ဗဟုသုတ (super natural) ၂

ဘာရယ်တော့မဟုတ်ပါဘူးဗျာ။ ဖတ်ထားမိတာလေးတွေကို ရွာသားတွေအပျင်းပြေအောင်ပါ။

အခုတလော တက်လာတဲ့ ပို့(စ်)တွေက စိတ်ညစ်စရာကြီးတွေများနေလို့ အပျင်းပြေဖတ်ရအောင်ပါ။

 

ပုဏ~ဏက(ဏကြီး နှစ်လုံးမဆင့်တတ်)တိုက်တာကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။

အင်္ဂလိပ်လို ပေါတာဂျိစ် Poltergeist လို့ခေါ်ပါတယ်။Sacheve Rell နဲ့ Harry Price စာရေးစရာနှစ်ဦးရဲ  ့

စာအုပ်ထဲကအကြောင်းတွေပါ။သိက္ခာတော်ရဘုန်းတော်ကြီး ဂျွန်ဝက်စ်လေ REv.John Wesley ရဲ  ့အိမ်မှာ ထူးထူးဆန်းဆန်း တံခါးခေါက်တာ၊ညည်းသံပေးတာ၊တွေဖြစ်တော့ သူ့မိန်းမက စုန်းပြုစားတာ

Witchcraft ဖြစ်တာထင်ခဲ့ပါတယ်တဲ့။ပြတင်းပေါက်တွေက အလိုလိုပွင့်တယ် ပြီးရင် အရမ်းပိ်တ်သွားတယ်။

အခြားသတွေကပြောင်းအိမ်ခိုင်းတာလဲ လက်မခံဘူးလေ။ဒီလိုလိုက်လုပ်နေတဲ့ မကောင်းဆိုးဝါးကို ဖမ်းမယ်

ဆိုပြီး သေနတ်နဲ့ပါပြစ်တယ်။ဒီတော့ ဝက်စ်လေဆီကပျောက်သွားပြီး သူ့သမီး ဘတ်တီဆီရောက်သွားတယ်

ဘတ်တီအိပ်ပျော်နေတုန်း ကုတင်ဘေးကနေ အသက်ရှုသံတွေ ညည်းသံတွေထွက်လာတယ်။ခုံပေါ်က

ပစ္စည်းတွေ အလိုလိုရွေ  ့တယ်။ပြုတ်ကျတယ်။အခန်းထဲ သေသေချာချာရှာတော့လဲ ဘာမှမတွေ့ပြန်ဘူး။

နောက်ဆုံးတော့ ဘုရားသခင်ကိုအသက်နဲ့လဲ ယုံကြည်တဲ့ ဘုန်းကြီး ဝက်စ်လေ လဲ ဘာမှမတတ်နှိုင်တော့

ဘုရားသခင်က မကြိုက်လို့ သူ့ဒါဏ်ခတ်နေတာဆိုပြီး ထိုင်ကြည့်နေရပါသတဲ့ဗျာ။

 

နောက်တစ်ခုက မစ္စစ်ဂိုလ်းဒင်း ဆိုတဲ့ အမျိုးသမီးတစ်ဦးပါ။

စတော့ဝဲ(လ်)လို့ခေါ်တဲ့ သူရဲက လုပ်တာတဲ့။အဲကောင်က အလွန်ကြမ်းဆိုဘဲ။

မှန်တွေ၊နံရံတွေတောင်ပြိုကျသတဲ့။အိမ်သူားတွေလဲ မြင်ရတယ်တဲ့ဗျ။

လာကြည့်တဲ့သူတွေတောင် တွေ့ တယ်ဆိုဘဲ။

နောက်ဆုံးအခြေအနေတွေ အရမ်းဆိုးလာတော့ အိမ်ပြောင်းပြေးရပါတယ်။

သူတို့ပြောင်းတဲ့နောက်ကိုပုဏ~ဏကတိုက်တာက ထပ်ချပ်မကွာလိုက်လာလို့

အိမ်ရှင်က လက်မခံတော့တာနဲ့ မိမိအိမ်ကို ပြန်လာရပါတယ်။

အိမ်ပြန်ရောက်တော့လဲ ဖြစ်မြဲဖြစ်နေပါသတဲ့။ဒီဖြစ်ရပ်ကို ရပ်တန့်ဖို့အတွက် ဘုန်းတော်ကြီးများလဲ

မတတ်နှိုင်။ရဲတွေလဲ ဆောင်ရွက်ပေးနှိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီမှာ ဆွေမျိုးတစ်ယောက်ရောက်လာပြီး သူ့အမျိုးသမီးကို အခြားခေါ်သွားခိုင်းပါသတဲ့။

အဲဒါမှပဲ ရပ်သွားတယ်ဆိုထားပါတယ်။တော်တော်ထူးဆန်းပါတယ်။

 

နောက်ပိုင်းမှာ တော့ SPIRITUALISM ကို သိပ္မံဘာသာရပ်ထဲ ထည့်သွင်းလေ့လာနေပါပြီ။

ပုဏ~ဏကတိုက်မှု့ကို (သိပ္မံဆိုင်ရာဝိညာဉ်လောကယုံကြည်မှု့) science of spiritualism လို့ခေါ်ပြီး

ဆက်လက်လေ့လာနေပါတယ်။အပိုင်း ၁ မှာဆိုခဲ့သလိုပဲ သိစိတ် နဲ့ မသိစိတ်မှာကြားမှာဖြစ်တဲ့

ခန္ခာပွားက လုပ်ဆောင်တာလို့ပဲ ကောက်ချက်ချကြပါတယ်။

ဒီ သဘာဝလွန်ဖြစ်ရပ် super natural ကို ခရစ်ယန်များကတော့ (ဘုရားရှင်ရဲ  ့ဆောင်ရွက်မှု့တစ်ရပ်)

It’s  merely an act  of GOD လို့ သုံးနှုန်းထားပါတယ်။

ပုဏ~ဏက တိုက်တာဟာ ကမ္ဘာအနှံ၊ဘာသာမရွေး၊လူမျိုးမရွေး၊ဒေသမရွေးဖြစ်နှိုင်ပါသတဲ့။

တရုတ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ဝ ကျော်ထဲက ဖြစ်ခဲ့ပါသတဲ့။

အမေရိကန်က စိတ်ပညာလေ့လာရေးအသင်းကြီးက ၁၉၂၈ ဇန်မှာ တင်သွင်းတဲ့ သုသေသနစာတမ်းအရ

၂ဝရာစု အတွင်းဖြစ်ခဲ့တဲ့  ပုဏ~ဏကတိုက်မှု့တွေက…

၁။အမေရိကန် ၁၀၆ ကြိမ်

၂။အင်္ဂလန် ၁၅၄

၃။အီတလီ ၃၀

၄။ပြင်သစ် ၁၀၈

၅။အိန္ဒိယ ၈၁

၆။ဂျာမဏီ ၄၉

၇။ကနေဒါ ၁၉

၈။နော်ဝေ ၁၅

၉။စပိန် ၄ကြိမ် ဖြစ်ခဲ့ပါသတဲ့။

 

အပျော်ဖတ်လေးပါ ဖတ်ရတဲ့ သတင်းတွေက ဝမ်းနည်းစရာကောင်းနေချိန်မှာ အပျင်းပြေဖတ်ရတာပေါ့ဗျာ။

 

 

12 comments

  • မောင်ပေ

    June 4, 2012 at 8:26 pm

    ဟုတ်တယ် ၊ ဟို ကြက်ကလေး ငှက်ကလေး ပို ့စ်ထဲ ဝင်ဖတ်လိုက်တာ ၊ ကွန်မင့်တွေ က ကိုယ့်ကို ဆဲနေသလိုဘဲ ခံစားရတယ် ။ စိတ်ရှုပ်လိုက်တာကိုး
    စကားမစပ် စူပါနေချရယ် အတွဲ ဆက်ကြည့်ဖြစ်သေးလား ။ ဆက်ပြီးရေးဦးဗျ ။

    Reply

  • ကိုရင်စည်သူ

    June 4, 2012 at 9:11 pm

    supernatural ဇာတ်လမ်းတွဲကို အရမ်းကြိုက်လို့ အကုန်လုံး ဝယ်ကြည့်ထားတယ်။
    ကျနော်ကတော့ ဇာတ်ကောင်ထဲက အကြီးကောင်ရဲ့ ဇာတ်သဘာဝကို
    သဘောကျတယ်။ အဲ့ဒီက အယူအဆ တော်တော်များများက
    ကျနော်နဲ့ တိုက်ဆိုင်နေတာလည်း တွေ့တာနဲ့ ကြည့်ဖြစ်သွားတာ။
    အကြိုက်ချင်းတူနေတာသိရတဲ့အတွက် ဝမ်းသာမိပါတယ်။

    Reply

  • မိုးတိမ်

    June 4, 2012 at 9:46 pm

    ကိုပေရေ…
    အနော်ကsuper natural ရဲ့ ဇာတ်လမ်းတွေ တင်ပေးနေတာ မဟုတ်ပါဘူးဗျ။
    အပြင်မှာ တစ်ကယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကို ဗဟုသုတရအောင်တင်ပေးနေတာပါဗျာ။
    အဓိကက ပုဏ~ဏက တိုက်တဲ့ အကြောင်းတွေ ဘာကြောင့်လဲဆိုတဲ့ စာတမ်းထဲက
    အကြောင်းတွေပါ။စိတ်ပညာလေ့လာရေးအသင်းကြီးက ဟာတွေပါဗျ။
    ဇာတ်ကားတော့ ပျင်းရင်ကြည့်လိုက်ပါတယ် ခင်ဗျာ။

    ကိုရင်ရေ…
    ဟုတ်ပါတယ် အကြီးကောင်စရိုက်ကို အနော်လဲ ပိုကြိုက်ပါ၏။
    ညာနေပေမယ့် သရုပ်ဆောင်ကောင်းတာတွေ
    ၊အယူအဆကတော့ မြန်မာနဲ့ တော်တော်တူတာတွေတောင်ပါတယ်လေ။
    ကျတော်ကြိုက်တဲ့ ဇာတ်လမ်းတွဲထဲမှာ prison brake ထောင်ဖောက်တဲ့ကား(အစောပိုင်း) ပြီးရင်
    အခု super natural ပါဘဲဗျာ။prison brake မှာတော့ အငယ်ကောင်ပေါ့ဗျာ။နောက်ဆုံး ဒါရိုက်တာက
    ဆက်မရိုက်နှိုင်တော့ မင်းသားကို သတ်လိုက်မှပဲ ဇာတ်သိမ်းသွားတယ် ဟေဟေ့။

    Reply

  • Key Key

    June 4, 2012 at 10:12 pm

    ကိုမိုးတိမ်ရေ
    ဏ္ဏ ရေးချင်ရင် ‘ဏ’ ရေးပြီးရင် (Tide key) လို့ခေါ်တဲ့ (1 ဘယ်ဘက်က) “~ `” key ကို တစ်ချက်ရိုက်ပြီး
    “Shift + ဏ ” ရိုက်လိုက်ပါ။

    (အချို့ keyboard က ကြောင်တတ်လို့) ရေးလို့မရရင်လည်း ဒီ “ဏ္ဏ” ကို copy လိုက်ပါ။

    😉

    Reply

  • သားဦး၊မြေးဦး

    June 4, 2012 at 10:44 pm

    ကိုမိုးတိမ်ရေ. အံ့ဖွယ်ပါလားဗျို ့။
    အစ က ဖတ်ရင်းနဲ ့မယုံချင်ဘူးဗျာ။စာလုံးပေါင်းလေးမှားနေတော့မှ
    တင်ပြချင်ဇောဘယ်လောက်များနေတယ်ဆိုတာလေး ရိပ်မိလို ့ပါ။

    Reply

  • မိုးတိမ်

    June 4, 2012 at 11:13 pm

    ဏ`ဏ အာ အဲဂလိုပဲ ပေါ်နေတယ်ဗျ။
    ကျေးဇူးပါခင်ဗျာ။
    အင့်ဟာ ဏ`ဏ အင့်ဟာ ဏ`ဏ
    ရဝူးဗျ။မောထှာဗျာ။

    Reply

  • မိုးတိမ်

    June 5, 2012 at 1:47 am

    အပင်ပန်းခံ ကိုယ်တိုင်ရိုက်ထားတာပါဗျ။
    ဘာလို့ ကော်ပီပေ့(စ့်)ပေါ်ရသတုန်း။
    Posted by မိုးတိမ် on Jun 4, 2012 in Copy/Paste |
    ဟုတ်သေးဘူးနော် မန်းလေးမှာ ချက်ချင်းရိုက် ချက်ချင်းတင်တာပါဗျ။
    တစ်ခုခုမှားနေပြီ၊ မဟုတ်ရင် လက်ညောင်းခံ ဆက်မရေးတော့ဘူး။
    ဖတ်ပဲ ဖတ်နေတော့မယ်။
    သူကြီးဘာကြောင့်တုန်း ရှင်းပေး။

    Reply

    • kai

      June 5, 2012 at 4:06 am

      Category ကိုကိုယ်တိုင်ရွေးရတာပါ..။ ဘာမှမရွေးရင်..Copy/paste ဖြစ်ပါတယ်..။

      ဆိုတော့..
      မြန်မာပြည်တွင်း. ပုဏ္ဏကတိုက်အကြိမ်ရေ..တနှစ်
      အမေရိကက စိတ်ပညာလေ့လာရေးအသင်းကြီးက ၁၉၂၈ ဇန်မှာ တင်သွင်းတဲ့ သုသေသနစာတမ်းပါ.. နိုင်ငံကိုးနိုင်ငံဖြစ်ပွားခဲ့သောအကြိမ်ရေအားလုံးကိုပေါင်း၍ ၂နဲ့မြှောက်.. ၃နဲ့စား.. ရနှုတ်.. ၃၂၁၁ပေါင်း.. :mrgreen:

      ယေး..
      Guinness World Records ထဲဝင်ပြန်ပဟ..။

      Reply

  • ကြောင်ကြီး

    June 5, 2012 at 8:49 am

    ရွာထဲမှာ ပုဏ္ဏကဘီလူးထက်ဆိုးဒဲ့ သဂျီးဘီလူးဆိုဒါရှိဒယ်.. သူ့ကို ကိုဘေးနွားကင် ပုံမှန်ဆက်ရင်ဆက် နို့မို့ရင် ရုပ်ကြမ်းကြီးနဲ့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကို ဆဲဆိုကြိမ်းမောင်းတော့ဒါဗဲ..။ စားစား သဂျီးဘီလူးဂျီးရေ… နွားအမြီးဗာမချန်နဲ့ တဂေါင်လုံး မြိုချ…။ 🙁

    Reply

  • Key Key

    June 5, 2012 at 5:24 pm

    ကိုမိုးတိမ်ရေ၊

    “ဏ္ဏ” ရိုက်နည်းနောက်တစ်မျိုးထပ်စမ်းကြည့်ပါအုံး။

    (၁)နည်း “Tide keyကို တစ်ချက်ရိုက်ပြီး Shift + ဏ ရိုက်လိုက်ပါ။”
    သို့မဟုတ်
    (၂)နည်း “ဏ (တစ်ခါရိုက်)ပြီးရင် Control+Shift+ဏ ကိုရိုက်ပါ။”

    စာလုံးအထပ်တွေရေးရင် (၁)နည်းမရရင် ၂နည်း နဲ့ရတတ်ပါတယ်လို့ စမ်းကြည့်လို်က်ပါအုံး။

    Reply

  • Key Key

    June 5, 2012 at 5:30 pm

    ှSorry Sorry!
    (၂)နည်း “ဏ (တစ်ခါရိုက်)ပြီးရင် Control+Alt+Shift+ဏ ကိုရိုက်ပါ။”

    Reply

  • shwe kyi

    June 5, 2012 at 7:05 pm

    ပုဏ္ဏကတိုက်တယ်ဆိုတာကြားဖူးရုံနဲ့ ကြောက်တယ်။ လှည်းတန်းမှာ တစ်ခါ မီးအလိုလိုလောင်တယ်ဆိုတာ
    အဲဒါလားမသိ။

    Reply

Leave a Reply to မိုးတိမ် Cancel Reply

Your email address will not be published.