နဂရိုင်းမယ်တော်၏ အညှိး

may flowersMay 22, 20121min016

ဒီအဖြစ်အပျက်လေးဟာလည်း တစ်ကယ့်အဖြစ်အပျက်လေးတစ်ခုကို

ပိုစ့်အဖြစ်ရေးသားတင်ပြလိုက်ခြင်းသာဖြစ်ပါတယ်။  ရွာနံမည်နဲ့ လူနံမည်တွေကို

တော့ချန်သင့်တာ ချန်ပြီးလွှဲသင့်တာ  လွှဲရေးထားပါတယ်။ကာယကံရှင်

မိသားစုတွေဟာလည်း ယခုထက်တိုင် သက်ရှိထင်ရှား  ရှိနေကြပါ သေးတဲ့

အကြောင်းအရာလေးမို့ပါ။

 

အဖြစ်အပျက်စတင်ရာ ရွာလေးဟာ ပဲခူးရိုးမရဲ့ တောင်ခြေလောက်မှာတည်ရှိပြီး ရန်ကုန်

တိုင်းရဲ့မထင်မရှားရွာသိမ်ရွာမွှားလေး တစ်ခုအဖြစ်ရွာနံမည်ပြောရင်တောင်ဘယ်သူမှ

မသိနိုင်လောက်တဲ့ ရွာလေးပါ။ အဲဒီရွာလေးမှာ အိမ်ခြေတစ်ရာသာသာလောက်သာ

ရှိပါတယ်။ ရွာလေးဟာရွာတန်းရှည်လေးဖြစ်ပြီး ရွာရဲ့အဝင်ဝမှာ ရွာဦးဘုန်းကြီးကျောင်း

နဲ့ မူလတန်းကျောင်းလေးကို မြင်ရမှာပါ။ ရွာရဲ့အရှေ့ဘက်မှာတော့ ရှုမဆုံးနိုင်လောက်တဲ့

လယ်ကွင်းပြင်ကြီးနဲ့  ရွာရဲ့အနောက်ဘက်မှာတော့ရှေးလူကြီးသူမတွေရဲ့  ရွာအတွက်

ရည်မှန်းပြီး အမြှော်အမြင်ကြီးစွာဖြင့် တူးဖော်ခဲ့တဲ့ ရေကန်ကြီးရှိပါတယ်။

မိုးရာသီမှာတော့ အဲဒီကန်ကြီးကိုဘယ်သူမှ အသုံးမပြုကြပေမဲ့ နွေရာသီ ရေ

ခမ်းချိန်ဆိုရင်တော့ အဲဒီကန်ကြီးဟာ တစ်ရွာလုံးရဲ့အားထားရာပါ။ ရွာထဲမှာလိုအပ်တဲ့

သောက်ရေသုံးရေကအစ လို့ ကျွဲ၊နွားတွေအတွက် သောက်ရေပါမကျန်  ဒီကန်ြ ကီး

ထဲကသာ ခပ်ယူသုံးစွဲကြရတာပါ။

 

အဲဒီကန်ကြီးရဲ့ အနောက်ဘက်ခြမ်းဆီမှာတော့ ရိုးမတောကြီးနဲ့မှိုင်းပြာပြာပဲခူးရိုးမကြီးက

သာနေရာယူထားပါတယ်။ အဲဒီကန်ကြီးရဲ့ ဘေးနားမှာတော့ ကိုသာဆောင်တို့မိသားစု

တွေ နေကြပါတယ်။ ကိုသာဆောင် အိမ်ထောင်ကျတော့ အေးအေးလူလူနေချင်တာ

ရယ် ၊ နောက်ပြီးရွာထဲမှာ မြေကွက်ဝယ်ရင်ငွေကုန်မှာရယ် နွေရောက်ရင်ကန်ကြီးနား

မှာမို့ ရေကိုဝေးဝေးလံလံသွားခပ်စရာမလိုတာရယ်  စသည့်ရယ်ပေါင်းများစွာသော

အကြောင်းကြောင်းတွေကြောင့်  အဲဒီကန်ကြီးနဲ့သိပ်မဝေးတဲ့ ယခုအိမ်နေရာလေးကို

ခုတ်ထွင်ရှင်းလင်းပြီး အိမ်လေးတစ်လုံးဆောက်ကာ အေးအေးဆေးဆေးနေထိုင်လာ

ခဲ့တာပါ။ မြေကွက်ဆိုလို့လည်း ဝယ်နေရတာမဟုတ်ပါဘူး တောရွာဆိုတော့ကာရှိတဲ့

မြေရိုင်းလေး ခုတ်ထွင်ရှင်းလင်း အိမ်အတွက်လည်း မင်္ဂလာမဆောင်ခင်ကတည်းက

ပဲခူးရိုးမထဲ သွားပြီးကိုယ်တိုင်အကြိုက်ခုတ်ထားတဲ့သစ်ရိုင်းလေးနဲ့ ဆွေမျိုးညီအကိုတွေ

စုပြီး  ဆောက်ထားတဲ့အိမ်လေးမို့ လုပ်အားတော့ကုန်ပေမဲ့ ငွေကုန်ကြေးကျမများလှပဲ

ဆောက်ထားတဲ့ အိမ်လေးဆိုလည်း မမှားပါဘူး။

 

အဲဒီအိမ်လေးမှာ ကိုသာဆောင်တို့လင်မယားနှစ် ၂၀  ကျော်လောက်နေထိုင်ပြီး သားသ

မီး ငါးဦးစီးပွားလာပါတယ်။ ဒီလိုပါပဲ ကိုသာဆောင်ရဲ့ သားသမီးလိုချစ်ရတဲ့ နောက်အရာ

တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အဲဒီအိမ်ဝင်းထဲမှာပဲမွေးလာတဲ့ ကိုသာဆောင်ရဲ့ကျွဲ

မကြီးကပေါက်တဲ့ ဂါးကြီး၊ ဂါးလေးဆိုတဲ့ ကျွဲညီနောင်နှစ်ကောင်ပါပဲ။ ဒီ ဂါးကြီးဂါးလေး

နှစ်ကောင်ကလည်း နံမည်နဲ့လိုက်အောင်ထွားကျိုင်းသန်မာကြပါတယ်။ သူတို့ကျွဲညီ

နောင်နှစ်ကောင်ကိုယှဉ်ပြိုင်ဝံ့တဲ့ကျွဲ ဒီနယ်တစ်ဝိုက်မှာမရှိဘူးဆိုပဲ။ ဘယ်ကျွဲမဆို ဂါးကြီး

ဂါးလေးတို့ရဲ့ အနံ့ရတာနဲ့တင် တန်းပြေးကြတာပါပဲတဲ့။ မထွားကျိုင်းပဲ မသန်မာပဲခံနိုင်

ရိုးလား။ ကိုသာဆောင်ကျွေးတဲ့အစာတွေကို လည်းကြည့်ဦးလေ။ ကိုသာဆောင်က ငွေ

မရှိရင်လူတွေသာငါးပိနဲ့ဖြစ်ဖြစ်စားရင်စားမယ် ကျွဲတွေကိုတော့ ဘယ်တော့မှအငတ်မခံ

ပါဘူး။ မြက်ဆိုလည်း နုပေ့ဆိုတဲ့နေရာရောက်အောင် ကိုယ်တိုင်သွားရိတ်တယ်။ ပြီး

တော့ မြက်ချည်းသတ်သတ်ကျွေးတာမဟုတ်ဘူးနော်။ မြက်ကိုမှ သေသေချာချာဖွဲနုနဲ့

နယ်ပြီးရှယ်ကျွေးတာဆိုပဲ။  ခိုင်းရင်လည်းဘယ်တော့မှနင်ပဲငဆ မခိုင်းပါဘူး။ ဒီကျွဲတွေ

ကကျေးဇူးရှင်တွေ သူတို့ကြောင့်ငါတို့မိသားစု ထမင်းဝနေတာ၊ ပင်ပန်းအောင် မခိုင်းနိုင်

ဘူး ဆိုပြီးဘယ်လောက်အလုပ်ရှိရှိ  သူကျွဲတွေကို နေ့လည် ဆယ့်တစ်နာရီနဲ့ ညနေ သုံး

နာရီကြား လှည်းတိုက်လာငှားရင် ဘယ်လောက်ရရမလိုက်ပါဘူး။ ဒီလောက်ကောင်း

ကောင်းစားပြီး  အလုပ်သက်သာတဲ့ ကျွဲတွေဆိုတော့ ထွားကျိုင်းသန်မာနေတာနေတာ

ပြောပြနေစရာတောင်မလိုတော့ပါဘူး။  ကျွဲတွေကလည်းကိုသာဆောင်ဆို  မေတ္တာ

ရောင်ပြန်ဟပ်တယ်ပဲ ဆိုရမလားမသိ  တော်တော့ကိုချစ်ကြပါတယ်။ ကိုသာဆောင်

ကများ  ”ဂါးကြီး  ဂါးလေး” ရေလို့ခေါ်သံမကြားလိုက်နဲ့ ကြားတဲ့နေရာကနေအပြေး

လာကြပါတယ်။ ဒီပြင်ကျွဲတွေနဲ့သာ  မတဲ့ရင်နေမယ် သူတို့ညီအကိုနှစ်ကောင်ကတော့

တော်တော်ကိုစည်းလုံးကြပါတယ်။  တစ်ကောင်နဲ့တစ်ကောင်ရန်ထောင်တာမရှိသ

လောက်ကိုနဲပါးပါတယ်။ တစ်ရွာလုံးမှာ ဂါးကြီးဂါးလေးကို သန်မာမှုကော ကြံ့ခိုင်မှု

ပါယှဉ်နိုင်တဲ့ကျွဲမရှိတာရယ်  ဘယ်လောက်အဝေးမှာရောက်နေနေကိုသာဆောင်

သာအသံပေးလိုက်ရင် ( ဒီပြင်ကျွဲနဲ့ ခတ်နေတဲ့ အချိန်ဖြစ်စေဦးတော့) ကြားရာအရပ်

ကနေအပြေးပြန်လာတတ်တဲ့ သူ့ကျွဲတွေရဲ့ လိမ္မာသိတတ်မှုကို ကိုသာဆောင်က အမြဲ

ဂုဏ်ယူဝင့်ကြွားလေ့ ရှိတတ်ပါတယ်။

16 comments

  • may flowers

    May 22, 2012 at 3:24 pm

    အပိုင်း-၂ ကိုဆက်လက်တင်ပြပေးပါ့မယ်။

    Reply

  • Mon Kit

    May 22, 2012 at 3:42 pm

    အင်း… စိတ်ဝင်စားစရာလေးမို့ မြန်မြန်တင်ပေးနော်…
    စောင့်မျှော်နေမယ်… ကြာနဲ့နော်…

    Reply

  • windtalker

    May 22, 2012 at 6:00 pm

    နဂရိုင်းမယ်တော် ဆိုလို့ စိတ်ဝင်တစားနဲ့ဖတ်လာလိုက်တာ အပိုင်း၂မျှော်ရမယ်တဲ့ ။ မေပန်းလေရေ ကိုပေ စောင့်နေတယ်ကွဲ့။ မြန်မြန်လေး တင်ပေးပါနော ။

    Reply

    • Thel Nu Aye

      May 22, 2012 at 6:06 pm

      ကိုပေက ဘယ်သူ့ကိုစောင့်တာတုန်း။

      Reply

  • Thel Nu Aye

    May 22, 2012 at 6:05 pm

    ဟယ် ပိုင်းကြပြန်ပြီ။ အင်းဖတ်ချင်တော့လဲစောင့်ရတော့မပေါ့။ မကြာနဲ့နော်။

    Reply

  • cobra

    May 22, 2012 at 6:12 pm

    တဝက်တပြတ်နဲ့လုပ်သွားတယ်။
    မြန်မြန်လေးရေးပေးပါ။

    Reply

  • gwa toe

    May 22, 2012 at 7:50 pm

    ဖတ်ချင် လို့မြန်မြန် လေးတင်ပါဦး ဗြို့

    Reply

  • may flowers

    May 22, 2012 at 7:58 pm

    ဟုတ်ကဲ့ အပိုင်း-၂ ကိုချက်ချင်းတင်ပေးဖို့ကြိုးစားရေးနေပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    Reply

  • pan pan

    May 23, 2012 at 6:21 am

    ကွန်မကောင်းတဲ့ကြားက ဖြဲရဲပြီးဖတ်နေရတာနော်
    အပိုင်း၂မှာ ဆက်ခံစားမယ် 🙂

    Reply

  • kyeemite

    May 23, 2012 at 8:08 am

    အရေးအသားလေးကိုသဘောကျပါတယ်..
    စောင့်ဖတ်ပါ့မယ်..

    Reply

  • may flowers

    May 23, 2012 at 9:34 am

    ကွန်မကောင်းတဲ့ကြားက..ငါးဖမ်း(အဲ..ယောင်လို့)ဖြဲရဲဖတ်ပေးတဲ့ pan pan ရေ ကျေးဇူးတင်ပါတယ်နော်။

    အရေးအသားလေး ..သဘောကျတယ်ပြောလို့…ဝမ်းသာပါတယ်…ဦးကြီးမိုက်ရှင့်..ကျေးဇူးပါနော်။

    Reply

  • jujuma

    May 23, 2012 at 11:02 am

    ကိုရီးယားကားလိုပါပဲလား .. 😀

    ဇာတ်လမ်းကောင်းတုန်းကြော်ငြာဝင်မလို့လားး..

    Reply

  • ညလေး

    May 23, 2012 at 11:10 am

    အားပေးသွားပါ၏…
    အပိုင်း2ဆက်ရန်……..
    ဆက်လိုက်ဦးမယ်နော်……
    မမ…..

    Reply

  • etone

    May 23, 2012 at 3:13 pm

    ပထမပိုင်းမှာတော့ … အညှိုးတေး မပါသေးဘူးပဲ ..
    အင်ထရိုလေးအရင်ဝင်တယ်ပေါ့ … ဟီးဟီး .. ဒုတိယပိုင်းကိုပြေးဖတ်လိုက်ဦးမယ်ဗျို့ … ။
    စာ အရေးသား ကောင်းတယ်နော် … ။

    Reply

  • may flowers

    May 23, 2012 at 3:34 pm

    စာအရေးသားကောင်းတယ်ပြောလို့ ကျေးဇူးပါ etone ရေ။

    Reply

  • သတ္တဝါတွေဟာ ပြန်သာမပြောတတ်ကြပေလို ့။သခင်ဆို အလွန်သိပါ။
    မေဖလားဝါးလေး ရေ အပိုင်း(၂)အမြန်ဆက်ပါအုံးနော်။

    Reply

Leave a Reply to gwa toe Cancel Reply

Your email address will not be published.