ပီကေနှင့် သွားကျန်းမာရေး

introJune 17, 20101min01

သကြားပါသော ပီကေ

သကြားပါတဲ့ ပီကေတွေဟာ သကြားပါတဲ့ အခြား အစား အစာ တွေလိုပဲ သွားကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ သကြား ဆိုတာ သွားပိုးစားရောဂါ နှင့် သွားဖုံးရောဂါတွေကို ဖြစ်စေနိုင်တဲ့ သွားချေးလွှာရဲ့ မူလ အစိတ်အပိုင်းပါ။ သင်ဟာ အချိုဓာတ်ပါတဲ့ ပီကေကို မကြာခဏ ဝါးတတ်နေရင် သင့်မှာ နဂိုရှိ နေနိုင်တဲ့ သွားကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ပိုဆိုးစေပါတယ်။  ဒါကြောင့် သကြားပါတဲ့ ပီကေ ကိုလျှော့ဝါးပြီး သွားမှန်မှန်တိုက် ပေးပါ။

သကြားမပါသော ပီကေ

သကြားမပါသော ပီကေကတော့ သွားကျန်းမာရေးကို အကျိုး ပြု ပါတယ်။ ပီကေဝါးနေတဲ့ ချိန်မှာ ပီကေရဲ့မျက်နှာပြင်  က သွား ကြားမှာ ညှပ်နေတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားရာမှာ ကူညီပြီး သွားတွေမှာ ကပ်နေနိုင်တဲ့ သကြားတွေကို လည်းဖယ်ရှား ပေး ပါတယေ်။ ဒါကြောင့် သွားချေးလွှာတွေ မဖြစ်လာအောင် ကာကွယ်ရာမှာ ကူညီနိုင်ပါတယ်။ ပူရှိန်းရနံ့ ရှိပြီး သကြားဓာတ်မပါတဲ့ ပီကေ တွေကိုဝါးခြင်းဟာ ခံတွင်း အနံ့တွေကိုလည်း ကောင်းစေပါ တယ်။ ပူရှိန်းလုံး တွေငုံတာ က ခံတွင်းနံ့ကို ကောင်းစေပေမဲ့ ပီကေလိုမျိုး သွား ကြားထဲ က အရာတွေကို ဖယ်ရှားမပေးနိုင်ပါဘူး။ ( Good Health)

One comment

  • kopauk mandalay

    June 17, 2010 at 11:48 am

    မြန်မာတွေအစာထဲမှာပါသော ကွမ်းယာကလည်းမကောင်း
    ဘိုကွမ်းယာလို့ခေါ်လို့ရနိုင်တဲ့ ပီကေကလဲမကောင်း
    တကယ်တော့ဘာတစ်ခုမှမကောင်းပါ။
    ကင်းလေ ကောင်းလေပါ။

    Reply

Leave a Reply

Your email address will not be published.