မြန်မာနိုင်ငံ သင်္ဘောသားများ အတွက်ပို့ဆောင်ရေးဝန်ကြီး အိပ်များနေသလား

Anya Tara LuuJune 12, 20121min02

ကျွန်တော်တို့မြန်မာနိုင်ငံဟာ အခု ပြောင်းလဲနေတဲ့ အချိန်ပါ။ အဲ့ လိုပြောင်းလဲ နေတဲ့ အချိန်မှာ ပြောင်းလဲ မှုတွေ့တွေ့ရလို့ ကျွန်တော် တို့လို လူငယ် တွေ အရမ်း ဝမ်းသာ ရပါတယ်။ ဒါပေမယ့် ကျွန်တော် တွေ့မြင်နေရတဲ့ ရေကြောင်းရုံး(DMA) ဒေါပုံက တော့ ပြောတာတွေနဲ့ တော်တော်လွဲနေလေတော့ ကျွန်တော် မနေနိုင်တော့ ပဲ ဒီစာလေးကို တင်လိုက်ရပါတယ်။ ရေကြောင်းရုံး မှာ သင်္ဘော သားဖြစ်ချင်သူတွေ သင်္ဘောသားဖြစ်ပြီးသူတွေဟာ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်သမျှကို ဘာမှမပြောပဲ ကိုယ့်လုပ်ငန်းအဆင်ပြေရေးကိုပဲ ကြည့်ပီး ငြိမ်ခံနေကြပါတယ်။ သူတို့ညစ်ပီး တစ်ခုခု လုပ်လိုက်ရင် ကိုယ်ရင်းထားတာတွေ အကုန်ကုန်သွားမှာစိုးလို့လေ။ ဒါကိုကျွန်တော်တွေ့တော့ မခံချင်ပါဘူ။ ပို့ဆောင်ရေးဝန်ကြီးများအိပ်နေသလားဆိုပြီး တင်ပြလိုက်ရပါတယ်။ သင်္ဘောသားရုံးမှာ ဘာလုပ်လုပ် ပိုက်ဆံဆောင်ထားရပါတယ်။ သတ်မှတ်ထားချင်းမရှိတဲ့ ပိုက်ဆံတွေကို သူတို့ပါးစပ်က တောင်းသမျှပေးနေရပါတယ်။ သင်္ဘောသားရုံးမှာ ဘာလုပ်ရင် ဘယ်လောက်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိကြဘူးလားဆိုတာလဲ ပြောပေးပါအုံး။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းမယ့် မြန်မာ့သင်္ဘောသားများ ရဲ့ ဌာနချုပ်က ဘာမှ တိတိကျကျမရှိပါဘူး။ ဒါလားနိုင်ငံတကာနဲ့ ရင်ဘောင်တန်းမှာ။ သင်္ဘောသားတွေဟာ နိုင်ငံကို အကျိုးပြုနေတဲ့သူတွေဆိုတာကို မမေ့စေချင်ပါဘူး။ သင်္ဘောသားရုံးဆိုတာ လဲ သင်္ဘောသားတွေ ထမင်းကျွေးနေတယ်ဆိုတာလဲ မမေ့စေချင်ပါဘူး။ ဘောက်ချာပေးတော့ ၃၅၀ဝ တကယ်ပေးရတော့ ၅၀၀၀။ ၁၅၀ဝ က ဘယ်ကအခွန်မှန်းမသိပါဘူး။ ဖောင်တစ်စောင်ဝယ် ၂၀၀၀။ ဖောင် တစ်ခါတင် ရင် ၁၀၀ဝ ဘာတွေပါလဲ။ သင်္ဘောသားဆို တာ ပင်လယ်ထဲမှာ ပင်ပင်ပန်းပန်းရှာထားရတဲ့ ပိုက်ဆံတွေပါ။ ဒေါ်လာတွေမြင်တိုင်း သင်္ဘောသားရုံးကဝန်ထမ်းတွေက လွယ်လွယ်ရတယ်များထင်နေလားမသိပါဘူး။ တောင်းလိုက်တာ သူတောင်းစားတွေတောင်း အဖေခေါ်ရမယ်။ သူတောင်းစားက မျက်နှာငယ်ငယ်နဲ့ တောင်းပါတယ်။ သင်္ဘောသားရုံးကတော့ အော် ဟောက် ပီးတောင်းပါတယ်။ ပေးရတဲ့ ကျွန်တော်တို့မှာ တော်တော်လေး မျက်နှာငယ်ရရှာပါတယ်။ ပြောင်းလဲနေတဲံ့ကျွန်တော် တို့မြန်မာနိုင်ငံက လစ်ဟာနေတဲ့ ကွက်လက်လေးကို ပို့ဆောင်ရေး ဝန်ကြီးဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့တွေ ဝမ်းသာကြမှာပါ။ ကျေးဇူးလည်းတင်ကြမှာပါ။သင်္ဘောသားရုံးအား သေသေချာချာစီစစ်ပေးစေလိုပါတယ်။
အညတြလူ

2 comments

  • ster

    June 12, 2012 at 7:55 pm

    passport ရုံးကတော. တော်တော်ပြောင်းလဲသွားသလိုပဲ၊ သင်္ဘောသားရုံးလဲ အဲဒီလို ဖြစ်သွားပါစေဗျာ။

    Reply

  • Thel Nu Aye

    June 12, 2012 at 10:22 pm

    ဟိုဖက်ကပိုစ့်ကြီးပဲ ဘာလို့တူတူပြန်တင်တာလဲ။ လူဇိုး။

    Reply

Leave a Reply to Thel Nu Aye Cancel Reply

Your email address will not be published.