သခင်မျိုးဟေ့ဒို့ဗမာ

ဒီတစ်ခါတော့ စဉ်းစားမိတာတွေ ရေးထည့်လိုက်ပါတယ် လူတွေ စည်းကမ်းမရှိတဲ့ အကြောင်းလေးပေါ့ ကောင်းတဲ့ဘက်ကပဲ လှည့်တွေးလိုက်ပါတယ် လူတွေ စည်းကမ်းမရှိတဲ့ အကြောင်းပြောလို့ ကျုပ်မပါဘူး မထင်နဲ့ အဲဒီထဲမှာ ကျုပ်လဲ အပါအဝင်ပဲ

မြန်မာလူမျိုးတွေက သခင်မျိုး ပီသလွန်းတယ်လေ လမ်းသွားရင် အမှိုက်ပစ်စရာရှိရင်တော့ ဘယ်နားနားကျကျ ပစ်ချခဲ့တယ်

အဲဒီအမှိုက်ကို ဘယ်သူသိမ်းသိမ်းပေါ့ ကွမ်းဝါးတဲ့သူတွေကလဲ အဒီလိုပဲ ကွမ်းသွေးကို တွေ့တဲ့နေရာမှာ ထွေးခဲ့ကြတယ် အဲဒီကွမ်းသွေး ဘယ်သူ ရှင်းရှင်းပေါ့ ဆေးလိပ်သောက်တဲ့သူတွေကလဲ လူကြားသူကြားမှာတောင် အမိန့်သားထိုင်ပြီး ဆေးလိပ်သောက်တယ် ဘေးက ကလေေးတွ လူကြီးတွေ အမျိုးသမီးတွေ ဆေးလိပ်ငွေ့ကြောင့် စိတ်ဒုက္ခရောက်နိုင်တာတွေ ထည့်မတွက်ကြဘူး ကျွန်တွေကြားထဲရောက်နေတဲ့ သခင်လို ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သူသောက်ချင်တဲ့ ဆေးလိပ်ကိုသာ သောက်လိုက်တယ်။

အဲဒါကြောင့် မြန်မာလူမျိုးတွေက သခင်စိတ်ပီသလွန်းတယ်လို့ ပြောချင်တာ ဗိုလ်ချုပ်တို့ ခေတ်တုန်းကတော့ အင်္ဂလိပ်လက်အောက်မှာ ကျွန်စိတ်မပေါက်ပဲ သခင်စိတ်ပေါက်အောင် နာမည်ရဲ့ရှေ့က သခင်ဆိုတဲ့ ဝိသေသတွေ ထည့်ခဲ့ကြပေမယ့်လို့ သူတို့က ပြည်သူပြည်သားတွေအတွက် အသက်ပေးပြီးတောင် သခင့်တာဝန်ထမ်းခဲ့ကြတယ် ။

အခုလူတွေက ရှေ့မှာ သခင်ဆိုတဲ့ ဝိသေသတွေမထည့်ကြပေမယ် သူတို့ကိုယ်တိုင်ကလွဲရင် ကျန်တဲ့သူတွေကို ကျွန်လို သဘောထားတက်ခဲ့ကြတယ်လေ ဥပမာဗျာ မြို့တစ်မြို့ရဲ့ ရပ်ကွက်ထဲမှာ ရေမြောင်းက အမှိုက်တွေပိတ်ပြီး ရေလျှံနေတယ် အဲဒါကို စည်ပင်က လာမရှင်းသ၍ သူတို့ ဒီအတိုင်းပဲ ကြည့်နေကြတယ် အဲဒီရေတွေနဲ့ မြောင်းကို ပိတ်စေတဲ့ အမှိုက်တွေက ဘယ်သူပစ်လို့ ဘယ်သူတွေသုံးလို့ ရောက်လာတဲ့ အမှိုက်တွေ ရေတွေလဲဆိုတာ သူတို့ စဉ်းစားမိကြရဲ့လား မသိဘူးဗျာ့ .. ကျုပ်ကိုယ်တိုင်လဲ ပြောသာပြောရတာ အဲဒီလိုရပ်ကွက်ထဲရောက်နေရင် အဲဒါတွေ ရှင်းဖြစ်မလား မရှင်းဖြစ်မလားဆိုတာ မသေချာဘူးဗျာ့ … မြန်မာနိုင်ငံကြီးကတော့ ဘယ်လိုပဲ နည်းပညာတွေ တိုးတက်လာမယ်ပြောပြော အဲဒီလိုလူတွေ ကိုယ့်အသိစိတ်နဲ့ကို တာဝန်တွေ ယူချင်စိတ် မရှိသ၍တော့ တိုးတက်လာဖို့ဆိုတာ စဉ်းစားလို့ မဖြစ်သေးဘူးဗျာ့နော်..

တွေးမိသမျှလေးကို ရေးကြည့်ရပါတယ်

အမှားတွေ ပါရင်လဲ အများဒကာကလဲ ခွင့်လွှတ်နိုင်ကြပါစေဗျာ..

8 comments

  • nigimi77

    June 19, 2012 at 11:25 pm

    ဟယ်…

    နွံနစ်နေတဲ့ ပတ္တမြား ပိုစ့်ပါလား

    ဒီလောက်နဲ ့ မရပ်လိုက်နဲ ့ ဆက်ရေးဦး

    Reply

    • သုနောင် မန်း

      June 21, 2012 at 4:15 pm

      ရေးရဲတော့ဘူး လက်ကောက်ဝတ်နေရလိမ့်မယ် တုတ်နဲ့ ဝိုင်းရိုက်လိမ့်မယ် ..

      Reply

  • surmi

    June 20, 2012 at 12:09 am

    ဖတ်သူတွေမျက်စိမှောက်သွားတာဗျ

    Reply

  • kai

    June 20, 2012 at 2:54 am

    ကာတွန်းဆရာတွေလက်ထဲ.. အပ်ရမယ်..
    သခင်မျိုးဟေ့.. ဒို့ဗမာ.. 🙂

    Reply

  • အရီး Khin Latt

    June 20, 2012 at 3:06 am

    {{ အများဒကာကလဲ ခွင့်လွှတ်နိုင်ကြပါစေဗျာ.. }}
    ဒကာမ ကလဲ ခွင့်လွှတ်ပါတယ်။
    သာဓု၊ သာဓု၊ သာဓု ပါ။

    Reply

    • သုနောင် မန်း

      June 21, 2012 at 4:06 pm

      အရီးလေးကလဲ နောက်တယ်ဗျာ… အမျှ အမျှ အမျှ ပေါ့ဗျာ.. သာဓု ခေါ်မှတော့..

      Reply

  • ဦးဦးပါလေရာ

    June 20, 2012 at 8:33 am

    မြန်မာ့ထုံးစံအတိုင်း အစဉ်အလာမပျက် သူများကိုလွှဲချဦးမယ်…။

    အဲဒါက အပေါ်က စ တာလေ..။

    သူများပေးတဲ့ လခ လဲ ယူသေး…။ သခင်စိတ်မွေးပြီး အလုပ်လဲ မလုပ်ပဲနေသေး…။

    ပြည်သူ့ဝန်ထမ်းဆိုတဲ့ ကျွန်စစ်စစ်တွေက သခင်လုပ်နေမှတော့….

    ကျုပ်လဲ နာမည်ပြောင်းဦးမယ်…

    ပုံ…. သခင်ပါလေရာ

    😀

    Reply

    • သုနောင် မန်း

      June 21, 2012 at 4:12 pm

      ဟုတ်တယ် ဖိုးဖိုးပါလေရာ ပြောတာလဲ မှန်တယ် အဲဒါလေးရေးဖို့ လိုသွားတယ် ဦးဦးပါလေရာ က ဖြည့်ဖတ်ပေးတာ ကျေးဇူးပါဗျာ..

      Reply

Leave a Reply to kai Cancel Reply

Your email address will not be published.