စီပွားရေးလုပ်ဘို့တောင် ခွန်အားမရှိတော့ဘူးဗျာ

ခုနောက်ပိုင်းပေါ်လာတဲ့ sky net ၊ Red link စတဲ့ အစိုးရမဟုတ်တဲ့ company တွေအနေနဲ့ ပြည်သူ တွေဆီကပိုက်ဆံယူထားပြီးရင် အဆင်ပြေပြေဖြစ်အောင်တော့လုပ်ပေးသင့်ပါတယ်။ကျွန်တော်အရင်တုံး ကအသုံးပြုတဲ့ ADSL လိုင်းလေးကိုရောင်းပြီးအရမ်းမြန်ပါတယ်ဆိုတဲ့ Red Link ကိုဝယ်သုံးပါတယ်။ အဲ..ကျွန်တော့သူငယ်ချင်းကလည်း Sky Net လိုင်းကိုဝယ်သုံးပါတယ်။အင်တာနက်လိုင်းကိုမြန်မြန်သုံး ချင်လို့ 1MB/2MB စာတာတွေကို ဈေးကြီးကြီးပေးပြီး လစဉ်ကြေး $155 နဲ့ဝယ်သုံးတာပါ။ခုတော့ လိုင်းတွေက ကျချင်တိုင်းကျနေပြီး ဘယ်လိုမှအဆင်မပြေခဲ့ပါဘူး။ကျွန်တော်တို့ ကလိုင်းမြန်မြန်သုံးချင် လို့ လစဉ်ကြေးအမြင့်တွေကိုပေးပြီးသုံးတာပါ ခုလို အဆင်မပြေဖြစ်တဲ့ အခါ Red link / Sky Net company တွေအနေနဲ့ အမြန်ဆုံးအဆင်ပြေအောင်လုပ်ပေးသင့်ပါတယ်။ကျွန်တော် အင်တာနက်ဆိုင် လေးကိုမြတ်မြတ်နိုးနိုးနဲ့ ဖွင့်ခဲ့တာ ရနှစ်ကျော်ပါပြီ။မီးပျက်တဲ့ အချိန်တုန်းက ဆီဖိုး၊တစ်နေ့ကို 15000 နဲ့ 20000 ကြားမှာရှိခဲ့ပါတယ်။နောက်ပြီး PAC လိုင်စင်ကြေး ၊နောက် စည်ပင်လိုင်စင်ခွန် စတာတွေနဲ့ ကျွန်တော်တို့တွေ မနည်းရုန်းကန်နေရတာပါ။သာမာန်အင်တာနက်သုံးရင်တော့ လိုင်းကောင်းတဲ့ အချိန်လေးသုံးရုံပါဘဲ။ခုလိုအင်တာနက်ဆိုင်တွေအတွက်ကျတော့ ဘယ်လိုခွန်
အားနဲ့ရပ်တည်ရမလည်းဗျာ။ငိုချင်လောက်အောင်စိတ်ဓါတ်ကျမိပါတယ်။
ခုကျွန်တော်ဝယ်သုံးထားတဲ့ Red link လိုင်း ဆိုရင် 3MB ကိုလစဉ်ကြေး 155$ နဲ့ ပေးပြီးသုံးရတာပါ။customer တွေဆီက ပိုက်ဆံယူထားပြီးရင် အဆင်ပြေပြေနဲ့ တော့ကောင်းအောင်တာဝန်ယူသင့်ပါတယ်။လိုင်းတွေကိုရသလောက်ရောင်းပြီး ခုလိုလိုင်းတွေအရမ်းကျနေလို့ရှိရင်လည်း တာဝန်ယူပြီးအမြန်ဆုံးပြန်လုပ်ပေးသင့်ပါတယ်။ခုလည်း 490 000 နဲ့ ပရိုမိုးရှင်းလုပ်ဦးမယ်လို့ကြားပါတယ်။ပြည်သူတွေကိုနည်းနည်းလေးညှာပေးကျပါဦးဗျာ။

15 comments

  • မောင်ပေ

    June 21, 2012 at 10:53 pm

    ဟုတ်ပ သိပ်မှန်တာဘဲ
    ကျုပ်ကတော့ အင်တာနက်ဆိုင် မှာ ညတိုင်း၂နာရီအောက်ထစ် ထိုင်သုံးနေကြ သုံးစွဲသူ တစ်ယောက်ပါ။ ဒီရက်ပိုင်းတွေအတွင်း ကွန်နက်ရှင် ပိုစုတ်လာပါတယ်။ ဖုန်းနဲ့သုံးတဲ့လူတွေကမှ မြန်အုန်းမယ်။

    Reply

  • Mလုလင်

    June 22, 2012 at 12:35 am

    ပိုစ့်ပိုင်ရှင် ရေ .. ကိုယ်ချင်းလဲစား အားလဲ ပေးပါတယ်ဗျာ … Plan A, Plan B, Plan C ဆိုတာလိုမျိုး … နောက် တစ်ခုခု နဲ့ ကျားကန်ထားကြည့်ပါလားဗျာ နော့ သုံးချောင်း ထောက်တော့ ယိုင်လဲ မယ့် ရာခိုင်နှုန်း နည်းတာပေါ့ဗျာ …။

    Reply

  • ရွှေ မင်း သား

    June 22, 2012 at 1:53 am

    သားငါးတွေမှာ အလေးချိန် မပြည့်ရင် ဒါ အလေးခိုးတာဘဲ……
    ဓါတ်ဆီ ဒီဇယ် ဝယ်ရင်လဲ ဂါလံ မပြည့်ရင် ဒါ ခိုးတာဘဲ…..
    အင်တာနက်လိုင်းမှာ လဲ ပြည့်မှီအောင် မပေးဘူးဆိုရင် ဒါ ခိုးတာဘဲ…..
    ကျနော်က တော့ အဲလိုဘဲ ယူဆတယ်။
    ကျနော်က တော့ ၁၂၈ လေးနဲ့ဘဲ သုံးတယ် ဟိဟိ…

    Reply

  • kyeemite

    June 22, 2012 at 8:29 am

    အပြိုင်အဆိုင်ကုမ်ပဏီတွေများများပေါ်လာမှ
    ဒါတွေ ပျောက်မယ်ထင်ပါတယ်..ခုက အင်တာနက်ကို
    လုံးဝလွတ်လပ်ခွင့်မပေးသေးတာလည်းပါတယ်…

    Reply

  • ချစ်ရင်ထူးနှစ်

    June 22, 2012 at 10:25 am

    အတူတူပါပဲဗျာ .. ကိုယ်ချင်းစာပါတယ် .. ကျွန်တော်တို့ဆိုရင် အာဏာပိုင်က ပြဿနာ ရှာတာတောင် ခံရတာတွေ ရှိပါတယ်.. အဲဒါတွေ ဘယ်တော့များမှ ပျောက်ကွယ် သွားမလဲ မသိဘူးနော်..
    တဖြည်းဖြည်းနဲ့ ပြောရတဲ့လူက အားနာလာတယ်.. သူ့အလွန်ကနေ ကိုယ့်အလွန် ဖြစ်ကုန်တယ်..
    အဓိက ကတော့ မူ ဝါဒ ဘယ်လောက်ကောင်းကောင်း လူ မကောင်းရင် ဘာမှ ဖြစ်လာမှာ မဟုတ်တာတော့ သေချာတယ်.. ထိုင်ခုံသာ ပြောင်းထိုင်တာ Uniform သာပြောင်းဝတ်တာ လူက ဒီလူပဲ. ဒီစိတ်ဓါတ်ပဲ ဆိုရင် ဒါက ဒါပါပဲ..
    ခင်တဲ့
    ချစ်ရင်ထူး..

    Reply

  • ko khin kha

    June 22, 2012 at 10:30 am

    မြန်မာပြည်အင်တာနက်က ဘယ်လိုင်းဘဲသုံးသုံး မြန်နှုန်းကအတူတူဘဲလေ။
    ကုမ္မဏီတွေ၊အင်တာနက်လိုင်းရောင်းတဲ့သူတွေက ပိုက်ဆံယူကောင်းအောင်လျှောက်ပြောတာ၊
    အမှန်က ဘယ်လိုင်းဘဲသုံးသုံး မြန်မာပြည်အင်တာနက်က အင် တင် တင် ဘဲလေ။

    Reply

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 22, 2012 at 11:03 am

    အစ်ကိုရေ …. Metro ပြောင်းသုံးကြည့်ပါလား …. ကျွန်တော်တို့ရုံးမှာလဲ ပြောင်းသုံးလာတာ အခု Metro နဲ့မှ ပဲ အဆင်ပြေသွားတယ်ဗျ … ကျန်တာတွေတစ်ခုမှမကောင်းဘူး

    Reply

  • chityimhtoo

    June 22, 2012 at 11:17 am

    အင်းအခွန်လွတ်ဈေးကကန်စွန်းရွက်သည်ပြောသလိုပါဘဲ…နိုင်ငံအုပ်ချုပ်မင်းလုပ်တဲ့ အစိုးရကြီးတွေက
    ပြည်သူတွေစီးပွားရေးကိုနေရာဝင်လုနေမှတော့ ငါတို့သာမာန်လူသားတွေ ကြက်တန်းသွားရမှာပေါ့တဲ့။
    အခွန်လွတ်ဈေးမှာ အစိုးရကကန်စွန်းရွက်တွေလိုက်ရောင်းတုန်းကပြောသွားတာ။တိုက်စီတွေတုန်းကလည်း
    ဦးပိုင်တိုက်စီဆိုပြီ နေရာယူ။
    ခုလည်း အစိုးရနဲ့အပြင်ကုမ္မဏီတွေပေါင်းပြီးသာမာန်ပြည်သူတွေကိုလည်ပင်းညှစ်နေကျတာ။
    Red link ကညဘက် ရနာရီကနေ ၁၁ နာရီဆိုသုံးစားလို့ကိုမရတာ။ရှိတဲ့လိုင်းတောင်မနိုင်ဘဲထပ်ထပ်ရောင်း
    နေတော့ မိုက်ရိုင်းလွန်းနေပြီ။

    Reply

  • ကျနော်လဲအင်တာနက်ဆိုင်ပိုက်ဆံပေးပြီး အမြဲသုံးနေရသူပါ။
    ပုံတင်မတက် စာတင်တော့ပျောက် လိုရာမရောက်တဲ့
    ကော်နက်ရှင်ကို စိတ်တိုပေးဘဲ နက်လို့ရနေသေးတာလေးကို ြ့ကံဖန်ကျေးဇူးတင်နေရကြောင်းပါ။.

    Reply

  • Shwe Ei

    June 22, 2012 at 1:04 pm

    အင်း ကြားရတာစိတ်မကောင်းဘူးဗျာ။ လိုင်းမကောင်းအောင်လုပ်ထားတဲ့ လူကြီးမင်းတွေကိုဘဲ မေတ္တာပို့ရတော့မှာဘဲ။ x;;x;x;x;x; ပါစေ 😉

    Reply

  • ဖိုးထောင်

    June 22, 2012 at 5:23 pm

    ဝန်ဆောင်မှုကောင်းတဲ့ လူကိုလူလိုတန်ဖိုးထားတဲ့ company တွေများများပေါ်လာပါစေဗျာ

    Reply

  • သားဦး၊မြေးဦး

    June 22, 2012 at 7:29 pm

    မြို ့ဟောင်းသားက ရန်ကုန်မှာ နက်ဆိုင်ဖွင့်ထားတာ ဆိုတော့ (၂၉)လမ်းဖက်က
    ထင်ပါတယ်။မိတ်ဆွေ တစ်ယောက်များ ဖြစ်နေမလားလို ့။တလောက သံတွဲက
    ဝန်ထမ်းတစ်ယောက် ဖုန်းဆက်ပြီးရေးခိုင်းလို ့ရေးပါတယ်ဆိုပြီးတွေ ့လိုက်တယ်
    နော် လေဗျာ။

    Reply

  • the best

    June 22, 2012 at 7:50 pm

    မြို့ ဟောင်းသား ခင်ဗျား။
    sky net ရုံးချုပ်ကိုတိုက်ရိုက် ဆက်သွယ်ပြီး ဖြေရှင်းကြည့်သေးလား။
    sky net ရုံးချုပ်ကိုတိုက်ရိုက် ဆက်သွယ်ပြီး ဖြေရှင်းချက်တောင်းကြည့်ပါလား။
    အင်တာနက်အပိုင်း တာဝန်အရှိဆုံးပုဂိ္ဂုလ်ကို နဲ ့သာ စကားပြောစေလိုပါတယ်။
    နာမည်၊ ရာထူးကိုမေးပြီး သူ ့ရဲ့ တုန် ့ပြန်မှုကို နားထောင်ကြည့်ပါအုံး။
    အဆင်ပြေအောင် ဆောင်ရွက်မပေးရင် Post မှာ အသေးစိတ် ထပ်ရေးတင်ပေးပါစေလိုပါတယ်။
    အချက်အလက် ပြည့်ပြည့်စုံစုံ သိချင်လို ့ပါ။
    မတရားလုပ်တဲ့ သူကို ဝိုင်းရှုံ ့ချ ဖို ့အဆင်သင့်ပဲဟေ့။

    Reply

      • the best

        June 22, 2012 at 8:44 pm


        UP TO DATE သိချင်လို ့ပါ။

        Reply

Leave a Reply

Your email address will not be published.