ရော်ရွက်ဝါ ပြန်လည်စိမ်းမြစေသား

စဆရ ႀကီးJune 23, 20121min015

မိတ်ဟောင်းမိတ်သစ်များ၊ စာရေးဖော်ရေးဖက်ဟောင်းများအားလုံး အဆင်မှပြေပါလေစ။ ကျွန်တော်သည်ကား သိသူများလဲရှိသလို မသိသူများလဲ အတော်များသော တစ်ချိန်က အရေးသွက်သွက်ဖြင့် စာရေးခဲ့သောသူပါပေ။ မထင်မှတ်သော အကြောင်းအရာတစ်ခုကြောင့် စာရေးသားခြင်းအမှုကို အတန်ငယ်စိတ်ပျက်သွားသည်ကတစ်ကြောင်း၊ စာရေးမည်ဟု ကီးဘုတ်ပေါ်လက်တင်လိုက်သည်နှင့် တုန့်ဆိုင်းနေသော အတွေးများကြောင့်လည်းကောင်း စာပေရေးသားခြင်းအမှုကို အတော်လေးပင် မေ့မေ့ပျောက်ပျောက်ရှိသွားသလိုဖြစ်တော့သည်။

တစ်နည်းဆိုရလျင်မူ ယခင်ကလောက် မပျော်ပိုက်တော့ခြင်းကြောင့်လည်း ဖြစ်ပေမည်။ အရေးသွက်သွက်၊ အတွေးထက်ထက်ဖြင့် ခပ်စိပ်စိပ်လေးရေးသားတတ်ကြသော ရေးဖော်ရေးဖက်ဟောင်းကြီးများ၏ လက်ရာများကိုလည်း မဖတ်ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သို့ဆိုလျင် ကျွန်ုပ်သည်ကား နောက်ပြန်ဆွဲသမားကြီးလေလားဟု ဆိုကြပြန်ပေဦးမည်။ မဟုတ်ပါ၊ မဟုတ်ဟုပင် ငြင်းပါရစေ။ စာပေရေးသားခြင်းအမှုဆိုသည်မှာ အပြောလွယ်သလောက် အရေးခက်လှသည်။ အဆိုးဆုံးမှာ ရေးစရာ အကြောင်းအရာရှာရခြင်းဖြစ်သည်။ ကျွန်တော်သည်ကား ကိုယ့်အကြောင်းကိုယ်သာရေးသော (ကိုယ့်ပေါင်ကိုယ် ခပ်ဖွဖွလေး လှန်ထောင်းသောသူ) ဟု ကင်ပွန်းတပ်ချင်လဲ တပ်နိုင်သော ကိုယ်တိုင်ရေး စာသမားဖြစ်သည့်အားလျော်စွာ ရေးသားရန်အကြောင်းအရာများကို စဉ်းစားလိုက်သည့်အခါ စာဖတ်သူများ တစ်ခုခုရစေလိုကြောင်းနှင့် စိတ်တွင်းရှိသည်များ အများသူငှာကို မျှဝေလိုက်ခြင်းဖြင့် မွန်းကျပ်ခြင်းများ အတန်ငယ်ပြေပျောက်လိုခြင်းကြောင့်တစ်ကြောင်း တစ်ချိန်က စာများကိုရေးသားခဲ့ပေသည်။

ထိုသို့ရေးသားပြီး ကာလအတော်အတန်ကြာ ငြိမ်သက်သွားခဲ့ရာမှ ယခုတစ်ဖန် ပြန်လည်ရေးသားဖြစ်ဦးမည်ထင်ပါ၏။ ရွာထဲတွင် မိတ်ဆက်လာသည့် ရွာသားများ အများအပြားကိုလည်း တွေ့မိပါ၏။

ကျွန်တော်သည်လည်း စာရေးမည့်သူ အသစ်တစ်ယောက်လေလား စိတ်တွင်ခံစားမိသည့်အားလျော်စွာ အိမ်ရှင်များထံမှ ခွင့်ပြုချက်ရပြီးမှ အိမ်တွင်းဝင်ရဲမည့်ဖြစ်သည့်အတွက် တစ်ဖန်ပြန်လည် မိတ်ဆက်လိုက်ရပါကြောင်း…..။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

15 comments

  • htoosan

    June 23, 2012 at 6:48 am

    စိမ်းကားနေတယ်ဗျို့ .. အိမ်ရှင်ခွင့်ပြုမှ အိမ်ထဲပြန်ဝင်ရဲမဲ့သူတဲ့ ..

    Reply

  • surmi

    June 23, 2012 at 8:35 am

    ဘယ် ့နယ်ပြောပါလိမ် ့
    ဈေးကောင်းရလို ့ရောင်းပြီးပြေးတဲ ့သူကြီးကများ
    စောင် ့နေတာပါဗျာ

    Reply

  • သားဦး၊မြေးဦး

    June 23, 2012 at 9:06 am

    အေးဗျာ ကိုရှုူံးတစ်ယောက် ပျောက်လိုက်တာဗျာ။
    ခုမှ ဘဲပြန်ပေါ်လာတော့တယ်။မျှော်နေတာဗျာ။

    Reply

  • ဆူး

    June 23, 2012 at 11:20 am

    စာရေးသူ ကိုစိုင်း ဆိုတဲ့ နာမည်နဲ့ သတင်းစာထဲမှာတောင် ပါသွားပြီးပြီပဲ..
    လူသိရှင်ကြား ရေးလို့ ရပါတယ်။
    မိတ်ဆက်ဖို့ မလိုပါဘူး။
    ပျော်ပျော်ပါးပါး အရင်လို ပွားကြတာပေါ့။
    လူ့ဘဝ ဆိုတာ ကမ်းစပ်ကြီး တခုလိုပဲ.. ပြသနာ ဆိုတဲ့ လှိုင်းလုံးတွေ တလုံးပြီးရင် တလုံး ဆက်တိုက် လာတတ်စမြဲမို့.. လှိုင်းရပ်တာကို စောင့်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်။ လှိုင်းလုံးတွေကို အကောင်းဆုံး အသုံးချ တတ်ရင် လှိုင်းစီးအားကစားတောင် ကစားပြီး အပန်းဖြေလို့ ရပါတယ်။ အသုံးချ တဲ့ လူရဲ့ စိတ်ဓါတ် အပေါ်မှာပဲ မူတည်ပါတယ်။
    စိတ်တွေ မွမ်းကျပ်တဲ့ အခါ ကိုယ်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို တိုင်ပင်ပြီး ရင်ဖွ ခြင်းဟာလည်း အဖြေ တခု ဖြေသိမ့်မှု တခု တော့ ရမယ် ထင်တာပါပဲ။

    သူငယ်ချင်းရေ.. အရင်လို တက်တက်ကြွကြွ နဲ့ ရေးပါ။

    Reply

  • နွေဦး

    June 23, 2012 at 12:24 pm

    ရှူံးနိမ့်မှုများနဲ့လူ….အောင်မြင် မှုတွေ ပြည့်ဝနေပါစေ…။
    ရေးပါအုံးဗျာ..

    Reply

  • mocho

    June 23, 2012 at 1:43 pm

    ကိုရှုံးရေ
    KFC စားတိုင်း ၊ အများနဲ့စုပေါင်းနေတဲ့အိမ်မှာ တယောက်တည်း သန့်ရှင်းရေး လုပ်ရတိုင်း ၊ကိုရှုံးကို အမှတ်ရမိပါတယ်။

    Reply

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 4:11 pm

    ဪ..
    အူးလေး မိန်းမရပြီး ပါမစ်ပိတ်ခံလိုက်ရလို ့ ဝင်မလာတော့တာရားရို ့
    😀

    Reply

  • ညလေး

    June 23, 2012 at 5:08 pm

    ဖတ်ရှု.ဖို.စောင့်မျှော်နေပါကြောင်း…
    သတင်းကောင်းပါးလိုက်ပါရစေရှင့်….

    Reply

  • မောင်ပေ

    June 23, 2012 at 8:19 pm

    ခင်ဗျား အကြာကြီးပျောက်တဲ့ အတွက် သဂျီးကိုယ်စား အပြစ်ပေးရမယ်
    အပြစ်ကတော့ ပို ့စ်အများကြီး ကို အမြန်ဆုံးသာ ရေးတင်ပေတော့ ကိုယ့်ဆြာရှုံးရေ..

    Reply

  • အားလုံးသော မိတ်ဟောင်းမိတ်သစ်များခင်ဗျား..
    အခုလို ကောင်းကောင်းမွန်မွန်ကြိုဆိုခံရတဲ့အတွက် စာရေးဖို့အတွက် ခွန်အားတစ်ရပ်တော့ ဖြစ်ရပေသေးတာပေါ့… စာတွေအတော်များများ ဆက်ရေးဖြစ်မယ်ထင်ပါတယ်.. အခုလို နွေးနွေးထွေးထွေးကြိုဆိုခံရတဲ့အတွက် ဝမ်းသာမိပါကြောင်း..

    Reply

  • ဝင့်ပြုံးမြင့်

    June 23, 2012 at 11:51 pm

    တောင်တောတခို
    မြရည်လိမ်း
    စိမ်းလို့စိုပြီ။
    စိမ်းရွက်ညို
    ကြိုအကြားမှာ … သူလေ ..
    လွမ်းပိုအောင် ကူ … ချွဲ ….။

    Reply

  • Mလုလင်

    June 24, 2012 at 12:39 am

    စာရေးတဲ့အပြင် .. FB မှာ တင်ထားတဲ့ ပုံတွေ ပါတင်ဗျာ … ကြပ်ပေးတာ … 🙂
    စာပြန်ရေးမယ် ဆိုလို့ ဝမ်းသာ တယ်ဗျာ .. စောင့်ဖတ်နေပါ့မယ် နော့။

    Reply

  • Foreign Resident

    June 24, 2012 at 6:22 am

    ဟုတ်ပါ့ မတွေ့ရတာတောင် ကြာပါ့ ။
    KFC မှာပဲလား ။
    ကြိုဆိုပါတယ် ကိုရှုံးလူရေ ။

    Reply

  • pooch

    June 24, 2012 at 3:46 pm

    ရော်ရွက်ဝါတွေ ပြန်လည်စိမ်းမြနိုင်ပါစေလို့။
    ရင်တွင်းဖြစ်တွေကို မျှော်နေပါတယ်။

    Reply

  • Moe Z

    June 24, 2012 at 5:02 pm

    ကိုရှူံးရယ် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာများ အားနာစရာမလိုဘူး
    အားရပါးရထာင်း :mrgreen:

    Reply

Leave a Reply to Foreign Resident Cancel Reply

Your email address will not be published.