Sharapovaဂလေးနိုင်သည်.. ဟား ဟား ဟား ကြေးမုံဂျီး ဘာတတ်နိုင်သေးဒုန်း..


ယနေ့ကျင်းပပြုလုပ်တဲ့ အီတလီအိုးပင်းတင်းနစ် နောက်ဆုံးဗိုလ်ပုလွဲမှာ ရုရှားသူ အလှပဂေး ရှာရာပိုဗာဂလေးဂ ပြိုင်ဖက်တရုတ်နိုင်ငံသူ နလီအား ၄-၆ ၆-၄ ၇-၆ (၅) နှစ်ပွဲတပွဲနဲ့ အနိုင်ရဗိုလ်စွဲပြီး ချန်ပီယံဆုဖလားနဲ့အတူ အမေရိကန်ဒေါ်လာ လေးသိန်းနီးပါရယူရင်း ကြောင်ကြီးအချစ်နဲ့ သူထိုက်တန်ဂျောင်း ပြသသွားဘာဒယ်။ ၂၀၁၁ခုနှစ် ချံပီယန် ရှာရာဗိုဗာဟာ ယခုနှစ်မှာပါ ထပ်မံဗိုလ်စွဲသွားခြင်းဖြစ်သည်။ သူမဂ ယခုပွဲအနိုင်ရခြင်းသည် နှစ်ဆတိုးအနိုင် double win ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော သူမအသဲနင့်အောင် ချစ်ကြိုက်ရိုသေလေးစားမြတ်နိုးတပ်မက်တွယ်တာအားကိုးယုံကြည်သဒ္ဓါပိုကြည်ညို ရပါသော ဒါလင်ကြောင်ကြီးအတွက်ပါ လက်စားချေဂဲ့နိုင်သည့်အတွက် ဖြစ်သည်ဟုဆိုသည်။ ထို့ပြင် ကတိစဂါးရှိသည့်အတိုင်း ကြေးမုံဂျီးအနေဖြင့် ကျူးလွန်ဂဲ့သော အပြစ်များအတွက် မြန်မာပြည်နှင့် သူ့ရည်းဇားကြောင်ကြီးတို့အား ဝန်ချတောင်းပန်လိမ့်မည်ဟု ရိုးရိုးသားသားမျှော်လင့်ကြောင်း ပြိုင်ပွဲအပြီး သဒင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ရှရာပိုဗာဂလေး၏ အရှင်သခင် ဖူးစာရှင် ကြောင်းကြီးဂမူ ကြေးမုံလေးအကြောင်း သိပ်မသိဂျောင်း မြိတ်ငပိထောင်း နိပ်ဘိတောင်း ဟု အတိတ်သို့ လွမ်းဆွတ်တမ်းတနေဟန်ဖြင့် အဝေးသို့မျှော်ရီလျက် ဆွေးဆွေးမြေ့မြေ့ ဖြေကြားသည်။
အကယ်၍ ကြေးမုံဂျီးသည် မိမိကိုယ်ကျိုးစီးပွားအတွက် တကမာ္ဘလုံးပတ်ရှုပ်လျက်ရှိသော ကူမြူနစ်တရုတ်အစိုးရအားကိုးဖြင့် မသိကျိုးကျွံပြုဘာက ၎င်းအား ရွာပြင်ထုတ် ထိပ်တုံးခတ်အယေးရူရန် တရားဥပဒေ လေးစားယုံကြည်ဂျသော ဂဇက်ရွာသူရွာသားအပေါင်းမှ ရွာသဂျီး သီရီသူ့ဓါးမ အတုငပွယာဆာ ဦးခိုင်အား တညီတညွတ်ထဲ တောင်းဆိုထားဂျောင်း သဒင်းရရှိသည်။
ဘာတတ်နိုင်သေးလည်း ကြေးမုံဂျီးရေ…ကြောင်တုလို့ကြွက်ခုန် မြေတုန်ယုံသာ ရှိဒေါ့မပေါ့…ငှဲလျောင်းငှဲလျောင်း.. 😎

ကြောင်ကြီးကိုထိရင် မီးပွင့်သွားမယ်မှတ် - မာရီယာ ရှာရာပိုဗာ

ကြောင်ကြီးရည်းစား Sharapovaဂ ကြေးမုံဂျီးအမျိုး Na Liဂို အပြတ်တီးဒေါ့မည်..
ကျင်းပလျက်ရှိသော အီတလီအိုးပင်းန် တင်းနစ်ပြိုင်ပွဲ ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကြောင်ကြီးချစ်ချစ် အမေရိကန်တွင်နေထိုင်သော ရုရှားသူ မာရီယာ ရှာရာပိုဗာ ဂ(ကမာ္ဘ့အဆင့်၂) ပြိုင်ဖက်တင်းနစ်မယ် ဂျာမန်သူ အန်ဂျီလိကာဗာ (ကမာ္ဘ့အဆင့်၁၂)အား ၆-၃ ၆-၄ နှစ်ပွဲပြတ် အနိုင်ရသွားသည်။ မနက်ဖြန် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် နောက်ဆုံးဗိုလ်ပုလွဲတွင် ကြောင်ကြီးအချစ်ဂလေး ရှာရာပိုဗာ နှင့် မြန်မာ့သယံဇာတ ရင်းမြစ်များဂို ဖျက်ဆီးအသုံချနေသူ တရုတ်ကူမြူနစ်ပါတီကေဒါ ကြေးမုံဂျီးဆိုသူ၏အမျိုး တရုတ်နိုင်ငံသူ နလီတို့ တွေ့ဆုံဂျမည်ဖြစ်သည်။ အစောပိုင်းပြုလုပ်ခဲ့သော ပထမဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြိုင်ဖက် အမေရိကန်နိုင်ငံသူ ဆာရီးနားဝီလျံမှ ဒဏ်ရာကြောင့် ယှဉ်ပြိုင်ခြင်းမပြုဂဲ့သဖြင့် နလီအနိုင်ရသွားသည်။ အဆိုပါ ဖြစ်ရပ်တွင် ကြေးမုံဂျီး၏ အပေါင်းအပါ တရုတ်ထောက်လှမ်းရေးများ လက်ချက်မကင်းဟု သံသယဖြစ်မိဂျောင်း ကမာ္ဘ့တင်းနစ်ရေးရာ ကျွမ်းကျင်သူ မစ္စတာအောင်ကြူးမှ သုံးသပ်ပေါကျားသည်။
လှုပ်ရှားရုန်းကန်နေရသည် အိမ်နီးနားဂျင်း နိုင်ငံငယ်တခုအပေါ် ဂေါင်းပုံဖြတ် အမြတ်ထုတ်ရက်သူ တရုတ်ကြေးမုံဂျီးနှင့် အခြေခံ လူ့အခွင့်ရေး ဒီမိုကရေစီရေး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးများအတွက် အသက်ပဓါနမထား အနစ်နာခံ ဆောင်ရွက်ပေးနေသူ အမေရိကန်ကြောင်ကြီးတို့အကြား အားပြိုင်ပွဲလည်း ဖြစ်သည်။ ရှာရာပိုဗာ ရှုံးဂဲ့ဘာဂ ကြေးမုံဂျီးခိုင်းဒါ လုပ်ပေးမည်ဖြစ်ကြောင်းနှင့် နလီရှုံးဂဲ့ဘာဂ ကြေးမုံဂျီးမှ မြန်မာပြည်အပေါ် ကိုယ်ကျိုးအမြတ်ရှာဂဲ့မှုများနှင့် သူ့အပေါ် မတယား စော်ဂါးမော်ဂါး ပြောဆိုဂဲ့မှုများအား ဝန်ချတောင်းပန်ရန် ကမာ္ဘ့အဆင့်မှီ မန်းလေးဂဇက် အွန်လိုင်းမီဒီယာမှတဆင့် ဦးကြောင်ကြီး လက်ခမောင်းခတ် စိန်ခေါ်ထားသည်။ မနက်ဖြန် မည်သူနိုင်၍ မည်သူထိုင်မည်နည်း မျှော်….။

14 comments

  • windtalker

    May 19, 2012 at 8:25 pm

    မြန်မာနိုင်ငံက အားကစားဂျာနယ်တွေမှာ ရှာရာပိုဗာလေးအကြောင်းတွေ ဓါတ်ပုံတွေ ဝေဆာနေအောင် တင်ပေးလို ့၊ ရှာရာပိုဗာလေး ပရိသတ်ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ ။ မနက်ဖန် ပွဲမှာ မောင်ပေ လဲ ရှာရှာ့ ကို ဘဲ အားပေးမယ်ဗျား ။

    Reply

  • စီလုတ်မလေးကို လည်း အားပေးမယ်
    ရုရှားမလေးကိုလည်း အားပေးမယ်
    ကုန်လုံး ကုန်လုံးကို အေးပါး အားပေးဒယ် 😆

    Reply

    • shwe kyi

      May 21, 2012 at 1:35 pm

      နိပ်ဟ အေးပါးစေသတည်း…။ 😛

      Reply

  • ရွာစားကျော်

    May 19, 2012 at 10:04 pm

    အတုံလုံး (ဂေဇက်မှ ဒေါ်အိတုံမဟုတ်ဘာ) အားပေးဒယ်….
    ရှာရာပိုကြောင်လေးကိုရော.. ရေစိမ်အဟုတ်ပွ စီလုတ်မလေးကိုရော..

    Reply

  • ဒရက်ကူလာ ဖရဲ

    May 20, 2012 at 10:48 am

    ရှာရှာလေးနဲ့ ဒရက်ကူလာတို့တွေ့တဲ့အချိန်လေးတွေလည်း ပြောပြအုန်းနော်
    ရှာရှာရေ ကြောင်ကြီးထက်မိုက်တဲ့ ဒရက်ကူ ဖရဲကို ချစ်လိုက်ပါနော်
    ဖလပ် ဖလပ်

    Reply

  • ဗိုက်ကလေး

    May 20, 2012 at 3:38 pm

    အူးကြောင်
    သဒိထားနော်
    ရှာရှာက အံကြိတ်ပြီး ဗျင်းတတ်တယ်…
    ပြတ်သွားမယ်

    Reply

  • ကိုရင်စည်သူ

    May 20, 2012 at 3:58 pm

    hey mr. big cat … i wanna to encourage chinese cos’ i love china girls and
    ur like me too? 😳

    Reply

    • ဗိုက်ကလေး

      May 20, 2012 at 5:56 pm

      ဟုတ်ကဲ့
      ကျနော်လဲ ဂျိုင်းနားကဂဲတွေကို ခိုက်ပါတယ်..ဖွေးဖွေးလေးလဲ နာခိုက်တယ်..တလုပ်မကိုနာယူမယ်..ဘောဘီဆော့ခါလေးကိုလဲချစ်ပါဒယ်..

      Reply

  • Ch@vez

    May 21, 2012 at 10:27 am

    ဟာဗျာ ..တီလုပ်မလေးဒွေပဲ အားပေးရမယ့်ဟာကိုဗျာ..
    ဆွေမျိုးပေါက်ဖော်တွေဘဲရှိတယ်..
    ဆွေမျိုးရုရှ တွေလို့မှ မရှိဘဲဟာ….

    အိုဘယ့် ..
    တီလုပ်မလေးဒွေ
    😛

    Reply

  • Shwe Tike Soe

    May 21, 2012 at 11:28 am

    ရှရာဘို.ပါ ကိုလဲကြိုက်တယ်…. ဒါပေမယ့် အာရှက စီလုပ်မ (ဖရဲဘော်ဘော်) တွေဆိုတော့ စီလုပ်မ ကိုပဲအားပေးမယ်.. ဒါပဲ..
    ဥူးကြောင်ကြီးတော့ အောက်ဆုံးပုံက ရှာရာဘို.ပါ နဲ.တွေ.လို.ကတော့…. ကြောင်ကင်ဖြစ်တော့မယ် ခိခိခိ…. အံကြီးကြိတ်ပြီး ဗျင်းထည့်လိုက်မှဖြင့် ဟိဟိ

    Reply

  • Crystalline

    May 21, 2012 at 4:41 pm

    ရှာရာပိုဗာက သူများနဲ့တူတယ်လို့ပြောကြလွန်းလို့ အားပေးပေမယ့် …သူ့ရဲ့ရိုက်ချက်တိုင်းမှာ အားယူတဲ့အသံကြီးကိုတော့ တကယ့်ကိုခံစားလို့မရပါကြောင်း…
    တရုတ်အားကစားသမားဆိုရင်တော့ တရုတ်အိုလံပစ်ကတည်းက အရမ်းကိုချဉ်သွားပါကြောင်း

    Reply

  • awra-cho

    May 21, 2012 at 8:44 pm

    နိုင်သွားပြီလား၊ တော်သေးတယ်၊ တဖက်က ဝီလျှံ ညီအမ တက်မလာလို့ ပွဲချောင်သွားတယ်ပြောရမှာပဲ။

    Reply

Leave a Reply

Your email address will not be published.