မြန်မာနိုင်ငံ သင်္ဘောသားများ အတွက်ပို့ဆောင်ရေးဝန်ကြီး အိပ်များနေသလား

Anya Tara LuuJune 12, 20121min011

ကျွန်တော်တို့မြန်မာနိုင်ငံဟာ အခု ပြောင်းလဲနေတဲ့ အချိန်ပါ။ အဲ့ လိုပြောင်းလဲ နေတဲ့ အချိန်မှာ ပြောင်းလဲ မှုတွေ့တွေ့ရလို့ ကျွန်တော် တို့လို လူငယ် တွေ အရမ်း ဝမ်းသာ ရပါတယ်။ ဒါပေမယ့် ကျွန်တော် တွေ့မြင်နေရတဲ့ ရေကြောင်းရုံး(DMA) ဒေါပုံက တော့ ပြောတာတွေနဲ့ တော်တော်လွဲနေလေတော့ ကျွန်တော် မနေနိုင်တော့ ပဲ ဒီစာလေးကို တင်လိုက်ရပါတယ်။ ရေကြောင်းရုံး မှာ သင်္ဘော သားဖြစ်ချင်သူတွေ သင်္ဘောသားဖြစ်ပြီးသူတွေဟာ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်သမျှကို ဘာမှမပြောပဲ ကိုယ့်လုပ်ငန်းအဆင်ပြေရေးကိုပဲ ကြည့်ပီး ငြိမ်ခံနေကြပါတယ်။ သူတို့ညစ်ပီး တစ်ခုခု လုပ်လိုက်ရင် ကိုယ်ရင်းထားတာတွေ အကုန်ကုန်သွားမှာစိုးလို့လေ။ ဒါကိုကျွန်တော်တွေ့တော့ မခံချင်ပါဘူ။ ပို့ဆောင်ရေးဝန်ကြီးများအိပ်နေသလားဆိုပီး တင်ပြလိုက်ရပါတယ်။ သင်္ဘောသားရုံးမှာ ဘာလုပ်လုပ် ပိုက်ဆံဆောင်ထားရပါတယ်။ သတ်မှတ်ထားချင်းမရှိတဲ့ ပိုက်ဆံတွေကို သူတို့ပါးစပ်က တောင်းသမျှပေးနေရပါတယ်။ သင်္ဘောသားရုံးမှာ ဘာလုပ်ရင် ဘယ်လောက်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိကြဘူးလားဆိုတာလဲ ပြောပေးပါအုံး။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းမယ့် မြန်မာ့သင်္ဘောသားများ ရဲ့ ဌာနချုပ်က ဘာမှ တိတိကျကျမရှိပါဘူး။ ဒါလားနိုင်ငံတကာနဲ့ ရင်ဘောင်တန်းမှာ။ သင်္ဘောသားတွေဟာ နိုင်ငံကို အကျိုးပြုနေတဲ့သူတွေဆိုတာကို မမေ့စေချင်ပါဘူး။ သင်္ဘောသားရုံးဆိုတာ လဲ သင်္ဘောသားတွေ ထမင်းကျွေးနေတယ်ဆိုတာလဲ မမေ့စေချင်ပါဘူး။ ဘောက်ချာပေးတော့ ၃၅၀ဝ တကယ်ပေးရတော့ ၅၀၀၀။ ၁၅၀ဝ က ဘယ်ကအခွန်မှန်းမသိပါဘူး။ ဖောင်တစ်စောင်ဝယ် ၂၀၀၀။ ဖောင် တစ်ခါတင် ရင် ၁၀၀ဝ ဘာတွေပါလဲ။ သင်္ဘောသားဆို တာ ပင်လယ်ထဲမှာ ပင်ပင်ပန်းပန်းရှာထားရတဲ့ ပိုက်ဆံတွေပါ။ ဒေါ်လာတွေမြင်တိုင်း သင်္ဘောသားရုံးကဝန်ထမ်းတွေက လွယ်လွယ်ရတယ်များထင်နေလားမသိပါဘူး။ တောင်းလိုက်တာ သူတောင်းစားတွေတောင်း အဖေခေါ်ရမယ်။ သူတောင်းစားက မျက်နှာငယ်ငယ်နဲ့ တောင်းပါတယ်။ သင်္ဘောသားရုံးကတော့ အော် ဟောက် ပီးတောင်းပါတယ်။ ပေးရတဲ့ ကျွန်တော်တို့မှာ တော်တော်လေး မျက်နှာငယ်ရရှာပါတယ်။ ပြောင်းလဲနေတဲံ့ကျွန်တော် တို့မြန်မာနိုင်ငံက လစ်ဟာနေတဲ့ ကွက်လက်လေးကို ပို့ဆောင်ရေး ဝန်ကြီးဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့တွေ ဝမ်းသာကြမှာပါ။ ကျေးဇူးလည်းတင်ကြမှာပါ။သင်္ဘောသားရုံးအား သေသေချာချာစီစစ်ပေးစေလိုပါတယ်။
အညတြလူ

11 comments

  • etone

    June 12, 2012 at 9:39 am

    ကိုအညတရလူရေ ….

    အဲ့ဒီအကျင့်ဆိုးကြီးကို ဆက်ကျင့်သုံးနေဆဲ နေရာအတော်များများ ကျန်ပါသေးတယ် ။
    လူတွေက ရှေးရိုးစွဲလို ပိုက်ဆံတောင်းတာ အကျင့်ပါလာတာကြတော့လည်း …. အချိန်တိုတွင်းတော့ … ဖျောက်မရဘူးထင်ပါရဲ့ ….. ။ လာဘ်စားတဲ့ လူအကုန်သာ ဖြုတ်ပစ်လိုက်မယ်ဆိုလျှင် …. လုပ်ငန်းကျွမ်းကျင်သူတွေမကျန်မှာစိုးလို့ …ဒီအတိုင်းကြီး မျောလိုက်လာခဲ့တာ …. နှစ်ပေါင်းများစွာကြာခဲ့ပြီ ။

    သူတို့ လက်ထဲက စာရွက်စာတမ်းရမှာ ကိုယ်ကဆက်လုပ်လို့ ရမှာဆိုတော့ … အညှာကိုင်ပြီး ငွေညှစ် ၊ ဆက်ကြေးတောင်းတဲ့ သဘောမျိုးလို့ပဲ မြင်မိပါတယ် ။ ဒီအချိန်မပေးဘူးတင်းခံနေလျှင်လည်း ….. ပညာပြခံရတော့မှာကြောင့် … မသဒါ္ဓလည်း ပေးကြရတာပါပဲ … ။ တိုင်တာတောင် လုပ်ငန်း လည်ပတ်မှု ခက်ခဲမှာစိုးတာကြောင့် အရေးမယူခဲ့တာမျိုးလည်း ရှိတယ် … ဒီတော့ … ဒီလို လာဘ်ပေးလာဘ်ယူစနစ်ကြီး … တဖြည်းဖြည်းပိုမိုကြီးထွားလာတာ …. ။
    ဒီလို အကျင့်ဆိုးတွေ ဘယ်တော့များမှ ပျောက်ကွယ်မှာလဲနော် 🙁

    Reply

  • Khaing Khaing

    June 12, 2012 at 1:04 pm

    အကြွေမပါရင်တော့ ဖောင်တစ်စောင် ၁၃၀ဝ ဆိုရင် ၁၅၀ဝ နဲ့ ၂၀၀ဝ ယူတတ်တယ် …… အကြွေအန်းဖို့ ဆိုတာလုံးဝမရှိပါဘူး ….. မှန်ပါတယ် သင်္ဘောသားတွေပြန်လာလို့ ဒေါ်လာတွေထောနေမယ်ထင်ကြပါတယ် တကယ်တော့ ပင်လယ်ထဲမှာဘယ်လောက်သက်စွန့်ဆံဖျားရှာခဲ့ရတယ် သူတို့နားမလည်ကြဘူး လေယာဉ်ကွင်းကစပြီး သင်္ဘောသားတွေက သူတောင်းစားတွေနဲ့တွေ့ပါတယ် သူတောင်းစားလို့တင်စား ခေါ်ဝေါရမလား လဒတွေလို့ပြောရမလား ဝိုင်းထိုးဝိုင်းတောင်းကြတာကိုတွေ့ရပါတယ် သူတို့မြန်မာနိုင်ငံပြန် လာပီး အလုပ်မရှိအကိုင်မရှိ ၃ ၄ လနားနေချိန်မှာ ဘယ်သူကမှ ထောက်ပံ့မကျွေးမွေးထားပါဘူး သင်္ဘောသားတွေရဲ့ဘဝကို သင်္ဘောသားဌာနတွေမှာလုပ်နေတဲ့ ဝန်ထမ်းတွေကပိုနားလည်သင့်ပါတယ် …..

    Reply

    • etone

      June 12, 2012 at 2:00 pm

      ဟိဟိ … မမခိုင်လိုဘယ်သူမှ နားမလည်ဘူးနော် … ။
      ညီမလည်း နားလည်အောင် သဘောင်္သီးစားကြည့်လျှင်ကောင်းမလားလို့ ….. ခွိခွိ 😆

      (နောက်တာပါအေ … ဟိဟိ ) 😛

      Reply

  • Shwe Ei

    June 12, 2012 at 1:27 pm

    ရွာထဲက သင်္ဘောသီးများရဲ့ အမြင်လေးတွေလဲ သိချင်ပါသေးတယ်ဗျာ။ အချက်အလက်ပြည့်စုံတော့ ဖတ်လို့ကောင်း၊ မန့်လို့ကောင်းတဲ့ပို့စ်ဖြစ်တာပေါ့။

    Reply

    • Khaing Khaing

      June 12, 2012 at 4:20 pm

      သင်္ဘောသားများရဲ့အမြင်ထက် သင်္ဘောသားကတော်တွေကဝင်ဆွေးနွေးပေးနေပါတယ် ….. အဲအထဲမှာတော့ မမအိတုံမပါပါဘူး …… သူက ဆေးထိုးအပ်ကတော် ……

      မမတုံ ဖားတုလို့ခရုခုံချင်တာလား ……. ငါးစိမ်းမြင် ငါးကင်ဖြစ်ချင်တာလား ……. အဟီးးးးးး.. ကိုယ့်ရထားတဲ့ ငရံ့ကသာ အကောင်းဆုံးပါအေ …… အားမကျစမ်းပါနဲ့ ….

      Reply

      • etone

        June 12, 2012 at 4:47 pm

        ရမလားလို့ …. ကြံမိပါတယ်အေ .. မှားတာချိလျှင် ဝံဒါမိပါ ခွိခွိ … 😛

        ပြောမယ့်သာပြောတာနော် …. နံပါတ်မချိတ်ရသေးသူအတွက်တော့ …. လက်နဲ့ ထိလျှင် ရွှေဖြစ်ခွင့်ရှိပါသေးတယ် .. ဟိဟိ ….. ဘာတဲ့ …… ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် …… အဲအဲ …… နောက်ရင်းပြောင်ရင်း …. နာလည်း ဟိုဟာမဂျီး ဖြစ်တော့မယ် ….. 😆

        ချစ်ချစ်ရေ.. .နောက်တာမှန်းသိတယ်မို့လား …….. ( စကားတွေ ကျွံသွားလို့ ပြန်ချုပ်ထားရတယ် .. ခွိခွိ :mrgreen: )

        Reply

        • Thel Nu Aye

          June 12, 2012 at 10:27 pm

          ဟိုကသီချင်းတောင်ဆိုနေပြီ။ ဆေးထိုးအပ်ယူမလား။ ခွဲခန်းဓါးယူမလား ကြိုက်တာကိုရွေးစမ်းကိုယ့်လူတဲ့။

        • etone

          June 13, 2012 at 11:38 am

          အစ်မရေ … လောလောဆယ်တော့ ……. ရတာ အကုန်ယူမယ် ….. အဲအဲ မွှားလို့ ….
          ဟိုခပ်ရှုပ်ရှုပ်မင်းသမီးလေး အင်တာဗျူးထဲကလိုပြောလိုက်မယ် …… သမီးက ငယ်သေးလို့ အချစ်ရေး စိတ်မဝင်စားသေးပါဘူး လို့လေ …….. ခွိခွိ ……. 😆

        • Khaing Khaing

          June 13, 2012 at 2:29 pm

          ပြောတုန်းကပြောပီး အခုမှ တောင်းပန်တာတွေ ဇကောပန်တာတွေ လာလုပ်မနေနဲ့နော် ……

          “နံပါတ်မချိတ်ရသေးသူအတွက်တော့ …. လက်နဲ့ ထိလျှင် ရွှေဖြစ်ခွင့်ရှိပါသေးတယ် .. ဟိဟိ ….. ဘာတဲ့ …… ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ……” တဲ့လား မမတုံရယ် အခုမှ သိရ တာရင်နာလို့မဆုံးပါဘူး အချောကြီးကတည်းကသိခဲ့ရင် မေ မချစ်ခဲ့ပါဘူးလေကွယ် အဲမှားလို့ သီချင်းတွေဆိုမိပီ …..မမသဲ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှမပြောနဲ့နော် သမီးတို့ (၃) ယောက် ပဲသိပါစေ တိုးတိုးတိတ်တိတ်ပေါ့ …….. အဟီးးးးးး

  • Thel Nu Aye

    June 12, 2012 at 3:16 pm

    အင်းတောင်းတာကတော့ တော်တော်တောင်းပါတယ်။ ခုန်မယ်ကျော်မယ်ဆိုရင် ပိုပိုမိုမိုတောင်းပါတယ်။ အမြန်ကြေးလဲတောင်းပါတယ်။ အနှေးကြေးလဲတောင်းပါတယ်။ ပုံမှန်သွားလဲတောင်းပါတယ်။ ဂိတ်ကနေ ကားနဲ့စဝင်ကတဲကတောင်းပါတယ်။ သွားမဲ့နေရာမသိလို့ မေးပြန်ရင်လဲ နေရာစုံရောက်ပြီးမှ ကိုယ်သွားချင် တဲ့ဋ္ဌာနရောက်ပါတယ်။ အရင်ကဆိုပိုဆိုးပါတယ်။ ပွဲစားနဲ့လုပ်တာကိုသူတို့ကပိုကြိုက်ပါတယ်။ ကိုယ်တိုင် လုပ်ရင်သိပ်မကြိုက်ချင်ပါဘူး။ ကိုယ်တိုင်လုပ်ရင်အချိန်ဆွဲထားပါတယ်။ ပွဲစားနဲ့လုပ်ရင်ချက်ချင်း ထွက်ပါ တယ်။ အခုခေတ်တော့ ကိုယ်တိုင်လုပ်လို့ရတာလေးတိုးတက်လာပါတယ်။ ပေးတာကတော့ ပေးနေရ ဆဲ ပေးနေရမြဲပါပဲ။ ပွဲစားကတဆင့်ပေးတာနဲ့ ကိုယ်တိုင်ပေးတာလေးတော့ကွာသပေါ့။

    Reply

  • Key Key

    June 12, 2012 at 9:59 pm

    လာဘ်ပေးလာဘ်ယူ တို့ရန်သူလို့ ဆိုလို့ လာဘ်မပေးဘဲ လဝကရုံးမှာ သား (၁၀) နှစ်ပြည့် မှတ်ပုံတင်လုပ်တာ မိဘနှစ်ပါးနဲ့ နှစ်ဘက် အဘိုးအဘွား မှတ်တမ်းတွေ နယ်မှာ ပြန်တောင်းနေတာနှစ်လကျော်သွားပေမယ့် မရသေးပါဘူး။
    (မတူတဲ့ တစ်နယ်စီက မိဘနှစ်ဦးနဲ့ နှစ်ဘက်အဘိုးအဘွား ပေါင်း( ၆)ဦးအတွက် ပြန်ရှာပေးရပါတယ်။ ကိုယ်တိုင်ယူလို့ရတဲ့မြို့နယ်ရုံးက ပြန်စာသာရပြီး နယ်လဝက ရုံးတွေကို စာတိုက်ကနေ လှမ်းတောင်းရတဲ့ အချက်အလက်တွေမရသေးလို့တဲ့။ (၆)ယောက်လုံးရဲ့ နိုင်ငံသား မှတ်ပုံတင်မူရင်းက ဘာမှ အရာမရောက်သလိုဘဲ….။)
    စိတ်ရှည်ရှည်ထားပြီးစောင့်နေပါတယ်။
    ဒါပေမယ့်…….သားအသက် (၁၈) နှစ်ပြည့်အထိ စောင့်ရမလားဘဲ…………………..။

    Reply

Leave a Reply to Shwe Ei Cancel Reply

Your email address will not be published.