” အကြွေးသင့် “

အကြွေးသင့်

ကျုပ်လေ ဒင်းတို့ကို စောင့်မျှော်နေခဲ့ရတာပါအေ ဒါပေမယ့် .. ဒင်းတို့မလာခဲ့ပါဘူး 🙁

ကျုပ်လေ ဒင်းတို့ဆီက စကားလေးတစ်ခွန်းနဲ့ မျှော်နေခဲ့ရသူပါအေ

ဒါပေမယ့် ဒင်းတို့ အလေးမထားခဲ့ပါဘူး..။

ကျုပ်လေ ဒင်းတို့ကိုသတိရလို့ တိတ်တိတ်လေး ဆဲနေမိတာ..

ဒါပေမယ့် ဒင်းတို့ကဂရုမစိုက်ခဲ့ပါဘူး..။

ကျုပ်လေ ဒင်းတို့နဲ့ပတ်သတ်သမျှ အကုန်မှတ်သားခဲ့တာပါ..

ဒါပေမယ့် ဒင်းတို့မေ့ထားခဲ့တယ်နော်..။

ကျုပ်လေ ဒင်းတို့အကြောင်းတွေ တွေးတိုင်းကျိန်တတ်နေခဲ့တာ..

ဒါပေမယ့် ဒင်းတို့အတွေးထဲမှာ ကျုပ်မရှိခဲ့ဘူးလေ..။

ကျုပ်လေ လမ်းပေါ်မှာ ဒင်းတို့ဆိုင်ကယ်တွေ ဖြတ်သွားတိုင်း ဒင်းတို့ဝင်လာမလား မျှော်နေမိသူပါအေ…

ဒါပေမယ့်အေ ဒင်းတို့အမြဲတမ်း ကျုပ်ကို ဥပေက္ခာတွေပဲ ပေးခဲ့တယ်နော…ဟင်း…ဟင်း

ဒင်းတို့ပြောတဲ့ ( နောက်ရက်ကျ ) ဆိုတဲ့ စကားက ဒါပဲလား………

ကျုပ်မှာ မျှော်လင့်ခြင်းတွေနဲ့အတူ နေ့ပြန်တိုးဆိုတဲ့ အရိပ်ဆိုးကြီးက

နေဝင်ချိန်တိုင်းမှာ အုပ်မိုးလို့နေပါပီအေ……..။

မပေးဆပ်သူတွေအတွက် ခံစားချက်ဆိုတာ အရာမထင်သလို

အကြွေးမဆပ်သူတွေ အတွက်ကလဲ ဘာမှအရာ မထင်ပါဘူးအေ

ကျုပ်မှာ နာကျင်စွာ ခံစားနေရပေမဲ့

အပြောကျယ်လှတဲ့ လောကရဲ့ နေ့ညအလယ်မှာ ဝေဝါးစွာ မျှော်တွေးရင်း

ဘယ်တော့များ မျှော်လင့်ချက်တွေ အရာထင်လာမလဲ…………………..။

ကဗျာအမည် “အကြွေးသင့်”

ရေးသူ         “ရွာဝင်တကာ အရက်ဂျိုး”

                  ခပ်မိုက်မိုက် အဒေါ်ကြီးနှင့် သူ၏ခံစားချက်များအား အငှားခံစားရေးဖွဲ့သည်

ဒီကဗျာဖတ်ပီး ကပေ၊ ကဗိုက်၊ ကရဲစီ၊ ဘဲအု၊ ဖြဲသီးတို့ရေ………….(၇)ရက်အတွင်း ကျုပ်အရက်ကြွေးတွေ လာဆပ်ကြပါတော်

17 comments

  • အရီး Khin Latt

    June 26, 2012 at 3:32 am

    ရွာထဲ က ခပ်မိုက်မိုက် အဒေါ်ကြီး တစ်ယောက်ကလဲ မရဲတရဲ နဲ့ အကဲစမ်းပြီး ဝင်ဖတ် သွားပါတယ် ရှင်။ 😀

    Reply

  • YE YINT HLAING

    June 26, 2012 at 3:44 am

    တော်တော် နောက်တဲ့ လူ ! ရယ်မောရင်း အားပေးသွားတယ်ဗျာ ! သောက်ပီး ရွှင်တယ် ဆိုတာဒါမျိုး ထင်ပါရဲ့ ! ကျုပ်က တော့ သောက်ရ သေးဘူးဗျိုး !

    Reply

    • ရဲစည်

      June 26, 2012 at 6:32 am

      အောင်မငီး ကိုယ့်ဆြာရယ်
      မသောက်ရပါဘူး…. ဟိုဘက်က ရွာသူတယောက်ရဲ့ ကဗျာပို့စ်လေးဖတ်ပီး စိတ်ထဲပေါ်လာလို့ပါ။
      အစတော့ သူ့ပို့စ်မှာ ကွန်းမင့် သဘောမျိုးတင်မလို့ နောက်မှ………………………………………
      သူ့ခံစားချက် ကိုယ့်ကြောင့် ပျက်သွားမှာ ကြောက်လို့ရယ်
      ရွာသူ/သား အသစ်ချင်းတူတူ စစရေးခြင်း အဲလို သွားနောက်ရင် စိတ်မကောင်းဖြစ်သွားမှာ ဆိုးလို့
      ကိုယ့်ဘာသာ ရေးတင်လိုက်တာပါ…ရယ်ရယ်မောမော ပျော်ပျော်ရွှင်ပေါ့

      Reply

  • ကြောင်ဝတုတ်

    June 26, 2012 at 8:19 am

    တော်သေးသပေါ့ ကျွန်ုပ်နာမည်မပါလို့

    Reply

  • TNA

    June 26, 2012 at 8:48 am

    အောင်မယ်လေး ကိုရေစည် အဲလေးဟုတ်ပေါင် ကိုရဲစည်။ ဘာများလဲလို့ အခုတော့ သူကအလုပ်ပြောင်း လို့ ငွေတိုး ချီးစား နေတာကိုး။ ကိုက်ရဲ့လား။

    Reply

  • ဒိုးစနစ်

    June 26, 2012 at 8:51 am

    ကိုဒင်း..အဲလေ. ကိုရဲစည်
    ဝင်ရောက်ဖတ်ရှုသွားပါတယ်။
    (ရယ်ရသားဗျ)

    Reply

  • water-melon

    June 26, 2012 at 10:44 am

    ခပ်မိုက်မိုက် အဒေါ်ကြီးရေ
    ကရဲစိမန်းလေးလာမှ ပေါင်းထည့်ပေးတော့မယ်
    ဒါနဲ့ တူမလေးရော နေကောင်းရဲ့လား
    ကဖရဲ သတိရတယ်လို့ပြောပေးပါနော်

    Reply

  • mamanoyar

    June 26, 2012 at 10:52 am

    ဒင်းတို့ ဒင်းတို့ ငါ့ကိုမေ့မထားနဲ့နော်
    ဟဲဟဲ

    Reply

  • maung khinmin

    June 26, 2012 at 11:41 am

    အကြွေး..အကြွေး…အကြွေး
    ဪ….တစ်ကမ ္ဘာလုံး…အကြွေးတွေဖုံးနေ ပ

    Reply

  • Moe Z

    June 26, 2012 at 12:56 pm

    ကြုံတုန်းဒီကပဲအကြွေးစောင့်တောင်းလိုက်ဦးမယ် 😆

    ဒေါ်စိန်ပေါက်ရေ ကျုပ်ကိုပေးရမယ့်ပါတိတ်ဖိုးတွေ
    လကုန်တော့မယ်နော် ..

    Reply

    • စိန်ဗိုက်ဗိုက်

      June 26, 2012 at 1:18 pm

      အဟှမ်း..ဟှမ်း..
      အူးဘရှင်း တိုတိုဇောက် တရားဟောလိုက်လို ့
      ငါရွှဲတွေ ပြုတ်ပြီး ငါရှိုဒါ စိတော့ပါဘူး.
      http://myanmargazette.net/133291/uncategorized-other/copypaste

      ဒါကြောင့် ဒေါ်ရှိန်ပေါက်လဲမစိ
      ဗိုက်ခလေးလဲ မစိ..
      ဘာမှမစိ..

      ပါတိတ်ဖိုးလဲ မတောင်းနဲ ့
      ဘီအီးဖိုးလဲ မတောင်းကြနဲ ့ဒေါ့..

      နာရှိုဒါ မစိတော့ဘူး..

      Reply

  • မောင်ပေ

    June 26, 2012 at 1:31 pm

    နံပါတ် ၁ ။ ကားလက်မှတ်ဖိုးလေး လွှဲပေး…
    နံပါတ် ၂ ။ ဟိုတယ်မှာ ကျုပ်နာမည်နဲ ့တစ်ရက်စာ ငွေချေပြီးကြောင်း ပြေစာထုတ်ပေး
    နံပါတ် ၃ ။ အပေါ်က၂ချက်ပြည့်စုံတာနဲ ့၊ အကြွေးလာဆပ်ပြီသာမှတ် ။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 1:37 pm

    ခပ်မိုက်မိုက် အဒေါ်ကြီး….
    မိုက်လေး..ရေးတဲ့စကားလုံးတွေနဲ့….
    တိုက်ဆိုင်နေတယ်နော်….
    ဒီပို့(စ်) ကအကြွေးတောင်းတာနော်..ဟိ
    မိုက်လေး…အလွမ်းကဗျာပို့(စ်)လေး….
    ခပ်မိုက်မိုက် အန်တီကြီးရဲ့ ခံစားချက်နဲ့…
    ခပ်မိုက်မိုက် ကောင်မလေးရဲ့ ခံစားချက်တွေ…
    တိုက်ဆိုင်မိလို့ အံ့ဩသင့်မိတယ်…
    အကြွေးတွေ မြန်မြန်ရပါစေလို့….
    အားပေးလျက်….မိုက်လေး…:)

    Reply

    • ရဲစည်

      June 26, 2012 at 8:11 pm

      “မိုက်လေး..ရေးတဲ့စကားလုံးတွေနဲ့….
      တိုက်ဆိုင်နေတယ်နော်….”

      တိုက်ဆိုင်တာ မဟုတ်ပါ မိုက်လေး ပို့စ်ကို ဖတ်ပီး ဟာသစိတ်လေး ပေါ်လာလို့ တုပီးရေးလိုက်တာပါ
      အမှန်က ကွန်းမင့်မှာ ရေးမလို့ နောက်မှ စိတ်ပြောင်းသွားတာ…….. 😀

      Reply

  • ba gyi

    June 26, 2012 at 3:08 pm

    ဟီး–ဟီး တို့ကတော့ ဘယ်တော့မှ အကြွေးမသောက်ဘူး
    တစ်ခါတစ်လေ—– သူများအလကားတိုက်မှ သောက်တာဗျား။

    Reply

  • မဂွတ် ထော်

    June 26, 2012 at 3:34 pm

    ကိုဟိုဒင်း …အားပေးသွားပါတယ်

    Reply

  • etone

    June 26, 2012 at 4:42 pm

    ဪ ..ေ နာက်ဆုံးတော့ အရက်ကြွေးဖြစ်နေတာကိုး…. ။
    တော်သေးတာ …. အန်ကယ်ကြီး တဆက်ရှင်ဖိုးကျန်သေးတယ်မဟုတ်လို ့ … ဟိဟိ 😛

    အင်းလေ .. ဒင်းတို့က အရက်ကိုသာ အကြွေးသောက်မယ် … ဆီစိမ်မာဆွတ်တို့ ရိုးရိုးမာဆွတ်တို့ဆို အကြွေးထားရဲမှာ မဟုတ်ဘူး .. နောက်တစ်ခါ သွားလို့ မရမှာ စိုးလို့ …… ဟိဟိ 😀

    Reply

Leave a Reply to အရီး Khin Latt Cancel Reply

Your email address will not be published.