ဇွန်၂၆ ရက် ညနေ ၆ နာရီမှာ လစန္ဒာ တစ်စိတ် တစ်ပိုင်း ကြတ်မည်

BayoteJune 18, 20101min01

လာမည့် ၂၀၁ဝ ခုနှစ် ဇွန်၂၁ ရက်နေ့ မြန်မာ စံတော်ချိန် နံနက် ၅ နာရီ၂ရ မိနစ် အချိန် ၌ နေနှင့် ကမ္ဘာ၏ အကွာအဝေး မိုင် ၉၅ သန်းခန့်တွင် နှစ်စဉ် ပုံမှန် တစ်ကြိမ် (သို့) နှစ်ကြိမ် ဖြစ်ပေါ် တတ်သည့် နဂါးငွေ့တန်း ဗဟိုချက် ဂလက်စီ နှင့် တစ်တန်းတည်း ကျရောက်မည်။ ထို ကာလတွင် ကမ္ဘာ၌ နေ့တာ ရှည်သော ကာလ အပိုင်း အခြားများ ရောက်ရှိ နိုင်ကြောင်း မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဇေယျာကို က နက္ခတ္တဗေဒအရ တွက်ချက် ရရှိမှုကို ဇွန် ၄ ရက်၌ ထုတ်ဖော် ပြောကြားလိုက် သည်။ ပထမ ဖြစ်စဉ် အနေဖြင့် ဇွန်လတွင် ဖြစ်ပေါ်ပြီး အင်္ဂလိပ် အခေါ် အဝေါ် အရ (Summer Solstice) နှင့် ဒုတိယ အကြိမ် အနေဖြင့် ၂၀၁ဝ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် ဖြစ်ပေါ်မည် ဖြစ်ပြီး အင်္ဂလိပ် အခေါ် အဝေါ်အရ (Winter Solstice) ဟု ခေါ်ဆိုကြောင်း သိရသည်။

ထို့ပြင်၂၀၁ဝ ခုနှစ် ဇွန် ၂၆ ရက် မြန်မာ စံတော်ချိန် ၄ နာရီ ၁ရ မိနစ် အချိန်တွင် လတစ်စိတ် တစ်ပိုင်း ကြတ်မည် ဖြစ်ကြောင်း သိရသည်။ လကြတ်မှု ၏ ဖမ်းလယ် ဖြစ်စဉ် ကို အကောင်းဆုံး တွေ့မြင်ရမည့် အနေ အထားမှာ မြန်မာ လထွက်ချိန် ညနေ ၆ နာရီ ၁၁ မိနစ်တွင် စတင်၍ ညနေ ၆ နာရီ ၅၈ မိနစ် တွင် ပြီးဆုံးမည်။ မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတု ကောင်းမွန် ပါက ၄၅ မိနစ်ခန့် တွေ့မြင်နိုင်မည် ဆိုသည်။ အရှေ့ အာရှ၊ ဩစတြေးလျ၊ အနောက် အမေရိကန်၊ ပိစိဖိတ်ဒေသ များတွင် တွေ့မြင် နိုင်မည်။ မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အဖွဲ့ အနေဖြင့် နေကြတ်၊ လကြတ်မှု ဖြစ်စဉ်များ အပေါ် လကြတ်မှုအား ဟောကိန်း ထုတ်ပြန်လေ့ မရှိကြောင်း နှင့် ၎င်း လကြတ် မှုကို နေမှ တွေ့မြင်နိုင် သောကြောင့် နေကြတ်မှု ဖြစ်စဉ်များ အပေါ်၌သာ နက္ခတ်ပိုင်း ဆိုင်ရာ ဟောကိန်းများ ထုတ်ပြန် ကြသည်ဟု သိရကြောင်း Favourite News Journal တွင် ဖော်ပြထားသည်။

One comment

  • etone

    June 18, 2010 at 3:50 am

    ၂၆ရက်နေ့ ဆိုတော့ သိပ်တောင်မလိုတော့ဘူး ။

    Reply

Leave a Reply

Your email address will not be published.