အဝေးဆုံးကမ္ဘာမှာ နင်နဲ့ငါ………….. ဇာတ်သိမ်း

mamanoyarJune 21, 20121min018
  • ငါ။      ။  အချိန်တွေ ကြာလာတာနဲ့အမျှ ဆရာလေး ရဲ့ ဂရုစိုက်မှု သိတတ်မှု လူတိုင်းအပေါ် လေးလေးစားစား ဆက်ဆံတတ်တဲ့ အပြုအမှုတွေကို ငါလေးစားတတ်လာတယ်။ သူရှိနေရင် ငါ့ရင်ထဲက အားငယ်စိတ်တွေ သက်သာသလိုခံစားရတယ်။
  • ငါ။      ။ တစ်နေ့ ငါထင်တဲ့အတိုင်း ဆရာလေးငါ့ကို မေတ္တာရှိနေတဲ့အကြောင်း ဖွင့်ပြောခဲ့တယ်။ ငါမငြင်းမိဘူး။ စဉ်းစားပါရစေလို့ ပါးစပ်ကအလိုလို ထွက်ပြီးသားဖြစ်နေတယ်။ ငါ့အပေါ် ပျော်ရွှင်မှုတွေ ပေးခဲ့တဲ့သူ့ကို နာကျင်စရာတွေ ထပ်မပေးချင်ဘူး။ သူ့ကိုငါပျော်စေချင်တယ်
  • ငါ။      ။ ငါ့ဘဝမှာ မရဘူးခဲ့တဲ့ ပျော်ရွှင်မှုတွေ သူ့ဆီကရခဲ့သလို ငါကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလဲ သူဖြေရှင်းပေးနိုင်ခဲ့တယ်။ ငါသူ့ကို အရမ်းလဲအားကိုးမိတယ်။ နယ်မှာတာဝန်ကျနေတဲ့ ဆရာမတစ်ယောက်အနေနဲ့ မိဝေးဖဝေးနေရာမှာ သူ့လိုကူညီတတ်ပြီး အခွင့်အရေးမယူတတ်တဲ့သူ့ကို ပိုပြီးလေးစားတယ်။
  • ငါ။      ။ သူ့ကို ငါ့ဘဝလက်တွဲဖော်အဖြစ် ရွှေးချယ်ဖို့ အားလုံးကသဘောတူသလို ငါလဲဆုံးဖြတ်လိုက်မိတယ်။ တစ်နေ့ မမျှော်လင့်ပဲ ငါတို့ရွာလေးကို နင်ရောက်လာခဲ့တယ်။ နင့်ကိုမြင်လိုက်ရတော့ ငါအရမ်းအံ့ဩမိတယ်။ ငါ နင့်ကိုဆရာလေးက ငါ့ချစ်သူပါလို့ မိတ်ဆက်ပေးတော့ နင့်မျက်နှာ သိသိသာသာ ပျက်သွားခဲ့တယ်နော်။
  • ငါ။      ။ ငါနဲ့နင် သူငယ်ချင်းနှစ်ယောက် စကားပြောဖို့ ဆရာလေး ရှောင်ပေးတော့ နင့်ရင်ထဲမှာ ပြောစရာတွေ ရှိနေတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် နင်မပြောသလို ငါလည်းမမေးပါဘူး ငါဘာကိုမှ မသိချင်တော့ဘူး။ ဆရာလေးအပေါ်မှာ ငါသစ္စာ မမဲ့ချင်ဘူး။
  • နင်။     ။ နင်ဘယ်မှာရှိတယ်ဆိုတာ ငါ့သူငယ်ချင်း တစ်ယောက်ဆီက သိလိုက်ရတဲ့အချိန် နင်ရှိရာနေရာကို မျှော်လင့်ချက်ကြီးစွာနဲ့ ငါရောက်လာခဲ့ပေမယ့် အရာအားလုံးက နောက်ကျသွားခဲ့ပါပြီ။ နင်ပြောင်းလဲသွားလိုက်တာဟာ ဆရာမဝတ်စုံလေးနဲ့ တစ်မျိုးကျက်သရေရှိ နေသလိုပဲ။ ငါနင့်ကိုဆုံးရှုံးလိုက်ရပြီ ဆိုတာသိလိုက်ရတဲ့အချိန် ငါ့ရင်ထဲ ပြောမပြတတ်လောက်အောင် ငါခံစားခဲ့ရတယ်။
  • နင်။     ။ နင်ပြောခဲ့တဲ့စကားတွေကိုလဲ ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး “ဆရာလေးက ငါ့ချစ်သူလေ ငါ့ဘဝလက်တွဲဖော်အဖြစ် ရွှေးချယ်ထားတဲ့သူပေါ့ မကြာခင်ပဲ ငါတို့လက်ထပ်ဖြစ်လိမ့်မယ် ငါတို့မင်္ဂလာပွဲမှာ နင်ရှိနေချင်တယ်။”
  • နင်။     ။ ဟုတ်ပါတယ် နင်ပြောသလို ဆရာလေးက နင့်ဘဝကို ပျော်ရွှင်မှုတွေ ပေးခဲ့ပေမယ့် ငါကတော့ နင့်အတွက်ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ ဒါကလဲ ငါ့အတွက် ကံဆိုးခြင်း အရာတစ်ခုပါပဲဟာ။ တကယ်တော့ ငါလာခဲ့တာ နင့်ကိုအရမ်းချစ်တဲ့အကြောင်း၊ နင်သာ ငါ့အချစ်ကိုလက်ခံမယ်ဆို ငါဘာမဆို ရင်ဆိုင်ပြီး ပျော်ရွှင်မှုတွေ ပေးမယ်။ နောက်တစ်ခုက နင်ငါ့ကြောင့် ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး။ ဒါပေမယ့် ဒီစကားတွေကို ငါ့ရင်ထဲမှာပဲ ပြောပြီး ငါပြန်လာခဲ့ရတယ်။
  • နင်။     ။ တစ်ကယ်တော့ ငါနဲ့ပိုးလဲ နင်မရှိတဲ့နောက်ပိုင်း 5 လလောက်အကြာမှာပဲ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာပါ။ ပိုးကလဲ ငါသူ့ကို နင့်လောက်မချစ်ဘူးဆိုတာ သိသွားခဲ့တယ်။ ငါလဲအမှန်အတိုင်း ဖွင့်ပြောလိုက်မိတယ်။ ပိုးအတွက် ငါစိတ်မကောင်းပါဘူး။ ငါလဲအရမ်းခံစားနေရတယ်။
  • နင်။     ။ တောင်းပန်ပါတယ်သူငယ်ချင်းရယ် ငါအရမ်းချစ်ရတဲ့ နင့်ရဲ့မင်္ဂလာပွဲကို ငါမလာနိုင်ခဲ့တာပေါ့။ ငါဒီမှာလဲမနေချင်တော့ဘူး ငါနိုင်ငံခြားကို ထွက်သွားတော့မယ်။ နင်ပျော်ရွှင်ပါစေဟာ ငါနှုတ်ဆက်ခဲ့ပါတယ်။
  • နင်။     ။ တိုက်တိုက်ဆိုင်ဆိုင်ပဲနော် နင်မင်္ဂလာဆောင်တဲ့ နေ့မှာပဲ ငါချစ်တဲ့နင့်ကို ထားပြီး နင်နဲ့ဝေးရာ နိုင်ငံခြားကို ငါထွက်သွားခဲ့ရပြီ။
  • ငါ+နင်။          ။ တစ်ကယ်တော့ နင်နဲ့ငါဟာ ပေါင်းစည်းလို့မရတဲ့ အဝေးဆုံးကမ္ဘာကို ရောက်သွားခဲ့ကြပါပြီဟာ………….။

ပြီးပါပြီ

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

18 comments

  • htet way

    June 21, 2012 at 12:16 pm

    နင်နဲ့ငါ …..ငါနဲ့ နင်
    ဘဘတို့က ခံစားလို့မရတော့ ပေမယ့် ဇာတ်လမ်းလေးကို ဖတ်လိုက်ပါတယ်
    ငါနဲ့ နင် ..နင်နဲ့ငါ ..
    ငါနဲ့ နင် ..နင်နဲ့ငါ ..

    Reply

  • မောင်ပေ

    June 21, 2012 at 12:33 pm

    တစ်ကယ်တမ်းတော့
    နိုရာ နဲ ့မောင်ပေ ဟာ
    ဂေဇက် ရွာသူ နဲ ့ရွာသား တွေဘာကွယ်။

    Reply

  • မမ အညာသူ

    June 21, 2012 at 12:48 pm

    ကောင်းပါတယ်………
    ဇာတ်လမ်းလေးရောဇာတ်သမ်းလေးရောပေါ့…

    Reply

  • mamanoyar

    June 21, 2012 at 12:54 pm

    ကျေးဇူးပါ မမညာသူရယ်

    Reply

  • we R one

    June 21, 2012 at 1:07 pm

    ချစ်တဲ့ သူနဲ ကွေကွင်းရတဲ့ ဒုက္ခ!
    သိပ်ဆိုးပါတယ်..။ ကို်ယ့်ကိုပဲ အမြဲတမ်းချစ်နေလိမ့်မယ်လို့ ထင်ပြီးခါမှ ကိုယ့်ထက်ချစ်တဲ့ သူ နောက်တစ်ယောက် ရှိနေတယ်လို့ သိလိုက်ရတဲ့ အချိန်မှာ… အဲလို ခံစားချက်မျိုး….။ တစ်သက်လုံး ကိုယ်တစ်ယောက်တည်းပဲ နေရတော့ မယ်လို့ သိလိုက်ရတဲ့ ခံစားချက်မျိုး.. ကို ဘယ်လို စကားလုံးမျိုးနဲ ရေပြ ရပါ့မလဲနော့….။
    ဥပမာ.. ကိုယ့်ချစ်သူက ဒီလို စကားလုံးတွေမျိုးပြောလာရင်..
    ” မင်းအထုတ်ဆွဲပြီး သွာချင်တဲ့ နေရာသာသွားလိုက်တော့”
    ” သူနဲ စကားပြောရတာ ပျော်သလောက် နင်နဲ ဆို သိပ်စိရှုပ်တာပဲ”
    “နင်နဲတွေ့ရမှာ တောင် ငါကြောက်နေတယ်.”
    ” ငါသူ့ ကို အရမ်းချစ်မိနေပြီ”
    ဘယ်လို နှလုံးမျိုးနဲ ပြုံးပြုံးလေး နားထောင် နိုင်မလဲ.. 🙁

    Reply

    • mamanoyar

      June 21, 2012 at 2:42 pm

      we R one ရယ်
      တွေးပြီး ပူတတ်လိုက်တာ

      Reply

      • we R one

        June 21, 2012 at 4:27 pm

        တွေးပြီး ပူတတ်တာ မဟုတ်ပါဘူး မမ နိုရာရယ်….။ ပူနေတာရှင့်!

        Reply

  • မဂွတ် ထော်

    June 21, 2012 at 1:40 pm

    Very Very Good ပါတယ် ရှင်
    အားပေးသွားပါတယ်..

    Reply

  • မွန်မွန်

    June 21, 2012 at 3:20 pm

    ဖြစ်စေချင်တဲ့အတိုင်း ဇာတ်သိမ်းပေးထားလို့ ကျေးဇူးတင်ပါတယ်။
    ခံစားချက်ချင်းတိုက်ဆိုင်တဲ့အတွက် မွန်မွန်ဆိုရင်လည်း ဆရာလေးကိုပဲ ရွေးမိမှာပါ…
    ဆက်ရေးပါဦးနော်….

    Reply

  • ညလေး

    June 21, 2012 at 3:34 pm

    အဆုံးမလှတဲ….ချစ်ဇတ်လမ်းလေးပါလား….
    ဒါပေမယ့်ဖြစ်သင့်ပါတယ်……
    နင်ကငါ့ကို….
    အရမ်းကောင်းတဲ.ဇတ်လမ်းလေးပါ..မမနိုရာ…..
    အားပေးရင်း……အကြီးဆုံးလက်မလေးထောင်သွားပါတယ်။

    Reply

    • mamanoyar

      June 21, 2012 at 4:27 pm

      လက်မလေးထောင်သွားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်
      ညလေးရယ်

      Reply

  • အရင့်ရောင်

    June 21, 2012 at 3:47 pm

    နင်ရန်ဖြစ်ရင် နင့်ဘက်ကဖက်သတ်ပေးမယ်
    နင်စိတ်ဆိုးရင် လေပြေထိုးမယ်..
    နင်ဖဲချရင် ဖဲခိုးပေးမယ်
    နင်မောက်မာရင် ထိုင်ကန်တော့မယ်….
    အေး!
    သစ္စာဖောက်ရင်တော့.. လမ်းကြိတ်စက်နဲ့တက်ကြိတ် လိုက်မယ်..။

    Reply

    • မဂွတ် ထော်

      June 21, 2012 at 3:51 pm

      အမလေးလေး ….အစိတ်ရှော့

      Reply

  • ရှင်းသန့် နွယ်

    June 21, 2012 at 4:12 pm

    ကောင်းပါတယ်
    ဆရာလေးကိုရွေးချယ်လိုက်တာမမှားပါဘူး
    “နင်”ကိုတကယ်ချစ်ခဲ့တာမဟုတ်လို့
    ဆရာလေးကိုရွေးချယ်နိုင်တာလို့ထင်တယ်
    ထင်တာကိုပြောပြတာနော်
    မမနိုရာ…..ဆက်လက်အားပေးနေမယ်နော်

    Reply

    • we R one

      June 21, 2012 at 4:32 pm

      ရှင်းသန့်နွယ်ပြောတာ ဖြစ်နိုင်တယ်..။ “နင်” ကို သာ တကယ်ချစ်ရင်.. ဆရာလေး အပေါ်မှာ သစ္စာရှိပြီး.. ကိုယ်အရမ်းချစ်ရတဲ့ သူ ခံစားနေတာ ကို တစ်သက်လုံကြည့်နိုင်မလားနော်..။ ကျွန်မ သာဆို အဲလို လုပ်နိုင်မယ် မထင်ဘူး.။ ဆရာလေးက ကိုယ့်ကို အရမ်းချစ်တဲ့ သူတစ်ယောက် ကိုယ့်အပေါ်အရမ်းကောင်းတဲ့ သူတစ်ယောက် အနေနဲ အားနာမိပေမဲ့ ကိုယ်တကယ်ချစ်တဲ့ “နင်” ကိုတော့ တစ်သက်လုံး စိတ်ဆင်းရဲ ခံပြီး ပစ်သွားနိုင်မယ် မထင်ပါ..

      Reply

  • mamanoyar

    June 21, 2012 at 4:39 pm

    ရှင်းသန့်နဲ့we R one ပြောတာ မှန်ပါတယ်
    ဒါပေမယ့် လွမ်းတာရှိရင် နာတာနဲ့ဖြေဆိုသလို
    ဖြေခဲ့ရတာပေါ့

    Reply

    • mamanoyar

      June 23, 2012 at 7:50 pm

      စိုင်းစိုင်းသီချင်းက ဘယ်လိုလေးလဲ ကိုသားဦး၊မြေးဦးရဲ့

      Reply

Leave a Reply

Your email address will not be published.