ကြွက်သေခြင်းရဲ့ အဆုံးသတ်

etoneJune 21, 20121min051

နေရင်းထိုင်ရင်း ဘာရယ်မဟုတ်ဘူး …. ကျွန်မတို့ ဘကြီး အိမ်က ကြွက်တွေသောင်းကျန်းတဲ့အကြောင်းပြောမလို့ဗျို့ …. ။

 

ဘကြီးအိမ်က စပါးကျီလည်းရှိ ၊ အင်းတွေနဲ့လည်း နီးတာကြောင့် ကြွက်တွေမပြောနဲ့ လူကောင်းရော ၊ သူခိုးတွေတောင် …. နေချင်တဲ့အိမ်ပါ ။ ဒီကြားထဲ သီးပင် စားပင်လေးလည်း တပိုင်တနိုင်စိုက်ပျိုးတော့ … မချမ်းသာပေမယ့် … လူတန်းစေ့ စားနိုင်သောက်နိုင်တယ်ပေါ့လေ ….. ။ပိုလျှံနေတာလေးတွေ ရောင်းစားပြီး ပါးစပ်စိုတာပေါ့လေ။  ခြံစည်းရိုးလည်းခတ်ထားတော့ ထင်သာမြင်သာတဲ့ လူတွေ ဝင်ချင်လျှင် တံခါးဝက ခွင့်တောင်းပြီး ဝင်ကြတာပေါ့…. ။ တံခါးဝကသာ လူကြားကောင်းအောင် ဝင်ခွင့်တောင်းတာပါ … အကျိုးမြတ်တွက်လာကြတာချည်းပါပဲ  …. ။ ဟိုနံနံပင်လေး နှုတ်သွားလိုက် ၊ ဒီငရုတ်သီးစိမ်းလေးချိုးသွားလိုက်နဲ့ နွားပွဲစားတွေလို သွားဖြဲဝင်လာပြီး ၊ ကျေးဇူးတင်ပါတယ်တောင် မပြောပဲ သူတို့ “လိုဘ ” ပြည့်တော့ ပြန်သွားတာက များပါတယ် ။

ကျွန်မကတော့ အသက်ကြီးတဲ့ ဘကြီးကို မိကျောင်းမင်းရေခင်းမပြတော့ပါဘူး … သူက အသက်ကြီးတယ် ၊ ဝါကြီးတယ် ၊ အတွေ ့ကြုံကြီးတယ်ဆိုပြီးပဲ ….. စုံလုံးမှိတ်ထားလိုက်ပါတယ် ။ သဘောကောင်းတဲ့ ဘကြီးခြံထဲမှာ လူတွေတင်မဟုတ်ပဲ ၊ ခြံစည်းရိုး အပေါက်ကနေ ခိုးဝင်လာတဲ့ ကြွက်တွေပါ ပါလာခဲ့တယ် ။ အစကတော့ ဘကြီးက သတိမထားမိပေမယ့် ကြွက်တွေများလာလို့ ပုကျိပုကျိဖြစ်တဲ့အခါ ….. ထိန်းမရအောင် ကြွက်တွေ ပေါနေမှန်း သိတော့တယ်  …. ။

သနားကြင်နာတတ်တဲ့ ဘကြီး ကြွက်နှိမ်နင်းရေးအတွက်ခေါင်းစားရပြန်တယ် ။ အိုကြီး အိုမကြမှ …. ကြွတ်သတ်ဆေးနဲ့ သတ်လို့ကလည်း မသင့်တော ်၊ ကြွက်ကပ်ကော်နဲ့ နှိမ်နင်းရအောင်လည်း အသည်း မမာနိုင် ၊ ဒီတော့ ထောင်ချောက်ဆင်ရပါတော့တယ် …. ။ ထောင်ချောက်ဆိုတိုင်း ဖမ်းမိတာနဲ့ ညပ်သေစေနိုင်တဲ့ သံကွင်းထောင်ခြောက်သုံးလို ့လည်း မဖြစ်ပြန်ဘူးတဲ့ ….နောက်ဆုံး သစ်သားနဲ့ လုပ်ထားတဲ့ ထောင်ခြောက်ထဲ အစာထည့်မြှားရတော့တာပေါ့ …. ။ ကြွက်တွေကလည်း ငလည်နော် ….. အစာမြင်ပေမယ့် ငမ်းပြီးဝင်မစားနိုင်သေးဘူး .. ကွက်ကြည့်ကွက်ကြည့်နဲ့ အဆာခံစောင့်ကြည့်နေကြတယ် … အဲ့ဒီအချိန်မှာ ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်လို့ ဇောကပ်အသိဉာဏ်ပျောက်တဲ့ ကြွက်သုံးကောင် တိုင်ပင်စရာမလိုပဲ ကြွက်စာနောက်လိုက်ရင်း ကြွက်ထောင်ချောက်မှာ ပူးတွဲမိတော့တာပေါ့ …. ။ သုံးကောင်ကို ထောင်ချောက်ထဲမိတာနဲ့ … ကြွက်သိုက်ကြီးတစ်ခုလုံးလည်း ခေါင်းတက်နင်းခံရသလို ၊ အမြီး ဖြတ်ခံရသလို …အော်ကာဟစ်ကာလုပ်ပြီး ခြေဦးတည့်ရာပြေးကြပါတော့တယ် ။

 

သူထောင်လိုက်တဲ့ ကြွက်ထောင် အလုပ်ဖြစ်ပြီဆိုပြီး ဘကြီးက ပျော်နေတုန်း ဘကြီးရဲ့ တူဖြစ်သူက ဒီကြွက်တွေကို လွှတ်ပေးလိုက်လျှင် ထပ်လာနေဦးမယ် .. ဒီတော့ … သတ်ပစ်မှအေးမယ်လို့ ကြံမိတော့တယ် ။ ကိုယ်တိုင်လည်း မသတ်ချင်တော့ ကြွက်ကြော်ကို အမြည်းလုပ်ရောင်းတဲ့  အရက်ဆိုင်ကိုသွားပို့တာပေ့ါလေ …။လမ်းမှာတင်တစ်ကောင်က သေနေပါရောလား ၊ သက်တမ်းစေ့လို့ပဲ သေသလား ၊ ကြောက်စိတ်နဲ့ပဲ သေလေတော့လား … ဒါမှ မဟုတ်တရုပ်ကားတွေထဲကလို လျှာကိုက်ပြီးပဲ သတ်သေလိုက်သလား …. မပြောတတ်တော့ပါဘူး ….. ။  သေနေတဲ့ ကြွက်ကို လမ်းမှာပစ်ခဲ့ပြီး  ကျန်ကြွက်နှစ်ကောင်ကိုပဲ အရက်ဆိုင်မှာ ပြန်သွင်းခဲ့တယ် ။ အရက်ဆိုင်ပိုင်ရှင်က အကောင်သေးလို့ ဈေးနှိမ်ပေးတာနဲ့ … ဘကြီးရဲ့ တူလည်း ….  တပြားမှ မပေးနဲ့ အမြည်းလုပ်ဖို့ အလကား ယူထားလိုက်ဆိုပြီး ရွဲ့ကာ ပေးပစ်ခဲ့လိုက်တယ် … ။

ဘကြီးဆီပြန်ရောက်တော့ ဖြစ်ကြောင်းကုန်စင်ပြောပြပြီးတဲ့အခါ … ဘကြီး က ” ဟဲ့ကောင် ကြွက်သေမို့လို့ အန္တရာယ်မပေးနိုင်ဘူးထင်ပြီး ဒီတိုင်းထားခဲ့ရလား ။ ချောက်ထဲ ပစ်ချလိုက်ပေါ့ကွာ ၊ မတော်ကြွက်ပုပ်လျှင် လမ်းသွားလမ်းလာတွေ စိတ်အနှောက်ယှက်ဖြစ်တယ်”ဟုပြောသဖြင့် .  …. သူ ဘာမှ မပြောနိုင်တော့ပဲ သူဧ။် ပေ့ါလျော့မှုများကြောင့် ခေါင်းစိုက်၍သာ နှုတ်ဆိတ်နေမိပါတော့တယ် ……….. ။ ။

51 comments

  • ဗိုက်ကြီး

    June 21, 2012 at 5:02 pm

    သေစေချင်လို့တော့ မဟုတ်နော် ၊ လူကိုဒုက္ခပေးတဲ့ ဟာတွေ အကုန်ရှင်းပြစ်လိုက်ဖို့
    သင့်ပါတယ် ၊ ဆန်လဲကုန်တယ် မြေလဲ လေးပါတယ် ။ ရောဂါလဲပေး ၊ စိတ်ဝေဒနာလဲပေး
    အဆိပ်ခတ်သတ် ရှင်းလိုက်သင့်ပါတယ်ဗျာ ။

    Reply

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 21, 2012 at 10:25 pm

      အနီပေးပါဒယ်

      Reply

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 5:07 pm

    အူးဗိုက်ကြီးနဲ ့ ထပ်တူပါပဲဗျာ…
    အဲ..အဲ…
    လယ်ကြွက်ဆို ကြွပ်နေအောင်ကြော်ပြီး ထန်းရေနဲ ့တော့ တီးချင်သားဗျာ..

    Reply

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 21, 2012 at 10:25 pm

      အနီပေးပါတယ်

      Reply

      • Davit

        June 22, 2012 at 3:22 pm

        အနီဆိုတာ Red Label ကိုပြောဒါလားဗျို့…. ဒါဆိုရင်တော့ ပေးဗျာ ……………..

        Reply

  • water-melon

    June 21, 2012 at 6:17 pm

    ကြွက်ကပ်ကော်သုံးကြည့်ပါလား
    အဲဒါမှမရင် စပါးကြီးမြွေမွေးထားလိုက်
    အကုန်ပြောင်ရော

    Reply

  • nicolus agral

    June 21, 2012 at 6:50 pm

    အကုန်ပြောင်ရော
    လူပါပြောင်ရော
    အေးတာပဲ……:)

    Reply

  • မိုး မင်းသား

    June 21, 2012 at 7:14 pm

    ဒေါ်လေးအိတုန်ရေ

    ကြွက်ကလျှာကိုက်သေတာဖြစ်ပေမပေါ ့………

    ဒါနဲ ့ဖရဲတို ့…အိမ်မှာကော…..

    စပါးကြီးမြွေမွေးထားတာလား…..ဟင်……သားသား….ကြောက်….ကြောက်

    Reply

  • အလင်းဆက်

    June 21, 2012 at 7:22 pm

    ကျွန်တော့်အိမ်မှာတော့
    ဂေါါ်ဇီလာ တစ်ကောင်လောက်မွေးထားချင်တာဗျ ။

    ကျွန်တော် ပျင်းလာရင် အဲဒီကောင်ကြီးနဲ ့ကစားချင်လို ့
    မိုးမင်းသားနဲ ့ ဖရဲလည်း..ဂေါ်ဇီလာ မွေးပြီးရင် လာကစားနော် .။

    Reply

  • မောင်ပေ

    June 21, 2012 at 8:55 pm

    အလို ၊ ဝင်္ကဝုတ္တိ ကြွယ်ဝလှသူ နှမငယ်တုန်တုန်ပါကလား။

    Reply

  • Thel Nu Aye

    June 21, 2012 at 9:28 pm

    ူတုန်တုန်ရေ ဆိုလိုရင်းတော့ရှိမယ်မှတ်တယ်။ ရေးတေးတေးတော့သိသလိုပဲ။ ထင်တာပြောတာပါ။ [:*]

    Reply

  • htoosan

    June 21, 2012 at 9:53 pm

    ရှည်ရှည်ဝေးဝေးတော့မတွေးတတ်ပါ ။ အရက်သမားများသတိထားလော့ ။ ကြုံရာကျဘမ်း ကြွက်များလည်း ဈေးကွက်ဝင် ရောင်းချနေကြောင်းသတိပေးချင်တာလား…..

    Reply

  • htet way

    June 21, 2012 at 10:06 pm

    ကောင်းလိုက်တဲ့ သရော်စာပါလေ။
    အားပေးသွားပါတယ်ခင်ဗျား

    Reply

    • etone

      June 22, 2012 at 1:33 pm

      ဆရာထက်ရေ …. ဆိုလိုရင်းကို နားလည်တယ်ဆိုတာနဲ့ပဲ … အရမ်းကို အားနာမိပါတယ် ။
      ဒါပေမယ့်လည်း …. သေလို့ …သတင်းအမှောင်ချထားတာမျိုး … အက်ရှင်ယူမှုမျိုး မရှိဘူးဆို … ဘယ်ဖြစ်သင့်ပါမလဲ …. ။ တချို့ဆို သေသည့်တိုင်အောင် ဝိဉာဏ်ကိုထောင်ချတာတွေ ရှိတယ် … ။

      Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 21, 2012 at 10:27 pm

    အပေါ်က အကုန်လုံး အနီပေးပါတယ်

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 21, 2012 at 10:28 pm

    အဟမ်းအဟမ်း
    ဒီနေရာမှာ ခင်ဗျားတို့မြင်တတ်ရမှာက

    Reply

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 21, 2012 at 10:29 pm

      ဘာသာရေးရယ် စီပွားရေးရယ်ဆိုတာပါ

      Reply

      • မိုက်ကယ်ဂျော်နီအောင်ပု

        June 21, 2012 at 10:30 pm

        ကျုပ်ရဲ့ကော်မန့်ဟာ
        သိပ်တန်ဘိုးရှိတဲ့အတွက် ဈေးပေါပေါ့နဲ့ မပေးနိုင်ပါဘူး

        Reply

        • မိုက်ကယ်ဂျော်နီအောင်ပု

          June 21, 2012 at 10:33 pm

          ကြွက်တွေရဲ့ သဘာဝရယ်
          ( ကြွက်တွေဟာ တစ်နှစ်မှာ သားပေါက်နှုန်း ခင်ဗျားတို့
          ဂျီးတော်ကြီးထက်ပိုတာရယ်
          အဲ့သည်သတ္တဝါတွေဟာ အစာမစားဘဲနေနိုင်တဲ့ စံချိန်ရယ်
          အဲ့သည်သတ္တဝါတွေ ဖျက်ဆီးနှိုင်မှု့အားရယ်ကို စံချိန်တွေနဲ့
          တွက်ချက်ဂျဘာ )
          ဆက်ရန်

        • မောင်ပေ

          June 21, 2012 at 10:37 pm

          အလွန်အင်မတန် သင့်မြတ်လှကြောင်းပါ ဖလာ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 21, 2012 at 11:23 pm

    ဒီလိုစိပါတယ်ဗျာ ပျော်စေကလက်စေ ဆိုတဲ့သဘောလေးးလည်းစိပါတယ်ဗျာ
    တိုက်ဆိုင်သွားတာပါ ဒီပို့စ်မတိုင်ခင်
    ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီးတော့ ကျနော် ပိုစ့်တစ်ပုတ်ရေးဘို့တောင် ဆင်းစားမိပါတယ်
    ( ထုံးစံအတိုင်း မရေးတတ်လို့ပါ )
    ကျနော့်ဆီမှာ မှတ်တမ်းတစ်ခုစိဘာတယ်
    အားလုံးနားလည်အောင်ပြောပါမယ်
    ကျနော်နေတဲ့ အိမ်မှာလည်း ကြွက်တွေ စိပါတယ်
    ကျနော် တောသားပါ ကြွက်ထောင်တာမခက်ပါ ကြွက်ထောင်ခြောက်နဲ့ထောင်ပါတယ် မိပါတယ်
    ပြဿနာက အရှင်တွေဗျာ
    ဇာတ်လမ်းက အဲ့သည်မှာစပါတယ်
    စီးပွားရေးရယ်
    ဘာသာရေးရယ် ( တစ်နေ့ ကျနော်ရေးပါမည် )
    အကယ်စင်စစ် ကျနော် ဒေါက်တာ ချီးဒုံး ကို အလွန် ဂုဏ်ပြုခြင်ပါသည်
    VOA သတင်းမှာပါတဲ့ စားသုံးဆီ ကိစ္စပါ
    ဘယ်သူမှ အသိမှတ်မပြုတာ ကျနော် အလွန်န် ဝမ်းနည်းမိပါသည်
    မြောင်းထဲက ဆီတွေခပ်နေတဲ့ ပုံကို မှတ်တမ်းတင်နိုင်တဲ့ ဒေါက်တာ ချီးဒုံး ဂို ကျနော် အသိမှတ်ပြုပါသည်
    မှတ်ချက်။ ။ တက်လာသည့် ကော်မန့်များကို အခြေပြီးမှသာ ကျနော် မန်းပါမည်

    Reply

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 1:40 pm

      အနီပြန်ပေးပါတယ်..

      Reply

      • စိန်ဗိုက်ဗိုက်

        June 22, 2012 at 1:43 pm

        ဒီလို စီပါတယ်

        Reply

        • စိန်ဗိုက်ဗိုက်

          June 22, 2012 at 1:45 pm

          ဟုတ်ပါတယ်..
          ကြွက်တွေဟာ ပုလိပ်ရောဂါ..မီးသတ်ရောဂါ..မော်တော်ပီကယ်ရောဂါကို ဖြစ်စေပါတယ်..

  • Oo Oo

    June 21, 2012 at 11:37 pm

    အော်..ကြွက်.. ကြွက်
    အိမ်ပေါ်မှာတွေ့ရင် .. အိမ်ကြွက်
    ခြံထဲမှာတွေ့ရင် .. မြေကြွက်
    လယ်ထဲမှာတွေ့ရင် .. လယ်ကြွက် လို့ခေါ်ရသတဲ့ 😛

    Reply

  • Mလုလင်

    June 22, 2012 at 12:41 am

    ဒီပိုစ့်ကို ပထမ တစ်ခါ ဖတ်တယ် .. တစ်မျိုးတွေးမိတယ်။
    ဒုတိယ တစ်ခါ ထပ်ဖတ်တယ် နောက် တစ်မျိုး ကို ဆိုလိုချင်တာလား လို့ တွေးမိတယ်။
    တတိယ တစ်ခါ ထပ်ဖတ်တယ် နောက် တစ်မျိုးလို့ ထင်လာပြန်တယ် .. etone ရေ အသိအမှတ် ပြုဘာဒယ်။
    လာလာ .. ဟိုလူရီး လာမန်းဂျေ။

    Reply

  • YE YINT HLAING

    June 22, 2012 at 3:15 am

    ကြွက်ကြော်လေး မြည်းသွား ပါတယ်၊ ဒါနဲ့ စကားမစပ် မအိတုံ ရဲ့ ကြောင်လေးလား ? ယုံလေးလား? အဲဒီ အကောင် လေး ငြိမ်အောင် ထိမ်း ပေးပါဦး! လှုပ်တုတ် လှုပ်တုတ် နဲ့ !

    Reply

    • etone

      June 22, 2012 at 4:23 pm

      ကိုရဲရင့်လှိုင်ရေ .. အဲ့ဒါကြောင်ပါ … ။ လက်သီးထိုးတဲ့ ကြောင်လေးပါ …
      အရင်က ငြိမ်တယ် မလှုပ်ဘူး … လှုပ်ချင်တယ်ဆိုလို့ … အစ်မဆူး အီးမေးပြန်ပို့ပြီး လှုပ်အောင် လုပ်ပေးထားတာပါ ။

      ဘယ်လက်သီးကြိုက်လား ..ညာလက်သီးကြိုက်လား … အဟီး … လက်ထဲမှာ သကြားလုံးရှိတယ်လို့ ပြောမလို့ပါ … 😛

      Reply

  • marblecommet

    June 22, 2012 at 4:41 am

    ကျနော်ကတော့
    အလယ်တန်း ခွန်တန်းတုန်းကလား မသိ
    သင်ရတယ်လေ
    ပြွေဆြာ ကြွက်တွေကို ပြွေမှုတ်ပြီး ပင်လယ်ထဲ
    ခေါ်ချသွားတယ်လေ…
    အခုသာအဲ အစွမ်းများရလို့ကတော့
    ကြွက်တွေအကုန်လုံးကို ခေါ်ပီး
    ကြွက်ပေါက်စီ လုပ်ရောင်းပလိုက်မှာ….
    အာဟိ…..
    မအိတုံ အနက်ဝှက်ကို မပေါက်လို့
    စိတ်ကူးပေါက်ရာ ရေးသွားပါကြောင်း…
    ခင်တဲ့
    မောင်ကမ်း…..

    Reply

  • ကြောင်ကြီး

    June 22, 2012 at 8:51 am

    ကြောင်တပ်မဒေါ်ဂျီးလည်း ချီလာဗာဘီ.. ဟတ်ချိုး ဟတ်ချိုး… ကြွက်ကြေးမုံဂျီးဂို ကြောင်ကြီး ခြစ်ဂွင့်ရဗေဒေါ့မယ်…။ 👿

    Reply

  • kyeemite

    June 22, 2012 at 9:09 am

    ကိုအောင်ပု ပြောတဲ့အချက်ထဲမှာ
    မျိုးပွားနှုံးဆိုတာ ကြောက်စရာအကောင်းဆုံးဘဲ..
    သတိထားစရာပါ…စာရေးကောင်း၍ လက်မထောင်သွားပါဂျောင်း..

    Reply

  • pan pan

    June 22, 2012 at 9:21 am

    ကြွက်တွေနော်
    ရှ်ိမှန်းမသိ မရှိမှန်းမသိနဲ့
    တစ်ကောင်စ နှစ်ကောင်စနဲ့
    သိတဲ့အချိန်မှာ ဆွေတစ်ရာမျိုးတစ်ကျိပ်လောက် ဖြစ်နေပြီ
    ကြာရင် အိမ်ပျက်မယ်
    ကြွက်တွင်းတွေအတူးခံရပြီးတော့… 🙁

    Reply

  • mihninlay

    June 22, 2012 at 10:22 am

    စစချင်းဖတ်လိုက်တော့ဒီတိုင်းအတွေ ့အကြုံလေးပဲလို ့ထင်မိတယ်
    ဖတ်ရင်းနဲ ့မှပဲဆိုလိုရင်းကိုမြင်မိတယ်မြင်တဲ့အတိုင်းလဲမှန်မယ်ထင်တာပဲ

    Reply

  • ဘဲဥ

    June 22, 2012 at 10:44 am

    ကြွက်တွင်းဆိုရင် သများကတော့ ဗိုက်ဗိုက်ကိုပဲ ပြေးမြင်နေတယ် 😀

    Reply

  • surmi

    June 22, 2012 at 10:46 am

    သိပခက်နေရင်ပြောပါ
    ကြွက်ဖုတ်စပ်ဟင်း ချက်စားလိုက်မယ်

    Reply

  • same kyaw

    June 22, 2012 at 11:03 am

    ကြွက်တွေကို အမြစ်ပြတ်အောင်မဖြိုခွင်ရင် အိမ်ရှင်နေတဲ့ အိမ်ကိုပါ လဲအောင် မြေကြီးကိုလှိုက်စားပြီး အိမ်ရှင်ကို ဒုက္ခဆိုးဆိုးကြီးပေးလိမ့်မည်။

    Reply

  • may flowers

    June 22, 2012 at 12:31 pm

    အတွေးပါးပါးလေး ရစေတဲ့ပိုစ့်လေးပါ။ အားပေးရင်းဖတ်ရှုရင်း တွေးချင်တာကို တွေးမိသွားပါကြောင်း။

    Reply

  • မှော်ဆရာ

    June 22, 2012 at 1:14 pm

    ပါးပါးလေး ပုတ်သွားပါ့လား … ( ကိုယ့်အထင်)
    ကျွန်တော်ကပဲ ရွေးဖတ်သွားသလား မသိ
    —ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်လို့ ဇောကပ်အသိဉာဏ်ပျောက်တဲ့ ကြွက်သုံးကောင် တိုင်ပင်စရာမလိုပဲ ကြွက်စာနောက်လိုက်ရင်း ကြွက်ထောင်ချောက်မှာ ပူးတွဲမိတော့တာပေါ့ …. ။ —
    — သုံးကောင်ကို ထောင်ချောက်ထဲမိတာနဲ့ … ကြွက်သိုက်ကြီးတစ်ခုလုံးလည်း ခေါင်းတက်နင်းခံရသလို ၊ အမြီး ဖြတ်ခံရသလို …အော်ကာဟစ်ကာလုပ်ပြီး ခြေဦးတည့်ရာပြေးကြပါတော့တယ် ။ —
    —လမ်းမှာတင်တစ်ကောင်က သက်တမ်းစေ့လို့ပဲ သေသလား ၊ ကြောက်စိတ်နဲ့ပဲ သေလေတော့လား … ဒါမှ မဟုတ်တရုပ်ကားတွေထဲကလို လျှာကိုက်ပြီးပဲ သတ်သေလိုက်သလား …. မပြောတတ်တော့ပါဘူး ….–
    —ဖြစ်ကြောင်းကုန်စင်ပြောပြပြီးတဲ့အခါ … ဘကြီး က ” ဟဲ့ကောင် ကြွက်သေမို့လို့ အန္တရာယ်မပေးနိုင်ဘူးထင်ပြီး ဒီတိုင်းထားခဲ့ရလား ။ ချောက်ထဲ ပစ်ချလိုက်ပေါ့ကွာ ၊ မတော်ကြွက်ပုပ်လျှင် လမ်းသွားလမ်းလာတွေ စိတ်အနှောက်ယှက်ဖြစ်တယ်” —

    Reply

  • Ma Ei

    June 22, 2012 at 1:27 pm

    အိတုန်လေးရေ…
    ရေးတတ်ပုံများဖြင့် ကွက်တိကိုဖြစ်လို့…
    သုံးကောင်မက အကုန်မိစေချင်တော့တာပါဘဲ…

    Reply

  • mamanoyar

    June 22, 2012 at 1:49 pm

    ဈေးနှိမ်လို့ အလကားပေးခဲ့တယ်တဲ့
    စိတ်ဓါတ်တော့ ကြိုက်သွားပြီ

    Reply

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    June 22, 2012 at 3:51 pm

    ကြွက်များ ကြွက်တွင်းတူးနေပါသဖြင့် လယ်ကွင်းများ ကိုင်းမြေကွက်များ ပျက်စီး
    နေပါသည်၊
    ကြွက် ဟု အသံကြားမိလျှင် အမွေးစုတ်ဖွားနှင့် အဖြူ ဖြစ်ပါစေ ၊ အမဲ ဖြစ်ပါစေ
    အနော် ပျိုတို့မောင်ကလေး ကြောက်ရွံ့ မိပါသည် ။

    Reply

    • etone

      June 22, 2012 at 4:07 pm

      ဘိုဒူဆာနဲ့ ကော်ပစ်လိုက်ချင်တာ ……. အဲ့ဒီကြွက်တွင်းတွေအားလုံး …. ။
      မုန်းထှာအေ 👿

      Reply

  • ဖွတ်ငပျင်း

    June 22, 2012 at 4:36 pm

    သများလဲ မုန်းတယ်အေ့ ၊
    ( အဟိ ဘာမှန်းမသိ မုန်းပစ်လိုက်တယ် ခိခိ )

    Reply

  • pooch

    June 22, 2012 at 6:30 pm

    ၂ ခေါက်မြောက်ဖတ်ပြီးမှာ ပြောချင်တာ တွေ့သွားတယ်။ ဗရာဗို တုန်တုန်ရေ ။ 😀

    Reply

  • padonmar

    June 22, 2012 at 10:32 pm

    မှော်ဆရာ အပ်ချလောင်းဆို ဖွင့်ပြမှ ဖုံးထားတဲ့ ကြွက်တွေတွေ့တော့တယ်။

    Reply

  • ရဲစည်

    June 22, 2012 at 11:39 pm

    အဲတော့ ကြွက်တွေကိုဘဲ အပြစ်မတင်သင့်ဘူး…
    စောစောစီစီးထဲက အသက်ကြီး ဝါကြီးတဲ့ ဘကြီးက တနေ့ကျရင် ဒီလိုဖြစ်လာမယ်ဆိုတာ သိသင့်တယ်..
    မသိလို့ ခုသိခဲ့ရင်လဲ ပြတ်ပြတ်သားသားနှိမ်းနှင်းသင့်တယ် အပါယ်ကြောက်နေစရာမလိုဘူး
    ထောင်ဖမ်းတော့လဲ ကိစ္စပြတ်မလုပ်ဘဲ မီးခိုးကြွက်လျှောက်ဖြစ်အောင် လုပ်ထားတယ်…….
    ဆိုတော့ အီးတုံးအဘကို ဘကြီးလို့ခေါ်မဲ့အစား ဘငပျော့လို့ ပြောင်းခေါ်ရမလို ဖြစ်နေပီ…. 🙁
    နောက်တခုက ဘပျော့တူ အူးလေးငတုံး သတ်ရင်သတ် မသတ်ရင်လဲ ချောင်းထဲမြောပလိုက်ရမှာ အရက်ဆိုင်ကို ဒွတ်ခသွားပေးတယ် ဟိုက အလကားတောင် လိုလိုချင်ချင် ယူတာမဟုတ်ဘူး…….ဒီတော့ အီးတုံးတို့ အမျိုးတွေထဲမှာ အီးတုံးကလွဲလို့ တော်တော်များများက ညံ့ကြတယ်လို့ဘဲ ဆိုရမှာဘဲ ……ဆိုလိုရမှာဘဲပေါ့နော… 🙂

    သဘောထားတင်းမာသူ
    အိုင်းယွန်းရှက်ကီမင်န်း(ခ)မာဂရဲ သွက်ချာစီ

    Reply

    • etone

      June 23, 2012 at 10:42 am

      ကိုရဲစည်ရယ် ….
      အကျိုးမြတ်ကိုမြင်လျှင် လောဘတတ်လာတတ်ကြတဲ့ လူ့သဘာဝ … အတွေးခေါ်ကောင်းတဲ့ လူတွေမှာတင်မဟုတ်ပဲ .. တစ်ထွာတစ်မိုက်ပဲ တွေးတတ်တဲ့ တိရိစာ္ဆန်တွေမှာပါ ရှိနေတဲ့အကြောင်း သိစေချင်လို့ပါ … ။

      ရေခံမြေခံကောင်းလေးကို ပိုင်ဆိုင်ထားရတဲ့ ဘကြီးကတော့ …တနေ့ ဒီလိုဖြစ်လာမယ်ဆိုတာ သိပေမယ့် … လူကြီးတန်မဲ့.. အကုသိုလ်လုပ်တယ် အပြောခံရမှာစိုးလို့ တဖက်လှည့်နဲ့ နေတာပဲ ဖြစ်ရမယ် … ။ ဘကြီးတူကတော့ … အရက်ဆိုင်ကို ဟိုနှစ်ကောင်ပို့ပေမယ့် … ဟိုနှစ်ကောင်မှာလည်း … ခုနှစ်ရက်အတွင်း .. အဲ အဲ .. မသတ်သေးခင်အတွင်း လွတ်ခွင့်ရှိတယ် … ။

      သတင်းဆိုတာ အစမှာသာ လူစိတ်ဝင်စားမှု မြင့်မားနေတတ်တာမျိုး ….. နောက်ဆုံးသတ်ဘယ်လို လည်း ဂဃနဏ မသိပဲ အဆုံးသတ်သွားတဲ့ သတင်းမျိုးတွေကို …. သရော်စာရေးလိုက်တာပါ ။

      Reply

  • htoosan

    June 23, 2012 at 7:05 am

    မှော်ဆရာ လက်ထောက်ချလို့ သိမှဘဲ ပြန်ဖတ်တော့ ပိုပြီးခံစားလို့ကောင်းတော့တယ် ..
    တော်တော် တုန်းတဲ့ ငါပါလားလို့ .. 😀
    ဘင်လာဒင် လို မြန်မြန်ဖျောက်လိုက် တာဆိုရင်ကော..

    Reply

  • snow white

    July 8, 2012 at 7:05 pm

    မမအိရေ မမအိစာလေးကိုဖတ်ရင်း စိတ်ဝင်စားသွားတာ အလုပ်မှာဆူခံထိပြီ ခေါ်တာမကြားလု့ိဆူခံလိုက်ရပြီ အဲ့လောက်ထိတောင် အားပေးနေပါတယ်နော် ကြိုးစားပါ …

    Reply

  • ကြောင်လေး

    July 8, 2012 at 7:28 pm

    ဪ..အဲဒီကြွက် အလကားပေးခဲ့မဲ့အတူတူ ဟောဒီရွာထဲကကြောင်တွေကိုချကျွေးလိုက်ရင် ကုသိုလ်တော်တော်ရမှာ

    Reply

Leave a Reply

Your email address will not be published.