ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂)ဦးအား ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့ ဘာသာရေးအယူသီးမှု

guestktyJune 17, 20101min07

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂)ဦးအား ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့သည်။ အချိန်နှင့်ငွေဖြုန်းတီးသည့် အလုပ်ကို တားဆီးထားသော်လည်း မလိုက်နာခြင်းကြောင့်ဟု ထုတ်ပြန်

ဆိုမာလီ ဘောလုံးပရိသတ်(၂) ဦးအား ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခုမှ သတ်ဖြတ်ကွပ်မျက်ခဲ့သည်ဟု ဗြိတိန်သတင်းစာ Telegraph ၏ တောင်အာဖရိက အခြေစိုက် သတင်းထောက်တစ်ဦးက ရေးသားဖော်ပြခဲ့သည်။

ယင်းပရိသတ်(၂)ဦးသည် မိုဂါ ဒစ်ရှူးမြို့အနီးရှိ ၎င်းတို့၏နေအိမ်တွင် နိုက်ဂျီးရီးယားနှင့် အာဂျင်တီးနားပွဲ ကြည့်ရှုနေချိန်တွင် ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းတစ်ခု(အယ်လ်ရှာဟတ်)၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူ အခြား (၁၀)ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ၎င်းတို့(၂)ဦးမှာမူ ခုခံကာကွယ်မှုများ ပြုလုပ်သဖြင့် ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပရိသတ်(၂)ဦး၏ ကိုယ်ရေး အချက်အလက်များနှင့် ပတ်သက်၍ လုံးဝရရှိခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

ဆိုမာလီနိုင်ငံ၏ မြို့များစွာကို အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိချေ။ အယ်လ်ရှာဟတ် အဖွဲ့အစည်းကသာ စိုးမိုးထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုသူများကို မိမိတို့ အပြစ်ပေး အရေးယူမည်ဟုလည်း ကြိုတင် ကြေညာထားသည်။

နိုင်ငံသားအားလုံးကို မြင့်မြတ်သည့် ဘာသာရေးအလုပ်ကိုသာ ပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။ ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှိတ်မိုဟာမက်အဒီအာရို့စ် က ‘ကျွန်တော်တို့က ဆိုမာလီမှာရှိတဲ့ လူငယ်အားလုံးကို ကမ္ဘာ့ဖလားပွဲတွေ မကြည့်ဖို့ သတိပေးထားပြီးသားပါ။ ဒါဟာ တကယ်တော့ ငွေနဲ့အချိန်ကို ဖြုန်းတီးတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တားမြစ်မှုကို မလိုက်နာလို့ ဒဏ်ခတ်ခဲ့တာပါ’ဟု ထုတ်ပြန်ခဲ့သည်။ ယင်းနေ့မတိုင်မီ တစ်ရက်ဖြစ်သည့် သောကြာနေ့က ဂျာမနီနှင့်ဩစတြေးလျတို့ ကစားသည့်ပွဲတွင်လည်း ဆိုမာလီ ပရိသတ်(၃၀)ခန့်မှာ ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။ ဆိုမာလီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုရန် အသက်အန္တရာယ် လုံခြုံသည့်နေရာမှာ တစ်နေရာသာရှိပြီး အင်အားချိနဲ့သည့် အစိုးရမှ ထိန်းချုပ်ထားသည့် ဒါမူကီရုပ်ရှင်ရုံ ဖြစ်ကြောင်း သိရှိရသည်။

7 comments

  • cobra

    June 17, 2010 at 3:33 pm

    ဘောလုံးပွဲကြည့်လို့အသက်ခံရတာတော့မကောင်းပါဘူး။သူတို့နိုင်ငံကဒီလောက်တောင်အယူသီးလားဗျာ။တော်သေးတာပေါ့အိုက်လိုနိုင်ငံမှာလူမဖြစ်လို့။

    Reply

  • etone

    June 18, 2010 at 2:40 am

    အရူးတွေအူကြောင်ကြောင်နဲ့ ဘောပွဲကြည့်တာ အပြစ်လားဟယ် ။ အဲ့ဒီလိုအယူသည်းတာက ကုလားတွေမှာပဲအများဆုံးရှိတာ ။

    Reply

  • chitlay

    June 18, 2010 at 2:55 am

    အရူးတွေ ဘောပွဲကြည့်တဲ့သူတွေကို သတ်ရမှာမဟုတ်ဘူး သူတို့ကိုသတ်ရမှာ…..

    Reply

  • yy

    June 18, 2010 at 3:16 am

    အပေါတွေ ဂေါက်နေပြီထင်တယ်

    Reply

  • snow

    June 18, 2010 at 3:34 am

    အဲလိုကွပ်မျက်လိုက်ရော..သူတို ့ဘာသာရေးက ကုသိုလ်ရသွားရောလား
    မွန်မြတ်သွားရောလား

    Reply

  • zuugyi

    July 13, 2010 at 6:34 am

    ကောင်းကင်ပေါ်က မမြင်ရတဲ့.. ဘယ်မှာမှန်းမသိတဲ့.. ဘုရားသခင်ရဲ့အလိုတော်ကျအတိုင်း နေမှာပေါ့..
    ကြည့်ရတာ သူတို့ဘုရားသခင် ဘောလုံးပွဲလောင်းတာ ရှုံးဖူးတယ်နဲ့တူဒယ်.. အဟီး.. 😀

    Reply

    • ကိုရင်မောင်

      March 30, 2012 at 3:13 pm

      zuugyi ရေမင်းရဲ့ယူဆပုံလေးသဘောကျသကွာ…
      ဘာတဲ့ (သူတို့ဘုရားသခင် ဘောလုံးပွဲလောင်းတာ ရှုံးဖူးတယ်နဲ့တူဒယ်.. အဟီး..)

      Reply

Leave a Reply

Your email address will not be published.