ရွှေတောင်မြို့ မြင်ကွင်းတစ်ချို့

weiweiMay 25, 20123min014
ရွှေမျက်မှန် ဘုရားဝင်းအတွင်း
ဘုရားနီဘုရား
ရှင်ကျော်မုနိအတွင်း
ရွှေနတ်တောင်ဘုရားရင်ပြင်ပေါ်
ရွှေနတ်တောင်ဘုရားပေါ်မှမြင်ကွင်း
စည်တော်ယွန်းနေကြပုံ
ရှင်ကျော်မုနိဝင်းအတွင်းမှ ဘုရားဆင်းတုတွေ
ရွှေနတ်တောင်စေတီတော်
ရှင်ကျော်မုနိဝင်းအတွင်း
ရွှေနတ်တောင်စေတီနှင့်တန်ဆောင်း
အရောင်စပ်ထားတာကြည့်ကောင်းတယ်
ဘုရားပန်းရောင်းနေတဲ့ ဈေးသည်
ရန်ကုန် - ပြည် လမ်းမကြီး

ပြည်သွားရင်းနဲ့ ရွှေတောင်ကိုလဲ ဝင်ခဲ့ပါတယ်။ ရွှေမျက်မှန်ဘုရားနဲ့ ရွှေနတ်တောင်စေတီက ရွှေတောင်မြို့အထင်ကရဘုရားများဖြစ်ပါတယ်။ ဘယ်နှစ်ခေါက်သွားသွားမရိုးနိုင်အောင်လှတဲ့ ရွှေနတ်တောင်သွားလမ်းကလေးနဲ့ စေတီပတ်ဝန်းကျင်မြင်ကွင်းများကို အမှတ်တရ တင်ပေးလိုက်ပါတယ် ….

14 comments

  • Ma Ei

    May 25, 2012 at 2:15 pm

    ရွှေနတ်တောင်ဘုရား ကိုတစ်ခေါက်ဘဲရောက်ဖူးပါတယ်…
    ရွှေနတ်တောင်အသွားလမ်းကလေးလှတယ် ဆိုတာတော့မှတ်မိတယ်…
    အဲ့လမ်းမှာလားမသိဘူး… ချော့ခေါ်ဘုရားဆိုတာရှိတယ်နော်…
    အလွမ်းပြေ ဓါတ်ပုံလေးတွေကြည့်ရလို့ ကျေးဇူးပါဝေဝေရေ…

    Reply

  • may flowers

    May 25, 2012 at 2:42 pm

    ရွှေနတ်တောင်ဘုရားပေါ်က မြင်ရတဲ့မြင်ကွင်းလေးကြိုက်တယ်။

    Reply

  • MaMa

    May 25, 2012 at 4:04 pm

    (ရွှေမျက်မှန် ဘုရားဝင်းအတွင်း) ဆိုတဲ့ အပေါ်ဆုံးပုံလေးကို ကြိုက်တယ်။
    မိုးများ ညှို့နေလား မသိဘူး။
    ပုံလေးက နည်းနည်းမှိုင်းပြီး တမျိုးလေး ခံစားမိလို့ 🙂

    Reply

    • weiwei

      May 25, 2012 at 11:43 pm

      အဲဒီနေ့က မိုးအုံ့တယ် .. မိုးဖွဲဖွဲရွာတယ် … ဒါပေမယ့် အရမ်းပူပါတယ် ..

      Reply

  • မှော်ဆရာ

    May 25, 2012 at 4:38 pm

    ပထမဆုံး ပုံမှာ စေတီနဲ့ ညောင်ပင်ကိုတွဲပြီး နောက်က တိမ်ပါ မပျောက်ရအောင် ရိုက်ထားတာလေး ကောင်းလိုက်တာ အမရယ် ..
    ပရိုဓါတ်ပုံဆရာရဲ့ ရိုက်ချက်ကြနေတာပဲ

    Reply

  • nozomi

    May 25, 2012 at 4:38 pm

    ရွှေတောင်ကို မရောက်ဖူး ဘူး ၊ ဓါတ်ပုံတွေအတွက် ကျေးဇူးပါ
    ရွှေတောင်ခေါက်ဆွဲ က ရွှေတောင်က ထွက်တာလား
    စားခဲ့သေးလား

    Reply

    • weiwei

      May 25, 2012 at 11:45 pm

      အရင်တစ်ခေါက်ရောက်တုန်းက ရွှေတောင်ခေါက်ဆွဲစားခဲ့ဖူးတယ် …
      ရန်ကုန်က အိုဆာကာဆိုင်က ရွှေတောင်မှာလဲရှိတယ် …
      ဒီတစ်ခေါက်တော့ မစားဖြစ်ခဲ့ဘူး …

      Reply

  • ကိုရင်မောင်

    May 25, 2012 at 5:33 pm

    ရွှေတောင်မြို့ကိုတခါရောက်ဘူးခဲ့ပါတယ်..
    ရွှေနတ်တောင်ဘုရားလဲရောက်ခဲ့ဘူးပါတယ်..
    မြင်းလှည်းနဲ့သွားခဲ့တာပါ..
    ရွှေမျက်မှန်ဘုရားလဲရောက်ခဲ့ဘူးပါတယ်
    ထူးဆန်းတာကဘုရားကိုမျက်မှန်အဝိုင်းတတ်ထားတာပါ..
    မျက်မှန်ပုံစံကြည့်ရတာအင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့အချိန်က
    ဘုရားကိုတတ်ခဲ့တယ်လို့ထင်ရပါတယ်…
    ဟုတ်မဟုတ်တော့မသိပါ…
    သိသူများရှိယင်လဲပြောပြစေလိုပါတယ်….
    ရောက်ခဲ့ဘူးတဲ့နေရာလေးတွေပြန်တွေရတော့
    ကြည်နူးရပါတယ်..
    ကျေးဇူးပါမဝေရေ…

    Reply

    • weiwei

      May 25, 2012 at 11:50 pm

      ရွှေမျက်မှန်ဘုရားမျက်မှန်က ရွှေအစစ် ၃၉ ကျပ်သားနဲ့လုပ်ထားတာပါ …
      ကိုရင်မောင်ထင်သလို အင်္ဂလိပ်ခေတ်ကပဲ ဖြစ်မှာပါ … သမိုင်းကိုဖတ်ခဲ့ပေမယ့် အတိအကျ မမှတ်မိတော့လို့ …
      အခုအချိန်မှာ အဆောက်အဦးတွေ တော်တော်ခေတ်မှီနေတယ် … ဘုရားတောင်မှ အဲယားကွန်းခန်းနဲ့ … 🙂

      Reply

  • ကျနော်ကတော့ အဲဒီဘက်တွေ လုံးဝကိုမရောက်ဘူးသေးဘူးဗျာ။
    ရောက်ခွင့်တောင်ကြုံပါ့မလားမသိ.
    ပုံတွေထဲက အပေါ်ဆုံးပုံကို အကြိုက်ဆုံးပါဘဲ.
    ရွှေတောင်ခေါက်ဆွဲရော ကောင်းလားမသိ

    Reply

  • မမဝေဝေ ရေ. ကျနော် နောက်ဆုံးနှစ်အပိုင်း(က)့မှာဒေသန္တကွင်းဆင်း လေ့လာရေးသွားရတော့
    ရွှေတောင်၊ကျီးသဲမှာ (၁၅)ရက်နေဖူးတော့ နေရာစုံရောက်ဖူးခဲ့တာလေး ပြန်နွှေးသလိုပေါ့။ကျေး
    ဇူးနော် မမဝေဝေ။

    Reply

  • kyeemite

    May 26, 2012 at 9:25 am

    မဝေ ဝေမျှတဲ့ ပုံလေးတွေကို
    အားပေးသွားပါတယ်…

    Reply

  • awra-cho

    May 26, 2012 at 4:55 pm

    ကျွန်တော် ရိုက်ထားတာတွေလဲ ရှိတယ်ဗျ၊ အခွင့်သင့်ရင်တင်ပါ့မယ်၊ ကျွန်တော်ရိုက်မယ် ဆိုပြီး မရိုက်ခဲ့ ရတာ ရှိတယ်၊ ရှေးရှေးတုန်းက တိုက်တွေလေ၊ ချစ်တီးတွေရဲ့ တိုက်တွေလားမသိဘူး။ အကြီးကြီး တွေပဲ။ ရွှေတောင်မှာ အများကြီးပဲ။ ဓါတ်ပုံရိုက်ရင် တမျိုးမြင် မှာဆိုးလို့ မရိုက်ခဲ့ရဘူး။ ကိုလိုနီ လက်ရာတွေ၊ အသစ်တိုင်းပဲ အလတ်ကြီးရှိသေး။ နောက်တခါ ရိုက်ဖြစ်အောင်ရိုက် ခဲ့မယ်ဗျာ၊ ပြီးမှ ထွက်ပြေးရ ပြေးရ၊ ရွွှွှွှှေတောင်ခေါက်ဆွဲက တော့ အကြိုက်ဆုံးပဲ ဗျို့ ။ ရန်ကုန်မှာစားရတာ တော့ မကောင်းပါဘူးဗျာ။

    Reply

  • blackchaw

    May 26, 2012 at 5:18 pm

    ရွှေတောင် က ကျွန်တော်တို့မြို့မဟုတ်ပေမယ့်
    ရွှေတောင်နဲ့ အလွန်နီးတဲ့ အင်းမမြို့မှာနေခဲ့တော့
    အခု မဝေ ရိုက်ပြထားတဲ့ နေရာတွေက ကျွန်တော် မကြာခဏရောက်ခဲ့တဲ့ နေရာတွေပေါ့ဗျာ။
    အင်းမမြို့ဆိုတာ
    ပေါင်းတည်မြို့နဲ့ ရွှေတောင်မြို့ကြားက မြို့ငယ်လေးတစ်မြို့ပေါ့..။
    ရွှေတောင်ကတော့ သိတ်နီးလွန်းလို့ မကြာခဏရောက်ဖြစ်ပါတယ်။
    အမှတ်မမှားရင် မမှီရဲ့ ကိုကိုတောင် ရွှေတောင်သားလို့ ထင်ပါတယ်။
    ရွှေတောင်ခေါက်ဆွဲဆိုတာက
    အိုဆာကာပြန် ဦးကျော်မြင့် လို့ထင်ပါတယ်…။
    ရွှေတောင်မြို့မှာ အခုထိ ဆိုင်ဖွင့်ထားပါတယ်။
    မမှီတောင် ပို့စ်တင်ထားဘူးသေးတယ်ဗျား..။
    အော် ဒီနေ့တွေ့သမျှ လွမ်းစရာတွေချည်းပါလား ဗျို့…။

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.