မထိုင်တတ်တော့ပြီမို့…
    ရှေ့ဆက်ကာတိုးရင်ဖြင့်
    အကျိုးနဲ ရချည့်လေး….

    Reply

  • စိန်ဗိုက်ဗိုက်

    June 26, 2012 at 5:18 pm

    မိန်းမကို ကြန်တိုင်ပင်လိုက်ဦးမယ်နော…
    ကြန်လာခဲ့မယ်..
    ကျလိ..ကျလိ..

    Reply

    • နွေဦး

      June 26, 2012 at 8:18 pm

      အင်း..ပြန်လာခဲ့နော်…တယောက်ထဲဆို အားငယ်လို့ပါ …
      မိန်းမကျွေးတာစားခဲ့နော် (ညစာ..ထမင်း)..
      ဒီကအပြန်ဆို ငတ်မှာ…..

      Reply

  • Gipsy

    June 26, 2012 at 5:23 pm

    ရွာသားတို့ရေ …
    ရှောင်တိမ်းဖို့ငှါ … ခက်လှပါဘိ….
    အကြည့်ခံရ ၊ အသံကြားရ ဤ ဒုက္ခ မှ လွတ်မြောက်ရန် မစွမ်းသာပြီ….
    အကျနုပ်တို့မှာ ပိုးဖလံမျိုးမီးကိုတိုး သကဲ့သို့ ဖြစ်ရမည်သာ အမှန်တည်း…..။

    Reply

    • နွေဦး

      June 26, 2012 at 8:27 pm

      ရင်ထဲ နွေးသွားတဲ့မင်းရဲ့ အကြည့်…
      ဘဝင်ထဲအေးသွားတဲ့ အသံလေး..
      မတွေ့ရမနေနိုင်..မကြားရ မစားနိုင်လို့..
      မင်းရှိတဲ့ အရပ်မှာ လာထိုင်မှိုင်မိတာ..ကိုယ့်အမှားလား…။

      Reply

  • မိုး မင်းသား

    June 26, 2012 at 6:30 pm

    နွေဦးရေ……ကောင်းလှချည်လားဟေ ့……

    တို ့တောင်ရှောင်နိုင်ပါမလား…….

    ဆရာတော်ကိုလည်းအခုလိုမိန် ့ကြားပေးတဲ ့အတွက်…..ရှိခိုးပူဇော်လိုက်ပါ၏။။

    Reply

  • ဇောက် ထိုး

    June 26, 2012 at 7:09 pm

    ထမင်းငတ်ကိန်းတော့ ကြုံနိုင်၏။
    မိန်းမမြင်တိုင်း ယင်းကဲ့သို့ မဖြစ်နိုင်ဟုထင်ပါ၏။
    အမေမြင်သောအခါ ထို့သို့ဖြစ်မည် မထင်ပါ။
    ထိုကြောင့် ထိုသို့ဖြစ်ခြင်း.. မဖြစ်ခြင်းသည် မိမိရဲ့ အမှတ်သညာအသိများနဲ့ ဆိုင်မလားဟု စဉ်းစားမိ၏။

    လိုင်းကားပေါ်တွင် နောက်မှ ယောက်ျားတစ်ဦးနဲ့ထိမိ၏။ မိမိစိတ်တွင် အနံ့အရရော.. အထိအရရော အမျိုးသမီးဟု ထင်နေမိ၏။ နောက်မှ လူကလည်း ယောက်ျားချင်းမို့ အတင်းတိုး၏။
    ကျွန်ုပ်မှာလဲ မိန်းခလေးဟု ထင်နေသောကြောင့် ရှိန်းဖိန်းနေ၏။ အရသာရှိ၏။
    ကားပေါ်မှဆင်းသောအခါ ယောကျာ်းကြီးဖြစ်နေ၏။
    ကျွနုပ်ရှိန်းဖိန်းဖီးတက်ခြင်းကား မိန်းမကြောင့်မဟုတ်။။

    ကိုနွေဦး ကျုပ်တို့က တရွာထဲသားတွေနော်… ဆွေးနွေးကြတာပေါ့ဗျာ..
    စိတ်ဆိုးနဲ့နော်.. ချစ်လို့စတာ။

    Reply

    • နွေဦး

      June 27, 2012 at 8:52 am

      ကျွန်တော်တို့ ကံကောင်းနေတာ ကစပြောရပါမယ်.
      သာသနာတော်အတွင်းလူဖြစ်ရတာကအစပေါ့..
      တရားတော်ရဲ့အဆုံးအမကြောင့် အမေ နှမ သမီး ဆိုပြီး
      စည်းဘောင်သတ်မှတ်ချက်က ကျွန်တော်တို့ ရင်ထဲ ရောက်နှင့် ပြီးသားမဟုတ်လား..
      ဒါ့ကြောင့် အမေဆိုတဲ့အသိက အရင် ထိမ်းထားပြီးဖြစ်မှာပါ…။
      တရားဆုံးမမှု မရတဲ့ သာသနာမရှိတဲ့ ဘာသာမရှိတဲ့သူတွေမှာ
      သားနဲ့အမိ မောင်နဲ့နှမ နောက်ဆုံး သမီးနဲ့ အဖေ စတဲ့ ဇာတ်လမ်းတွေ အများကြီးပါ..။
      ဆရာတော်ရဲ့ စကားအနက်က ဖိုနဲ့ မ ဓါတ်သဘာဝ ကြောင့်ဖြစ်တတ်တာကို ဆိုလိုရင်းထင်ပါတယ်…။

      Reply

  • မမ အညာသူ

    June 26, 2012 at 7:13 pm

    အများစုကတော့ရှောင်နိုင်မယ်မထင်ပါဘူး
    ဘာလို့လဲဆိုတော့ ပုထုဇဉ်တွေမလိုပါပဲ
    သစ်ပင်ဆိုတာအမြစ်ရှိနေသ၍တော့မြေကြီးဆိုတဲ့အစိုင်အခဲကနေရုံး
    ထွက်ဖို.ခက်သလို
    လူဆိုတာလဲအချစ်ရှိနေသ၍တော့သံသရာထဲကလွတ်မြောက်ဖို့ခက်ခဲ
    လှပါတယ်

    Reply

  • ဘဲဥ

    June 26, 2012 at 7:15 pm

    အဲ့လို အဆိပ်မျိုးကတော့ ကြိုက်သလောက်တက်စမ်းပါစေ ဘာဂဲ့ဂျဘာ
    အိုးးးး ဒီဂစောင့်နေသူ အို့ရေ့ … 😆

    Reply

  • သားဦး၊မြေးဦး

    June 26, 2012 at 7:21 pm

    ၁။ မိန်းမပျို၏ အကြည့်ခံရရုံနှင့် အဆိပ်တက်သကဲ့သို့ ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း။
    ၂။ မိန်းမပျို၏ အထိခံရသူမှာလည်း တစ်ကိုယ်လုံး အဆိပ်ပျံ့နှံ့သကဲ့သို့ ရှိန်းဖိန်းသွားနိုင်ခြင်း။
    ၃။ မိန်းမပျို၏ နှာခေါင်းလေ အမှုတ်ခံရသူမှာလည်း တစ်ကိုယ်လုံး အဆိပ်တွေပျံ့နှံသကဲ့သို့ မနေတတ် မထိုင်တတ်
    ဖြစ်တတ်ခြင်း။
    ၄။ မိန်းမပျို၏ ကာမဂုဏ်မေထုန် အကိုက်ခံရသူမှာလည်း တစ်ကိုယ်လုံး အဆိပ်တက်ကာ မူးမေ့သွားနိုင်ခြင်း။
    ထိုအဆိပ်မျိုး မကျရောက်စေရန် မိန်းမတည်းဟူသော
    မှတ်သားသွားပါတယ် ကိုနွေဦးရေ။

    Reply

  • ဇောက် ထိုး

    June 26, 2012 at 7:59 pm

    ပုထုဇဉ်လဲ မိန်းမရှိနေ၏၊။
    သောတာပန်လဲ… မိန်းမရှိတာပဲ။ အနာထပိဏ်တို့.. ဝိသာခါတို့…အများကြီး။
    သကဒါဂါမ်လဲ ..မိန်းမရှိတာပဲ။ ဘုရားရဲ့အဖေ သုဒ္ဓေါဒန ဘုရင်ကြီးဟာ သကဒါဂါမ်ကြီး မိန်းမတွေ အများကြီးထင်တယ်။ ဘုရင်းကိုး….
    တချို့ သောတာပန်.. တရားနာရင်း အဲဒီစိတ်ဖြစ်လို့ အိမ်ပြန်ပြီး တောင် နေတာရှိတယ်မှတ်တယ်။
    အဲဒါတွေဟာ သောတာပန် သကဒါဂါမ် ဆိုသူတွေရဲ့ အနေအထားကို မသိကြလို့ပဲ။
    ဒါကြောင့် သောတာပန် သကဒါဂါမ် အဆင့်ကို အဝေးကြီးလို့ထင်ပြီး နောင်ဘဝမှ ရလိမ့်မယ်ထင်ကြတာ။
    ငါတော့ ဒီနေ့ အကုန်ပတ်ရမ်းမိနေသလားမသိဘူး။

    Reply

    • မောင်ပေ

      June 26, 2012 at 9:14 pm

      အူးဘဇင်း ရေ အမြင်တွေ တည့်ပေးတာ ကျေးဇူးအရမ်းကြီးပါတယ် ။

      Reply

    • နွေဦး

      June 27, 2012 at 9:10 am

      အန​ ္တရာယ်ကြီးပါတယ်လို့ ဆိုလိုရင်းပါ…
      သောတာပန် သကဒါဂါမ် ဖြစ်ဖို့ဆိုုတာက ကျင့်ကြံ အားထုတ်မှုနဲ့သာဆိုင်ပါလိမ့်မယ်ထင်ပါတယ် ။

      Reply

  • kai

    June 26, 2012 at 11:42 pm

    ဆိုတော့..
    ဒီလိုခေတ်မှာ.. မြွေနဂါးက ရှောင်ရမှာမဟုတ်.. ဖမ်းရမှာဟေ့…။
    တကောင် ဒေါ်လာ၁သန်းအသာလေးပဲ..

    အာဟိ.. :mrgreen:

    Reply

    • Azzurri

      June 26, 2012 at 11:52 pm

      ဒေါ်လာ ၁သန်း မတတ်နိုင်တဲ့ ဘွဒွေကတော့ ….
      ကတောက် …. အသည်းနာတွားဘီ ….

      အိုဘယ့် အီဇာဂါယာ ပဲ ကောင်းပါတယ်လေ……
      :mrgreen:

      Reply

      • မိုက်ကယ်ဂျော်နီအောင်ပု

        June 27, 2012 at 12:26 am

        မသာလေး 👿
        ဒီလိုဘဲ စောက်သုံးမကျတာတွေနဲ့ သဘောခွေ့နေတယ်လား
        ခခွီး 👿

        Reply

        • မိုက်ကယ်ဂျော်နီအောင်ပု

          June 27, 2012 at 12:27 am

          လခွီး
          လို့
          ပြင်ဖတ်လေ
          လခွီး 👿

  • ဖိုးထောင်

    June 27, 2012 at 1:26 am

    အား– အဆိပ်တက်တာလားမသိ ရင်ထဲမှာ တစ်မျိုးတစ်ဖုံကြီး(ဗမာဆေးအညွှန်း မဟုတ်ပါ)
    အလို– အဆိပ်ပျံ့လာတာလားမသိ ဖိန်းတိန်းရှိန်းတိန်းကြီး
    သွားပြီ– မနေတတ်မထိုင်တတ်တော့ဘူး
    oh my god– တစ်ကိုယ်လုံးအဆိပ်တက်ပြီး မူးမေ့သွားပြီ
    #&@%^&* အကောင်းဆုံးမင်းကိုပေးမယ် ချစ်လေး ယူမလား (အာဇာနည်)

    Reply

  • ဖိုးထောင်

    June 27, 2012 at 1:30 am

    အမှန်ကတော့ ကိလေသာဖြတ်နိုင်လေ မြန်မြန် နိဗ္ဗာန်ရောက်လေပါ ကျေးဇူးပါ အပေါ်ကမန့်ကစတာနော်

    Reply

  • kai

    June 27, 2012 at 2:57 am

    လူမှာ..ယောက်ျား..မိန်းမ ၂မျိုးထဲရှိတာ..
    ယောကျာ်းကနေ..မိန်းမတွေကိုခွဲခြားနှိမ်ချပြောတာကတော့.. တော်တော်မဟုတ်တာပဲ..

    ပြောသာပြောတာ…
    မဃဒေဝပြုစုတဲ့.. ဆတော်ကြီး..။ သီလရှင်မယ်ကင်းကို.. အတင်းတုတ်တဲ့.. ဆတော်ကြီး..
    စသဖြင့်.. နှစ်၁၀၀ဝကျိန်စာ အသက်သွင်းနေသူတွေ အများကြီး..

    နှစ်၁၀၀ဝ ကျိန်စာ…။ :mrgreen:

    Reply

    • နွေဦး

      June 27, 2012 at 9:53 am

      “လူမှာ..ယောက်ျား..မိန်းမ ၂မျိုးထဲရှိတာ..
      ယောကျာ်းကနေ..မိန်းမတွေကိုခွဲခြားနှိမ်ချပြောတာကတော့.. တော်တော်မဟုတ်တာပဲ..”
      ဒီလိုတော့ မဟုတ်လောက်ပါဘူးသဂျီးရယ်.
      အဲဒီခေတ်က မိန်းမတွေက ယောကျာ်းတွေလို
      စာတွေပေတွေ မရေးတတ်လို့ဘဲလား..
      ဒါမှမဟုတ် မိန်းမတွေက ယောက်ျားတွေ မိန်းမလို မိန်းမရ ပြောသလို
      ယောက်ျားလို ယောက်ျားရ မပြောတတ်လို့ဘဲလား..
      အဲလိုနေမှာပေါ့….း)

      Reply

  • အဂျစ်

    June 27, 2012 at 8:51 am

    Anc:သဂျီ: ရှင်းရှင်း ပြောပါဗျာ နဂိုက ဗသုတ နည်းရတဲ့ အထဲ သို့လောx2 ဖြစ်သွားP

    Reply

  • Mon Kit

    June 27, 2012 at 9:46 am

    ဒါချို.. မိန်းမ အီကွဲလ် မြွေ…
    မြွေ အီကွဲလ် မိန်းမ ပေါ့နော်… 😛

    Reply

    • နွေဦး

      June 27, 2012 at 9:58 am

      မိန်းမ အီကွဲလ် မြွေ ဆိုရင်
      မိန်းမမယူဘဲ မြွေကိုယူလေ..
      မိတ်ကပ် နှုတ်ခမ်းနီဘိုးသက်သာတာပေါ့ ..ဟိ..

      Reply

  • kyeemite

    June 27, 2012 at 10:58 am

    အင်း..အဆိပ်မိချင်နေတုံးပါလားလို့တွေးမိပါသေး..
    ယောက်ကျားကိုကိုက်တဲ့ မိန်းမခမြာလည်း
    ယောက်ကျားဆိပ် တက်မှာဖြစ်ပါဂျောင်း…ဟောင်း..ဟောင်း..ဟောင်း

    Reply

    • နွေဦး

      June 27, 2012 at 11:54 am

      တခါတလေတော့လဲ အဆိပ်တက်လို့တက်မှန်းမသိလိုက်ရပါဘူးဗျာ..
      တချိုု့ဆို အဆိပ်တောင်ယဉ်နေဘီ..ဒီကြားထဲ ဆေးစွဲသလို စွဲတဲ့သူက ရှိသေး..

      Reply

  • ဖိုးထောင်

    June 27, 2012 at 12:08 pm

    အနော်ကတော့ အဲဒီမြွေဆိပ်ကလေးကို ယဉ်နေချင်တာ

    Reply

    • နွေဦး

      June 27, 2012 at 12:18 pm

      သွား .. လူဆိုး..
      နေမကောင်းပါဘူးဆို ဇွတ်…

      Reply

      • မောင်ပေ

        June 27, 2012 at 8:39 pm

        ဟင်
        ကိုနွေဦး ? မနွေဦး ?
        မဆိုရင်တော့
        ဂျစ်မှာနော
        ဟီဟိ

        Reply

        • နွေဦး

          June 27, 2012 at 9:35 pm

          မောင်ပေရေ ရှောင်နေနော် အကောင်ရှည်နဲ့ တွေ့မယ်..ဟားဟား..။

  • Shwe Tike Soe

    June 27, 2012 at 1:29 pm

    အိုအေ အဲလို မြွေနဂါး များ ကိုက်ချင်ကိုက်ပလေ့စေ အဆိပ်ကို တက်ချင်နေတာဒီက…. အဟင့် 😀

    Reply

  • kuroko

    June 27, 2012 at 8:26 pm

    မရှောင်ရင်လွတ်ပါတယ်….ခုတော့…သားတို့ယောက်ျားလေးတွေမှာ…ရှောင်ကြည့်တော့မလွတ်ဘူးဖြစ်နေတယ်

    Reply

Leave a Reply to Shwe Tike Soe Cancel Reply

Your email address will not be published.