မာစတာခွေဈေးနှုန်း ပြင်ဆင်သတ်မှတ်ပေး

klnJune 19, 20101min01

ဗီဒီယိုဇာတ်ကားတွေရဲ့ ဗီစီဒီအချပ်ဈေးနှုန်းတွေကို ယနေ့ကစပြီး ဈေးနှုန်းလျှော့ချတော့မယ်လို့ မြန်မာနို်င်ငံရုပ်ရှင်အစည်းရုံးနှင့် ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို)ထံမှ သိရတယ်။ (၁) ရန်ကုန်မြို့ထုတ်လုပ်ဖြန့်ချိရေးများက အာရ်စီစနစ်နဲ့ တိုက်ရိုက်ရောင်းချတဲ့ ခွေဌားရမ်းဆိုင်တွေကို ဗီစီဒီအချပ်ရောင်းချရာမှာ ဗီစီဒီတစ်စုံဈေးနှုန်း(လယ်သာအိတ်)ကို ကျပ် ၇၀ဝအစား ကျပ် ၆၀ဝ ဖြင့်ရောင်းချရန်၊ (ဝေဖာအိတ်)ကို ကျပ် ၅၅ဝ ဖြင့်ရောင်းချရန်။ (၂) ရန်ကုန်ထုတ်လုပ်ဖြန့်ချိရေးများ ကနေ တခြားပြည်နယ်၊ တိုင်းတွေကို ရောင်းချရာမှာ ဗီစီဒီအချပ်ဈေး (လယ်သာအိတ်)ကို ယခင် ကျပ်၆၀ဝ အစား ကျပ် ၅၀၀၊ (ဝေဖာအိတ်)ကို ကျပ် ၅၅ဝ အစား ကျပ် ၄၅ဝ ဖြင့်ရောင်းချရန်။ (၃) ပြည်နယ်၊ တိုင်းမူပိုင်ဖြန့်ချိရေးလုပ်ငန်းရှင်များကနေ မြို့နယ်မူပိုင်ဖြန့်ချိရေးများကို တစ်ဆင့်ဆက်လက်ရောင်းချရာမှာ ဝေဖာအိတ်ဖြင့် ကျပ် ၅၀ဝ နှုန်းနဲ့ရောင်းချရန်။ (၄) မြို့နယ်မူပိုင်ဖြန့်ချိရေးလုပ်ငန်းများကနေ ဌားရမ်းဆိုင်တွေကို ဗီစီဒီတစ်ချပ်ဈေးနှုန်း ၅၅ဝ ကျပ်နဲ့သာ ဆက်လက်ဖြန့်ချိရောင်းချရန်။ (၅) မြန်မာတစ်ပြည်လုံးရှိ ဌားရမ်းဆိုင်များသို့ ဝေဖာအိတ်ဖြင့် ကျပ် ၅၅ဝ ထက်ပိုမိုမရောင်းချရန်။ အထက်ဖော်ပြထားတဲ့ အချက်အလက်တွေကို မလိုက်နာရင် ရက်ချိတ်ဖြန့်ချိခွင့် သုံးလရပ်ဆိုင်းပြီး အရေးယူခံရမယ်လို့ ဇွန် ၁၅ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရတယ်။ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို) မှ တာဝန်ရှိသူတစ်ဦးက “ စည်းကမ်းချက်တွေကို လိုက်နာအကောင်အထည်ဖော်မှ မူရင်းမာစတာအချပ်တွေ၊ ဗီဒီယိုဈေးကွက်မှာ သုံးစွဲတာ တိုးတက်လာမှာ၊ တကယ်လို့ မူရင်းအခွေကို သုံးစွဲတာများလာရင် မူရင်းအချပ်ဈေးနှုန်းကို ဆက်ပြီးလျှော့ချပေးမှာပါ ” လို့ ပြောပါတယ်။ ခိုးကူးခွေတွေကြောင့် ပျက်စီးနေတဲ့ မြန်မာဗီဒီယိုလောက ကသက်ဆိုင်ရာအဖွဲ့အစည်းတွေ စီမံချက်နဲ့ ဖမ်းဆီးတဲ့ ဇွန် ၁ရက်နေ့ကစပြီး မူရင်မာစတာအချပ်သုံးစွဲမှု ယခင်ကထက် ၄ဝ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်လာတယ်လို့ သိရကြောင်း သိရသည်။

One comment

  • thihayarzar

    June 19, 2010 at 2:05 pm

    ကောင်းတဲ့အစီအစဉ်ပါပဲ … အဲလိုမှမလုပ်ရင်လည်း မြန်မာဂီတလောကကပျက်စီးသွားလောက်တယ် …. ခိုးကူးခွေတွေကို လိုက်လံသိမ်းဆည်းနေကြပါတယ် …. ကျွန်တော်တို့ဘက်မှာတော့ မာစတာခွေဆိုတာမရှိလောက်ကိုရှားပါးပါတယ် …. လူတွေကတန်ဖိုးနည်းနည်းနဲ့ရတဲ့ပစ္စည်းတွေကို စည်းကမ်းမရှိလုပ်ကြတယ် ….. ဖွင့်ပြီးပစ်ထားလိုက်ကြတယ် …… အခုလိုပဲနောက်ကိုလည်း ခိုးကူးခွေတွေကို မပြက်စတမ်း သိမ်းဆည်းစေချင်ပါတယ် ….. သူများတွေစီးပွားရေးပျက်အောင် မလုပ်ကြပါနဲ့ … ကိုယ်ကောင်းဖို့အတွက်ပဲ မကြည့်ကြပါနဲ့ …… တစ်ဖက်သက်မဆန်ပါနဲ့ …….

    Reply

Leave a Reply

Your email address will not be published.