မန်းဂေဇက်အတွက် ဂုဏ်ယူမိခြင်း

manawphyulayJune 6, 20121min030

မန်းဂေဇက်အတွင်း ရေးသားသူများသည် နယ်နယ်ရရများ မဟုတ်ကြောင်းကို မကြာခင်က ဖတ်ရှုမိသည့် စာစောင်များတွင် တွေ့ရှိရပါတယ်။ ခုအပတ်စဉ်ဆက်ဆိုသလို တွေ့ရှိနေရတဲ့
စာမူရေးသားသူကတော့ ဆရာ ထက်ဝေးဖြစ်ပြီး ၂၅ ရက်နေ့ ၅ လပိုင်းထုတ် မန္တလေး အလင်းဂျာနယ်တွင် အင်တာနက် ဇာတ်လမ်း ၂ ကိုတွေ့ရှိရပြီး နောက်ထပ် ထပ်မံ ၁ ရက်၊ ၆ လ၊ ၂၀၁၂ ထုတ် မန္တလေး အလင်းဂျာနယ်တွင် ဆရာထက်ဝေး၏ ညီမလေး ဖတ်ဖို့ ဆောင်းပါးထဲက စိတ်အလှဖြင့် လောကကို အလှဆင်စေကို တွေ့ရှိရပြန်ပါတယ်။
ထို စာမူများသည် ဂေဇက်တွင် ဖေါ်ပြပြီးသော စာမူများဖြစ်သည်။ ထို့ကြောင့် ဂေဇက် ဝက်ဆိုက်ကို ဂုဏ်ယူမိပါတယ်။
ထို့ အတူ ဂေဇက်၏လုပ်ရှားမှုကို သတင်းအဖြစ် ဧရာဝတီ သတင်းစာတွင် ပန်းတနော် အစုကြီး အလှူ လှူဒါန်းမှုအစုစုအတွက် သတင်းပါလာတာကို ကြည့်ခြင်းအားဖြင့် များမကြာမှီ ဂေဇက်မှ မည်သည့် စာရေးဆရာတွေ ထွက်ပေါ်လာမယ်ဆိုတာ စောင့်မျှော်ဖတ်ရှုနေမိပါတယ်။ ဂေဇက်ရဲ့ ကလောင်ရှင်များသည် တဖြည်းဖြည်းနဲ့ စာစောင်များတွင် နေရာယူလာနေပြီဆိုတာ မပြောပဲနဲ့ သိနေမိပါတယ်။ နောက်တစ်ချက် မန်းဂေဇက်တွင် စာမရေးပဲ ကော့မန့်မပေးပဲ အပြင်ကနေ နေ့စဉ်ဆိုသလို အချိန်တိုင်း ဝင်ကြည့်နေသော စာဖတ်ပရိသတ်တွေလည်း အလွန်ပင် များပြားတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ တစ်ခါ ကျွန်မ လိုင်းကားစီးရင်း ကားပေါ်မှာ သတင်းတွေ အမြဲချက်ချင်းတင်တဲ့ဆိုက်တစ်ခုကို ရုံးရောက်တာနဲ့ ဖွင့်ထားတယ်ဆိုတာ ဘေးက ခရီးသည်တစ်ဦးက ပြောပါတယ်။ သူက ပြောပါသေးတယ်။ အဲဒီဆိုက်ကို သူများတွေလည်း ဝင်ကြည့်သင့်ကြောင်း သတင်းတွေတင်မဟုတ်ပဲ ရသ၊ သုတ၊ ဗဟုသုတစတဲ့ အကြောင်းအရာ စုံလင်တယ်လို့ ပြောလာပါတယ်။ နောက်မနောဖြူလေး တင်လိုက်တဲ့ သတင်းတစ်ခုဆိုရင် ခုကားလိုင်းတွေမှာ အရင်လောက် မဖမ်းမဆီးတော့ဘူးလို့လည်း ပြောလာပါတယ်။ ဒါနဲ့ ကိုယ်ကလည်း မသိချင်ယောင်ဆောင်ပြီး ဘယ်ဆိုက်လဲလို့မေးလိုက်တော့ ကိုယ်ကျင်လည်နေတဲ့ ရွာရဲ့ဝက်ဆိုက်ဖြစ်နေပါတော့တယ်။ သူကတော့ အပြင်ကနေ စာပဲ အမြဲဖတ်တယ်ဆိုတာ ပြောပါတယ်။

သူမှမဟုတ်ပါဘူးတဲ့ သူ့ရဲ့တစ်ရုံးလုံးမှာ ရှိတဲ့ ဝန်ထမ်းအကုန်လုံးလည်း အဲဒီဆိုက်ကိုသဘောကျကြတယ်လို့ ပြောတော့ မန်းဂေဇက်ရဲ့ သတင်းကတော့ အတော့်ကိုပြန့်နှံ့နေတယ်ဆိုတာ
ပြောစရာမလိုဘူးထင်ပါတယ်။ ကလောင်သွေးကြသူများစုပေါင်းပြီးလည်း အလှူ ပရဟိတတွေလည်း တူတူလုပ်လာခဲ့ကြတာဆိုရင်ဖြင့် အလွန်ဝမ်းသာအားရရှိမိပါတယ်။ ဒါကြောင့် မနော တစ်ခု မေတ္တာရပ်ခံချင်တာကတော့ ရွာသူရွာသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဥမကွဲသိုက်မပျက် အချင်းချင်း ဘာမှမဖြစ်ကြပဲနဲ့ ရှေ့ကို ဆက်လက်ချီတက်ကြပါလို့ ဒီထဲမှာ
ပျောက်ချက်သားကောင်းနေတဲ့ အစ်ကိုသစ်မင်းတို့၊ လေးဖက်တီးတို့ကိုလည်း ဘယ်တွေများရောက်ပြီး ဘာတွေများလုပ်နေလဲဆိုတာ သိချင်လို့ မေးမြန်းလိုက်ပါတယ်။

မန်းဂေဇက် အဖွဲ့သားတို့
ဝါသနာတူ လာစုကုန်ကြ
စာပေပန်းခင်း မန်းဂေဇက်တွင်
ရနံ့သင်းသင်း လှိုင်လှိုင်ရေးရင်း
အဖွဲ့သားတို့၊ သွားစို့ ခရီးတူ……..
ခဏဆုံကြ ဒီလောကတွင်
ရင်းနှီးမှုကို ဖလှယ်ကြရင်း
ခင်မင်ခြင်းဖြင့် ရေးခွင့်ကိုဆို
အဖွဲ့သားတို့၊ ရေးစို့ စာပေချိုချို……
ရေးကြသည့်ကဗျာ၊ ကာရန်ညီထွေ အတူစပ်ရင်း
ဒီလောကတွင် ဝါသနာတူ
တွေ့ကြဆုံကြ၊ စာပေဧည့်သည်
ခဏတာမျှ ကြုံရပေတယ်
ရန်သူ မိတ်ဆွေ မခွဲခြားပဲ
စာပေမောင်နှမ စာပေလောက
အဓွန့်ရှည်အောင်
စည်းလုံးစွာဖြင့်
ရပ်တည်ကြရင်း
စာပေခင်းလမ်း
ဆက်လက်ချီတက်
ခရီးဆက်မည်
မန်းဂေဇက် အဖွဲ့သားတို့………..

30 comments

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 6, 2012 at 4:35 pm

    ဟုတ်ပါတယ်ဗျို့ မှန်ပါတယ်ဗျို့ … ဒါနဲ့ စကားမစပ် … နောက်ထပ် အလှူသွားဖို့ ရှိတော့ဘူးလား … စီစဉ်ကြပါအုံး … ပန်းတနော်တုန်းက မလိုက်ခဲ့ရလို့ …

    Reply

  • ဗိုက်ကလေး

    June 6, 2012 at 4:46 pm

    ဒေါ်ပျိုကြီး..
    သဂျီးက ဒေါ်ပျိုကြီးကို တစ်သိန်း ချီးမယ်တဲ့
    အိပ်နေရင်း တန်းလန်းနဲ ့ ကျုပ်ကို အိပ်မက်လာပေးလို ့ ပြောပြတာ..

    ကျေဇူးတင်ပါတယ်

    Reply

    • manawphyulay

      June 6, 2012 at 4:55 pm

      ချီးမြှင့်တာလား ချီးတာလား သေချာပြောဦး ဟွန်း ချီးမယ်ဆို ဘာမှချီးမစားဘူးနော် သိလား… ကြိုပြောထားတာ။

      Reply

  • Mon Kit

    June 6, 2012 at 4:51 pm

    မင်္ဂလာရှိတဲ့ ပို့စ်လေးပါ မနောလေးရေ….

    Reply

  • Azzurri

    June 6, 2012 at 4:52 pm

    ကျုပ် ဖားတပိုင်းငါးတပိုင်း ဆယ်လစ်ဗျစ်တီ ဘယ်တော့ ဖြစ်မလဲ ဟင်င်င်င်င်
    :mrgreen:

    Reply

  • water-melon

    June 6, 2012 at 5:02 pm

    မန်းဂဇတ် နောင်နှစ်ပေါင်းများစွာ တည့်တံပါစေ
    သူကြီးလည်း နေကောင်းပါစေ
    မန်းဂဇတ်ကြောင့် ချစ်သူသက်ထား ရခဲ့ပါကြောင်း
    ဘူလဲလို့မမေးနဲ့နော်
    မီးမီးရှက်တယ်
    အဟီ :mrgreen:

    Reply

    • manawphyulay

      June 6, 2012 at 5:13 pm

      ဒူလဲ ဟင် ကျောကျမလား ကျောကျဝူးလား ဒါပဲ ကျော ဖရဲနော… လူစုံတုန်း ရှင်းပြ …

      Reply

    • မဟာရာဇာ အံစာတုံး

      June 6, 2012 at 9:45 pm

      နာသိဒယ် …
      ဘူလဲဆိုဒါ …..
      ဒါပေမယ့် မဖွဒေါ့ပါဘူးလေ ..
      တော်ကြာ ..
      နာ မန်းလေးရောက်ရင် မပြုစုတော့မှာစိုးလို့ … 😀

      Reply

  • MaMa

    June 6, 2012 at 5:29 pm

    ရွာကြီးအတွက် ဂုဏ်ယူပါတယ်။
    သဂျီးနဲ့ ရွာသူားတွေ စုပေါင်းညီညာကြလို့လည်း
    အခုလို ထိုက်တန်တဲ့ အောင်မြင်မှုကို ရတယ်လို့ ယူဆပါတယ်။
    (ဆိုလိုတာက သဂျီးတစ်ယောက်တည်း ကောင်းလို့ မဟုတ်ဘူး။) :mrgreen:

    Reply

  • ကိုရင်မောင်

    June 6, 2012 at 5:32 pm

    ဖရဲတောင် အပင်ပေါက်တော့မှာပါလား…
    ဒီတခါ ရွာထဲမှာ အလှူငွေမဟုတ်ဘဲ
    လက်ဖွဲ့ငွေထည့်မယ်ဟေ့..
    ဖိတ်လိုက်နော်……

    Reply

    • water-melon

      June 6, 2012 at 6:32 pm

      အူးလေးနော်
      လက်ဖွဲ့ကို ကြီးကြီးဖွဲ့နော်
      ကျောက်ပြင်တော့မဖွဲ့နဲ့
      အဟီ
      ချစ်ရေ သူများတွေပြောနေပြီ
      မကြာချင် သီတင်းကျွတ်တော့မယ်

      Reply

      • Thel Nu Aye

        June 6, 2012 at 7:46 pm

        အေး ငါကတော့ ညီးကို ငရုတ်ဆုံလက်ဖွဲ့မယ်။ ဒါမှ တသက်လုံးမှတ်မိနေအောင်။

        Reply

      • Mလုလင်

        June 7, 2012 at 11:33 am

        ဖရဲ .. ရေ .. ငါကတော့ မင်းအတွက် ငရုတ်ကျည်ပွေ ့ (ရှယ်) လက်ဖွဲ့ ပါ့မယ်ကွယ် ..။ မင်းမိန်းမ မင်းကို ပစ် တဲ့အခါ ငါ့ကို သတိရ ပေါ့ကွာ …။

        Reply

    • minn zaw

      June 6, 2012 at 6:46 pm

      ဖရဲ အတွက်လက်ဖွဲ့ဆိုရင် ကျွန်တော့်ဆီမှာ ကျောက်တုံး အကြီးကြီးရှိတယ်။
      ကျောက်စိမ်းအစစ် ဒါပေမယ့် ရောင်းစားမရ လို့ အဝတ်လျှော်ဖို့ တုံး လုပ်ထားရတယ်။
      ဂယ်ပါ ရက်ရက်ရောရော ကို လက်ဖွဲ့ ပလုက်မယ်။ ဟီး၊။။ ၊၊

      မှတ်ချက်။ ။ ကားခ မတတ်နိုင်ပါ။

      Reply

      • water-melon

        June 6, 2012 at 7:43 pm

        ကိုမင်းဇော်ရေ
        လက်ဖွဲ့စရာမလိုတော့ပါဘူးဗျာ
        ခုနတင် အသည်းကွဲလာပါကြောင်း
        အဟင့် 😥

        Reply

  • moe minthar

    June 6, 2012 at 6:22 pm

    ဟုတ်တယ်…ဟုတ်တယ်…

    မမပြောသလိုရွာကြီးအတွက်ဂုဏ်ယူမိပါသည်………

    ဖရဲပေါက်မဲ ့အပင်က…ဘာပင်လဲဆိုတာ..သိချင်စမ်းပါဘိနော်…

    ထားဝယ်သားပြောသလို….အလူှအတန်းရှိရင်သတင်းပေးပါဥိးနော်….

    သူကြီးလည်းကျန်းမာ…..

    မနောဖြူလေးလည်းချမ်းသာပါစေ………

    Reply

  • အရီး Khin Latt

    June 6, 2012 at 6:44 pm

    မနောရေ ဂုဏ်ယူစရာ Post လေးအတွက် ကျေးဇူးနော်။
    ဆရာထက် ကိုလဲ Congratulations! ပါ။ 🙂

    မောင်ဖရဲ
    မင်းက စ မှတော့ စစ်ဆေးမှု နဲနဲ လုပ်ပါရစေ။
    ပန်းတနော်ခရီး ကလား။
    ဓာတ်ပုံတွေ ထဲ က အရဆိုရင်တော့ မင်း အနားမှာ …..တွေ့တယ်။ 🙄
    အင်း …… 😉

    Reply

    • Moe Z

      June 7, 2012 at 11:31 am

      ဝှူး .. တော်သေးရဲ့ အဲဒီခရီးကို မလိုက်ဖြစ်လို့ :mrgreen:

      Reply

  • aye.kk

    June 6, 2012 at 7:27 pm

    မနောရေ,…
    ရှေးကံရေစက်..
    အကြောင်းဆက်ကြောင့်..
    ဂေဇက်ရွာမှာစုပေါင်းဆုံကြသည်။။

    Reply

  • ထာဝရ

    June 6, 2012 at 7:39 pm

    မန်းဂဇက် ကတော.တကယ်.ကိုနာမည်ကြီး ပါဘဲ
    ဒါနဲစကားမစပ်သူကြီးရေ…
    ဒေါ်အောင်ဆန်းစုကြည်ကို အင်တာနက်ကနေ မကောင်းပြောထိုးနှက်နေတဲ.
    အဖွဲ.က သူကြီးတို. အမေရိကားမှာအခြေစိုက်ဆိုဘဲ အဖွဲက အနဲဆုံး
    လူ၁၂ဦးပါတယ်တဲ. အမေရိကားမှာခြေရာခံမိတဲ.သူတွေက ၄ဦးဆိုဘဲ
    အဲဒီထဲမှာလင်မယား၂ဦးက အတက်ကြွဆုံးလို.ပြောတယ်
    အသေးစိတ်ကိုတော.နတ်မိုက်ရဲ. ဝက်ဆိုက်မှာကြည်ရင်တွေရမယ်လိပ်စာတွေပါပါတယ်
    အဖွဲချုပ်ကတော. အမေရိကားက မဟာမိတ်တွေကို အဲဒီလူလေးယောက်ကို ဝိုင်းစုံစမ်းပေးဘို.
    အကူညီတောင်းထားတာတွေ.တယ်
    သကြီးတို.ဦးကြောင်ကြီးတို.ကူပြီးရှာပေးကြပါအုံး

    Reply

  • water-melon

    June 6, 2012 at 7:42 pm

    အမလေး တလုပ်ကြီးကို မုန်းတဲ့ အူကြောင်ကိုု ရှာခိုင်း
    သူက ငါးကြော်လေးကျွေးရင် ဘာခိုင်းခိုးင်းရတယ်
    အဟီ အူးကြောင် စတာနော်

    Reply

  • သားဦး၊မြေးဦး

    June 6, 2012 at 7:43 pm

    ရွာထဲက ဆရာတွေ၊ဆရာမတွေဆီမှာ တပြည့်ခံ လေ့လာရင်း

    ပျော်နေမိပါတယ်ဗျာ။

    Reply

  • Thel Nu Aye

    June 6, 2012 at 7:50 pm

    မန်းဂေဇက် member ဖြစ်ရတာ ဂုဏ်ယူစရာကောင်းပါတယ်။ ဒီဆိုဒ်ကိုတော်တော်များများကြည့်ကြတယ်။

    Reply

  • ahnyartamar

    June 6, 2012 at 7:55 pm

    ဆရာထက်ရေ…ဂုဏ်ယူပါတယ်ဗျို့။

    Reply

  • htet way

    June 6, 2012 at 9:32 pm

    ဆရာahnyartamar နဲ့ အရီး Khin Latt ရေးသားသူ ဆရာမလေး မနောဖြူလေး တို့ ခင်ဗျား
    ကျွန်တော်ကို ချီးမွှမ်းကြတာ ကျေးဇူးတင် သလို လေးစားမိပါတယ်။
    တကယ်ပြောရရင် ကျွန်တော် က ဂျာနယ်တွေကိုပို့လို့ ပါလာတာပါ
    ရွာထဲက လူတွေ လည်း ပို့ရင် ဖေါ်ပြ ခံရမယ် ဆိုတာ အသေ အချာပြောရဲပါတယ်။
    တကယ့်ကို စာရေး ကောင်းတဲ့ သူတွေရှိပါတယ်။
    နောက်တခုက ဂေဇက်မှာ တင်တဲ့ စာတွေကို ပဲ ပြန် ပို့နေတာပါခင်ဗျား။
    ရွာထဲမှာ ကျွန်တော် လေးစားတဲ့ သူတွေ ၊ အရေး အသား ကိုအားကျရတဲ့ သူတွေရှိနေပါတယ်
    ဒါကြောင့် ကျွန်တော် က ဆောင်းပါး ပေါင်းချုပ် ရွာသား ၊သူ ပေါင်းပြီးလူ၂ဝရေးတဲ့ စာတွေ ထုတ်ဖို့
    တိုင်ပင်ကြည့်ခဲ့ပါတယ်။
    အခု မဖြစ်သေးပါဘူး။ အရည် အချင်းရှိတဲ့ စာမူတွေ ရွာထဲမှာရှိသော်လည်း ကျွန်တော်
    အားမတန်သေးလို့ မာန်လျှော့ ထားရပါတယ်။ တချို့ ဆရာ /ဆရာမတွေကိုလည်း ကျွန်တော် တိုင်ပင်ကြည့်ဖူးပါတယ်။
    ဆိုတော့ကား …ဆရာမ မနောဖြူလေး ဆိုသလို ဂေဇက်ရွာကြီးက တကယ်ရေခံမြေခံကောင်းတဲ့ နေရာ လို့ ဆိုရမှာဖြစ်ပြီး ကျွန်တော်ကတော့ အစက်အပျောက် ကလေးသာ ဖြစ်ပါကြောင်း……။
    ရွာသူရွာသား အားလုံးကို လေးစား ခင်မင်လျှက်
    ထက်ဝေး

    Reply

  • captainamerica

    June 7, 2012 at 12:34 am

    နေရာအနှံမှာညွှန်းပါ၏………….မန်းဂေဇတ်အကြောင်းကို သုတ ရသ
    စုံလင်သောဆိုဒ်ဖြစ်ပါကြောင်း…….

    Reply

  • ကြောင်ကြီး

    June 7, 2012 at 9:08 am

    မနောတို့ အပုံများ သူ့ကိုယ်စားရှက်တယ်… အဲဒီလူတွေက သဂျီးအမျိုးတွေဟေ့.. သူပိုက်ဆံပေးပီး မြို့အနှံ့လည် ဘတ်စ်စကားစီး လျောက်ဖွခိုင်းထားတာ…။

    Reply

    • manawphyulay

      June 7, 2012 at 2:40 pm

      ဟုတ်လား… ဒါဆို ဒီလောက်ကြပ်တဲ့ကားထဲ လျှောက်ဖွနိုင်တယ်ဆိုတော့ ပိုပြီး ဂုဏ်ယူစရာကောင်းတာပေါ့နော်…

      Reply

  • Khaing Khaing

    June 7, 2012 at 11:18 am

    မမနောရေ …….. ဒီပို့စ်လေးဖတ်ပြီး စိတ်ထဲမှာ အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ် …… ဆရာထက်ကို အတွက်လည်းဂုဏ်ယူပါတယ် ………. ရွာထဲမှာပို့စ်တင်ရင် ဗဟုသုတဖြစ်စရာ သတင်းပေးစရာ အကျိုးရှိ တာတွေကို တင်ပေးဖို့စိတ်ကူးလေးတောင်ဖြစ်မိပါတယ် ……..

    Reply

  • mayjuly

    June 7, 2012 at 1:03 pm

    မန်းဂေဇက်အတွက် ဂုဏ်ယူမိတာက ခုမှမဟုတ်ပါဘူး..
    ဟိုးးအရင် စာဖတ်သူဘဝတည်းက မန်းဂေဇက်ကို အထင်ကြီး လေးစားခဲ့ရတာ ..
    ခု လို ကိုယ်တိုင် member ဘဝနဲ့ ပါဝင်ခွင့် ရလာမှ ပိုပီးတောင် ဂုဏ်ယူရတာပေါ့ …

    ” ဂေဇက်ရွာကြီး ဆက်လက် တည်တံ့ ခိုင်မြဲ ပြီး အစဉ်တိုးတတ်နေရအောင် ရွာသူရွာသားအားလုံး ကြိုးစားကြပါစို့ “

    Reply

Leave a Reply to captainamerica Cancel Reply

Your email address will not be published.