ဘာကြောင့်လဲ ???

ကျွန်တော်အတွက် လိုအပ်ချက်ဆိုတာ အကန့်အသတ်မရှိအောင်ပဲ များပြားနေတာလား၊ ဒါမှ မဟုတ် နောက်က ထောက်ပံ့ပေးတဲ့ သွင်းအားစု ကပဲ နည်းတာလား ၊ စနစ်ကြောင့်လား ၊ လူကြောင့်လား ၊ မူကြောင့်လား ၊ ကြောင့်လား ၊ ကြောင့်လား .. ကျွန်တော် အဲဒီလို မေးခွန်းတွေကို ကိုယ်ကိုယ်တိုင်လဲ ဖြေကြည့်ပါတယ် ၊ အခြားသူကိုလည်း မေးလေ့ရှိပါတယ် ။မီးမလာဘူ ၊အင်တာနက် ကော်နရှင် မကောင်းဘူး၊ တယ်လီဖုန်း လိုင်းမကောင်းဘူး ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ တံတားတွေက မကောင်းဘူး ၊ ရထားတွေက အချိန်မမှန်ဘူး၊ ခုုအချိန်ဆို ရထားလမ်း ရေကျော် နေပြီ၊ စည်းကမ်း ရှိဖို့ဆိုတာ လူ တစ်ဦး တစ်ယောက်ချင်းမှာ တာဝန်ရှိတယ် ၊ တစ်ဦးတစ်ယောက်ချင်းကနေ စတင်ရမယ် ဆိုတာ သိပါတယ် ။ အစိုးရက ဘတ်ဂျက်ကိုဘယ်လိုဆွဲတယ် ကျွန်တော်မသိဘူး၊ တစ်လကို တစ်ထောင်ဆိုပြီး မီတာ ထိမ်းသိမ်းခ ကောက်တယ်၊ လမ်းအသုံးပြုခတွေ ၊ အခွန်အခတွေ၊ တရားဝင်ပေးရတာတွေတင် အများကြီးပါ၊ တရားမဝင်ပေးရတာ ချလံ ပြန်မရတာ ၊ အလျှုငွေဆိုပြီး ထည့်ခဲ့ရတာ ၊ အဲဒါတွေက ဘာကြောင့်လဲ ??? တယ်လီဖုန်းတွေက ဈေးချပြီးရောင်းနိုင်အောင် ကြိုးစားနေမယ် ဆိုရင် ယခင်ရှိပြီးသားဖုန်းတွေအတွက် လိုင်းကောင်းဖို့ကိုရော မစဉ်းစားတော့ဘူးလား၊ ခုတော့ ဧရိယာပြင်ပရောက်နေတာက များနေတယ်၊ ဖုန်းဆိုတာ အချိန်အခါနေရာ မရွေးပြောမှာပဲလေ၊အလုပ်ကိစ္စတွေ ပြောနေရတယ်၊ ကုန်ဈေးနှုန်းအပြောင်းအလဲ ၊ ဒါတွေ အတွက်လိုအပ်လို့ ဝယ်ထားရတာပဲလေ။ခုတော့ အရေးကြီးတယ်ဆိုရင် လိုင်းမမိတော့ဘူး ။ကျွန်တော့်ကို တရားမဝင်ဆိုင်ကယ်စီးနင်းမှု ၊ ယဉ်မောင်းလိုင်စင် မရှိမှု ၊ဦးထုပ်မဆောင်းမှု နဲ့ဖမ်းတယ် ။ ဒဏ်ငွေ 5000 ဆောင်ပါတဲ့ ၊ ပေးတဲ့ချလံမှာက အမှုနံပါတ်မပါဘူး။ကျွန်တော်က ချေပ မယ်ဆိုရင် တရားရုံးကို တင်မယ် ခဏ စောင့်ရမယ်၊ သူတို့ပြောတဲ့ခဏ ဆိုတာ ကိုကျွန်တော် အတိအကျ သိတယ်။တရားရုံး ရောက်ရင်လည်း ဒဏ်ငွေ 1000 ပေးဆောင်စေဆိုပြီး 5000 ထက်မနည်း ကုန်မယ် ဆိုတာကိုလည်း သိတယ် ။ တစ်ကယ်တော့ဗျာ တရားစီရင်တယ် ဆိုတာ တရားသူကြီးမှာပဲ အာဏာရှိတာ ၊ ခုတော့ လမ်းဘေးမှာတင်ရဲက တရားစီရင်နေတယ်။ သူနဲ့သိတဲ့လူဆိုရင် မဖမ်းဘူး၊ မသိရင်ဖမ်းတယ် ။အမြင်ကပ်ရင် ဖမ်းတယ်။ယူနီဖောင်း မဝတ်ဘူး။ အဲဒါ ဘာကြောင့်လဲ ???
ကျွန်တော့် တယ်လီဖုန်း ကဒ်ပျက်သွားတယ်၊ ကဒ်အသစ်ပြန်လျှောက်တယ်၊ တစ်လနီးပါးကြာပြီ မရသေးဘူး ။ အစတုန်းကတော့ ပိုက်ဆံပေးစရာ မလိုဘူးတဲ့ ၊ နောက်တော့ ဘယ်လောက်ပဲ ပေးရ ပေးရ ပေးပါ့မယ် လို့ပြောတာတောင် မရသေးဘူး၊ ကဒ်အသစ် ဝယ်ရမှာလား မသိဘူး ။ ခု ကဒ်ကမရသေးပါဘူး ၊ ကဒ်ရရင် ဒီ့ထက်ပိုရေးနိုင်မှာပါ ။ အဲဒါ ဘာကြောင့်လဲ???
တယ်လီဖုန်း (ကြိုး) တွေက မကြာခဏ ပျက်တတ်ပါတယ်၊ ဘာကြောင့်ပျက်ရတယ် ဆိုတာကို သိပြီးဖြစ်ပါတယ် ။ လူကြောင့်ပါ၊ တယ်လီဖုန်း ကေဘယ် က ရုံးကနေ အိမ် ကို လာပါတယ်( အနက်ရောင် ကြိုးနဲ့ပါ) အဲဒီကြိုးကို လိုင်းမင်းက အပေါ်ကနေ ဓားနဲ့ ခပ်ပါးပါးလေး လှီးလိုက်ပါတယ်၊ ကြိုးပေါက်အောင်ပေါ့ဗျာ ၊ နှစ်ကြိုးစလုံး (အဖို၊ အမ)ကို လှီးလိုက်တာပါ၊ အဲတော့ ခုအချိန်က မိုးရာသီလေ ၊ မိုးရွာတော့ ကြိုးပေါ်ကို ရေကျ မယ် ၊ ဖုန်းခေါ်လိုက်ရင် ဝါယာရှောခ် ဖြစ်တယ် ၊ ဖုန်းပျက်တယ်၊ သူတို့ 000 ကို ဖုန်ခေါ်ပြီး ဖုန်းပျက်တိုင်တယ်၊ အနားမှာ လူမရှိလို့ လာမကိုင်ဘူး ၊ လူကိုယ်တိုင် သွားခေါ်ရတယ်၊ 2000 ပေးရတယ်၊ ကြိုးကို ပြန်ဆက်ပေးတယ် ၊ ဆက်ပေးရင်းနဲ့ အနီးအနားမှာ ရှိတဲ့ နောက်တစ်ကြိုးကို အဲဒီလို လုပ်ခဲ့တယ်။ ၊ နောက်တစ်ခုက နံပါတ် 100 ပါ။ မြို့တွင်းဆက်သွယ်ရေးပါ ၊ ဖုန်းနံပါတ် မသိလို့မေးလိုက်ရင် ခဏ ကိုင်ထားပါဆိုတာ ပြန်ကို မဖြေတော့ဘူး။ မနေနိုင်လို့ ကိုယ့်ဘက်က ချပြီး ကိုယ်ကိုယ်တိုင်စုံစမ်းရတော့တယ် ၊ ဆိုတော့ အဲဒီ အတွက် သူတို့တွေကို အစိုးရက ဝန်ထမ်းခန့်ထားတာ လစာ ပေးထားတာ မဟုတ်ဘူးလား ၊ မသိတော့ပါဘူးဗျာ .. အဲဒါ ဘာကြောင့်လဲ ???

ကျွန်တော် မနက်စောစောစီးစီး ဖုန်းပျက်နေတာနဲ့ စိတ်ပျက်ပြီး ဒီပိုစ့်ကို ရေးလိုက်တာပါဗျာ ..
ကျွန်တော့ ခံစားချက် ဖြစ်ပါတယ် ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာ စေလိုခြင်း မရှိပါဘူး ။ တိုင်ကြားတာ မဟုတ်ပါဘူး ၊ ပြောပြ တာပါ ၊ အဲဒီလူ ကို အရေး ယူစရာ မလိုပါဘူး၊ နောက်မလုပ်ရင် ပြီးတာပါပဲ ။
စိတ်အနှောက်အယှက် ကင်းစွာနဲ့ ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့
ချစ်ရင်ထူး

25 comments

  • the best

    June 23, 2012 at 8:14 am

    ပြည်သူတွေ စိတ်မချမ်းသာတော့ သမ္မတကြီး စိတ်ညစ်ရတာပေါ့။
    သမ္မတကြီးရဲ့စေတနာကို ရိုးရိုးသားသား အကောင်အထည်ဖေါ်ပေးကြပါဗျာ။

    Reply

  • water-melon

    June 23, 2012 at 8:35 am

    စိတ်ဓာတ်တွေက အောက်တန်းကျတယ်လို့ ခေါ်ပါတယ်
    အဲလိုလူတွေ ဒီထဲတောင်ရှိသေး

    Reply

    • Crystalline

      June 23, 2012 at 8:52 am

      သယ်ဘူ့တွေကိုပြောတာလဲဟင်?

      Reply

  • သားဦး၊မြေးဦး

    June 23, 2012 at 9:01 am

    အောက်ခြေအဆင့်က စ၍ ဖြုတ်ရ၊ထုတ်ရ၊သတ်ရပါလိမ့်မည်။
    ဘာကြောင့်လဲ တွေးရင်းမောသွားပါ၏။

    Reply

  • Victory

    June 23, 2012 at 10:23 am

    တယောက်ချင်းပြောင်းလဲမှုဆိုတာ ကိုယ်ကိုတိုင်အသိတရားနဲ့ပြောင်းလဲရင်အကောင်းဆုံးပါ။
    အခုလိုကေ့စ်တွေမှာဆိုရင်(အဲဒီဝန်ထမ်းတွေ)တဦးချင်းရဲ့အပြောင်းအလဲလိုပါတယ်။
    ကိုချင်ရင်ထူးနှစ်ပြောသလို ပြည်သူတွေတဦးချင်းကလဲစည်းကမ်းရှိရမှာပေါ့။
    အဲဒီ ဟာမိုနီ လေး လိုပါတယ်။။
    ဝန်ထမ်းတွေရဲ့ပြောင်းလဲပြုပြင်နိုင်မှုက တော်တော်ကိုအရေးပါတယ်ဗျ။
    အဲဒီ တဦးချင်းပြောင်းလဲရေးကို သူတို့(တာဝန်ရှိဝန်ထမ်း)ကကိုယ်တိုင်မပြောင်းလဲရင်
    ပြောင်းလဲဖို့ “ဖိအား” လိုပါတယ်။
    အဲဒါကမှ တိုးတက်မှုအသွင်ဆောင်မှာပါ။။
    အာဏာနဲနဲရှိသူကနေဟိုးအထက်ပေါ့နော်။ တဦးချင်းကောင်းအောင်ပြောင်းဖို့ လိုပါတယ်။
    ဖိအားမပါ ဘဲ ပြောင်းနိုင်ရင်တော့ ပိုကောင်းတယ်ပေါ့။
    မျှော်လင့်မိပါတယ်ကိုချစ်ရင်ထူးနှစ်ရေ။

    Reply

  • ကြည်ဆောင်း

    June 23, 2012 at 10:27 am

    ဘာကြောင့်လဲ??? . . . . .ဆိုတော့ နေထိုင် ဖြတ်သန်း ရှင်သန် ခဲ့ရတဲ့ စနစ်ဆိုးတွေကြောင့်ပါဘဲ။

    Reply

  • Khaing Khaing

    June 23, 2012 at 10:29 am

    ဖုန်းပျက်မှာပေ့ါ အဲဒါဝဋ်လည်တာလေ နာ့ဖုန်းကိုဖျက်ပစ်မယ်လို့ စိတ်နဲ့ပြစ်မှားလို့ အခုညည်းဖုန်းဖြစ်တာ အဟဲနောက်တာ

    Reply

    • ချစ်ရင်ထူးနှစ်

      June 23, 2012 at 1:50 pm

      အောင်မယ်၄၄၄ .. နာက အပိတ်ခံရတာ မဟုတ်ဘူး.. ပျက်တာ .. မပြောနဲ့တော့ စိတ်ဆင်း ပလိပ် တယ်..

      Reply

  • we R one

    June 23, 2012 at 10:29 am

    ဒီကမာ္ဘမှာ ပန်းတွေ အကုန် ကြွေကြတယ်……ဘာ့ကြောင့်လဲ?…..
    ဒီကမာ္ဘမှာ ကြယ်တွေအကုန် ကြွေကြတယ်…………….ဘာ့ကြောင့်လဲ?…..
    ဒီကမာ္ဘမှာ လူတွေ အကုန် သေကြတယ်………………………ဘာ့ကြောင့်လဲ?…..
    ဘာ့ကြောင့်လဲ?…..
    ဘာ့ကြောင့်လဲ?…..
    ဘာ့ကြောင့်လဲ?…..
    ဘာ့ကြောင့်လဲ?…..
    ဘာ့ကြောင့်လဲ?…..
    ဘာ့ကြောင့်လဲ?…..
    ဘာ့ကြောင့်လဲ?…..

    Reply

    • shwe kyi

      June 23, 2012 at 11:09 am

      အယ် စိုင်းစိုင်းတော့။

      Reply

      • nga myo

        June 27, 2012 at 10:21 am

        ဩ……..ဘာကြောင့်လဲဆိုတော့ ဖြစ်ချိန်တန်လို့ပေါ့……..ဟဲဟဲ

        Reply

  • Thel Nu Aye

    June 23, 2012 at 11:35 am

    အင်းစိတ်ပျက်စရာတွေပြောရမယ်ဆိုရင်တော့တန်းစီနေတာပဲ။ အခုခေတ်ကတော့ တိုင်လိုက်မယ်ဆို နဲနဲ တော့ကြောက်သွားသလားလို့။ ဒါလေးတော့တိုးတက်လာတယ်။ ဟိုတခါလဲကျွန်မကြိုးဖုန်းပျက် တာ ခေါ် ပြင်ခိုင်းလို့ကိုမရဘူး။ အဲဒါနဲ့ ကွန်ပလိန်းကိုဆက် ဒါပါနဲ့ဆို ၅ ခါရှိပြီ။ လာမပြင်ရင် ဘယ်ကိုဆက် အကြောင်းကြားရမလဲ။ ဖုန်းနံပါတ်ပေးဆိုတော့ ချက်ချင်းလာပြင်သွားတယ်။ ပိုက်ဆံလဲလာမတောင်းတော့ ဘူး။ အဲလိုမလုပ်ချင်လဲ လုပ်နေရတာလေးတွေတော်တော်များနေပြီ။ မတတ်နိုင်ဘူးလေနော်။ သူကပါးရိုက် မှတော့ကိုယ်ကနားပြန်ကိုက်တာတရားပါတယ်။

    Reply

  • နွေဦး

    June 23, 2012 at 1:36 pm

    တော်လှန်ရေးစတော့မဲ့ အချိန် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ မိန့်ခွန်း မှာ
    အားလုံးကို မှာခဲ့တာဘဲ…
    အနီးဆုံးရန်သူကို တိုက်ပါ တဲ့ ။
    အခုထိ ဒို့ ဗိုလ်ချုပ် စကားနားထောင်သင့်တယ်..
    အဲဒီလူတွေက ဒို့ရဲ့ အနီးဆုံး ရန်သူတွေဘဲ..

    Reply

  • ချစ်ရင်ထူးနှစ်

    June 23, 2012 at 1:54 pm

    သိပ်မှန်ပါတယ် ခင်ဗျာ .. ဆန္ဒပြ ရမှာလား မသိပါဘူး .. သူတို့တွေ နိုင်ငံခြား တိုင်းပြည်ကို မရောက်ဘူး တာလဲ မဟုတ်ပါဘူး .. သူများနိုင်ငံမှာ ဘယ်လို ကိုယ့်နိုင်ငံမှာဘယ်လို ဆိုတာ မျိုး နိုင်းယှဉ် သင့်တယ် ..
    မြန်မာတွေကလည်း ပြောစရာပါဗျာ .. ကိုရီးယား ကြည့်တယ် အတိုဝတ်တာပဲ အတုခိုးတယ် .. စည်းကမ်းရှိတာ နည်းပညာ တိုးတက်တာ ကြတော့ မမြင်ချင်ယောင်ဆောင်နေကြတယ် ..
    ဟွန့် ..
    ဘုန်းကြီးပဲ ဝတ်မှလား မသိပါဘူး ..
    ကျွန်တော့်ကို ပြောတဲ့လူရှိပါတယ် သူပြောတာက မင်းကိုယ်တိုင် အဲဒီနေရာကို ရအောင်လုပ်တဲ့ ပြီးမှ ကိုယ်ကြိုက်တဲ့ အတိုင်းလုပ်တဲ့လေ .. သားကို ..

    Reply

  • pazflor

    June 23, 2012 at 1:57 pm

    ကျနော်တို့ကိုယ်တိုင်ကလည်းစပြင်မှ ရမယ်ထင်ပါတယ်။ ဥပမာ ရုံးကိစ္စလိုဟာမျိုးလုပ်ရာမှာ တရားမဝင်တဲ့ ငွေကြေးတောင်းခံမှူ့မျိုးဆိုလုံးဝမပေးသင့်ဘူးထင်ပါတယ်။ အခုတော့ ကိုယ်ကကြာမှာစိုး၊ အဆင်မပြေမှာစိုးတာနဲ့ဘဲ တစ်ထောင်နှစ်ထောင်ဘဲဆို ပေးလိုက်မိတာတွေ

    Reply

  • the best

    June 23, 2012 at 4:27 pm

    “တရားမဝင်” တာတွေ အားလုံး “တရားဝင်” အောင် နိုင်ငံတော်က လုပ်ပေးနေတဲ့ခေတ်ပါ။
    ဒါကြောင့် “တရားမဝင်” ဘူးဆိုပြီး ဘာမှစဉ်းစားမနေနဲ ့။
    စဉ်းစားနေရင် သူဌေးဖြစ်နောက်ကျလိမ့်မယ်။
    “တရားမဝင်” ဘူးဆိုပြီး ရိုးသားနေတဲ့သူတွေ သူများနောက်မှာကျန်နေခဲ့ပြီ။

    “တရားမဝင်”တာကြိုက်သလောက်လုပ် မကြာခင်“တရားဝင်” ဖြစ်လိမ့်မယ်။
    ဒါနိုင်ငံတော်ရဲ့ မူဝါဒပဲ။
    ဒါကြောင့် “တရားမဝင်” တာကို လုပ်ဖို ့ တရားဝင်ခွင့်ပြုထားတဲ့ အတွက် လုပ်တာဆန်းသေးလား။

    “တရားမဝင် ကား” တွေ “တရားဝင် ကား” ဖြစ်သွားပြီ။
    “တရားမဝင် ဆိုင်ကယ်” တွေ “တရားဝင်ဆိုင်ကယ်” တွေ ဖြစ်သွားပြီ။
    “တရားမဝင် ငွေ” တွေ “တရားဝင် ငွေ” တွေ ဖြစ်သွားပြီ။
    ရှိပါသေးတယ် အများကြီး။

    Reply

  • same kyaw

    June 23, 2012 at 5:01 pm

    အမှန်ဘဲ။

    Reply

  • Htet Htet Soe Hlaing

    June 23, 2012 at 7:42 pm

    ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတစ်ခုက တော်တော်လူတွေကိုစိတ်ဆင်းရဲစေတဲ့မေးခွန်းတစ်ခုအဖြစ်လက်ခံပါတယ် အဒီမေးခွန်းတစ်ခုဘဲနော် အဲဒီမေးခွန်းကို ဘယ်လိုဖြေရမယ်ဆိုတာကလဲ အဖြေရှာမရဘူး ဘာကြောင့်လဲ

    Reply

  • Htet Htet Soe Hlaing

    June 23, 2012 at 7:47 pm

    ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတစ်ခုက တော်တော်လူတွေကိုစိတ်ဆင်းရဲစေတဲ့မေးခွန်းတစ်ခုအဖြစ်လက်ခံပါတယ် အဲဒီမေးခွန်းကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုလဲ အဖြေရှာမရဘူး ဘာကြောင့်လ?ဲ

    Reply

  • pan pan

    June 23, 2012 at 8:55 pm

    ဘာကြောင့်လဲ
    ဟိုဟာကြောင့်၊ ဒီဟာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်ဝှါ့ကြောင့်…
    အကြောင်းအရင်းတွေ၊ တနည်းအကြောင်းပြချက်တွေကတော့ အများကြီး
    အကြောင်းအကုန်သိပြီဆိုရင်လည်း ဖြေရှင်းတတ်မှ၊ ဖြေရှင်းနိုင်မှ
    ဒီလိုဖြေရှင်းဖို့က ဥုံဖွ ချက်ချင်းမရ
    အချိန်ယူပြီး ပြင်ဆင်မှ
    ပြင်ရင်းနဲ့ပဲ အချိန်ယူရ
    ယူရင်းနဲ့ပဲ ပြင်ဆင်ရ
    အဲ…အဲ့ဒါ ဘာကြောင့်လဲ..ဟင်င်င်င်…. 🙄

    Reply

  • may flowers

    June 24, 2012 at 12:01 am

    ဘာကြောင့်လဲ????

    ရှင်းရှင်းလေးများ…………ငွေ..ငွေ..ငွေ..ပေါ့…………တစ်ဘဝစာအတွက် ၊ မိသားစုအတွက် ငရဲကို

    တိုက်ရိုက်ဗီဇာမလိုပဲ သွားချင်နေကြတာ သနားစရာပါ။

    Reply

  • မောင်ပေ

    June 24, 2012 at 9:25 pm

    ဘာကြောင့်လဲ ဆိုတော့
    သူရို ့မှာ လုပ်နိုင်တဲ့ အခွင့်အရေး ရှိနေတာရယ်နဲ ့
    မန်းနီးဂွင်ဖန် ချင်လို ့ပါဘဲ ဗျာ

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 11:43 am

    ဘာကြောင့်လဲ…?
    လဲ..ပေါင်းများစွာလည်းထပ်နေပါပြီ….
    ဘာကြောင့်ဆိုတာ ….
    ရေရေရာရာ မသိပါလား….
    ဟင်းးးးးးးးးးးးးးးးး
    ဘာကြောင့်လဲ….?
    မလွယ်ပါလား……
    စိတ်မောပါတယ်….။

    Reply

  • Ma Ei

    June 27, 2012 at 12:03 pm

    ကြိုးဖုန်း လိုင်းမန်းတွေ အမြဲသုံးတဲ့နည်းပါ…
    အမတစ်ယောက်ကတော့ လိုင်းတက်တက်ဖြတ်ရတာ
    နင်တို့လဲပင်ပန်း၊ ငါတို့လဲစိတ်ရှုတ်ရတယ်…
    တစ်လတစ်ခါ 5000 ကျပ်လာယူလှဲ့ ဆိုပြီးညှိထားရတယ်တဲ့လေ….

    Reply

    • မွန်မွန်

      June 27, 2012 at 1:06 pm

      အယ်..အဲဒါကို လက်ခံတယ်တဲ့လား…အရှက်မရှိ ဗြောင်ကြီးပဲ…စိတ်..ပျက်..စရာ…

      Reply

Leave a Reply

Your email address will not be published.