surmi နာမည်ပြောင်းသင့် မသင့်

manawphyulayJune 9, 20121min013

ပုံပြင်လေးတစ်ပုဒ်ကို ပြောဖို့ အကြောင်းဖန်လာပါပြီ။ ဒီပုံပြင်လေးကတော့ ခု ကိုဆာမိရဲ့ နာမည်ပြောင်းသင့် မသင့် ရေးလာတဲ့ ပိုစ့်လေးကို ဖတ်မိပြီးတော့ ဒီအကြောင်းအရာလေး ပြောချင်တာပါ။ ပုံပြင်တစ်ပုဒ်လို့ ဆိုလို့ရမှာပေါ့ရှင်။ ဟိုးရှေးရှေးတုန်းကပေါ့… ရွာလေးတစ်ရွာမှာ အရမ်းချစ်တဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ သူတို့နှစ်ယောက် ဘယ်လောက်ချစ်လဲဆိုရင် ဘာလုပ်လုပ် အတူတူလုပ်ပါတယ်။ စီးပွားရေးကအစ စပ်တူလုပ်တယ်ပေါ့။ သူတို့နှစ်ယောက်ရဲ့ နာမည်တွေက တစ်ယောက်က ဆာမိလို့ ပေးထားပြီးတော့ တစ်ယောက်က မူတူးလို့ သူတို့မိဘတွေက ပေးထားကြပါတယ်။ မွေးတုန်းကလည်း တူတူမွေးပြီး ကြီးပြင်းတော့လည်း တူတူပေါ့။ တစ်နေ့တော့ သူငယ်ချင်းနှစ်ယောက်က တိုင်ပင်မိကြတယ်။ သူငယ်ချင်း ငါတို့နှစ်ယောက် စီးပွားရေးလည်း တူတူလုပ်ကြတယ်။ ဘာပဲဖြစ်ဖြစ် တူတူလုပ်ဖြစ်တယ်။ ဒါပေမယ့် ငါတို့ အတူတူ အလှူအတန်းမလုပ်ဖြစ်သေးဘူး။ ဒီတော့ ငါတို့နှစ်ယောက် အလှူစပ်တူပြုမယ်လို့ အကြံဖြစ်ပေါ်ပြီး ဘုန်းကြီး သွားလျှောက်ကြတယ်။ ဘယ်နေ့ကို အလှူလုပ်မယ် ဆရာတော် ကြွပါလို့ လျှောက်ထားခဲ့ကြတယ်။
ဒါနဲ့ပဲ အလှူပြုတဲ့ နေ့ကို ရောက်လာခဲ့ကြပါရော… ပင့်ထားတဲ့ ဆရာတော်ကလည်း ကြွလာပြီး နေရာယူတယ်။ ဒါနဲ့ ဆရာတော်က ပြုပြုသမျှ ကုသိုလ်တွေအတွက် တရားနာ ရေစက်ချမယ်လို့ ဒကာတွေကို ပြောတော့ ဆာမိနဲ့ မူတူးက ရေစက်ခွက် ကိုယ်စီနဲ့ပေါ့ နေရာယူကြတယ်။ ဆရာတော်က ကဲ လိုက်ဆိုကြ…ဆိုပြီး တရားပေးတယ်။
သရဏဂုံလည်း တင်တယ်။

လိုက်ဆို…
ဗုဒ္ဓ သရဏံ ဂစ္ဆာမိ…………
ဓမံ္မ သရဏံ ဂစ္ဆာမိ…….

ဘုန်းကြီးက ရွတ်တော့…

မူတူးက ပထမ လိုက်ဆိုနေတယ်။ နောက်လည်းကျရော သူက မနေနိုင်ဘူး။ ဆရာတော်ဘုရား ခဏရပ်ပါဦးဘုရား…
ဆရာတော်က ရွတ်နေတာကို ရပ်ပြီး မူတူးကို ကြည့်လိုက်တယ်။ ဒကာ ဘာပြောချင်လို့လဲပေါ့…

မူတူးက ဘာပြောလဲဆိုတော့ ဆရာတော်ဘုရားပဲ စဉ်းစားကြည့်လေ… အလှူအတွက် အားကြိုးမာန်တက် လုပ်တာ နှစ်ယောက်အတူတူလုပ်ပြီး အလှူလုပ်ဖို့အတွက် အရင် စပြောတာလည်း ကျွန်တော်က စပြောတာပါ။

ဆရာတော်က
အေးလေ ခုက ဘာဖြစ်လို့လဲ…

ခုက ဘာဖြစ်ရမှာလဲ ဆရာတော်ဘုရားရဲ့

အလှူအတူတူပြုတာချင်း တူတာကို ဆာမိနာမည်ကြတော့ ထည့်ပြောပြီး တပည့်တော်ကျတော့ ဆရာတော် ချန်ထားခဲ့တာ အဲဒါ ကောင်းသလားဘုရား…

ဆရာတော်လည်း မတတ်သာတဲ့အဆုံး…

ကဲ ကဲ လိုက်ဆို…. တရားဆက်မယ်.. ဆိုပြီး ပြောလိုက်တာကတော့…

ဗုဒ္ဓ သရဏံ ဂစ်မူတူး……………. လို့ ရွတ်ဆိုလိုက်ပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲရှင်…

နာမည်ဆိုတာ ပညက်ချက်တစ်ခုပါပဲ။ ကိုယ်ယူထားတဲ့နာမည်အပေါ် ကိုယ့်ရဲ့ ပြုမူဆောင်ရွက်ချက်တွေသာ အရေးကြီးပါတယ်ဆိုတဲ့အကြောင်း ပြောရင်းနဲ့ နာမည်ပြောင်းဖို့ စိတ်ကူးနေတဲ့ ကိုဆာမိအတွက် လက်ဆောင်ရေးသားလိုက်ရပါတယ်။

13 comments

  • သားဦး၊မြေးဦး

    June 9, 2012 at 5:44 pm

    ကြံကြံဖန်ဖန်ရတတ်ပါပေတယ် မမနောဖြူလေးရေ။
    ဒါနဲ ့“ဗုဒ္ဓ သရဏံ ဂစ်မူတူး……………. လို့ ရွတ်ဆိုလိုက်ပါတော့တယ်။”
    ဆိုတော့ Royan Giggs+Mutu လားမသိဘူး ကိုပေရေ။ဟီးးးးးးနောက်တာပါ
    ဗျာ။စိတ်မဆိုးကြေးပါနော့။

    Reply

  • ညလေး

    June 9, 2012 at 6:03 pm

    ဒီပိုစ့်လေးဖတ်ပြီး ဟန်ဆောင်ခြင်းမဲ.တဲ.အပြုံးလေးတစ်ချက်
    အားရပါးရပြုံးလို.ရသွားပါပြီ မမမနောရယ်……ခုတစ်လောသတင်းဆိုးခြည်းပဲဖတ်ရတော့
    အပြုံးနဲ.ဝေးခဲ.တာကြာပေါ့မရယ်…….ခုလိုအသစ်အဆန်းလေးတင်ပြပေးတာကျေးကျေးပါ မမမနော…….

    Reply

  • Gipsy

    June 9, 2012 at 6:12 pm

    ဆာမိ နာမည် တနိုင်ငံလုံးအသိမို့… ဆာမိဟာ ဆာမိလုပ်တာပဲကောင်းပါမယ်….။
    နော်… ကိုဆာမိ ။

    Reply

  • snow white

    June 9, 2012 at 6:32 pm

    အလုပ် များနေတာနဲ့မန်းဂေဇက် ထဲမဝင်တာ ကြာပီဖြစ်တယ်။ ခုတော့ မရဲ့ စာလေး ကိုဖတ်ပီးပြုံးရယ်မိပါတယ်။မမမနောကိုကျေးဇူးတင်ပါတယ်နော်။

    Reply

  • အလင်းဆက်

    June 9, 2012 at 7:56 pm

    ပုံပြင်လေးအတွက် ကျေးဇူးပါပဲဗျာ။

    Reply

  • အရီး Khin Latt

    June 9, 2012 at 9:20 pm

    ဟက်ဟက်ပက်ပက် ရီပြီး ဖတ် သွားကြောင်းပါ မနောရေ။
    အရင်က ကြားဘူးပေမဲ့ မနော လို ဆက်စပ် မတွေးခဲ့မိဘူး။
    ကျေးဇူးပါ။
    ကိုဆာမိ လဲ သူ့နာမည်ကို ပိုပြီး ကြိုက်သွားမယ် ထင်ပါရဲ့။ 🙂

    Reply

  • MaMa

    June 9, 2012 at 9:45 pm

    ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ရှိတယ်။
    ူသူက ရုပ်ရှင်ကြည့်ရင် သိုင်းကားပဲ ကြည့်တယ်။
    တနေ့တော့ သူရုပ်ရှင်ကြည့်ဖို့ အဖော်မရှိတာနဲ့ ခေါ်လို့ လိုက်သွားတယ်။
    ကိုယ်ကတော့ ရုပ်ရှင်လည်း ကြည့်ခဲတဲ့အပြင် သိုင်းကားကိုလည်း မျက်စေ့နောက်လို့ မကြည့်ချင်ဘူး။
    သူခေါ်လို့လိုက်လာတာဆိုတော့ ကိုယ့်ကို ဦးစားပေးပြီး Tale of Africa ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖြစ်သွားတယ်။
    ပြီးသွားတဲ့အခါ သူငယ်ချင်းက ရုပ်ရှင်ကြည့်တာ ဒီတခါပဲ စိတ်ချမ်းသာတယ်တဲ့လေ။
    ခုလည်းပဲ- ဒီရက်ပိုင်း စိတ်ဆင်းရဲစရာ ပိုစ့်တွေချည်း တွေ့နေရာက မနောဖြူလေးစာကို ဖတ်လိုက်ရမှပဲ စိတ်ချမ်းသာ သွားတော့တယ်။ 🙂

    Reply

  • surmi

    June 9, 2012 at 10:23 pm

    အထူး ကျေးဇူးပါ မနောရေ ……
    အခုတလောအလုပ် လုပ်လဲ စိတ်ကမဖြောင်. ၊ ဘာသတင်းလို.လဲသိချင်ပြန်
    သိရတော.လည်း စိတ်မချမ်းသာ …ဒီလိုနဲ. နေလာတာ ခုမှဘဲ စိတ်ချမ်းသာရပါတယ် ။
    ရွာသူရွာသားချင်း ဂရုတစိုက်ဆွေးနွေး ပေးကြသူတွေရော ပေးတဲ.လက်ဆောင်ကိုပါကျေးဇးတင်
    ဝမ်းမြောက်စွာလက်ခံယူရင်း …….

    Reply

  • သားဦး၊မြေးဦး

    June 9, 2012 at 11:01 pm

    ဟီးးးးးးးမထူးတော့ပြီ. ဒီတိုင်းလေးဘဲကောင်းပါတယ် ကိုဆာမိရယ်။
    နှုတ်ကျိုးနေပီလေဗျာ။

    Reply

  • ahnyartamar

    June 10, 2012 at 12:06 am

    ဒါဆိုလဲ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ……ပဲကောင်းပါတယ်။

    Reply

  • fatty myat

    June 10, 2012 at 2:40 pm

    ပြောင်းမှဖြစ်မယ်ဆိုရင်လည်း မုန့်ကျွေးပြီး ဂစ်ဆာမိလို့ ပြောင်းလိုက်ပေါ့။ မဟုတ်ဘူးလား။ ရွာထဲမှာတော့ မုန့်ကျွေးရမယ်။

    Reply

  • htet way

    June 10, 2012 at 6:10 pm

    ဖတ်ရှု့ အားပေးသွားပါတယ် မနောဖြူလေးရေ
    ဒီလိုလည်း ဟာသတွေရေးပါအုံးလို့

    Reply

    • manawphyulay

      June 10, 2012 at 6:14 pm

      စိတ်က ရေးချင်ပေမယ့် လက်က မသွားဘူးဖြစ်နေတယ် ဆရာထက်ရေ… တစ်ခါတလေကျတော့လည်း ဘဝထဲကနေ ဟာသနဲ့ဖြေဖျောက်ရတာတွေ ရှိတာပါပဲ။

      Reply

Leave a Reply to fatty myat Cancel Reply

Your email address will not be published.