ခေတ်ကိုရောင်ပြန်ဟပ်တဲ့ ကာတွန်းများ (ဖယောင်းတိုင်ဖြင့် ဆန္ဒပြသူများအား ဂုဏ်ပြုလျက်)

မြန်မာ ဟစ်ဟော့ အဆိုတော် တစ်ဦးမှ ” Facebook  မှ သူငယ်ချင်းများ နဲ ့ ကျွန်တော်ရဲ ့ပရိတ်သတ်များ အားလုံး အပန်းမကြီးဘူးဆိုရင် profile picture နဲ ့cover picture နေရာတွေမှာ ဖယောင်းတိုင်လေးတွေ ထွန်းပေး ကြ ပါ လား ဗျာ. … .. လမ်းပေါ် မတက်နိုင်ပေမဲ့ Facebook က တစ်ကမာ္ဘလုံးကို ရိုက်ခတ် နိုင်ပါတယ်..” ဆိုပြီး ကမ်ပိန်လေး လုပ်နေပါတယ်..။

လမ်းပေါ်ထွက်ပြီး မလုပ်နိုင်ပေမယ့် မြန်မာတပြည်လုံးက ဖယောင်းတိုင်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသကြတဲ့ ပြည်သူပြည်သားတွေကို ဂုဏ်ပြုလျက် ကျနော့် ဖေ့စ်ဘွတ် မှာရော ဂေဇက်က ပရိုဖိုင်ပုံကိုပါ ဖယောင်းတိုင်လေး ထွန်းထားပါတယ်..။ တတ်နိုင်သလောက် ပါဝင်တဲ့ သဘောပါ..။ ဒီထက် ဖေ့စ်ဘွတ်မှာ ခင်မင်ပြီးသား လေးစားရတဲ့ ကာတွန်းဆရာများရဲ့ ပုံလေးတွေလည်း မျှဝေလိုက်ပါတယ်။

၁-- တို့ ဆီမီးခွက် ဝန်ကြီးဘယ်ရောက်နေလဲ?

 

၂- ပိုလျှံလို့ ရောင်းတာဆို
၃- လုပ်ပိုင်ခွင့် ရှိလို့လုပ်နေကြတာလား..
၄- မိုးနတ်မင်းက ဒီလိုပြောသတဲ့

 

၅- ကျနော်တို့အတွက် အဓိကလိုနေသေးတာ..ဘာလဲ
၆- လူမင်းကိုရယ်တဲ့ နတ်မင်းမကယ်နိုင်
၇- အမှောင်ခွင်း အလင်းဆောင်နိုင်ပါစေသော်

 

၈- ချစ်ခြင်းကို ခွဲသင့် ခွဲရမယ်...

အပ်ချလောင်းဆိုပြီး ဖြစ်အောင်လုပ်လို့ ရတဲ့ကိစ္စမဟုတ်မှန်းသိကြပါတယ်..။ တာဝန်ရှိတဲ့ သူတွေ.. awareness လေးထားပြီး၊ ပြည်သူတွေဒုက္ခကို ဂရုမထား၊ ငါ့စကား နွားရ ဆိုသလို အပြောလေးတွေပြင်ကာ ကိုယ့်မှာ တာဝန်ရှိသလို ကိုယ့်အလုပ်၊ ကိုယ့်အပြော အတွက် တာဝန်လည်းယူတတ်ကြစေလိုပါတယ်..။

Credit: : ကာတွန်းပုံများအတွက် ဆရာကာတွန်းအောင်မော်၊ ဆရာဂေါ်ပြား၊ ဆရာဟာဂျူလီ (ကသာ)၊  ဆရာ ကာတွန်း-ဟန်လေးတို့အား ကျေးဇူးတင်စွာဖြင့်..

ရွာစားကျော်

27 comments

  • windtalker

    May 22, 2012 at 8:33 pm

    ဦးသိန်းစိန်ကြီး ဖယောင်းတိုင်နဲ ့ကျောက်သင်ပုန်းကိုင်ထားတဲ့ ပုံကိုတော့ ခိုက်တယ်ဗျာ။
    ပြန်ရှဲပေးလို ့ကျေးကျေးဘာ ။ စကားမစပ် နေပြည်တော်မှာတော့ ၂၄နာရီ မီးမှန်တယ်မလားဗျ ။

    Reply

    • ရွာစားကျော်

      May 22, 2012 at 8:43 pm

      ဟပ်.. ဟပ်.. ဟပ်ရှိုးးးးး..

      အင်း.. မနေ့က ရုံးအဆင်း မိုးလေးနဲနဲ မိလိုက်တာ
      ခုတော့ အအေးမိသလို နှာစေးချင်သလိုလိုဖြစ်နေပါရောလား..
      ဒီကိုဂျင်လေး သောက်ဦးမှ… 😆

      ပုံ-၂ ကိုကြည့်ပါ ဦးပေ ခင်ည

      ဝှီး.. ဝှစ် ဝှစ် (လေသိုင်းနဲ့ လစ်ပီ)

      Reply

  • ကိုရွာစားကျော်ရဲ ့ Credit: : ကာတွန်းပုံများအတွက် ဆရာဟာဂျူလီ (ကသာ)၊ ဆရာကာတွန်းအောင်မော်၊
    ဆရာ ကာတွန်း-ဟန်လေးတို့အား ကျေးဇူးတင်စွာဖြင့်..ကန်တော့ဆင်ထားသည်ကို အားကျမိပါကြောင်းနှင့်
    ကာတွန်းဆရာတို ့အားဂုဏ်ပြုလျှက်ပါ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 22, 2012 at 10:51 pm

    ဒီလိုရှိဒယ် ဆရာဒို့ရဲ့ ကိုယ့်အခြေနေလည်းကိုသိသားနဲ့
    ဝ မရှိဘဲ ဝိလုပ်
    နဂိုရှိလို့ နဂိုင်းထွက်
    မူရင်း လျှပ်စစ်ဓာတ်အားထွက်တဲ့နေရာကဘာလဲ
    ခင်ဗျားတို့ဆန်ဒ ( ရေးမရလို့ဟေ့ ) ပြလို့ ဘယ်နေရာ မီးအဖြတ်ခံရလဲ သိဂျသလား ??????????????
    ( မတူသော အတွေးနှင့်ပါနော )

    Reply

    • pooch

      May 22, 2012 at 11:45 pm

      သိပါတယ် မာမီပု 🙁

      Reply

    • ရွာစားကျော်

      May 23, 2012 at 12:50 am

      ဟုတ်ဂဲ့
      မာမီပု အဖြတ်ခံလိုက်ရတဲ့နေရာ ပြ..အဲ ပြောပါအုံးလေ 😆
      ဟို ပိုလို့ရောင်းစားနေရဒယ်ပြောဒဲ့ ဆီမီးခွက်ဝန်ဂျီးတို့ နေတဲ့ရပ်ကွက်တော့ ဖြတ်တဲ့အထဲ မပါမှာကျိန်းသေဒလယ်ဗျ.. 😈

      Reply

  • ကိုရင်မောင်

    May 23, 2012 at 3:55 am

    ရွာစားကျော်ရေ ထိထိမိမိ သရော်ထားတဲ့
    ကာတွန်းတွေပြန်ရှယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
    ၁ နဲ့ ၂ ကာတွန်းကိုပိုသဘောကျမိပါတယ်….

    Reply

  • the best

    May 23, 2012 at 5:44 am

    လျှပ်စစ်မီးပျက်တဲ့ အချိန် ကိုယ့်အိမ်ရှေ့မှာကိုယ် ဖယောင်းတိုင် မီးထွန်းပြီး မိုးနတ်မင်းကို ဆုတောင်းကြတာပေါ့။

    Reply

    • ရွာစားကျော်

      May 23, 2012 at 8:42 am

      လျှပ်စစ်မီးပျက်တဲ့ အချိန်မှ ကိုယ့်အိမ်ရှေ့မှာကိုယ် ဖယောင်းတိုင် မီးထွန်းပြီး မိုးနတ်မင်းကို ဆုတောင်းတာထက် ခုပဲ the best ရဲ့ ပရိုဖိုင်ပုံ ကို ဖယောင်းတိုင်လေး ထွန်းလိုက်ပါလား..
      ပုံတင်မထားတာလည်း တင်ပြီးသားဖြစ်သွား မိုးနတ်မင်းဆီဆုတောင်းတာထက်လည်း လက်တွေ့နည်းနည်း ပိုဆန်သွားတာပေါ့.. 🙂 😎

      Reply

      • the best

        May 23, 2012 at 10:09 am

        ရွာစားကျော် ရေ…. မီးထွန်းလိုက်ပြီိီ။

        Reply

    • Mon Kit

      May 23, 2012 at 3:38 pm

      ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ………..

      Reply

      • ရွာစားကျော်

        May 24, 2012 at 12:57 pm

        ဆန္ဒဝတော ကိ ံနာမ ကမ္မံန သိဇ္ဇျတိ

        ရောက်လို၊ ပြီးလို၊သွားလို၊ ပြုလို၊ ပြင်လိုသော ဆန္ဒသာ အဓိပတိပစ္စည်းတပ်ခါ ကြိုးစားအားထုတ်ပါလျှင် အဘယ်ဆိုသောအမှုသည် မပြီးမြောက်နိုင် ရှိရပါအံ့နည်း…

        Reply

  • Ch@vez

    May 23, 2012 at 7:09 am

    ဘိရုမာပြည်တွင် မြို့ကြီးများ အလှည့်ကျ သီတင်းကျွတ် ပွဲတော် ဆင်နွှဲလျက်ရှိကြောင်းသိရ။
    နှစ်ပေါင်း များစွာအတွင်း ဝါမဝင်ခင် ကျွတ်သော သီတင်းကျွတ် ဖြစ်သောကြောင့်
    အခြားဒေသတွင်း နိုင်ငံများ နားမလည်နိုင်အောင်ဖြစ်နေ။
    ဘုန်းတော်ကြီးများ အခက်ကြုံ။ မင်္ဂလာစုံတွဲများ ထခုန်၊

    Ref: DFA (Drinker Free Asia)

    Reply

    • ရွာစားကျော်

      May 23, 2012 at 9:03 am

      ဂီတို့ပျော်ရာ အရှေ့ကျွန်းက ဆီမီးခွက်ဝန်ကြီးဟောင်းကို အတုယူပြီး ကျုပ်တို့ဝန်ကြီး ဘာလုပ်မလဲ စိတ်ဝင်စားတယ်ဗျာ..
      အခြားဒေသတွင်း နိုင်ငံများ နားလည်ပါစေ၊ တစ်ကမာ္ဘလုံးမှလည်း ဟိုလူကြီးအပြောနဲ့ ကျုပ်တို့ခံစားနေရတဲ့ ဒုက္ခ သဘောပေါက်ကြပါစေ…

      Reply

  • amatmin

    May 23, 2012 at 9:04 am

    ဒီလိုမီးထွန်း ဆုတောင်းပွဲတွေကြောင့် တခုခု ထူးလာရင်တော့ကောင်းပါရဲ့..
    မထင်မှတ်တဲ့ အကြောင်းအရာလေးတွေကြောင့် နောက်ပြန်လှည့်ခဲ့ရင်တော့..
    ခံပေဦးတော့ ..သန်းခြောက်ဆယ် 🙁

    Eleven News မှာ တယောက်မန့်ထားတာလေး သဘောကျလို့ပါဗျ..

    မီးမဲ့တိုင်းပြည်

    ကိုယ့်တိုင်းပြည်တွင်း
    မီးမလင်း
    ဝင်းဝင်းတောက်ထိန်
    တရုပ်အိမ်။

    ကိုယ့်တိုင်းပြည်ကြီး
    အမှောင်စီး
    ညီးညီးတောက်ထိန်
    ထိုင်းတို့အိမ်။

    ကိုယ့်တိုင်းပြည်ရွာ
    ရောင်မဝါ
    ဖြာဖြာတောက်ထိန်
    ကုလားအိမ်။

    မီးကုန်သည်ဆိုး
    ပြည့် သူခိုးကြောင့်
    မှိန်ညှုးိပြည်ရွာ
    နာလေပြီ။

    By: Shwe Zaw Naing (facebook)

    Reply

    • ရွာစားကျော်

      May 23, 2012 at 12:21 pm

      မီးကုန်သည်ဆိုး
      ပြည့် သူခိုးကြောင့်
      မှိန်ညှုးိပြည်ရွာ
      မနာစေဖို့
      တေလေဂျပိုး
      မအေရိုးတွေ
      ဘယ်သူသေသေ
      ငတေမာတဲ့
      လေဆရာနှုတ်သရမ်း
      ယုတ်ကြမ်းသူတွေ
      မနေနိုင်အောင်
      ကြံဆောင်အားထုတ်
      အမျိုးဖြုတ်စို့..။

      ဒါမှသာလျှင်
      ဒို့လိုချင်တဲ့
      ကိုယ့်တိုင်းပြည်တွင်း
      မီးတွေလင်း
      ဝင်းဝင်းတောက်ထိန်
      ကျုပ်တို့အိမ်..။

      ကိုယ့်တိုင်းပြည်ကြီး
      မှောင်မစီး
      ညီးညီးတောက်ထိန်
      မင်းတို့အိမ်။

      ကိုယ့်တိုင်းပြည်ရွာ
      ရွှေရောင်ဝါ
      ဖြာဖြာတောက်ထိန်
      သားတို့အိမ်။

      Reply

  • water-melon

    May 23, 2012 at 9:41 am

    ကူးသွားတယ်
    အဟိ
    ရေလည်လန်းတယ်ဗျာ

    Reply

  • MTY

    May 23, 2012 at 9:47 am

    တကယ်ထိမိတယ်..ကြိုက်တယ်…အားပေးတယ်..
    ဒါတောင်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလာသေးဘူး

    Reply

    • ရွာစားကျော်

      May 23, 2012 at 10:24 am

      နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေဆိုလား.. အဲဒါက ခိုင်ခိုင်မာမာ မရှိသေးဝူးဆိုလား..
      အောက်ဆို့ဆင်း လုပ်ဖို့ရာ မီးကမမှန်.. အင်ဖလာ ဆထွက်ရှာ… ကို စထွက်တဂျီကျကျ စီမံနိုင်သူတွေကရှား… ပညာတတ်ဆိုသူများလည်း ခေတ်မကောင်းတော့ အနေချောင်တဲ့ဆီကို လစ်ကြ .. ဟူး ရင်မောထှာ..

      Reply

  • ကြောင်ကြီး

    May 23, 2012 at 10:50 am

    မီးတုတ် မီးဒုတ် ရှို့ရှို့…. သေနတ်တချက်ဖောက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်…

    Reply

  • ssa

    May 23, 2012 at 11:33 am

    တကယ်ကောင်းတယ်ဗျာ..

    Reply

  • kyeemite

    May 23, 2012 at 11:38 am

    လွှတ်မတက်တဲ့ အမတ်မင်း
    ကဗျာလေးရှာဖွေပီး အားဖြည့်မန့်တာ
    သဘောကျသဗျာ..ဒါပေမဲ့..
    အမတ်မင်းက လွှတ်မတက်တော့..
    ကျုပ်တို့ရွာ မီးမလာတာ..ဘယ်သူကလွှတ်တော်မှာတင်ပြပေးမှာလဲဗျ..

    Reply

  • Ma Ei

    May 23, 2012 at 11:47 am

    ပြည်သူပြည်သားတွေအတွက်
    ဖယောင်းတိုင်လေး ထွန်းပြီး ပါဝင်လာတဲ့
    အလင်းထဲက ရွာစားကျော်ကိုလဲ ဂုဏ်ပြုပါတယ်ကွယ်…

    Reply

    • ရွာစားကျော်

      May 24, 2012 at 8:58 am

      လူပြော သူပြော များလို့ထင်တယ်
      နေပူတော်မှာလည်း ညဘက်
      တချို့လမ်းမီးတွေ ဖြတ်ထားတယ်ပြောတယ်…

      နောက်ထပ် ဘယ်လို လက်ပူတိုက်နည်းတွေ ထွက်လာပြောလာဦးမလဲ စောင့်ကြည့်ရမယ်..

      Reply

  • မီးပေးရမယ့် အချိန်မှာလဲ ဖြတ်ပိုင်ခွင့်ရှိပါတဲ့ ဆိုတဲ့ ပုံလေးသဘောကျပါသဗျ။
    ကျနော်တို ့ဆီမှာတော့ တစ်ယူနစ် (၄၈၀)ကျပ်ပေးထားလို ့ပြတ်ပါဆိုတာ မပြတ်ဘူးဗျ။
    ဒီဖက်မှာ ကမီတာဈေးကြီးတာက ဒုက္ခပါ။

    Reply

  • cobra

    May 23, 2012 at 7:10 pm

    ကောင်းလိုက်တဲ့ကာတွန်းတွေ
    ဘယ်တော့များမှမီးလာမလဲနော်
    ခုလည်းလာရမယ့်အချိန်မှာပြတ်နေတယ်လေ။

    Reply

  • kyaw kyiko

    May 24, 2012 at 12:05 pm

    ီနေပြည်တော် က မီးမှန်ရုံ လားဗျာ…
    လမ်းဆုံတွေက ရေပန်းကြီးတွေများ တစ်ဖွားဖွားနဲ့
    နေ့ရော ညရော…
    ဟို..အိမ်ကြီးများဆိုရင်..နေ့ခင်းတောင်..
    အိမ်သာသွားတဲ့လမ်းမှောင်နေလို့တဲ့…
    မာကြူလီမီးလုံးကြီးကို..ဝါယာကြိုးတန်းလန်းနဲ့ လက်ကကိုင်မြောက်ထားပြီး
    အိမ်သာတက်တာဆိုဘဲ။

    Reply

Leave a Reply

Your email address will not be published.