စရှိနောက်နောင်

မောင် ပေJune 20, 20121min058

မြန်မာစကားမှာ လူတွေပြောလေ့ရှိတဲ့ စကားတစ်ခုရှိပါတယ်….
“ စရှိနောက်နောင် ” … တဲ့
စ = အစ
ရှိ = ရှိသည်
နောက်နောင် = နောက်ပိုင်းအချိန် ၊ နောင်အခါ
အဲ့လို မီးနင်းပြန်ကြည့်ရအောင် ။
ဥမပါ အနေနဲ ့ဆိုရင်
မန်းဂေဇက် ပိုင်ရှင်သဂျီး အူးကိုင် ကို ပြရမှာဘဲ.. စာလုံးပေါင်းမှားသွားတယ်ဗျာ ၊ ဥပမာ လို ့ပြင်ဖတ်ပေးကြပါနော…
ဒီလို..
စ = လက်ရှိရခိုင်အရေးအခင်းနဲ ့ပတ်သက်ပြီး မငြိမ်သက်သေးတဲ့အချိန်မှာ ၊ ပိုပြီးပွဲဆူနိုင်မယ့် ပို ့စ်မျိုးကို အောင်လ တို ့အေးဝတီကြီးတို ့ကို ပေးတင်တယ်
ရှိ = အဆဲကွန်မင့်တွေ ၊ မြန်မာတွေကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ကိုပါ စော်ကားလာတဲ့ ကွန်မင့်မျိုးတွေ ပါလာပေမယ့် မဖျက်ဘဲပစ်ထားတော့ ၊ ရှိနေတုန်း
နောက်နောင် = ဆိုက်ပိုင်ရှင်ကတောင် မစီစစ်ဘူး ၊ ခွင့်ပြုတဲ့ပုံမျိုးဖြစ်နေတော့ ၊ စာလာဖတ်ကြတဲ့ မြန်မာအားလုံး နဲ ့မြန်မာနိုင်ငံသား မြန်မာတွေကို ပိုးစိုးပက်စက်စော်ကားထားတဲ့ ပို ့စ်တွေ ထပ်တင်လာတယ် ။
“စရှိနောက်နောင်” အဲဒါပြီးတော့ ၊ ဂေဇက်ကို စာဖတ်ချင်လို ့လာတဲ့လူတွေလဲ စိတ်ညစ် ဒေါသဖြစ်ရ ၊ စာရေးဖို ့လာတဲ့လူတွေမှာလဲ စိတ်ညစ်ပြီး စာရေးချင်စိတ်ပျောက် ။
ကျုပ်ကတော့ အဲ့ပို ့စ်တွေကို ဘာများပါလိမ့်ဆိုပြီး ဝင်ဝင်ဖတ်ဖြစ်တယ် ။ ပြီးရင်ဒေါသဖြစ်ရရော ၊ ကျုပ်ဂေဇက်ကို စာရေးဖို ့လာခဲ့တာဖြစ်ပေမယ့် ရေးချင်စိတ်ပျောက်ရတယ် ။ ဒါဟာ သက်သက်မဲ့ သွေးဆူအောင် ၊ ဂေဇက်ဆိုက်ထဲမှာတင် မက အပြင်မှာပါ ပြဿနာမဖြစ်ဖြစ်အောင် သွေးထိုးနေတဲ့ ပို ့စ်တွေပါဘဲ ။
ဆိုတော့ဗျာ… ဂေဇက်က ခင်မင်လေးစားရတဲ့ ညီအစ်ကိုမောင်နှမတွေ ကို တစ်ခု မေတ္တာရပ်ခံချင်ပါတယ်ဗျာ ။
အဲဒီလိုပို ့စ်တွေဆိုရင် ဖတ်ရုံဘဲ ဖတ်ကြပါ ။ ကွန်မင့်မပေးကြပါနဲ ့လို ့.. လေးစားစွာဖြင့် ပြောခွင့်ပြုပါနော ။
ဟိုးတုန်းက မန်းဂေဇက်မှာ ကွန်မင့်မရှိတဲ့ ပို ့စ်ဆိုရင် အော်တို ဖျက်မယ်လို ့သိခဲ့ရဘူးတယ် ။ ဘာကွန်မင့်မှ မပေးဘဲနေလိုက်ရင် ပျက်သွားမယ် ထင်ပါတယ် ။ နောက်ပြီး ကွန်မင့်မရှိတဲ့ ပို ့စ် ဆိုရင် ၊ စာဖတ်သူကလဲ စိတ်ဝင်စားမှု နဲပါတယ် ။
(အမှန်က ဒီလို အရမ်းတိုလွန်းတဲ့ စာမျိုးက ဖိုရမ်မှာဘဲ တင်သင့်တာပါ ၊ ဂေဇက်ဝင်တွေရဲ ့သဘောထားကို သိချင်မိလို ့ပို ့စ်အဖြစ်တင်လိုက်တာကို နားလည်ပေးတော်မူကြပါခင်ဗျား)
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

58 comments

  • water-melon

    June 20, 2012 at 1:22 pm

    မှန်ပါ့တော့် မှန်ပါ့တော့်
    အားတိုင်းယားတိုင်း ဝင်
    တက်ချင်တဲ့ပို့စ်ကတက်
    ဘာတွေမှန်းကိုမသိဘူး
    ရွာဆူရင် ကြိုက်နေတဲ့သူတွေက ရှိသေး
    ဒီဂေဇတ်ကို ဝင်နေတာ ပွိုင့်လိုချင်လို့ထင်နေရင် လဲသေလိုက်
    အရမ်းသံယောဇဉ်ရှိလွန်းလို့ဝင်နေတာအေ့
    မောတာ ကိုပေရေ ဘီယာတဂွတ်လောက်

    Reply

    • မောင်ပေ

      June 20, 2012 at 1:29 pm

      အိုခေ ညီငယ်
      လောလောဆယ်တော့ ကိုယ်လဲ ဘိုင်လပြတ်နေလို ့
      ကိုပေါက်မန်းတလေး က ဘီယာတိုက်မယ်ပြောထားတဲ့ဟာ နဲ ့သွားဂလုကြမယ်
      ပထမဆုံး ကွန်မင့် ကို အားပေးတဲ့အတွက် ရှဲရှဲဘာ။

      Reply

      • Shwe Tike Soe

        June 20, 2012 at 1:39 pm

        ဟိတ်လူတွေ ကျွန်တော်လဲ လိုက်မယ်……. ရန်ကုန်မန်းလေး ကားခလေးသာပေး……….ခိခိခိ

        Reply

  • Mon Kit

    June 20, 2012 at 1:37 pm

    ဟုတ်တယ်.. ကိုပေ နဲ့ တစ်သဘောထဲပါဘဲ…
    သွေးဆူစေတဲ့ .. တစ်ဖက်စောင်းနင်းဆန်တဲ့.. ပို့စ်တွေ တက်လာရင်. ဘယ်သူကမှ ကွန်မန့်မပေးတာ အကောင်းဆုံးပါဘဲ… ပြောချင်တာကြာပီ… ခုတော့ ကိုပေ နဲ့အတူ ထောက်ခံပေးပါတယ်…

    Reply

  • Shwe Tike Soe

    June 20, 2012 at 1:38 pm

    ဟုတ်တယ်ဗျို. အဲလို ကောင်တွေကို အဲလို ပဲ လစ်လျှူရှုရတော့မှာပဲ……. ကိုပေ ပြောသလိုကျွန်တော်တို.ရွာသူရွာသားတွေ ဝိုင်းဝန်းကူညီကြပါ………
    ဝိုင်းကျဉ်ကြ တာပေါ့…………. ညီစေနော်………ညီစေ…….ရွာသူ၊ရွာသား အပေါင်းတို.

    Reply

  • Nyein Nyein

    June 20, 2012 at 1:41 pm

    ဟုတ်ပါတယ် ဦးပေ။ သူတို့က သွေးဆူအောင်ရေးထားကြတော့ မခံနိုင်တာနဲ့ ဝိုင်းပြောကြနဲ့ ဝင်ဖတ်တဲ့လူတွေလည်း စိတ်ညစ်ရပါတယ်။ ဒါကြောင့် ဦးပေရဲ့ သဘောထားကိုလည်း ထောက်ခံပါတယ်ရှင်။

    Reply

  • ဒီလိုလေးရေးသင့်နေတာကြာပေါ့။
    ဘယ်သူအတွက်မှလဲအကျုးိမရှိ၊
    ိစိတ်ထဲမှာ တကယ်ယုံကြည်တာလဲမဟုတ်။
    ရန်ဖြစ်ရုံမြှောက်ပေးနေရုံသက်သက် စာမျိုးကတော့မတင်သင့်ပါဘူး။

    Reply

  • shwe kyi

    June 20, 2012 at 1:49 pm

    ညီပါတယ် နောက်နောင် လုံးဝ လုံးဝ လုံးဝ မမန့်တော့ပါ။

    Reply

  • linnlinnn

    June 20, 2012 at 1:51 pm

    စိတ်တိုလွန်းလို့.. အကျိုးမရှိရေးထားတဲ့ ပို့စ်တစ်ခုကိုတော့.. မန့်လိုက်မိတယ် ဆရာပေရေ.. ဟုတ်တယ်..ကိုယ်က မန့်လိုက်ရင် သူ့စာတွေကိုအားပေးသလိုဖြစ်နေမယ်..ဖတ်မိခဲ့ရင်လည်း ဖတ်ရုံဖတ်ပြီး..ဥပေက္ခာပြုထားလိုက်တာပဲ အေးတယ်…

    Reply

  • ဘဲဥ

    June 20, 2012 at 1:52 pm

    လက်မအကြီးကြီးထောင်ခဲ့ပါတယ် တိုတိုပေ
    ဘယ် $ကလားပို့စ်ကိုမှ ဝင်မဖတ်တော့ဘူး
    ဉာဏ်ရည်မမှီလို့ တင်ချင်ရာတင်တဲ့ကောင်တွေရဲ့ ပိုစ့်မှာ ဘာမှမှတ်သားစရာမပါဘူး ဒေါသဖြစ်စရာပဲပါတယ်

    Reply

  • water-melon

    June 20, 2012 at 1:53 pm

    လုပ်လိုက်လေ
    ကြာသလားလို့
    .ညီစေနော်………ညီစေ…….ရွာသူ၊ရွာသား အပေါင်းတို့
    .ညီစေနော်………ညီစေ…….ရွာသူ၊ရွာသား အပေါင်းတို့
    .ညီစေနော်………ညီစေ…….ရွာသူ၊ရွာသား အပေါင်းတို.

    Reply

    • ဘဲဥ

      June 20, 2012 at 2:25 pm

      အဲ့ဒါမျိုးဆို သများတို့က ညီပီးသားပါတော့

      Reply

  • may flowers

    June 20, 2012 at 1:58 pm

    ကိုပေရေ မေဖလားဝါးလဲ တစ်သဘောထဲမို့ နောင်ဝင်မဖတ်မိအောင်ဆင်ခြင်ပါ့မယ်။ ဝင်ဖတ်မိရင်

    ဒေါသထွက်ပြီး မမန့်ပဲမနေနိုင်လို့ပါ။

    Reply

  • နွယ်ပင်

    June 20, 2012 at 2:03 pm

    တကယ့်ကို ဒီလိုလေးရေးသင့်တာ ကြာပြီ အခုလို မေပေါင်ကရေးပြတော့လည်း ကောင်းသား
    နွယ်ပင်ဆို အဲလိုပိုစ့်တွေမှန်းမသိဘဲ ဝင်ဖတ်မိပင်မယ့် ကွန်မန့်ကိုတော့ မပေးမိအောင်နေတယ်
    ဒါပင်မယ့် စိတ်ထဲမှာတော့ တနုံ့နုံ့ပေါ့ ဒေါသတွေထွက်လဲ ထွက်လိုက်ရတာအမော
    အခုဆို အဲလိုရေးတက်တဲ့ သူတွေရဲ့ နာမယ်ကို မြင်လိုက်တာနဲ့ အဲဒီပိုစ့်ကိုဝင်ကို မကြည့်တော့ဘူး

    လက်မလေးထောင် အားပေးခဲ့ပါတယ်နော် ……………

    Reply

    • nicolus agral

      June 20, 2012 at 8:19 pm

      ကိုဖုန်းကျော် ကမှသူတို ့နဲ ့စာရင်တော်သေး
      (relatively good) relativelyလို ့ပြောတာနော့

      Reply

  • အရင့်ရောင်

    June 20, 2012 at 2:04 pm

    အေးဟာ…………
    နာလဲ နောင်ဆို ဖတ်တော့ဘူး………..မန့်တော့ဘူး
    အေးချေးပဲနေတော့မယ်တော်
    ဟုတ်တယ်ဟုတ်

    Reply

  • myanmarcitizen

    June 20, 2012 at 2:04 pm

    ဝိုင်း မမန့်တော့ဘူးဆိုလို့ ကြိုဆိုပါတယ်ဗျာ။ ဒီကောင်တွေစာဖတ်ရတာကော မန့်ရတာပါ စိတ်ကုန်နေတာ။

    Reply

  • hein latt

    June 20, 2012 at 2:07 pm

    အိုကေ …အဲလိုပိုစ်တွေကို ဖတ်လဲမဖတ် မန်.လဲမမန်.မိအောင်ကြိုးစားပါမည်။
    အခြားသူများလည်း သိတက်မည်ထင်ပါ၏။ ဘစ်အိုင်ဒီယာပါ။ကျေးဇူးတင်ပါ၏ ဂေါ်ဂိ ဂေါ်ဂိ……။

    Reply

  • ညလေး

    June 20, 2012 at 2:08 pm

    ဟုတ်ပါတယ်….ကိုပေ…..
    ဒီလိုလေးတွေမဖြစ်ရလေအောင်…
    ဒီလိုပိုစ့်လေးတင်ပေးလို..
    ကျေးကျေးနော်….

    Reply

  • သားဦး၊မြေးဦး

    June 20, 2012 at 2:15 pm

    ကျနော်လဲ ဝင်ဖတ်မိလေ၊ဒေါသထွက်လေနဲ ့ဘာပြောရမှန်းမသိလို ့
    ပြောကိုမနေတော့ပါဘူး။ဒီရွာထဲက အကို၊အမတွေနဲ ့လဲ ရင်းနှီးမှု
    မပျက်စေချင်လို ့ပါ။ခုလဲ ပြည်ပျက်အောင် သမိုင်းပြောင်းပြန်လုပ်နေ
    ပြန်ပီနော်။

    Reply

  • Ma Ei

    June 20, 2012 at 2:15 pm

    ကိုပေက ဒီလိုမျိုးလဲ ရေးတတ်သားနော်…
    သူခိုးပြေးမှ ထိုးကွင်းထ လို့မပြောတော့ပါဘူး…
    အချိန်မှီပါသေးတယ်…
    ကျမတော့ အဲ့ဒီ Post တွေမှာ
    တစ်ခါမှ Comment မရေးခဲ့ဘူး…
    နောက်လဲမရေးဘူး…

    Reply

  • mamanoyar

    June 20, 2012 at 2:36 pm

    ကိုပေပြောသလို အဲလိုpost တွေကို
    comment မပေးပဲနေမယ်

    Reply

  • Shwe Tike Soe

    June 20, 2012 at 2:37 pm

    ဗျို.ရွာ မျက်နှာဖုံးတွေ ဘယ်ရောက်ကုန်ကြလဲ ညီစေ လာလုပ်ကြအုံးဗျ…………….

    စုပေါင်းညီညာ အောင်ကြောင်းဖျာ
    Gaztte ရွာသာယာဖို.ရာ
    ကိုပေကနေ စော်အောပေး
    အားလုံးညီညာရေး
    ညီစေညီစေ တို.အော်မလေ အားလုံးကြားအောင်လေ
    ဒို.ရွာသားတွေ ညီစို.လေး ဒို.ရွာသန်.ရှင်းရေးးးးးးးးးးးး

    Reply

    • မွန်မွန်

      June 20, 2012 at 3:58 pm

      ဦးတိုက် ဦးတိုက်..
      ဆော်ဩလို့ လုပ်ပါဗျာ.. 🙂
      ဖတ်ရတာ တစ်မျိုးကြီး ဖြစ်သွားလို့…

      Reply

  • mocho

    June 20, 2012 at 2:40 pm

    ဟုတ်တယ် ကပေ ရေ
    အဲဒီ ၃ ယောက် နာမည်( တယောက် တည်း ပဲလားမသိ) နဲ့ တတ်လာတဲ့ ပိုစ့် တွေ ဆို ဖတ်ပြီး ဒေါသ ထွက်ရသလောက် ကိုယ် ပြန် မန့် လိုက် ရင် သူတို့ ကို အလေးထားရာ ရောက် မှာ စိုးလို့ မန့် ကို မမန့် ဘူး။ အခု ကိုပေ ပြော သလို ပဲ သတိပေးချင်တာ ကျမ က ရွာသူအဖြစ် စာရေးသက်နု သေးလို့ အသာနေနေ တာ။ ကျမ ဖြစ် စေချင်တာ လေး တင် ပေးတဲ့ အတွက် ကျေးကျေးပါ။

    Reply

  • နွေဦး

    June 20, 2012 at 2:42 pm

    ကျုပ်ကတော့ သူကြီး ကို သံသယ ဝင်နေပြီ..
    သူကြီး ကို ကျုပ်မသိဘူးမမြင်ဘူးဘူးဆိုတော့
    ဆိုလိုတာ ဖြူသလား မဲသလား…
    လက်မွေး ခြေမွေး မုတ်ဆိတ် ပသိုင်း ရှည်သလား …
    နှာခေါင်းကြီးသလား လက်ချောင်းကြီးသလား..(စာမှားမဖတ်နဲ့နော်..)
    နှာတံဖြောင့်သလား ဆံပင်ကောက်သလား…
    မသိဘူးဆိုတော့…
    ရှင်းရှင်းလင်းလင်းသိပရစေ…
    သင် သွေးနှော၏ မနှော၏ ။

    Reply

    • etone

      June 20, 2012 at 3:00 pm

      အဲ … ကိုနွေဦးရေ …
      သဂျီးပုံမြင်ဖူးပါတယ် …ကုလားလည်း မဟုတ် .. ရခိုင်လည်း မဟုတ်တာ သေချာပါတယ် .. ဟီးဟီး 😀

      Reply

      • ဆူး

        June 21, 2012 at 9:35 am

        မောင်ပေ တယ်လည်း တော်ပါလား။ တနေ့က ဖတ်လိုက်ရတယ်။ တော်တော် ဆိုးတဲ့ လူတွေပဲ..
        တိုင်းရင်းသားတွေရဲ့ စည်းလုံး ညီညွတ်မှု ပျက်ပြားအောင် လုပ်တာတွေလည်း တွေ့လာရတယ်။
        အဲဒီ ၃ယောက်မှာ ၂ယောက်က ယောကျား ဖြစ်ချင် ဖြစ်မယ် မောင်ပေ ကို ဆဲ တဲ့ တယောက်ကတော့ မိန်းမ ဖြစ်ဖို့ များတယ်။ သူရေးတဲ့ အသုံးအနှုန်းထဲမှာ မိန်းမ ဆန်တဲ့ စကားလေး တချို့တွေ့လိုက်ရတယ်။

        အဓိကတော့ ကိုယ့်လူမျိုးတွေ တိုင်းရင်းသားတွေ အချင်းချင်း ချစ်ခင်နေဖို့ပါပဲ။
        သူတို့ သွေးခွဲသလို ရခိုင်တွေ မဟုတ်ဘူး ဆိုတာ ယုံကြည်ပါတယ်။
        ရခိုင်လူမျိုးတွေရဲ့ မျိုးနွယ်စောင့်စည်းမှုကြောင့်သာ ပြည်မထဲကို သူတို့တွေ ဒီထက် မြန်မြန်ဝင်လို့ မရဘူးဆိုတာ ယုံကြည်ပါတယ်။ ရခိုင်လူမျိုးတွေကိုလည်း ဂုဏ်ယူပါတယ်။

        Reply

  • Thel Nu Aye

    June 20, 2012 at 2:51 pm

    ဘရာဗိုပါ အူးလေးပေ။ အူးလေးပေစကားကိုအပြည့်အဝထောင်ခံပါတယ်။ အူးလေးပေစကားကြောင့် ဟိုဘက်က တပိုစ့်မှာဝင်ရန်လုပ်အုံးမလို့ဟာကနေ ပြန်ထွက်ခဲ့ပါကြောင်း။

    Reply

  • shwe pont

    June 20, 2012 at 2:54 pm

    ကျမ ပြောချင်နေတဲ့စကားကို ပြောသွားပေးတဲ့ ကိုပေကို ကျေးဇူးတင်ပါတယ်။
    အဲဒီလူတွေ ရေးတဲ့ပို ့စ်မှာ လုံးဝ ကွန်မန် ့မရေးခြင်းဖြင့် ဆန် ့ကျင်ကြပါစို ့။
    နွေဦးပြောသလို သူကြီးကဘာလို ့အဲဒီပိုစ့်တွေကို မဖျက်တာလဲလို ့လည်း အတွေးဝင်မိပါကြောင်း။
    ဖတ်ရင်းနဲ ့ ဒေါသထွက်လာတော့ အရင်က ဝင် မန် ့ခဲ့မိပါကြောင်း။

    အဖြစ်မှန်တွေကို ဖုံးကာအုပ် ..
    ကလိမ်ဉာဏ်ဆင်ကာ..ဒို ့မြေကိုလာစော်ကား
    လက်မခံဘူးဟေ့ သွားးးးးးးးးးးးးးးး ။

    Reply

  • Crystalline

    June 20, 2012 at 3:02 pm

    ဦးဦးပေရယ်…မီးမီးတို့က ပထမဆုံးကလေးမလေးပို့စ်စတင်လာကတည်းက danger နံ့ ရလို့ရေငုံနေတာပါ…ပြောရရင်တော့ တဖက်စောင်းနင်းပြောတာတွေ..တွေးတာတွေကိုမကြိုက်တာပါ..

    Reply

  • etone

    June 20, 2012 at 3:07 pm

    ကိုပေရေ …. ဒီပို့စ်လေးကို မဖတ်ခင် ထိတော့ … နားကိုက်ရင် ပါးပြန်ရိုက်မယ်ဆိုတဲ့ စိတ်ကူးမျိုးရှိခဲ့ပေမယ့်… အခုတော့လည်း ခွေးဟောင်တိုင်း ထမကြည့်တော့ဘူးလို့ … သဘောထားလိုက်ပါတယ် …. ။

    လစ်လျူ ရှုပါမယ် ကော့မန့်မရေးတော့ဘူး … ။ တရွာလုံးကို ဗြောင်ဆဲနေလျှင်တောင် ဒီတိုင်းကို ကြည့်နေတော့မယ် … ။ သဂျီးလည်း အလုပ်များနေလို့ … ကော့မန့်တွေ ပို့စ်တွေ မစိစစ်နိုင်တာ ဖြစ်မှာပါ … ။ စိစစ်နေရဲ့ သားနဲ့ ဒီလိုပို့စ်တွေကို တင်ခွင့်ပေးတယ်ဆိုလျှင်တော့ … သမိုင်းဝင်ဆိုက်ဖြစ်သွားမှာပေါ့လေ … ။ 😛

    Reply

  • စိန်ဗိုက်ဗိုက်

    June 20, 2012 at 3:11 pm

    အုပေရယ်…
    များက စိတ်နို်င်တာမဟုတ်ဘူး..ရယ်..
    တွေ ့ရင် မဆဲပဲ နေနိုင်ဘူးရယ်..
    ရန်တိုက်ပေးတဲ့ပို ့စ်တွေ ဖျက်ပစ်လိုက်ရမှာ.. (အများသဘောတူရင်ပေါ့)

    Reply

  • kai

    June 20, 2012 at 3:14 pm

    အခုလပိုင်း…မြန်မာပြည်အနောက်ဖက်ကမ်းရိုးတန်းရဲ့.. အရေးအခင်းတွေနောက်မှာ.. လျှို့ဝှက်နက်နဲ့တဲ့.. ပြဿနာတွေ.. လှုပ်ရှားမှုတွေရှိနေမယ်လို့ထင်တယ်..
    ပြောလည်းပြောခဲ့တယ်..

    ယူအက်စ်ရဲ့.. ပညာရှင်တွေပြောထားဖူးတဲ့..ကမ္ဘာ့.. ဒေသဆိုင်ရာအပြန်အလှန်ပဋိပက္ခတွေနောက်မှာ.. ပိုင်ဆိုင်ရယူလိုခြင်းရှိတယ်ဆိုတာကို.. သတိထားကြစေချင်တယ်..။
    ဆိုင်ရာဒေသဟာ.. ငွေထွက်လာပြီဆိုရင်တော့.. ပဋိပက္ခတွေပိုဖြစ်လာတတ်တာပါပဲ.. 🙂

    ဆိုတော့…
    ကျုပ်ရွာသူားတွေ..
    .. ဖြစ်နိုင်ရင်..ဒီအရေးအခင်းနဲ့ပါတ်သက်တဲ့ပို့စ်တွေ.. ဥပေက္ခာပြုထားကြစေလိုတာပါ..
    သေသေချာချာ.. ခြုံနားလည်နေတယ်ထင်ရင်တော့.. ဆွေးနွေးပေါ့..
    ဒေါသနဲ့.. အမျိုးသားရေးအစွန်းနဲ့.. ဘာသာရေးအစွဲနဲ့.. ဝင်မပြော..ဝင်မဆွေးနွေးတာဟာ..ကောင်းမယ်ထင်မိတယ်..။

    နည်းနည်းသွေးအေးလာတော့မှ.. ဆွေးနွေးကြတာပေါ့နော…. :mrgreen:

    Reply

  • ငပွကြီး

    June 20, 2012 at 3:45 pm

    မှန်တယ်ဗျို့…ခုလည်း မိတ်ဆက်တာလား..စိန်ခေါ်တာလား…ရန်တွေ့တာလား …ဘာလားမှန်းကိုမသိတဲ့ ပိုစ့်တစ်ခုတွေ့တယ်ဗျ…
    ဝင်မမှန့်တော့ဘူး ဆုံးဖြတ်ထားတော့တယ်…ဆရာဂီ ပြောသလို ချင်ထှာအေ…

    Reply

  • pooch

    June 20, 2012 at 4:05 pm

    ထောက်ခံပါတယ် ကပေရေ။
    ကြာပါပြီ ပြသာနာတွေ စကထဲက အဲ့ဒီလိုပိုစ့်တွေဆိုရင် လက်ရှောင်နေခဲ့တာပါ။
    ဘာရယ်ညာရယ် ကွဲကွဲပြားပြားမသိခင်မှာ တဒင်္ဂ ဒေါသကြောင့် ဝင်ပြောမိတော့ ကိုယ်လည်း စိတ်တို ဒေါသထွက်ရသလို ဘယ်သူ့အတွက်မှ ဘာအကျိုးမှလည်း မရှိပဲ ပြသာနာကို မပြေလည်နိုင်တဲ့အပြင် မီးလောင်ရာလေပင့်သလို ဖြစ်မှာ စိုးလို့ ပါ။

    Reply

  • gwa toe

    June 20, 2012 at 4:41 pm

    ကိုပေ ပြော သလိုဘဲ မရေးဘဲလက် ရှောင် နေလိုက်တာ အကောင်းျှုံးလို့ ထင်ပါတယ် အကုသိုလ် များတဲ့ လူတွေနဲ့ ဆက် ပေါင်းလျှင် ပိုပြီးအကုသိုလ် တွေဖြစ်ပါတယ်

    Reply

  • ကိုရင်မောင်

    June 20, 2012 at 5:11 pm

    ကျုပ်လဲ ကိုနာဂရ အနီထိထားတာကိုဖျက်လိုက်တာဘဲရှိတယ်
    ဘာမှဝင်မမန်းတော့ဘူးဗျာ…စိတ်ပျက်ဘို့ကောင်းလို့…..
    ကိုပေရေ သဘောတူပါတယ်…လက်ရှောင်လိုက်ကြတာပေါ့…

    Reply

  • ဦးဦးပါလေရာ

    June 20, 2012 at 5:27 pm

    အဲဒါကောင်းတယ်..
    ကျုပ်လဲ အဲလိုဖြစ်စေချင်နေတာ..
    ရွာသားတွေ ညီတာတွေ့ရတော့ ဝမ်းသာအားရရှိလိုက်တာ….

    ပြီးတော့… ပုဂ္ဂိုလ်ရေးအရကို တိုက်ရိုက်ဆဲတာ ခံရတဲ့ကြားက
    ဒီပိုစ့်မျိုးရေးနိုင်တဲ့ မောင်ပေကိုလဲ အထူးချီးကျူးပါတယ်။

    Reply

  • MaMa

    June 20, 2012 at 6:59 pm

    မောင်ပေရေ- မြင်ရ ဖတ်ရ စိတ်မသက်သာလွန်းလို့ ရေးတဲ့သူကြည့်ပြီး ဝင်တောင်မဖတ်ဖြစ်တော့ဘူး။ 🙁

    Reply

  • Victory

    June 20, 2012 at 7:10 pm

    ဖြစ်သင့်တဲ့ လုပ်ရပ်ပါ။
    လတ်တလောကို မိုက်မိုက်ရိုင်းရိုင်းတွေ ကလိတိတိ ရိတိတိတွေ တင်လို့ကို
    မပြီးနိုင်သေးဘူးလေဗျာ။
    ကျနော်ကတော့ တော်ရုံမန့်လေ့မရှိပါဘူး။
    သိပ်စိတ်ဝင်စားမှ မန့်တာမျိုးပါ။
    ဆိုတော့ဗျာ။
    ခု ဒီသဘောတူညီချက်ကို လိုက်နာဖို့ သိပ်အခက်အခဲမရှိဘဲ သဘောတူလိုက်နာ
    ပါ့မယ်ဆိုတာ ပြောပါရစေ။

    Reply

  • အလင်းဆက်

    June 20, 2012 at 7:39 pm

    အခုတလော…ရွာထဲမှာ ပို့စ်တွေ အများကြီး.တက်လာတာတော့ သတိထားမိတယ် ။

    မှတ်သားလောက်စရာ ကတော့ နည်းတယ် ထင်ပါတယ် ။

    ကိုကြီးပေ.ပြောတဲ့ စရှိနောင်နောင်…..အယူအဆ နဲ ့ ပဲ.စဉ်းစားကြည်ပါဦးမယ် ။

    Reply

  • ahnyartamar

    June 20, 2012 at 9:34 pm

    ကိုပေရဲ့ အဆိုကို ၁၀၀% သဘောတူတယ်။

    Reply

  • မောင်ပေ

    June 20, 2012 at 9:47 pm

    ကျွန်တော် မောင်ပေ ရဲ ့“ စရှိနောက်နောင် ” ပို ့စ်လေးအား ၊ ဝင်ရောက်ဖတ်ရှူကြသူ စာဖတ်သူအားလုံး နဲ ့ ကွန်မင့်များချီးမြှင့်ပေးကြသော ရွာသူရွာသား အားလုံးတို ့အား ၊ အထူး လေးစားကျေးဇူးတင်ရှိပါတယ် ခင်ဗျား

    Reply

    • surmi

      June 20, 2012 at 10:26 pm

      ထောက်ခံတယ်
      စိတ်ညစ်လို.ဘေးထွက်နေတာကြာပေါ.
      မန်.ဘို.နေနေသာသာ ဝင်တောင် မဖတ်တော.ဘူး ။
      ကိုပေကို ချီးကျူးပါတယ် ။

      Reply

  • Oo Oo

    June 20, 2012 at 10:43 pm

    ကိုပေ အမြင်စူးရှလှပါ၏..
    ကျနော်ဦးဦးလဲ ဤသဘောအတိုင်းပင်ကျင့်သုံးလိုက်ပါတော့၏..
    အနှီအကြံသမား သူယုတ်တို့တင်သော ကနဦး ပို့စ်များတွင်ဝင်ရောက်ဖတ်ရှု့လေ့လာဆန်းစစ်ကြည့်သည်နှင့်
    ထိုသူယုတ်တို့၏ ပကတိသဘောကိုကွင်းကွင်းကွက်ကွက် မြင်လိုက်ရသည်ဖြစ်၍ ကျွန်ုပ်သည် နွားကိုပလာတာမကျွေးတော့ပါ။
    ထိုသူယုတ်တို့ကိုတုန့်ပြန်မိသောကြောင့် ကောင်းမွန်စွာနေထိုင်လျှက်ရှိသော ပြည်တွင်းနေမွတ်စလင်ဘာသာဝင်များကိုလည်း
    မထိခိုက်စေလိုတော့ပါ..ထို့ကြောင့်ကျွန်ုပ်ဦးဦးသည်ထိုပို့စ်များတွင်ဝင်မရေးခြင်းဖြစ်ပါ၏

    အသူရာတွေမာန်တက် သိကြားကိုစစ်ခင်းလည်း..နတ်ပြည်မှာစံလို့မရသလို…

    ဘင်ဂါလီတွေမာန်တက် ရခိုင်ကိုစစ်ခင်းလည်း..မြန်မာပြည်မှာနေလို့မရပါဘူး

    ခွေးဟောင်လို့ လရောင်မှိန်မသွားပါဘူး။

    ခွေးလှေးခုန်တာကို ဖုန်ထမှာစိုးပြီး လေနဲသွားမှုတ်လိုက်မှသာ တကယ်ဖုန်ထမှာ

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 20, 2012 at 10:50 pm

    ကျုပ်ကဘဲ ရှေ့မျက်ခွက်နောက်ထားပီး အတိုက်ခံပြန်လုပ်ပါတယ်
    သူတင်တဲ့ပိုစ့်ကိုတော့ ဖတ်ကြပါ ဝေဖန်ကြပါ
    မှားကြောင်း မှန်ကြောင်း ဖြေရှင်းကြပါ
    ပြေးဘီ….. တက်ကစီ တက်ကစီ မောင်းမောင်း ဖွတ်ချက်ဖွတ်ချက်

    Reply

Leave a Reply

Your email address will not be published.