အိုဘားမား နေရာမှာ ကျုပ်တို့ သမ္မတကြီး ဆိုရင်ကော …

အိုဘားမား နေရာမှာ ကျုပ်တို့ သမ္မတကြီး ဆိုရင်ကော ...

(၅) နှစ်အရွယ် ကလေးလေးက အိုဘားမားဆံပင်ကို ကိုင်ကြည့်ချင်ပါတယ် ဆိုပြီး ခွင့်တောင်းလို့ အိုဘားမားက ကလေး ကိုင်ကြည့်လို့ ရအောင်ဆိုပြီး သူ့ရဲ့ ခေါင်းကို ငုံ့ပေးခဲ့ပါတယ်။ ပုံထဲက အတိုင်းပါပဲ။ ကိုင်း .. ဒါဖြင့် … ကျုပ်တို့ သမ္မတကြီး ဆိုရင်ကောဗျာ ….. 😀

_________________________
ဒါက မြန်မာတွေအတွက် အခြားသတင်းတစ်ခု …
Fox News က ဖော်ပြခဲ့တာ …

 

အမေရိကန် မရိန်းတပ်ထဲက မြန်မာ .. ကိုသန်းနိုင်

အမေ ရိကန် မရိန်းတပ် ထဲတွင် ဂုဏ်ထူးဆောင် ဆု ရရှိသူ မြန်မာ နိုင်ငံသား မြန်မာ လူမျိုး တစ်ဦး တာဝန် ထမ်းဆောင် လျက် ရှိကြောင်း Fox News က ဖော်ပြ ခဲ့ပြီး ၎င်းမှာ ၂၀၀ဝ ပြည့်နှစ်က DVD မဲပေါက်ကာ အမေ ရိကန် နိုင်ငံသား အဖြစ် အမြဲတမ်း နေခွင့် ရထားသူ ကိုသန်းနိုင် ဆိုသူ ဖြစ်ကြောင်း သိရသည်။

Full story@ပြည်မြန်မာ ဂျာနယ်

16 comments

  • Ch@vez

    May 31, 2012 at 4:52 pm

    ကျုပ်တို့ သမ္မတဂျီးမှာ ကိုင်စရာ ဆံပင်မရှိ သလောက် နည်း တာကို
    နောက်တာလား ပြောင်တာလား ..
    ဟင်င်င်င်င်င်

    Reply

  • ဗိုက်ကလေး

    May 31, 2012 at 6:13 pm

    နင်ဒို ့ကလဲ
    တစ်စိတ်ရှိ…နာ့အဘ အူးပြောင်စိန်ကိုဘဲ နောက်နေဒေါ့ဒါဘဲ
    ဝဋ်လည်မယ်..ဝဋ်လည်မယ်..
    ကျုပ်ဆို ကိုဒီးယားမင်းသား လီဒေါင်ချူးကို လိုက်လိုက်ကဲ့ရဲ့ရင်း တဖြည်းဖြည်း ကိုဒီးယား မင်းသားယုတ် ပေါက်လာဘီကော..ဗျ…

    Reply

  • ဦးဦးပါလေရာ

    May 31, 2012 at 7:13 pm

    ကျုပ်တို့သမ္မတကြီးဆံပင်ကို ကိုင်ကြည့်ချင်ရင်
    ဘုန်းကြီးဝတ်အောင်စောင့်လေ…

    Reply

  • shwe kyi

    May 31, 2012 at 7:35 pm

    တို့သမ္မကြီးက လူတွေအနားတောင်ကပ်ရဲမှာမဟုတ်ပါဘူး။
    ဆံပင်ကတော့ထားပါတော့။ လက်ကလေးတောင်ပေးကိုင်မယ်မထင်။
    သူနဲ့အဆင့်အတန်းချင်းတူတာမဟုတ်ဘူးဆိုပြီးတော့လေ။
    ” ငါဟဲ့ သမ္မတကြီး မကြာခင် နိုဗယ်ဆုတောင်ရချင်ရနေမှာ နင်တို့နဲ့လားလားမျှအဆင့်ချင်းမတူ …”
    ” မကပ်လေနဲ့ အနားတောင်မသီလေနဲ့ ”

    Reply

  • shwe kyi

    May 31, 2012 at 7:38 pm

    ကျန်ခဲ့လို့
    ကိုသန်းနိုင်အတွက်ဂုဏ်ယူမိပါကြောင်း။

    Reply

  • pooch

    May 31, 2012 at 7:44 pm

    အံစာတုံးရေ ကျမတော့ သမ္မတကြီးက သူဆံပင် ကိုင်ချင်သူကို ဘေးက ဝင်ပြီး စွက်ဖက်သူမရှိရင် ပေးကိုင်မဲ့သူလို့ ထင်ပါတယ်။

    နယ်မြို့တခုကို ရောက်ခဲ့စဉ်တုန်းက သမ္မတကြီးက သူ့မိသားစုပါ ပါတယ်။ သူ့မြေးလေးလည်း ပါပါတယ်။ ကလေးက သူ့ဘိုးအေနားကပ်နေတာပေါ့။ ဓာတ်ပုံရိုက်မယ်လည်း လုပ်ရော သမီးလုပ်သူက သားကို သွားခေါ်ပြီး ငြိမ်ငြိမ်လေးနေဖို့ ပြောပါတယ်တဲ့။ ဘေးက နေပါစေ ဆိုတော့ ပုံထဲ ပါမှာစိုးလို့ အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါလို့ ဟိုက ပြန်ပြောပါတယ်။ သူ့မိသားစုက အနေအေးသလို တဖက်သားအပေါ်မှာ လေးလေးစားစားဆက်ဆံတတ်တဲ့သူတွေ ဖြစ်ပြီး နိုင်ထက်စီးနင်း စိတ်ဓာတ်ရှိသူတွေ မဟုတ်ပါဘူးတဲ့။

    အခုသမ္မတကြီးကို လူသားဆန်တဲ့ ခေါင်းဆောင်တယောက်လို မြင်မိပါတယ်။
    တခုတော့ ရှိတာပေါ့။ ခုရေတွင်းတူး ခုရေကြည်သောက်ဖို့တော့ မဖြစ်နိုင်ပါဘူး။

    ကျမတို့ လူမျိုးက ဂုဏ်ထူးဆောင်ဘွဲ့ရတာ ဆိုတော့ တော်တာပေါ့။ ကျမတို့ ရေခံမြေခံကောင်းကောင်းနဲ့ အခွင့်ရေးကောင်းတွေ မပေးနိုင်လို့သာ လူတော်တွေ အပြင်ရောက်ကုန်တာ ။ နှမျောစရာပါ။

    Reply

  • “”ကျမတို့ လူမျိုးက ဂုဏ်ထူးဆောင်ဘွဲ့ရတာ ဆိုတော့ တော်တာပေါ့။ ကျမတို့ ရေခံမြေခံကောင်းကောင်းနဲ့
    အခွင့်ရေးကောင်းတွေ မပေးနိုင်လို့သာ လူတော်တွေ အပြင်ရောက်ကုန်တာ ။ နှမျောစရာပါ။””
    ဒါလေးတော့ အလေးအနက်ထောက်ခံပါတယ်ဗျာ။ဒါနဲ ့ကိုကြီးအံရေ DV lotteryမဟုတ်လားဟင်။DVD ဆိုတော့??????

    Reply

  • windtalker

    May 31, 2012 at 8:45 pm

    စိန် ့နေရာကိုလဲ ခဏလောက်ဝင်ကြည့်ပေးပါ
    စိန် ့နေရာမှာဆို ဘာလုပ်မှာလဲ ပြောပါ
    စဉ်းစားရခက်နေမယ် ….
    အဲ့လို အဲ့လို

    Reply

  • မဟာရာဇာ အံစာတုံး

    May 31, 2012 at 8:55 pm

    အရပ်ကတို့ရယ် ..
    အိုဘားမားကို ၄ စားသလို ..
    ကျုပ်တို့ သမ္မတကြီး ဦးသိန်းစိန်ကို ၄ စားပါတယ်ဂျာ ..
    ချစ်လည်း ချစ်ပါဒယ် ..

    ပြောရရင် သွေးနီးလို့ မြန်မာလူမျိုး သမ္မတကြီးကို ပိုလို့တောင် ချစ်ပါဦးမယ် ..
    ခုလည်း အရပ်ကတို့ကို နောက်ချင်တာနဲ့ ..
    အင်တာနက်တခွင်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ အိုဘားမားသတင်းနဲ့ ..
    ကျုပ်တို့ သမ္မတဂျီးကို ခိုင်းနှိုင်းပြီး နောက်လိုက်ထှာဘာ ..
    (ကျုပ်နောက်ချင်တာ ဘယ်နေရာလည်း ကိုဂီသိဒယ် .. 😀 )

    ဒါနဲ့ စကားမစပ် DV မှာ D တစ်လုံး ပိုသွားပါဂျောင်း …

    Reply

  • TTNU

    May 31, 2012 at 9:15 pm

    မောင်အံစာရေ…
    အဲဒီ ကိုသန်းနိုင်အကြောင်း ဘာတွေသိသေးလဲဟင်။

    Reply

    • မဟာရာဇာ အံစာတုံး

      May 31, 2012 at 9:22 pm

      တီချယ်ကြီး ခင်ဗျာ …
      အပေါ်မှာ Fox News ဆိုပြီး လင့်ထည့်ထားတယ်ဗျ ..
      အင်္ဂလိပ်လို ရေးထားတော့ ကျနော်တော့ သိပ်မဖတ်တတ်ဘူးဗျ ..
      အဲဒီထဲမှာ ပါလောက်မယ် ထင်တာပဲ ..
      ဒီလင့်နဲ့လည်း တူတူပဲ ..

      http://www.foxnews.com/us/2012/05/25/marine-tale-how-one-man-served-his-adopted-country/

      Reply

  • htoosan

    May 31, 2012 at 9:27 pm

    လူလည်ကြီးတွေက သဘောရိုးနဲ့ မဟုတ်ဘဲ လူထုကြိုက်အောင် လုပ်ပြတတ်ကြတယ် .. ဒါမှ မဲရမှာကိုး .. သူတို့ ရဲ့ စိတ်ရင်းမှန်ကို မသိနိုင်ဘဲ မှန်းဆပြီး ချီးမွမ်းကဲ့ရဲ့ မလုပ်သင့်ဘူး လို့ဘဲထင်တယ်..
    ဘကြီးပုရဲ့ avatar မှာ ပါတဲ့လူကြီး နဲ့ ထောက်လှမ်းရေးပြုတ်ကြီး လည်း အရင်က သွားလေရာ ချဉ်ဖတ် fullmoon လေးခေါ်သွားရတာနဲ့ ၊ ရောက်တဲ့ နေရာ ကလေးချီထားတဲ့သူတွေ့ရင် ကလေးမြူပြရတာနဲ့ မဟုတ်လား .. အဲ့ဒါနဲ့ တိုင်းမှုးတွေလည်း ခလေးတွေ့ရင် နံမည်မေးရတာနဲ့ ခေါင်းပုတ်ရတာနဲ့ ဖြစ်ကုန်ရောလေ.. အဲ့ဒီ့ ပုံတွေ မပါပါအောင် သူတို့ တီဗွီသမားတွေကိုရိုက်ခိုင်း ပြီး ပြန်လွှင့်ခို်င်းလုပ်ကြတာ ….
    အခု သမ္မတကမိသားစုကတော့ pooch ပြောသလိုဘဲ အေးချမ်းတဲ့ နံမည်ထွက်ပါတယ် ။

    Reply

  • shwe kyi

    June 1, 2012 at 12:19 pm

    ရွှေကြည်လည်းအမြင်တွေပြောင်းမှဖြစ်မယ်ထင်တယ်။
    အခုအထိ အရပ်ဝတ်လဲထားသူတွေကိုအမြင်မကြည်ဖြစ်နေတုန်းပဲ။

    Reply

  • ahnyartamar

    June 1, 2012 at 2:49 pm

    သမ္မတကြီးဘာပြောမလဲ မသိပေမဲ့ ဘေးကလူတွေပြောမှာသေချာတယ် “ဟဲ့ ဟဲ့… လူကြီးခေါင်း(ဂေါင်း) မကိုင်နဲ့ ငရဲကြီးတတ်တယ်” ဆိုပြီး အယူသီးစကားတွေ ပြောမှာ။
    ကိုသန်းနိုင် အတွက် ဂုဏ်ယူမိပါကြောင်း……

    Reply

  • kyeemite

    June 1, 2012 at 3:31 pm

    အော်အံဇာမရယ်..နောက်စရာရှားလို့

    Reply

Leave a Reply

Your email address will not be published.