ဓါတ်ပုံပြပွဲ မေလ(ဈေးသည်) ဆုရသူများစာရင်း ထုတ်ပြန်

ကျွန်တော်တို့ MandalayGazette ရဲ့ ပထမဆုံး အကြိမ် ဓါတ်ပုံပြပွဲ ကိုအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီဖြစ်လို့ အတိုင်းမသိ ဝမ်းသာရပါတယ် ..
ဒီထက်ပိုပြီးတော့ ဝမ်းသာဖို့ကောင်းအောင် ကျွန်တော်တို့ ဆုချီးမြှင့်ပေးဖို့ကိုလည်း စီစဉ်ထား ပါတယ် .. ပထမ ဆုကိုတော့ ကျွန်တော်တို့ရဲ့ သူကြီးမင်းမှ ဒေါ်လာ ၃ဝ တိတိ ချီးမြှင့်ပေးမှာ ဖြစ်ပြီးတော့ ၊ ဒုတိယ ဆုကိုတော့ ဂျပန်ကိုခေတ္တရောက်ရှိနေတဲ့ Inz@ghi မှ Memory card ချီးမြှင့်ပေးမှာ ဖြစ်ပါတယ် ၊ တတိယ ဆုကို တော့ ကျွန်တော် ချစ်ရင်ထူး မှ Camera Bag ချီးမြှင့်ပေးမှာ ဖြစ်ပါတယ် ။ အားလုံးလဲ သိပြီးသားဖြစ်မှာပါ .
ပထမ ဆုရရှိတဲ့သူကတော့ Aperture :27, ISO:80 ,Shutter Speed:1/160s နဲ့ ရိုက်ကူးခဲ့တဲ့ မခိုင်ခိုင် ပဲ ဖြစ်ပါတယ် .(44 votes)

ဒုတိယဆု ရရှိတဲ့သူကတော့ Aperture:5.6,Shutter Speed:1/30s , ISO :320 နဲ့ ရိုက်ကူးခဲ့တဲ့ မှော်ဆရာ ပဲ ဖြစ်ပါတယ် .(36 votes)

တတိယဆု ရရှိတဲ့သူကတော့ Aperture:5 , Shutter Speed:1/125s , ISO: 100 နဲ့ရိုက်ကူးခဲ့တဲ့ ကို Mလုလင် ပဲ ဖြစ်ပါတယ် .(30 votes)

ဆုရရှိတဲ့သူများ စာရင်းကို ထုတ်ပြန်ပြီးတဲ့နောက်မှာ ဝေဖန် အကြံပြုချက်များ ကိုလည်း လိုချင်ပါတယ် ။ နောက်တစ်ခုက ဆုရရှိတဲ့သူများမှ ဆုရရှိတဲ့ပုံကို ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လို ရိုက်ကူးခဲ့တယ် ဆိုတာလေးကိုလည်း မှတ်သားရအောင် ပြောပြပေးစေချင်ပါတယ် ။ဒါမှ နောက်တစ်ကြိမ်ပြပွဲ အတွက် အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဓါတ်ပုံရိုက်တဲ့နေရာမှာ အခက်အခဲ တွေ အများကြီး တွေ့ရလို့ပါ ။ ကျွန်တော့်ပုံဆိုရင် Flash မသုံးသင့်ဘူး ဆိုတာကို နောက်မှ ကိုလုလင်တို့ ကိုမှော် တို့ ပြောမှသိရတာပါ ။ အဲဒီလို အတွေ့အကြုံတွေ ရလာရင် ဓါတ်ပုံအရည်အသွေးတိုးတက်လာနိုင်တယ်လို့ ထင်မြင်မိပါတယ် ။
အားလုံးကိုကျေးဇူးတင်ပါတယ် ..
နောက်လအတွက် ကိုလည်း အားခဲထားကြပါဦး လို့ .. ချစ်စရာ့အရွယ် ဖြစ်ပါတယ် ။

66 comments

  • ချစ်ရင်ထူးနှစ်

    June 4, 2012 at 5:52 pm

    • မှော်ဆရာ

      June 4, 2012 at 7:00 pm

      ချစ်ရင်ထူးရေ …
      ကွန်မန့်နဲ့ ရေးရင် မလုံလောက်ဘူးထင်လို့ ပိုစ့်သပ်သပ် တင်လိုက်ပါ့မယ်
      ရေးချင်တာကလဲ များလို့ပါ …
      ဒါကြောင့် >>> မှော်ဆရာ့ ပန်းသည် <<< ဆိုတဲ့ နာမည်နဲ့ ရေးပေးပါ့မယ် ..။

      Reply

      • ချစ်ရင်ထူး

        June 4, 2012 at 7:10 pm

        As you like, mr.Mhaw. ဒါပေမယ့် မြန်မြန်တော့ ရေးနော် .. နောက်တစ်ခု ရှိသေးတယ် .

        Reply

      • linnlinnn

        June 5, 2012 at 2:53 pm

        ဂုဏ်ယူပါတယ်..ကိုမှော်ဆရာရေ.. ဒီဓါတ်ပုံပြပွဲကိုဝင်ကြည့်ခဲ့ပေမဲ့ member တစ်ယောက်အနေနဲ့ ကြည့်ဖြစ်ခဲ့တာမဟုတ်လို့ vote မပေးခဲ့ရပေမဲ့..ကျွန်မအလွန်ပဲ နှစ်ခြိုက်မိပြီး၊ အကြိမ်ကြိမ်ကြည့်ဖြစ်ခဲ့တဲ့ပုံလေးပါ။ ဓါတ်ပုံတစ်ပုံရဲ့သဘောတရားကို နားမလည်ပေမဲ့ ပန်းသည်ကောင်မလေး(သို့) ပန်းခူးနေတဲ့ကောင်မလေးရဲ့ မျက်နှာဟန်အမူအရာ..အနေအထား..သူဝတ်ထားတဲ့ အရောင်.. ခေါင်းပေါ်က ပန်းရဲ့အရောင် အားလုံးစုပေါင်းလိုက်တော့..ကျမတော်တော်နဲ့ မျက်လုံးမခွာနိုင်ခဲ့ပါဘူး။

        Reply

  • water-melon

    June 4, 2012 at 6:06 pm

    ဆုရတဲ့သူ မုန့်ကျွေးပါ မုန့်ကျွေးပါ
    နာတို့ကတော့ ဝေဖန်သူအဖြစ်နဲ့ဘဲ နေတော့မယ်
    အဟီ

    Reply

    • Khaing Khaing

      June 5, 2012 at 10:36 am

      ရန်ကုန်လာတုန်းက ကြိုကျွေးထားတယ်လေ …… မေ့သွားပလား ဖရဲလေး ……

      Reply

      • manawphyulay

        June 5, 2012 at 1:54 pm

        ဒါဆို ရန်ကုန်လာတုန်းက လူရွေးကျွေးသွားတာပေါ့လေ ဟုတ်လား… ခုပုံက တိရစ္ဆာန်ဥယျာဉ်ထဲက ဈေးသည်ပုံလား ခိုင်ခိုင်ရေ…

        Reply

        • Khaing Khaing

          June 6, 2012 at 10:10 am

          လူရွေးကျွေးတာမဟုတ်ပါဘူး မမနောရယ် ….. သူမခိုင်တို့နားမှာလာနေတာလေ ……..

          ဒါ့ပုံက တိရစာ္ဆန်ဥယျာဉ်ထဲကပါ မှန်ပါတယ် ………..

  • water-melon

    June 4, 2012 at 6:09 pm

    နောက်လ ချစ်စရာ့အရွယ်ဆိုတော့
    သများတို့ သရုပ်ဆောင်လို့ရလားဟင်
    အခုမှ သားသားက မူကြိုတောင်မတက်ရသေးဘူး
    ရိုက်ချင်သူများပြောနော် Free
    အဟီ အဝါး အဝါး နို့ဆာလို့ :mrgreen:

    Reply

    • ဓါးငမိုး

      June 4, 2012 at 6:37 pm

      အယ် ..
      သူမို့ မရှက်၊ ဒီနေရာမှာ လာကြော်ငြာရဲတယ် ..
      နို့ဆာလို့ဒဲ့ …
      😀

      Reply

    • ဘဲဥ

      June 5, 2012 at 9:56 am

      ချစ်စရာ့ အရွယ်ဆိုတာ ကောင်မလေးငယ်ငယ် ချောချောလေးတွေ အသက် နှစ်ဆယ်ဝန်းကျင်ကိုပြောတာလားဟင် :mrgreen:

      Reply

  • nozomi

    June 4, 2012 at 6:12 pm

    ဆုရသူများ အားလုံးအတွက် ဝမ်းသာဂုဏ်ယူပါတယ်
    ပါဝင်ယှဉ်ပြိုင်တဲ့သူ ၊ ဝင်ရောက်အားပေးသူတွေကိုလဲ တစ်ခုခုတော့ ပေးသင့်ပါတယ်
    မိန်းကလေးတွေကတော့ သူတို့ကြိုက်တာပေါ့
    ယောင်္ကျားလေးတွေကို သူကြီးတူမ ပုံ နဲ့ အဲဒီပုံ ဘယ်လိုရိုက်ထားတယ်ဆိုတဲ့ ရှင်းလင်းချက် လေး
    အဲဒါဆို နောက်ပုံတွေ ရိုက်ဘို့ အထောက်အကူရသွားနိုင်ပါတယ်

    Reply

  • သားဦး၊မြေးဦး

    June 4, 2012 at 6:16 pm

    ကိုမှော့်ဆရာ့ ပုံမိုက်သဗျို ့။တော်တော်လေးအရောင်စုံသလို ကောင်မလေးလဲ
    ချောပါ၏။ဟီးးးးး

    Reply

  • ကိုရင်မောင်

    June 4, 2012 at 6:20 pm

    ကြည့်စမ်းကြည့်စမ်း ဆုရတဲ့သူတွေတောင်ရကုန်ကြပြီ..
    ဝမ်းသာစရာပါလား….

    Reply

  • ကိုရင်စည်သူ

    June 4, 2012 at 6:27 pm

    သုံးပုံလုံး မိုက်ပါတယ်ခင်ည… ကျနော်လည်း
    နောက်လထဲ ဈေးသည်ဓါတ်ပုံရိုက်ပြိုင်ပွဲ ဝင်ပြိုင်မယ်
    စဉ်းစားထားပါတယ်။ ဆုရရင် ပေးတဲ့ဟာ ယူပါ့မယ်…
    မရရင်လည်း ရတဲ့လူဆီက လိုက်တောင်းပါ့မယ်.. ဟီးး 😀 😀
    ပထမ ဒု တတိယ ဆုရသူအားလုံး Congratulation ပါခင်ည…

    Reply

    • Khaing Khaing

      June 5, 2012 at 10:38 am

      ကိုရင်စည်သူ နောက်လမှာ ဈေးသည်မဟုတ်တော့ဘူးနော် ချစ်စရာ့အရွယ် ဖြစ်သွားပီ …… ဓာတ်ပုံရိုက်မှားမှာစိုးလို့ပါ …….

      Reply

      • ကိုရင်စည်သူ

        June 5, 2012 at 1:54 pm

        ဟင်.. ချစ်စရာ့အရွယ် ဆိုပီး Title ပြောင်းသွားပီပေါ့…
        တကယ်ဆို အဲ့ဒါကို ပို့စ်လေးတစ်ခုသင်ပြီး
        သတ်မှတ်ချက်လေးတွေနဲ့ စည်းကမ်းလေးတွေ
        သေချာရေးပေးပြီး အားလုံးသိအောင် စတစ်ကီလေးလုပ်ပေးသင့်တယ်။
        ဒီတစ်ခေါက် ခေါင်းစဉ်ကိုကြိုက်တယ်…
        ကိုရင့်အရွယ်ကလည်း အဲ့ထဲနည်းနည်းပါနေတော့… 😀 😀 😀
        အဟီးး
        ငယ်ငယ်တုန်းက မြင်းပေါ်တက်ခွနေတဲ့ပုံနဲ့ ဝင်ပြိုင်လိုက်တော့မယ်… 😉

        Reply

  • ဓါးငမိုး

    June 4, 2012 at 6:41 pm

    အမခိုင်၊ ကိုမှော်နဲ့ Mလုလင်တို့ရေ ..
    ကွန်ဂရက်ကျူလေးရှင်းပါနော့ ….
    အမနဲ့ အကိုတို့ရဲ့ ပုံလေးတွေက အရမ်းကောင်းတယ်ဗျာ ..
    ကျနော် ဗုတ်ခဲ့တာကတော့ ကို Mလုလင်ရဲ့ ပုံလေးပါပဲလို့ ..

    Reply

  • ahnyartamar

    June 4, 2012 at 6:54 pm

    ထင်တယ်…ကျတော် vote လုပ်တဲ့ပုံက ပထမဆုရတယ်…မခိုင်ခိုင်ရေ ဒေါ်လှ ဝေစုခွဲပေးရမယ်။

    Reply

    • Khaing Khaing

      June 5, 2012 at 10:43 am

      ကျေးဇူးတင်ပါတယ် ဦးဦးအညာတမာ ဦးဦးလည်း အလှူတုန်းက ကံစမ်းမဲပေါက်ခဲ့တယ်မှတ်လား …… အဟီး ……..

      Reply

  • Foreign Resident

    June 4, 2012 at 7:45 pm

    ဟယ် Professional Camera Men ( ကိုမှော် နှင့် ကို M လုလင် )
    တွေကြားထဲက ဆုရတယ် ။
    Khaing Khaing လေးက တော်လိုက်တာ ။
    သုံးယောက် စလုံးကို Congratulations ပါကွယ် ။

    Reply

    • Khaing Khaing

      June 5, 2012 at 10:45 am

      အဘဖောရေ ……… Professional တွေကြားမှာရလို့ ရှက်လည်းရှက်ပါတယ် ကိုယ့်ပုံက ခပ်စုတ်စုတ်ရယ် …….

      Reply

  • ရွှေထီး

    June 4, 2012 at 9:28 pm

    နောက်လ ဓါတ်ပုံခေါင်းစဉ်က ချစ်စရာ့အရွယ်ဆိုတာ အတည်ဖြစ်ပြီလား….ဘယ်နေ့နောက်ဆုံးထားပို့ရမလဲ၊ ဘယ်သူ့ဆီနောက်ဆုံးထားပို့ရမလဲ…ဟဲ..ဟဲ…ကိုယ့်ပုံ ကို မှန်ထောင်ရိုက်ပြီး အလှဆုံးပုံ ပို့ပေးမယ်နော်….
    ချစ်စရာ့ ရွှေထီ…:D:D

    Reply

  • မောင်ပေ

    June 4, 2012 at 9:35 pm

    ကျုပ်လဲ စီစဉ်ချင်လာဘီဗျာ
    ခဏတော့ စောင့်ကြပါအုန်း
    သဂျီးပြောခဲ့ဖူးတဲ့ ဟာမျိုးလေးတွေကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပြီး လုပ်မယ်ဂျာ
    ပထမ ဆုံး ပြိုင်ပွဲမှာ ဆုရသွားတဲ့ မိတ်ဆွေများ ကို ကွန်ဂရက်ကျူလေးရှင်း ပါဗျို ့
    ဆုမရလိုက်တဲ့သူတွေလဲ နောက်ပွဲတွေမှာ ဆက်ပြီး အစွမ်းပြကြပါဦးလို ့…

    Reply

    • MaMa

      June 4, 2012 at 10:27 pm

      မောင်ပေ စီစဉ်ရင်တော့ ဆုရသူတွေကို ကျောက်စိမ်းတစ်ယောက် တစ်တုံးပေးမယ်ဆိုလားးးးးး 😛

      Reply

  • ငပွကြီး

    June 4, 2012 at 10:23 pm

    ခိုင်ခိုင် မှော်ဆရာ Mလုလင် Congratulations ပါ
    အားကျတယ် အားကျတယ်

    Reply

  • kai

    June 5, 2012 at 1:26 am

    ကျုပ်ပေးရမယ့်ဆုငွေ ဒေါ်လာ၃ဝကို.. ပေးဖို့..
    ဆုရတဲ့သူဆီ တိုက်ရိုက် အီင်္းမေးလ်ပို့ ဆက်သွယ်ပါမယ်နော..။

    တကယ်က ပြိုင်သူအားလုံး ဆုပေးချင်တာပါ..။ စိတ်ထဲကပေးတယ်ပဲ.. သဘောထားကြပါဦး..။ :mrgreen:

    ဆိုတော့..Poll စနစ်မှာ တိတိကျကျမရှိတာ.. ဖြစ်နိုင်ကောင်းပါတယ်..။ ကွန်ပျူတာများသူက.. ကြိုက်သလောက်ပေးလို့ရနေတာကိုး..
    .. နောက်ပိုင်း.. ရွာသူားပဲပေးလို့ရအောင် ပြင်သွားမလား.. တွေးနေပါကြောင်း…

    Reply

    • ဘဲဥ

      June 5, 2012 at 10:13 am

      ထောက်ခံပါတယ် တဂျီးမင်းခင်ဗျ ( ဟီးးး မြှောက်ပေးလိုက်ဘီ)

      Reply

    • မှော်ဆရာ

      June 5, 2012 at 10:32 am

      တကယ်တော့ ဓါတ်ပုံတွေကို ဓါတ်ပုံပညာရှင်များကသာလျှင် အကဲဖြတ်တာ အသင့်တော်ဆုံးထင်ပါတယ် ..
      ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ဖြစ်တဲ့ ရွာသူရွာသားများ ဓါတ်ပုံပညာ တိုးတက်လာရေး ဆိုတာကို မျက်ခြေ မပြတ်သင့်ပါဘူး ..။
      အခုက အများစုရွေးချယ်ပေးထားသော ဗုတ်ဟု ဆိုသောကြောင့် ဓါတ်ပုံပညာရှင်များ လက်ရှောင်နေကြပါတယ်..။

      Reply

    • မှော်ဆရာ

      June 5, 2012 at 10:53 am

      တကယ်ကောင်းတဲ့ ဓါတ်ပုံတွေ ဆုမရသွားတာကိုလဲ သိစေချင်တယ် ..
      ဥပမာ လှေပေါ်က ဘီယာသည်
      လျှပ်တပျက် ရိုက်ချက်ပါ ..။ အချိန်တိုအတွင်း အမှန်ကန်ဆုံး setting တွေကို ဆုံးဖြတ်ချက်ချပြီး
      အယူအဆ မှန်မှန် ရိုက်ကူးသွားတာပါ ..။
      နားလည်လွယ်အောင် ပြောရမယ်ဆိုရင် အလင်းရောင် အားနည်းတဲ့ အချိန်မှာ အရမ်းလဲ ဖွေးမသွားအောင် .. အရမ်းလဲ မှောင်မသွားအောင် ကြည်လင် ပြတ်သားမှုရှိအောင် ရိုက်ကူးသွားနှိုင်တာ ချီးကျူးစရာပါ ..။
      နှစ်ခါပြန်ရိုက်ဖို့ မလွယ်တဲ့ ပုံမျိုးမို့ ကျွန်တော်ရိုက်ခဲ့တဲ့ ပန်းသည်ဓါတ်ပုံထက်တောင် ပိုမိုကောင်းမွန်သော ပုံတစ်ပုံလို့ ဆိုချင်ပါတယ်..။ကျွန်တော့ပုံက သေချာစီစဉ်ပြီး လိုအပ်ချက် အားလုံးကို ဖြည့်ဆီးပြီးမှ ရိုက်တဲ့ပုံပါ ..။ ကွာလတီခြင်း အယူအဆခြင်း တူရင်တောင် သေချာစီစဉ်ခွင့် မရှိတဲ့ စနက်ရှော့သမားက ပညာသာတယ်လို့ ဆုံးဖြတ်ရပါလိမ့်မယ်..။
      စံပြဓါတ်ပုံအဖြစ်တောင် ထားသင့်တဲ့ပုံပါ ..။
      သို့သော်လဲ ဒီဓါတ်ပုံမျိုးက ရွေးချယ်ခံ အဆင့်ထဲ မပါဘူးဆိုတာ ဝမ်းနဲစရာကောင်းသလို နောင်ပြပွဲဝင်မယ့် ပုံကောင်းလေးတွေလဲ လက်တွန့်သွားနှိုင်ပါတယ်..

      Reply

      • Azzurri

        June 5, 2012 at 10:59 am

        ဟာ … ဘုရားမကြိုက် နတ်မကြိုက် အရက်ရောင်းတဲ့ ပုံ
        ဗုတ်စရာလား ..ဗုတ်ဘူး ..(ကွန်ဆာဗေးတစ်ဗ်များ)

        ဟယ် ..ဘီယာ ချမ်း …ယပက်လက် ဈေးသည်ဖြစ်မှာပါလေ…
        တိုင်းရင်းသား ဈေးသည်ပဲ ဗုတ်မယ်.. (မျိုးချစ်စိတ်ဓါတ်ပြင်းထန်သူများ)

        အဆိုပါ အချက်၂ချက်ကြောင့် ဗုတ် နည်းသွားတယ် ထင်ပါတယ်ချင့်…
        :mrgreen:

        နောက်တာပါဗျာ ..အတည်ပြောပါ့မယ် …
        ပထမဆုံး အကြိမ်မှာ အားနည်းချက်တွေ လိုအပ်ချက်တွေ သေချာပေါက် ရှိခဲ့ပါတယ်..
        သည်တော့ ဒုတိယအကြိမ် ချစ်စရာ့အရွယ် အတွက် စည်းမျဉ်းစည်းကမ်း
        ဘောင် တွေ သတ်မှတ်ရင် ကောင်းမလား စဉ်းစားနေပါတယ်…။

        ဝိုင်းပွားပေးကြပါဦး…

        Reply

        • nozomi

          June 5, 2012 at 11:13 am

          ဒီပွဲက စပြီး ဆုအနေနဲ့ ချီးမြှင့်တာမျိုး မလုပ်တော့ဘူးမို့လား

          နှစ်မျိုး စဉ်းစားပေးလိုက်ပေါ့

          တစ်မျိုးက ဓါတ်ပုံပညာ နားလည်သူတွေက ရွေးတဲ့ အဆင့် ၁ ၂ ၃ ၄ ……………
          နောက်တမျိုးက ပရိတ်သတ်အကြိုက် ၁ ၂ ၃ ၄……………………..

        • Azzurri

          June 5, 2012 at 11:24 am

          ဦးနိုရေ …
          သည်လိုပါ … ပရိုက ၅ယောက်တောင် အနိုင်နိုင် ဆိုတော့ သည်လူတွေချည်း
          လှည့်ပတ် ပြိုင်သလို ပြသလို ဖြစ်မှာ လည်း စိုးရိမ်သေးတယ်ဗျာ…

          နောက်တချက်က DSLR လား Compact လား မဟုတ်ပါဘူး …
          (ပူပေါင်း သယ် နဲ့ ပြောင်းဖူးသယ်) ယှဉ်ရင် သိသာပါရဲ့ဗျာ..
          ကင်မလာနောက်က လူကသာ အရေးကြီးတာပါ…

          ကျနော်တို့ ရည်စူးတာက ဘာကင်မလာ ပဲကိုင်ကိုင်
          ကိုယ်ကိုင်တဲ့ ကင်မလာ ကို အစွမ်းကုန်(ဖန်ရှင်ကုန်) ကိုယ်လိုရာ
          အကောင်းဆုံး အသုံး ချနိုင်ဖို့..
          ဆိုတော့ …


          သိတော့ပါဝူးဂျာ..

        • nozomi

          June 5, 2012 at 11:45 am

          ကိုဂီ
          ကျွန်တော်ပြောချင်တဲ့ အဓိပ္ပါယ်က

          အားလုံးဝင်ပြိုင်တဲ့ ပုံတွေ (ဘာနဲ့ပဲရိုက်ရိုက် ၊ ဘယ်သူပဲ ရိုက်ရိုက် ) အပေါ်မှာ အဖြေနှစ်ခုထုတ်

          တစ်ခုက ဓါတ်ပုံပညာရှင်တွေက ဓါတ်ပုံပညာအမြင်နဲ့ ရွေးတဲ့ ပုံ အဆင့်လိုက်
          ၁ ၂ ၃ ၄………. ( ဘီယာသည်၊ …..)

          အဲဒီ ပုံတွေကိုပဲ ပရိတ်သတ်က သူတို့ခံစားချက်နဲ့ ရွေးတဲ့ ပုံ ကြိုက်တဲ့ သူ အနဲ အများအလိုက်
          ၁ ၂ ၃ ၄ ………..( ကလေးအရုပ်သည်….)

      • Khaing Khaing

        June 5, 2012 at 12:43 pm

        လေးမှော်ရေ …… “ အခုပြပွဲက ရွာသူရွာသားတွေအားလုံးအတွက်ရည်ရွယ်ပြီး လုပ်ပေးတာပါ ….. ဒါ့ပုံပိုင်းဆိုင်ရာကျွမ်းကျင်တဲ့သူတွေပါဝင်နိုင်သလို မကျွမ်းကျင်သူတွေလည်းပါဝင်နိုင်တဲ့ပွဲပါ ……. ဗုတ်တဲ့လူတွေကလည်း တကယ့်ကိုဒါ့ပုံပညာနားလည်တဲ့သူတွေပါသလို ဒါ့ပုံပညာကိုနားမလည်ဘဲ ခေါင်းစဉ်လေးနဲ့ ဒ့ါပုံ အနေအထားကိုကြည့်ပြီးပေးသွားတဲ့လူတွေပါပါတယ် သူတို့ရဲ့ကော်မန့်တွေမှာလည်း ဝန်ခံထားပါတယ်” ……. ဒီတော့ပြပွဲဝင်တဲ့လူတွေ အနေနဲ့လည်း ကို M-လုလင် သမီးကိုပြောဖူးသလို ရွေးချယ်ခံရတယ် မခံရဘူးဆိုတာကို ဘယ်လိုမှ သဘောမထားပဲ ပြပွဲဝင်ပြ တယ်ဆိုတဲ့အသိလေးထားပေးစေချင်ပါတယ် ….. သမီးလည်း ဒီပြပွဲဝင်တုန်းက အားလုံးကို သမီး ရိုက်ထားတဲ့ပုံလေးကြည့်စေချင်တဲ့သဘောပါ အဲဒီပုံလေးရိုက်ကတည်းက မန်းလေးဂေဇက်မှာ ပို့စ်တစ်ခုအနေနဲ့တင်မလို့ရိုက်ခဲ့တာပါ ကိုဂီပို့စ်မှာရှင်းပြခဲ့ပါတယ် ………. လှေပေါ်ကဘီယာသည် စက်ဘီးနားကပြောင်းဖူးသည် စွယ်တော်ပင်နားက ဈေးသည်ကုလား အဲဒီပုံတွေကို သမီးကိုယ်တိုင်ကြိုက်နှစ်သက်ခဲ့ပါတယ် …….. သမီး အခုပထမနေရာရတဲ့အတွက် အလွန်ရှက်ကြောင်းကို တစ်ခြားရွာသူရွာသားတွေကို ပြောပြခဲ့ပါတယ် သူတို့ကပြောပါတယ် ဒ့ါပုံရိုက်တာ Pro မကျပေမယ့် ခေါင်းစဉ်နဲ့ဒါ့ပုံက သဟဇာတဖြစ်နေတာကြောင့် လူကြိုက်များတာလို့ပြောကြပါတယ် ……..

        လေးမှော်ပြောသလိုဆို နောက်ပြပွဲတွေမှာ Pro မကျတဲ့သူတွေကလည်း ဝင်ရောက်ပြဖို့ လက်တွန့်သွားနိုင်ပါတယ် ……..

        ခင်မင်လေးစားစွာဖြင့်
        Khaing Khaing

        Reply

        • မှော်ဆရာ

          June 5, 2012 at 1:47 pm

          ပရိုမကျသေးသူတွေကို ပရိုကျလာအောင် ..
          ကင်မရာ မကိုင်တတ်သေးသူတွေကို ကင်မရာ ကိုင်တတ်လာအောင် လေ့ကျင့်ပေးတဲ့ ပြပွဲလို့
          သဘောပေါက်လိုက်ရင် ကျွန်တော်ပြောချင်တဲ့ အဓိပ္ပါယ်ကို ခိုင်ခိုင် သဘောပေါက်သွားပါလိမ့်မယ် …။

        • မှော်ဆရာ

          June 5, 2012 at 2:01 pm

          ကျွန်တော် ပရိုတွေအတွက် စဉ်းစားပေးနေတာ မဟုတ်ပါဘူး …
          လက်သင်တွေအတွက် စဉ်းစားနေတာပါ …။
          ကျွန်တော်တို့ ပရိုဆိုတဲ့ သူတွေအားလုံးဟာလဲ လက်သင်အဆင့် ကနေ တက်လာတာပါ ..။
          ကျွန်တော်တို့ ပုံတွေကို အားမနာ ပါးမနာ ဝေဖန်ပေးမယ့် ကျွန်တော်တို့ ဆရာ ပရိုသမားတွေ ရှိခဲ့လို့ ကျွန်တော်တို့ ဒီဘဝကို တက်လာနှိုင်ခဲ့တာပါ ..။
          ကိုယ့်ပုံကိုယ် ကောင်းရင်လဲ ကောင်းမှန်းသိမှ ….
          မကောင်းရင်လဲ မကောင်းမှန်း သိမှ …
          ဘာကြောင့် ကောင်းတယ် … ဘာကြောင့်မကောင်းဘူး ဆိုတာ သေသေချာချာ ဝေဖန်ပိုင်းခြားနှိုင်မှ ဓါတ်ပုံသမားကောင်းတစ်ဦး ဖြစ်လာပါလိမ့်မယ် …။
          အဲ …. အဝေဖန် ခံနှိုင်ဖို့တော့ လိုတာပေါ့နော် …။
          နောက်တစ်ခု ငါတို့က ဒီပညာနဲ့ လုပ်စားမှာ မဟုတ်ဘူးလို့တော့ ပြောစရာ ရှိပါတယ် ..။
          ဒါပေမယ့် ကိုယ့်ချစ်တဲ့ ခင်တဲ့သူ … ကိုယ့်မိသားစုကို ကိုယ့် ကိုယ်ပိုင်ကင်မရာနဲ့ ကို ကိုယ်တိုင် ပုံကောင်းကောင်းလေးတွေ ရိုက်ကူးပေးချင်တဲ့ ဆန္ဒတော့ အားလုံးမှာ ရှိမယ် ထင်ပါတယ် …

    • Khaing Khaing

      June 5, 2012 at 10:55 am

      “ဆိုတော့..Poll စနစ်မှာ တိတိကျကျမရှိတာ.. ဖြစ်နိုင်ကောင်းပါတယ်..။ ကွန်ပျူတာများသူက.. ကြိုက်သလောက်ပေးလို့ရနေတာကိုး..
      .. နောက်ပိုင်း.. ရွာသူားပဲပေးလို့ရအောင် ပြင်သွားမလား.. တွေးနေပါကြောင်း…”

      ထောက်ခံပါတယ် သူကြီး……..အဲဒီကိစ္စလေးကို သူကြီးကိုမေးချင်နေတာ …… မန်ဘာမဝင်လည်း ဗုတ်လို့ရတယ်လို့သိရပါတယ် …….

      Reply

      • laypai

        June 5, 2012 at 4:12 pm

        Poll ဘယ်လို ဘဲ ဖြစ်ဖြစ် ခု ပထမ ဆု ပုံ က ရ သင့် ရထိုက် တဲ့ အရည် အချင်း နဲ့ ပြည့် စုံ လို့ ရတာ လို့ ပြောချင်ပါတယ်။
        ကျနော် လည်း အဲဒီ ပုံ ၅ ကို ဘယ်သူမှ မပြော ပဲ ဗုတ်ခဲ့ တာ ၊ ရလဒ် ထွက်လာ တော့ ကို ဗုတ် တဲ့ ပုံ က ပထမ ဖြစ်နေ တယ်။
        ခု ပုံ ပိုင်ရှင် က အမျိုး သမီး တယောက် ဆို တော့ ပို လို့ တောင် ဝမ်းသာ စကားပြော ချင် ပါသေး တယ်။
        အပျော် တမ်း ကင်မရာ သမား နဲ့ သူ့ ကင်မရာ အမျိုး အစား အရ ခု လောက် ပုံ အနေအထား ဟာ အတော် လေး ကောင်းတယ် လို့ ပြော ချင် ပါတယ်။
        ပထမ ဆု ပုံ ပိုင်ရှင် ရဲ့ ဝမ်းသာ စကားနဲ့ ပုံ ရဲ့ သမိုင်း လေး ကို လည်း ပို့ အဖြစ် ဖတ်ချင်ပါတယ်။

        Reply

        • Khaing Khaing

          June 6, 2012 at 11:26 am

          က ိုlaypai ကျွန်မဒါ့ပုံကို အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ……… ကျွန်မပုံလေး ရွေးချယ် ခံရတာကို ပို့စ်တစ်ခုအနေနဲ့တော့ မတင်တော့ပါဘူး …… ကျွန်မရိုက်ထားတဲ့ပုံက ဒ့ါပုံပိုင်းဆိုင်ရာမှာ နားလည်ပြီးရိုက်ခဲ့တာမဟုတ်ပါဘူး ဒါ့ပုံပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မပုံက ပညာရစရာမရှိခဲ့လို့ ပို့စ်သတ်သတ်မတင်တော့ပါဘူး ဒါပေမယ့် ဒီပုံလေးရိုက်ကတည်းက ကျွန်မရည်ရွယ်ချက်ရှိရှိနဲ့ရိုက်ခဲ့တာပါ တစ်ခြားနေရာတွေမှာလည်းကော်မန့်ရေးခဲ့ပြီးပါပြီ ဒီပုံလေး ကိုရိုက်ခဲ့စဉ်က ကျွန်ရင်ထဲမှာ ခံစားချက်အများကြီးရှိခဲ့ပါတယ် ဒါ့ပုံထဲမှာ ဂျုံရုပ်လေးတွေကို လုပ်တဲ့ဈေးသည်ကြီးက မမပုပြောခဲ့သလိုခေတ်နဲ့အညီလိုက်လုပ်နိုင်တာကို ကျွန်မလေးစားတယ် ပြီးတော့ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ ရွာသူရွာသားတွေရော ရွာသူရွာသားတွေထဲက မိမိအိမ်က မိသားစုတွေကို ဒီပုံလေးတွေကိုမြင်စေချင်တဲ့သဘောနဲ့ကျွန်မရိုက်ခဲ့တာပါ …… ဂျုံရုပ်ဈေးသည်နဲ့ ပတ်သက်တဲ့ပုံတွေအများကြီးရိုက်ခဲ့ပါတယ် …….. ဈေးသည်ကြီး အသေးစိတ်လုပ်နေတဲ့ပုံကအစကျွန်မမှာ ရှိပါတယ် ……. ပို့စ်တင်ဖို့ ကော်နက်ရှင်ကို အံတုခဲ့ရ တာကြောင့်မတင်ဖြစ်ခဲ့တာပါ ……. ကျွန်မရဲ့ရည်ရွယ်ချက်အတိုင်း ရွာသူရွာသားတွေကို ပြဖို့ အခွင့်အရေးပေါ်လာတော့ ဝင်ပြဖြစ်ခဲ့တာပါ ……. ဒီပြပွဲအတွက် ဒ့ါပုံပညာနားလည်တဲ့ ဆရာတွေက ရည်ရွယ်ချက်ကောင်းကောင်းလေးရှိခဲ့သလို ကျွန်မအနေနဲ့လည်း ကောင်းစေချင်တာလေးတွေ ရှိခဲ့ပါတယ် တစ်ခါတစ်လေ စေတနာအမှားတွေပေ့ါ ….. အားလုံးခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ………

          နောက်တစ်ခုက ဒါ့ပုံကိုရိုက်ပြီးပြပွဲဝင်ခဲ့တဲ့ ကျွန်မရဲ့ဖီးလ်တစ်ခုက ကျွန်မပုံကို ကိုဂီက focus အောက်တယ်ဆိုလား ပြောပါတယ် အဲဒါဘာကိုပြောတာလဲသိချင်လာတယ် ဒါ့ပုံပို့တုန်းကလည်း setting တွေတောင်းပါတယ် အဲဒီဟာတွေက ဒါ့ပုံရိုက်တဲ့အချိန်မှာ ဘာတွေကို ဆိုလိုနေမှန်းလည်း ကျွန်မမသိပါဘူး ….. အဲဒါလေးတွေကိုသိချင်လာတယ် လေးမှော်နဲ့ကိုလုလင်တို့ရဲ့ပုံက setting နဲ့ ကျွန်မပုံက ဟာတွေနဲ့ကွဲလွဲတာတွေတွေ့ နေရတယ် အဲဒီလိုကွဲလွဲခြင်းကြောင့် ဒါ့ပုံရဲ့ အရည်အသွေးကွာခြားချက်တွေရှိနိုင်မှာပါ …… ဒါတွေကိုသိချင်တယ် …… ဒါကလည်း ကျွန်မကိုယ်တိုင်ဝင်ပြခဲ့လို့ ကျွန်မပုံကိုဝေဖန်လို့ သိချင်လာတဲ့ ကျွန်မရဲ့ခံစားချက်ပါ …..

          လေးစားစွာဖြင့်
          Khaing Khaing

  • kyi saung

    June 5, 2012 at 9:05 am

    vote လိုက်တဲ့ ဓါတ်ပုံလေးပထမဆုရတဲ့အတွက်ပျော်သွားတယ်။
    ရွာသူားဆိုတာ Register လုပ်ထားတဲ့သူတွေကိုပြောတာလား သူကြီး
    post ရေးတဲ့သူတွေကိုဘဲပြောတာလား

    Reply

    • Khaing Khaing

      June 6, 2012 at 1:19 pm

      ကိုKyi Saung အားပေးခဲ့လို့ ကျေးဇူးပါနော် …….

      သူကြီးပြောတာ ညီမအထင် မန်းလေးဂေဇက်ထဲမှာ မန်ဘာမဝင် Register မလုပ်ထားတဲ့သူတွေ Login မလုပ်ထားတဲ့သူတွေကလည်း vote ရတယ်လိုဆိုလိုချင်တာဖြစ်ပါလိမ့်မယ် …….

      ရွာသူ ရွာသားတွေဆိုတာ Register လုပ်ထားသူတွေရော ပို့စ်တင်တဲ့လူတွေရော ကော်မန့်ပဲသီးသန့် ပေးနေသူတွေအားလုံးကိုဆိုလိုတယ်လို့ ထင်ပါတယ် ……..

      ခင်မင်လေးစားစွာဖြင့်
      Khaing Khaing

      Reply

  • Mon Kit

    June 5, 2012 at 10:49 am

    မခိုင်ခိုင်၊ ကိုမှော်နဲ့ Mလုလင် တို့ ဆုရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပေးပါတယ်…
    ကိုယ်ဗုတ်ပေးတဲ့ ပုံလေးက ပထမဆု ရတဲ့အတွက်လဲ ပိုမိုဝမ်းသာမိပါတယ်…
    နောက်ထပ်ပြပွဲတွေလဲ ဆုမရ..ရရ.. ဝင်ပြပါအုံးမယ်… ဟီးးးး.. 😀

    Reply

  • blackchaw

    June 5, 2012 at 11:09 am

    ပထမ ဆုံး အကြိမ် ဓါတ်ပုံ ပြပွဲကြီး (အဲ.. ပြိုင်ပွဲ လို့လည်း ပြောလို့ ရတယ်ပေါ့)
    အောင်အောင်မြင်မြင် နဲ့ ပြီးဆုံးသွားခဲ့တာ ဝမ်းမြောက်ဂုဏ်ယူပါတယ် ဗျာ..။
    ဆုရကြတဲ့ ခိုင်ခိုင်တို့ ကိုမှော်တို့ လုလင် တို့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း…။
    ကျွန်တော့်ပုံလေးကတော့
    ဗုတ်တဲ့သူ တစ်ဦးတိတိ ရှိခဲ့ပြီး
    ဘယ်သူ ဗုတ်တယ်ဆိုတာလေး အသိပေးနိုင်ရင်ပေးကြဖို့
    ကျေးဇူးတင်စကားနဲ့ ကံစမ်းမဲလေး ဖေါက်ပေးချင်လို့ ပါဗျာ…။
    ဘာပဲ ဖြစ်ဖြစ် ပျော်စရာ ကောင်းပါတယ် …
    လေးလေးစားစား ခင်ခင်မင်မင်
    ဘလက်

    Reply

  • ဗိုက်ကလေး

    June 5, 2012 at 11:20 am

    ပုံတွေတော့ အတော်များများကို ကြိုက်တယ်ဗျာ..
    တစ်ကယ် မိုက်ဒါက ကမှော်ရီးပုံဗျာ..
    စစကြည့်ချင်းမှာ အဲဒီ ပန်းသည်ပဲ အရင်သဘောကျတာ
    ဒါပေမဲ့….ခေါင်းစဉ်နဲ ့ ဘောင်ချော်နေသလို ခံစားရလို ့..သူ ့အောက်က ပုံလေးကို ဗုတ်ခဲ့တာဘာ..
    ဒေါ်ခိုင်ခိုင်ရေ..ဘီအီးတိုက်ဗျ

    Reply

    • Khaing Khaing

      June 5, 2012 at 1:06 pm

      အူးအူးဗိုက်ကလေး ဘီအီးဆိုတာ ဗမာတွေရဲ့အီးကိုပြောတာလား ဟင် ….. ဘလန်ဒါနဲ့ကျိတ်ပီး ဖျော်တိုက်ပါ့မယ် ……. အဟီးးးးးးး

      ဒ့ါပုံကိုအားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ………

      ခင်မင်လေးစားစွာဖြင့်
      Khaing Khaing

      Reply

  • kyeemite

    June 5, 2012 at 1:26 pm

    ဆုရသူတွေအားလုံး အတွက်ဝမ်းသာဂုဏ်ယူပါတယ်..
    ဆုမရပေမဲ့ ပြပွဲဝင်ခဲ့ကြတဲ့ ဓါတ်ပုံသမားအားလုံးကိုလည်း
    ချီးကျူးပါကြောင်း။

    Reply

  • manawphyulay

    June 5, 2012 at 1:59 pm

    သုံးပုံလုံး ရထိုက်ပါတယ်။ ဒါပေမယ့် မှော်ဆရာပုံက ပိုပြီး ပရိုကျနေပေမယ့် ခေါင်းစဉ်နဲ့လွှဲနေပါတယ်။ ဒီလိုပုံကိုလည်း ဓာတ်ပုံအမြင်နဲ့ ရွေးချယ်သွားတာဆိုတာ သိသာထင်ရှားနေပါတယ်။ ခေါင်းစဉ်မကိုက်ညီပေမယ့် တကယ့်ကို ဆရာ့ကျတဲ့ပုံကောင်းလေးတစ်ပုံပါပဲ။ နောက်နှစ်ပုံကလည်း အသက်ဝင်နေတဲ့ပုံတွေပါပဲ။ သဘောကျပါတယ်။ ဆုမရတဲ့ တချို့ပုံ ဥပမာ ၂၃ လိုပုံလေးလည်း မနော သဘောကျပါတယ်။ သဘာဝကျလှတဲ့ ဈေးသည်ပုံကောင်းတွေ အများကြီး တွေ့ရှိရပါတယ်။ ဆက်လက်အားပေးနေပါမယ်နော်။

    Reply

  • shwe kyi

    June 5, 2012 at 5:33 pm

    ဆုရသူများ ကိုဂုဏ်ပြုပါတယ်ရှင့်။ အိမ်ရောက်မှဂုဏ်ပြုတဲ့အထိမ်းအမှတ် ထမင်းကောင်းကောင်း
    ချက်စားလိုက်မယ်နော်။
    မခိုင်ခိုင်ရေ ဂုဏ်ယူပါတယ်နော်။

    Reply

    • Azzurri

      June 6, 2012 at 5:14 pm

      ခေါင်းစဉ် ကိုက်ရင် ပို့သာ ပို့လိုက်ဗျာ …
      ကင်မရာ အမျိုးအစား သိရရင်
      ဘယ်လိုရိုက်ကြည့်ရင် ဘာပိုကောင်းလာမယ်
      ပြောပြပေးဖို့ ကျုပ်တို့တာဝန်ထား …

      အိမ်သုံးပဲ ဖြစ်ဖြစ်ပါ….
      ကင်မလာ ဝယ်ထားမှတော့ ကိုယ့်စိတ်ကြိုက် သုံးနိုင်ရေး
      သုံးတတ်ရေး တို့ အရေးပဲ…
      ဝိုင်းကြ ဝန်းကြမယ်ဗျာ ….

      လုပ်ပါ။။။
      cheers….

      Reply

  • ညလေး

    June 5, 2012 at 5:50 pm

    ညလေး……..ဗုတ်ခဲ.တဲ.ပုံလေးဆုရလို…….
    အရမ်းကျေနပ်ပါတယ်……

    Reply

  • marblecommet

    June 5, 2012 at 6:35 pm

    ဝမ်းသာဒယ်ချင့်…..
    ခိုင်ခိုင်က ဒဘွဲ…..
    …..
    ကမှော်က ဒဘွဲ….
    …….
    ကိုလုက ဒဘွဲ..
    ..သများကို ပါတီပေးရမယ်နော့….

    Reply

  • water-melon

    June 6, 2012 at 10:06 am

    ဘုတ် ကိစ္စနဲ့ကွိုင်တွေပတ်မှာဆိုးလို့
    ဘယ်သူကိုမှ ဘုတ်လည်းပေးဘူး
    ရှင်းရောပြတ်ရော
    အဲလိုတွေဖစ်နေရင် ပြဘူးအေ

    Reply

  • eipu

    June 6, 2012 at 11:34 am

    Congratulations

    Reply

  • mayjuly

    June 6, 2012 at 12:07 pm

    kai says:
    ဆိုတော့..Poll စနစ်မှာ တိတိကျကျမရှိတာ.. ဖြစ်နိုင်ကောင်းပါတယ်..။ ကွန်ပျူတာများသူက.. ကြိုက်သလောက်ပေးလို့ရနေတာကိုး..
    .. နောက်ပိုင်း.. ရွာသူားပဲပေးလို့ရအောင် ပြင်သွားမလား.. တွေးနေပါကြောင်း…

    nozomi says:
    နှစ်မျိုး စဉ်းစားပေးလိုက်ပေါ့…
    တစ်မျိုးက ဓါတ်ပုံပညာ နားလည်သူတွေက ရွေးတဲ့ အဆင့် ၁ ၂ ၃ ၄ ……………
    နောက်တမျိုးက ပရိတ်သတ်အကြိုက် ၁ ၂ ၃ ၄……………………..

    နှစ်မျိုး စလုံးကိုထောက်ခံပါကြောင်းးးး 😀

    Reply

    • Khaing Khaing

      June 6, 2012 at 1:31 pm

      အဲဒီအစီအစဉ်လေးကောင်းပါတယ် …….. ရုပ်သံလိုင်းတွေကလွှင့်တဲ့အစီအစဉ်တွေလိုပေ့ါ ဒိုင်သူ ကြီးတွေကလည်းဆုံးဖြတ်တယ် လာရောက်ကြည့်ရူတဲ့ပရိတ်သတ်တွေကလည်းဆုံးဖြတ်တယ် …..

      Reply

  • kai

    June 6, 2012 at 4:09 pm

    ပွဲက.. လစဉ်လုပ်မဲ့ပုံဆိုတော့.. ဆုပေးတဲ့သူလည်း.. အလုပ်ရှုပ်ပါတယ်..။
    ကြေးလည်းနည်းမယ်ဖြစ်နေတယ်..

    ဆိုတော့…
    နောက်ပွဲတွေမှာ… ဆုတခုခြင်းမပေးပဲ.. နှစ်ကုန်တော့မှ.. ဆုရထားသူတွေအကုန်..ခေါင်းစဉ်တခုအောင်ပြန်ပြိုင်ပြီးလုပ်မလား..
    ဒါမှမဟုတ်.. ရထားတဲ့ပုံတွေထဲက.. ပြန်ရွေးမလား…
    အဲဒီလို… လုပ်ကြည့်မလား..

    အဲဒါဆို.. ကျုပ်က.. နောက်ဆုံးပွဲအတွက်..ပထမ ၃၂ဂစ်..( ၁၀)ဖလက်ရှ်ကဒ်တခုလောက် (အနည်းဆုံး) ဆုအနေနဲ့.. ပေးလို့ရတယ်..။
    ဒုတိယကတော့.. ၁၆ ဂစ်ပေါ့…
    ကြားထဲ အဆင်ပြေသလို.. ထပ်တိုးပေးနိုင်သေးတယ်..။ 🙂

    Reply

    • အရင့်ရောင်

      June 6, 2012 at 4:25 pm

      အဆင့်လေးတွေ သတ်မှတ်ပီးတော့ ပြိုင်ပွဲကို ကျင်းပပြီး
      ဥပမာ.1 to 4
      အဲထဲကမှ ပ-ဒု-တ ရွေး
      နောက်တစ်ကြိမ်လည်း အဲလိုပဲ
      တစ်နှစ်ကို သုံးကြိမ် ပဲဆို ကောင်းမလားဗျာ
      အကြံပေးတာပါနော်
      ကျေးဇူးတင်ပါတယ်
      ခင်တဲ့
      အရင့်ရောင်

      Reply

    • mayjuly

      June 6, 2012 at 4:53 pm

      ဟုတ်တယ်ဗျ .. အဆင့်ဆင့်တတ်သွားတဲ့သဘောပေါ့..
      Level အဆင့်လိုက် ခွဲပီး ရွေးချယ် … ပီးမှ နောက်ဆုံးအဆင့် ကို ပြိုင်ရင် ပိုကောင်းမယ်ထင်တယ်နော်…
      လစဉ်ဆိုတော့ ဆုက ဘယ်တတ်နိုင်ပါ့မလဲ ..
      နောက်ဆုံးအဆင့်ကိုမှ ထိုက်ထိုက်တန်တန် ဆုပေးတာ အကောင်းဆုံးလို့ထင်ပါတယ် …

      Reply

    • Azzurri

      June 6, 2012 at 5:02 pm

      ကောင်းတယ်သဂျီးရေ…
      အဲ့လို လုပ်မယ်….
      ဆုကိစ္စ ကျနော်တို့ ဒီတေး ပြန်ပြောကြည့်ကြတာပေါ့..
      ဒီလတော့ ၃-၄ပုံ ရထားပြီဗျ…

      နောက်လတွေလည်း စည်းကမ်းတွေ ဘောင်တွေ
      လိုတိုးပိုလျှော့လုပ်ရင်း သွားကြတာပေါ့ဗျာ…

      အဲ့… ဇဂါးမစပ်
      ၁နှစ်လုံးမှ ၁ခါဘဲ ပေးရတာ ..
      ကပ်စေးကုပ် မနေပါနဲ့အေ…..
      အိပ်စတာနယ်လ် ဟာ့ဒွိုက် လောက်တော့လုပ်ပါ…
      :mrgreen:

      နောက်တခု ..စဉ်းစားမိတာ ရှိသေးရဲ့..
      နောက်ပိုင်း စုဖွဲ့မိလာမယ်.. ရိုက်နိုင်သူတွေ များလာမယ် ဆိုရင်ပါ
      (ဝေးတော့ ဝေးသေးရဲ့)

      (ကျနော့် အော်ရီဂျင်နယ် အိုင်ဒီယာတော့ မဟုတ်ပါ…)
      အော်ရီဂျင်နယ် ဆိုက်ဒ် နဲ့ ဆိုဆိုက်ရတီ တွေ့ရင်
      ပိုစ့်သပ်သပ်ရေးပါ့မယ်…

      လူတိုင်း မသေခင် ဒါ့ပုံတပုံတော့ ရိုက်ဖူးရမယ် ဆိုတာမျိုးလေ…
      သည်ခေတ်ကြီးထဲ ကျေးလက်တောရွာတွေမှာ သေသာသွားရော
      ဒါ့ပုံ၁ပုံတောင် မရိုက်ဖူးသေးတဲ့ လူတွေ ရှိတယ်နော….
      ကျုပ်တို့သာ ၁နှစ် သိန်း သောင်းချီ ထရစ်ဂါ နှိပ်နေတာ…

      အလွန်ခေါင် အလွန်ဆင်းရဲတဲ့ ဒေသမျိုးတွေ သွားပြီး
      လူတိုင်း ဒါ့ပုံ၁ပုံ စီ ရိုက်ပေး (ဖရီးပရင့်ထုတ်ပေးတဲ့)
      လူမှုရေး အားပေးမှုမျိုး..လေး အလှူမျိုးလေး
      လုပ်ချင်ရဲ့ဗျာ …

      အလွန်ဆင်းရဲတဲ့ လူတွေလည်း လူတွေပဲမို့
      ပြန်ကြည့်စရာ ကင်မရာကို ပြုံးကြည့်နေတဲ့
      ပုံလေး ၁ပုံစီလောက်တော့ ပိုင်စေချင်ရဲ့….

      စိတ်ကူးသက်သက်ပါ..

      တော်သေးဘီ
      ခင်တဲ့
      ဂီ

      Reply

      • MaMa

        June 6, 2012 at 5:40 pm

        ကိုယ်နဲ့နီးစပ်တဲ့ လူတွေကိုတော့ သူတို့ရဲ့ ဘဝပုံရိပ်လေးတွေ အမှတ်တရ ရိုက်ပြီး မကြာခဏ လက်ဆောင်ပေးဖြစ်တယ်။
        မိတ္တဗလဋီကာ မလိုပဲ ခင်မင်သူ ပေါလာတာတော့ အမှန်ပဲ။
        မကောင်းမကန်း လက်တည့်စမ်းထားတဲ့ ပုံတွေကိုပဲ –
        ဝမ်းပန်းတသာ
        ကျေကျေနပ်နပ်
        အားပါးတရ
        လိုလိုလားလား
        ပီတိအပြည့်နဲ့ လက်ခံပေးကြပါရဲ့။ 🙂

        Reply

  • Myo Min Oo

    June 15, 2012 at 4:08 pm

    ပါဝင်ယှဉ်ပြိုင်တဲ့သူတွေအားလုံးကို MG ရဲ့ အမှတ်တရ တစ်ခုခုပေးရင်မကောင်းဘူးလား။

    Reply

  • Nyein Nyein

    June 15, 2012 at 4:27 pm

    အဲဒီ့ ဆုရတဲ့ ဓာတ်ပုံလေးတွေကို facebook မှာ share ချင်လို့ ရလားမသိဘူး။ အရင်ခွင့်တောင်းကြည့်တာပါ။
    ပြီးတော့ ဆုရတဲ့သူတွေအားလုံးကို congratulations ပါလို့ပြောချင်ပါတယ်။ နောင်ကို ဒီ့ထက်မက ကောင်းတဲ့ပုံတွေ ရိုက်နိုင်ကြပါစေ………………….

    Reply

    • မှော်ဆရာ

      June 27, 2012 at 1:53 pm

      တခြားသူပုံတွေတော့ မပြောတတ်ပါ … ကျွန်တော့ပုံကိုတော့ ရှယ်လို့ရပါတယ် ..
      ဒုတိယမြောက် ပန်းသည်ပါ..
      မန္တလေးဂေဇက် ဝက်ဆိုက်ရဲ့ ဓါတ်ပုံပြပွဲက ဆိုတာရယ်..
      ရိုက်ကူးသူ မှော်ဆရာ ဆိုတာလေးကတော့ ထည့်ပေးစေချင်ပါတယ် …

      Reply

  • awra-cho

    June 15, 2012 at 5:17 pm

    ဒုတိယ နဲ့ တတိယကို ပိုကြိုက်မိတယ်၊ သများက ခလုပ်ပဲ နှိပ်တတ်တာပါ။ ဒိတိုင်းရိုက်ပြီးပို့လို့ မရဘူးလား၊ အချက်အလက်တွေ လုပ်ရတာ မကြိုက်လို့ ငြိမ်နေပြီး မပြိုင်ဖြစ်တာပါ၊ အသက်ကြီးတော့ သင်ယူချင်စိတ် နည်းသွားတယ် ထင်ပါ့ဗျာ

    Reply

Leave a Reply

Your email address will not be published.