အမည်မသိဆီတွေ သတိထားပါတဲ့

kalinkJune 21, 20121min010

စားသုံးဆီတွေနဲ့ ပက်သက်ပြီး ကျန်းမာရေးအရ မစားသုံးသင့်တဲ့ဆီများကို  သတိထားဖို့လိုပါတယ်လို့ ဒီနေ့သတင်းစာမှာ ရေးထားပါတယ်။
အခုအခါမှာ အသုံးပြုပြီး စားသုံးဆီများကို ပြန်လည် ပုံပြောင်းပြီး  ဖြန့်ဖြူးရောင်းချမှုများရှိနေလို့ အခုလို သတိပေးတာဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တဖက်နိုင်ငံက ဝင်လာတဲ့ဆီတွေကို စစ်ဆေးကြည့်ရာမှာ အဲဒီလိုတွေ့ရတာပါတဲ့။
ရှမ်းပြည်မြောက်ပိုင်းဆိုတော့ တရုတ်နိုင်ငံဘက်က သွင်းလာတဲ့ဆီတွေကို ရည်ရွယ်ဟန်တူပါတယ်။
ထိုင်းနိုင်ငံမှာတော့ အပေါ်ပုံမှာ တွေ့ရတဲ့အတိုင်း စားသုံးဆီဆိုတာတွေကို အိတ်နဲ့ထုပ်ရောင်းနေပါတယ်။ တချို့အိတ်တွေက တံဆိပ်ပါသလို တချို့ကတော့ ဘာတံဆိပ်မှ မပါပါဘူး။

သတင်းအဆုံးပိုင်းမှာ အမည်မသိ ဆီများကို သတိထားပါလို့ ဖော်ပြထားပါတယ်။ တံဆိပ်မပါတဲ့ဆီများကို ရည်ရွယ်လိုဟန်တူပါတယ်။
တံဆိပ်မပါရင် အရောင်းအဝယ် မလုပ်နဲ့၊ ဘယ်တံဆိပ်တွေက စိတ်ချရတယ် ဆိုတဲ့ အခြေအနေကို ဘယ်တော့ရောက်မယ်ဆိုတာတော့ မသိရပါဘူး။

ုမြန်မာပြည်ထက် ခေတ်ရှေ့ပြေးပြီး ပြည်သူ့ကျန်းမာရေးကို ဂရုစိုက်တဲ့ ထိုင်းနိုင်ငံမှာတောင် တံဆိပ်မပါ အာမခံချက်မပါတဲ့ ဆီတွေကို ရောင်းချနေကြပါတယ်။

 

 

10 comments

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 2:59 pm

    ကိုယ်တိုင်ရေးမဟုတ်ရင် Credit လေးပေးလိုက်ပါဗျာ..
    ဒီမှာနဲ ့ ခေါင်းစဉ်ပါ ချွတ်စွတ်တူနေလို ့ပါ….
    စိတ်မရှိပါနဲ ့..
    ကျေးဇူးပါ..ဗျား..
    http://blog.irrawaddy.org/2012/06/blog-post_3200.html

    Reply

  • etone

    June 21, 2012 at 4:18 pm

    http://myanmargazette.net/129766 အမှိုက်ကရွှေဖြစ်မဖြစ်တော့ မသေချာ ၊မြောင်းကိုမှီပြီး ဆီထုတ်လို့ ရသတဲ့ … ဆိုတဲ့ ထဲက လို ဆီတွေများလား မသိဘူး …… ။
    တရုတ်ကပေါက်ကရသာ လျှောက်လုပ်တာ …သူတို့ နိုင်ငံတွင်းကျတော့ မဖြန့်ပဲ ….. ဒီဘက်ကိုချည်း အတင်း တွန်း လွှတ်နေတယ် … နောက်ဆို ရေလုံပြုတ်ပဲ စားရတော့မယ်ထင်ပါရဲ့ 🙁

    Reply

    • ချစ်ရင်ထူးနှစ်

      June 22, 2012 at 10:34 am

      အမည်မသိဆီ ဆိုတော့ လန့်သွားတာပဲ .. ကျွန်တော်တော့ အာမခံ ပါတဲ့ ဆီကိုပဲ စားပါတယ်.. ဆီကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့ သတင်းတွေက အများကြီးလေ ..

      Reply

  • the best

    June 21, 2012 at 5:32 pm

    ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးနှိုးဆော်ပြီးရင် အပြစ်ပေးအရေးယူဖို ့
    သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ ့အစည်းနဲ ့ လက်တွဲဆောင်ရွက်သင့်ပါတယ်။

    ဆေးဝါးနဲ ့အစားအစာတွေ အခုလိုသတိပေးတာတွေ သတင်းစာမှာ အမြဲဖတ်ရပါတယ်။
    ဒီပစ္စည်းတွေ ဈေးကွက်ထဲမှာ လိုသလောက်ဝယ်လို ့ရနေမှတော့
    ဒီလိုသတိပေးနှိုးဆော်တာ ဘာထိရောက်သလဲဆိုတာ ပြန်သုံးသပ်သင့်ပါတယ်။

    အထင်ရှားဆုံးပြရရင် တိုင်းရင်းဆေးတွေ အမှတ်တံဆိပ်ဖေါ်ပြပြီး
    အများပြည်သူမသုံးသင့်ကြောင်းသတင်းစာမှာပါလာတယ်။

    နောက်နှစ်လည်း ဒီအမှတ်တံဆိပ်ကို အများပြည်သူမသုံးသင့်ကြောင်း သတင်းစာမှာ ထပ်ပါလာပြန်တယ်။

    အခု စားသုံးဆီတွေနဲ့ ပက်သက်ပြီး အသိပေးနှိုးဆော် ပြီးပြီ။
    ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ ့တာဝန်ကျေပြီလား။
    တစ်တိုင်း တစ်ပြည်လုံးကို အညွန် ့တုံးစေမဲ့ အန္တရယ်ကို ပေါ့ပေ့ါဆဆ မလုပ်သင့်ပါဘူး။

    ဘိန်းစစ်ပွဲ ကြောင့်မြန်မာတွေအထိနာခဲ့တဲ့ သင်ခန်းစာကို နမူနာယူပါ။
    အခုလို ဆေးဝါး၊ အစားအသောက်နဲ ့စစ်ခင်းနေပြီ။

    “ မြန်မာတစ်မျိုးသားလုံးကိုအညွန် ့တုံးစေမဲ့ အန္တရယ်ကို
    အမျိုးသားရေးသတိနဲ ့ဝိုင်းဝန်းကာကွယ်ပေးသင့်ပါကြောင်း
    ကျန်းမာရေး ဝန်ကြီးဌာနကို ပြန်လည်အသိပေးနှိုးဆော် လိုက်ပါတယ်။”

    အောက်ပါ ပို ့(စ်) ကိုတွဲဖက် ဖတ်စေလိုပါတယ်။
    http://myanmargazette.net/131866

    Reply

  • Thel Nu Aye

    June 21, 2012 at 9:59 pm

    အောင်မယ်လေးနေ့ခင်းကပိုစ့်မှာလဲအစားအသောက်တွေထဲမှာ ဓါတုပစ္စည်းတွေသုံးတယ်ဆိုပြီးတော့ အခုလဲဆီကဘာတွေ မှန်းမသိဘူးတဲ့။ ကြောက်စရာကြီးတွေဖြစ်ကုန်ပြီ။ ရေလုံပြုတ်တောင် အသီးတွေ အသားတွေကစိတ်မချ ရတော့ဘူး ဆိုတော့ကာ အမငီး သူများတို့ဘာစားရတော့မှာလဲ။ [:-((]

    Reply

  • ဖိုးထောင်

    June 22, 2012 at 5:18 pm

    ဆီဆိုရင်တော့ စိတ်မဝင်စားဘူး အရက်ဆိုစိတ်ဝင်စားတယ် ဒါပဲ

    Reply

Leave a Reply

Your email address will not be published.