ဖန်အိမ်

အဇဋာJune 3, 20121min05

အရာအားလုံးဟာ ငါတို့ရဲ့ဥပဒေသတွေအောက်မှာ
ငါတို့…
ကိုယ့်တိုးတက်မှုအတွက်ပဲ သွားခဲ့ကြတယ်
မျှော်လင့်ချက် ပြူတင်းတခါးတွေက

ငါတို့ကို ရပ်တန့်စေခဲ့
နောက်ထပ်ကမ္ဘာတစ်ခုကိုလည်း ရွေ့လျားသွားစေခဲ့တယ်။

တိုက်ခန်းငါးခုစာလောက် သိမ်းဆည်းပြီးသွားပြီ။
သံထည်တွေ၊ ကျောက်တုံးတွေနဲ့ သစ်ပင်တွေ
နောက်ထပ်မြို့တစ်ခုရဲ့ သင်္ချိုင်းထဲမှာပေါ့။
အများကြီးပဲ…

ဂေါ့ဖ် သင်ရုံးညွန်းတမ်းတွေ၊ ဇိမ်ခံအိမ်တွေရော။
စိမ်းပြာရောင် လယ်ကွင်းတွေ၊ ရှုမျှော်ခင်းတွေ

အတိတ်တွေကို သိမ်းဆည်းရင်း…
မိုးတိမ်လွင်ပြင်တွေနဲ့သာ…
စစ်ပွဲတွေဟာ ရလဒ်မသိရဘဲ

အနီရောင်တွေအဖြစ် ကျန်ရှိနေလေရဲ့။

ဟုတ်တယ်…
အဲဒါဟာ ခင်ဗျားဧည့်ခန်း သေဆုံးသွားခြင်း။
ကဲ…ဘယ်လိုကြည့်မလဲ? အမှားမဟုတ်တဲ့အရာတွေနဲ့လား?
မသေစေတဲ့အရာလား? အနမ်းမခံတဲ့အရာလား?
ကြည့်လိုက်…

ခင်ဗျားပြောသလိုပဲ…
မြင်ကွင်းတစ်ခုလုံး ငါတို့အပေါ်မှာပဲလေ။

ငါတို့ မလှုပ်ရှားရင် ငါတို့ မလွဲနိုင်တော့ဘူးပေါ့။

(Heather McHugh ၏ Glass House ကို ပြန်ဆိုပါသည်)

မြတ်ကျော်သူ

5 comments

  • shwe kyi

    June 4, 2012 at 2:30 pm

    အားပေးသွားပါကြောင်း။

    Reply

  • maung khinmin

    June 21, 2012 at 8:04 pm

    မှန်ပါ့ ဗျားးးးးး…..
    လှုပ်ရှားပါများရင်…လွဲတတ်သပါ့….ခြွင်းချက် နဲ ့နော…ကိုယ့်လူ

    Reply

  • မြတ်ကျော်သူ

    June 21, 2012 at 8:46 pm

    မောင်ခင်မင်ရေ…
    ဟုတ်တယ်ဗျ…ကျွန်တော်လည်း ခုမှ အတွေးပေါက်တယ်…
    ကဗျာခေါင်းစဉ်က ဖန်အိမ် ဆိုတော့ လှုပ်ရှားပါများရင် ကွဲနိုင်တာပေါ့…
    ကျေးဇူး။။။

    Reply

  • နွေဦး

    June 21, 2012 at 8:50 pm

    အားပေးဖတ်ပါတယ်..
    ဒါပေမဲ့ ဆေးလိပ် သောက်နေပုံကိုတော့ မနှစ်သက်ပါ ..

    Reply

  • မြတ်ကျော်သူ

    June 21, 2012 at 9:07 pm

    ဟီး…ဟီး…
    ွှအဲဒါ ကျွန်တော်ကိုယ်တိုင်ပါပဲ…
    အရင်တုန်းကတော့ ဖေ့စ်ဘုတ်မှာ တင်ခဲ့ဖူးတယ်။
    ဒီပုံလေးကို ကြိုက်တာနဲ့ ဒီမှာတင်ထားတာ။

    Reply

Leave a Reply to shwe kyi Cancel Reply

Your email address will not be published.