အခွန်ဆောင်ပြီးမှ လုပ်ငန်းလိုင်စင်ထုတ်ပေးမည်

klnJune 25, 20101min02

သည်နှစ်ပိုင်းကစပြီး လုပ်ငန်းလိုင်စင်အသစ်လုပ်သူတွေရော သက်တမ်းတိုးသူတွေပါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ လိုင်စင်ထုတ်ပေးကြောင်း သိရသည်။ ရန်ကုန်စည်ပင်သာယာရေး ကော်မတီရဲ့ အကူအညီပူးပေါင်းမှုနှင့် အခွန်ကင်းလွတ်တိမ်းရှောင်မှု လျော့နည်းပပျောက်ပြီး ကြွေးကျန်တွေရဖို့အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ လုပ်ငန်းလိုင်စင်အသစ်ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာတွေ ဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။ လုပ်ငန်းအသစ်လုပ်မယ့်သူတွေအနေနဲ့လည်း ရှေ့နှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်ပေးဆောင်ပြီး လုပ်ငန်းလိုင်စင် ဆောင်ရွက်နိုင်ပါတယ်။ ကြိုတင်ခွန်ဆောင်တဲ့အခါ အမြတ်အစွန်းကို ခန့်မှန်းပေးသွင်းနို်င်ပြီး ကုန်သွယ်လုပ်ငန်းခွန်ကိုတော့ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်နှုန်းအတိုင်း ပေးသွင်းရမှာပါ။ ကြိုတင်ခွန်ကို အရစ်ကျစနစ်နဲ့ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စသည်ဖြင့် ခွဲပြီးပေးသွင်းနိုင်ပါတယ်။ သက်ဆိုင်ရာအခွန်ရုံးတွေမှာ အခွန်ပေးသွင်းပြီးကြောင်း အထောက်အထားပါမှ ရန်ကုန်စည်ပင်သာယာရေးကော်မတီ စီမံရေးရာမှ လုပ်ငန်းလိုင်စင်ထုတ်ပေးမှာဖြစ်ပါတယ်။ အခွန်ဆောင်တဲ့အခါ လုပ်ငန်းလုပ်ကိုင်သူတိုင်း လိုင်စင်ယူရတဲ့ လုပ်ငန်းအားလုံးပါဝင်ပါတယ်။ အခွန်ဆောင်ရာမှာ အမြတ်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် နှစ်မျိုးပေးဆောင်ရမှာ ဖြစ်တယ်။ တချို့လုပ်ငန်းတွေက အမြတ်ခွန်တစ်မျိုးတည်း ပေးဆောင်ရတာလည်းရှိတယ်။ အဲသည်လုပ်ငန်းတွေက ဘာသာရပ်ဆိုင်ရာ ကျူရှင်၊ သင်တန်း စတာတွေ၊ လက်ခစားသက်သက်ဆောင်ရွက်တဲ့လုပ်ငန်း၊ ဆန်စက်၊ ဆီစက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အမြတ်ခွန်က တစ်နှစ်လုံးအမြတ်ကျပ်သုံးသိန်းနဲ့အထက်ဆိုရင် ၅၀% ပေးဆောင်ရမှာပါ။ ကုန်သွယ်လုပ်ငန်းခွန်က လုပ်ငန်းအမျိုးအစားအလိုက် အနည်းဆုံး ၅% ပေးဆောင်ရမှာဖြစ်ပါတယ်။

2 comments

  • yannaingech

    June 25, 2010 at 7:01 am

    ဘာ…အမြတ်ခွန်က ၅၀% ဟုတ်လား။ လွန်လှချည်လားဗျ။ ကျုုပ်တို့မှာ ချွေးနဲ့သွေးနဲ့ အပင်ပန်းခံရှာထားရတာကို ခင်ဗျားတို့ကို တစ်ဝက်လာကန်တော့ရမှာလား။

    Reply

  • chitsayar

    June 26, 2010 at 7:15 pm

    အခွန်ဆောင်ခိုင်းနေတာ ကန်တော့ခိုင်းနေတာမဟုတ်ဘူး
    ့မြန်မာစာမတတ်ဘူးလား?

    Reply

Leave a Reply

Your email address will not be published.