ပင်းတယမှအပြန်

1 တပေါင်းပွဲဆိုရင် ပွဲခင်းကြီးဖြစ်သွားတဲ့ညောင်ပင်တန်း
2 ကားရပ်မပေးတော့ အဝေးကဘဲလက်ဆော့ခဲ့ရတဲ့ညောင်ပင်ကြီး
3 ပင်းတယမြို့တော်က ရှေးဇာတ်ကြောင်းများရှိခဲ့တဲ့ပုန်းတလုပ်ကန်

 

4 ပုန်းတလုပ်ကန်ကို တောင်ဘက်ကနေငေးကြည့်ခဲ့တာလေ
5 ပုန်းတလုပ်ကန်နံဘေးက ဘုရား

15 comments

  • မောင်ပေ

    June 5, 2012 at 9:23 am

    ပင်းတယကအပြန်
    ယင်းထလို့မဟန်
    အတင်းထလို့ကြံ
    ကမြင်းထဖို့ အမှန်
    ချင်းနှမတို့ အသံ။

    Reply

  • ahnyartamar

    June 5, 2012 at 9:25 am

    ကန်ရေပြင်ငေးရင်း ဘုရားလည်းဖူးသွားပါ၏။

    Reply

  • water-melon

    June 5, 2012 at 10:18 am

    လေးပေါက် ပင်းတယအထွက်နားမှာ
    ဖရဲသီးသယ်တွေတွေ့ခဲ့သေးလား
    အနော်အတွက် ဘာဝယ်ခဲ့လဲဟင်
    ပင်းတယသူလေးဝယ်ခဲ့နော်
    အဟီ 😀

    Reply

  • ဘဲဥ

    June 5, 2012 at 10:37 am

    ပုံးတလုပ်ကန်ကြီးကိုမြင်တော့ ရေကူးချင်စိတ်တောင်ပေါ်လာဘီ

    Reply

  • Moe Z

    June 5, 2012 at 10:50 am

    လေးပေါက်ရေ အဲဒီညောင်ပင်တန်းကြီးကလည်း အရမ်းလှတယ်နော် ..
    သဘာဝအလှတွေပြည့်နှက်နေတဲ့ ရှမ်းပြည်ကိုအရမ်းသဘောကျမိတယ် ..

    Reply

  • TTNU

    June 5, 2012 at 12:13 pm

    ကိုပေါက်ရေ..
    သက်ရှည်ပင်ကြီးရယ် ၊ပုန်းတလုတ်ရယ်ကူးမယ်နော်။
    ကျေးဇူး။

    Reply

  • Ma Ei

    June 5, 2012 at 1:40 pm

    စရောက်ဖူးတဲ့အခေါက်တုံးက
    ညောင်ပိန္နဲပင်ကြီးတွေလှလိုက်တာဆိုပြီး
    ဓါတ်ပုံတွေတက်ရိုက်ကြတယ်…
    ဟိုဘက်ဘေးကိုလဲကြည့်လိုက်ရော အုတ်ဂူတွေရယ်…
    အမှတ်တရပါဘဲ…

    Reply

  • pooch

    June 5, 2012 at 2:40 pm

    လေးပေါက်ရေ အနော်လည်း အဲ့ဒီအပင်ကြီးနဲ့ ဓာတ်ပုံရိုက်ဖူးတယ်။
    ကားမရပ်ပဲ လှမ်းရိုက်တာတောင် ပုံထွက်ကကောင်းလိုက်တာ ။

    Reply

  • Khaing Khaing

    June 5, 2012 at 3:08 pm

    လေးပေါက် …….နံပါတ် (၁) ပုံကဘယ်လိုရိုက်ထားတာလဲ တမင်အဲလိုဖြစ်အောင်ရိုက်ထားတာလား …….

    Reply

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 7:10 pm

    ဘုရားလည်း ဖူးရင်း ..
    လိပ်ဥလည်း .. အဲ ဟုတ်ပါဘူး ..
    ရေပြင်ကြီးကိုလည်း ငေးကြည့်ရင်း ..
    အားပေးတွားပါဒယ် ဖေဂျီးပေါက် ရေ့ …

    Reply

  • MaMa

    June 5, 2012 at 7:47 pm

    ပင်းတယ ဘက်ကို ရောက်ရင် အဲဒီညောင်ပင်တန်းကြီးကိုတွေ့ရင် ကားရပ်ပြီး သစ်ပင်အောက်မှာ ဖျာခင်းပြီး နားနားနေနေ နေလိုက်ချင်စိတ်တွေ ပေါ်လာတယ်။ 🙂
    ဘုတ်တလုတ် ရေကန်လို့ထင်တာ ကိုပေါက်ပြောမှာပဲ ပုန်းတလုတ် ဖြစ်မှန်း သိတော့တယ်။

    Reply

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 5, 2012 at 9:30 pm

    လေးပေါက်ရေ….
    ပုန်းတလုပ်မှာနတ်သမီးတွေကိုမမြင်ခဲ့ဘူးလားဗျ…
    ဒွေးမယ်နော်ဇတ်လမ်းထဲကနဂါးပတ်ကြော့ကွင်းရှာလာခဲ့ပါဗျ…
    ကျွန်တော်ပင်းတယသူဓနုမလေးတစ်ယောက်လောက်ဖမ်းချင်လို့…..
    ဓနုဝတ်စုံနဲ့တိုင်းရင်းသူလေးဝတ်ခဲ့ရမှာဗျ….ဓနုမြေကိုရောက်ရင်
    ဂျူးမြစ်နဲ့နှမ်းဖတ်ချဉ်သုတ်စားပြီးမှရောက်ရကျိုးနပ်တယ်သိလား…..
    ဓနုပဲကြော်လောက်နဲ့တော့မတန်သေးဘူးဗျ…..ဓနုအိုးစည်သံတွေကြားခဲ့ရဲ့လား…
    ကျွန်တော်ကြားဖူးသမျှအိုးစည်သံ(တိုင်းရင်းသားအိုးစည်သံ)တွေထဲမှာ
    ဓနုအိုးစည်လောက်အသံမြိုင်ပြီးမြူးတာမတွေ့ဖူးသေးဘူး…..
    ကျားရေစည်းပြီးအရက်တိုက်တဲ့အိုးစည်မျိုးနဲ့တီးရင်ဓနုအိုးစည်သံက
    သတ်ပွဲဖြစ်တဲ့အထိလမိုင်းတိုက်လို့ရတယ်ဗျ….လေးပေါက်တို့
    ဟန်မြင့်မိုရ်လမ်းကတက်လာတယ်ဆိုရင်တော့ပင်းတယမရောက်ခင်ရွာငံတစ်လျောက်
    ဓနုမလေးတွေဘယ်လောက်လှတယ်ဆိုတာမြင်ခဲ့မှာပေါ့….
    ဓနုမြေမှာဂျုံစိုက်တယ်…..ကမ္ဗလာသီးတွေလဲချိုတယ်…လိမ္မော်သီးလဲပေါပါတယ်…
    ပဲစဉ်းငုံတွေစိုက်ပါတယ်….
    ပုံ…..
    ဟိုမရောက်ဒီမရောက်ရှမ်းပြည်သား……..

    Reply

  • အရီး Khin Latt

    June 6, 2012 at 5:48 am

    ဟုတ်တယ် ကိုပေါက်ရေ။
    ကျုပ်လဲ မမလိုဘဲ ဘုတ်တလုတ် လို့ ဘဲသိတာ အခုမှ ပုန်းတလုတ် လို့ သိတာ။
    အခုမှ သီချင်းကို ပြန်တွေး မိတယ်။
    “ပုန်းတလုတ် ရေကန်ကြီးမယ်။ စုစုရုံးရုံး ကစားမယ်၊ တူတူ့ပုန်းတမ်း ကစားကြပါစို့ကွယ်။” ဆိုလား။
    ညောင်ပင်ကြီးကလဲ ဒီလို နိမ့်နိမ့် လေး နဲ့ အကြီးကြီးကို အခုမှမြင်ဘူးတယ်။
    မရောက်ဘူး တဲ့ ဒေသ အလှလေးတွေ အတွက် ကျေးဇူးပါဗျို့။ 🙂

    Reply

  • (7-6-2012)နေ့မှ ရွာထဲကိုဝင်လို့ရပါတယ်။
    ဒီပိုစ်က မပြီးသေးဘဲတက်သွားတာပါ။
    ကျနော်က ပုံတွေကို စကက်ဂျူးနဲ့ကြိုတင်တာများပါတယ်။
    ကျနော်က ခရီးထွက်တာ (2-6-2012)နေ့မနက်ငါးနာရီကထွက်သွားတာ။
    နောက်မှပြန်ဆက်တင်မယ်ဆိုပြီး ထားလိုက်တာ ဒီရောက်တော့ ရွာထဲကိုလုံးဝ ဝင်မရတော့ တစ်ဝက်တစ်ပိုင်းနဲ့တက်သွားပါတယ်။
    အခုကျန်တာလေးဆက်တင်ပေးပါမယ်။
    ကိုလတ်
    အဲဒီသီချင်းက မန္တလေးက ဆရာဦးဘသိန်းရေးပြီး ဇော်ဝင်းထွဋ်တို့အမေ ထား ဆိုခဲ့တာပါ။
    အဲဒီသီချင်းနာမယ်က ဘုတ်တလုပ်ကန် ပါ။
    ကျနော်ဆီမှာမူရင်းလဲရှိတယ် နောက် မေဆွိ မြို့မအဖွဲ့နဲ့ တယောကိုတင်ရီတို့ဆိုထားတာလဲရှိတယ်၊
    မန်းလေးရောက်ရင် ပို့ပေးလိုက်ပါမယ်။
    အဲဒီသီချင်းထဲက ဘုတ်တလုပ်ကန်က မန်းလေးနန်းတွင်းထဲမှာရှိတဲ့ ဘုတ်တလုပ်ကန်ကို ညွှန်းထားတာပါ
    နောက်ရက် ဓါတ်ပုံလဲရို်က်တင်ပေးပါမယ်။
    စောင့်အုံးနော်………………

    Reply

  • ပထမပုံက ဒီလိုဖြစ်အောင်တမင်ရိုက်တာမဟုတ်ပါဘူးဗျာ။
    ကားရပ်မပေးတော့ အမြန်သွားနေတဲ့ကားပေါ်က ရိုက်တော့ ဝါးသွားတာပါ။

    Reply

Leave a Reply to Ma Ei Cancel Reply

Your email address will not be published.