ကြီး ကို လေး ထည့် မယ်…..လေး ကို ကြီး ထည့် မယ်

nigimi77May 18, 20121min024

ကဲ…ကဲ…

 

ပေါ့စေလိုလျင် ကြောင်ရုပ်ထိုး ဆိုပဲ ။

 

ပေါ့စေဗျား။။။။။

 

(၁) က စမယ်……. ဆားလေး…….ဆီလေး…..ငရုတ်လေး….ကြက်သွန်လေး……ဘာလေး…..ညာလေး…..

 

(၂) က စမယ်…….  ဝက်သားလေး……ငါးလေး……….

 

(၃) က စမယ်…….  အိမ်လေး…..ကားလေး…….ထိုင်ခုံလေး…….တီဗွီလေး…..အောက်စက်လေး….

 

(၄) က စမယ်…….  ဟို ပုံပြင်လေး……ဒီ ကဗျာလေး….ဒီ ဓါတ်ပုံလေး….

 

လေး ….အောင်တော့  ……လေး……ထည့်လိုက်တာပဲ……သို ့သော်လည်း….

 

=================================================

ကမ္ဘာပေါ်မှာ     Big  President  (သမ္မတကြီး)  ဆိုတာ မရှိ ။

 

နိုင်ငံရေးမှာ  အမေ စု ၊ အန်တီ စု ၊ ဒုတိယ ဘုရား စု  ဆိုတာ မရှိ ။

 

ပေါ့စေလိုသော အခါ    လေးထည့် လိုက်တာ  ဘယ်သူတွေလဲ ။

 

လေး စေလိုသော အခါ  ပေါ့ ထည့်လိုက်တာ  ဘယ်သူတွေလဲ ။

 

ငါ့ လချီး…….. ဒို ့နိုင်ငံ  အများသုံး ဘာသာ စကားနဲ ့  ပြောရင်တော့   “…..ရေ  လေး      တစ်ဘူး     လောက်….”

 

လေး လိုက် …..လောက်  လိုက်  နဲ ့…… တန်ရာတန်ဘိုးက  …..မပေးရတာလဲ မဟုတ်ပဲနဲ ့……..

 

ဆိတ်ဂွေးဇိ တွေ အတွက် စကားလက်ဆောင် ပေးလိုက်မယ်……

 

ခေါ်စမ်းကွာ………   သမ္မတ  လေး  ဦးသိန်းစိန်…..လို ့

 

ခေါ်စမ်းကွာ………  အမေ လေး စု……..လို ့……………

 

ဒုတိယ  ဘုရား   လေး  စု……..လို ့

 

အဲဒါမှ  မ  လောက်   သေးရင်လည်း…….  ပင်လယ် ဆားသာ ထည့်လိုက်ပေတော့ ။

 

 

===========================================

 

ရေချိန် မကိုက် သေးတဲ့

 

 

နိဂိမိ

24 comments

  • windtalker

    May 18, 2012 at 11:09 pm

    တော်ဘီ မူးလာဘီ
    ချစ်လေးဆီ ပြန်တာဘဲ အေးတယ်….. ဂေ့

    Reply

  • nigimi77

    May 18, 2012 at 11:18 pm

    @ windtalker

    နင်က မူးလာတော့ တော်သေးတယ် ။

    ငါကတော့ သမ္မတ “ကြီး” ဆိုတာကို ဖတ်လိုက်

    ” အမေ ” စု ဆိုတာကို ဖတ်လိုက်နဲ ့

    သောက်လက်စ အမူး “လေး” ခေါ်မလား …. ” ကြီး ” ခေါ်မလား

    အဲဒါတောင် ပြေ သွားပြီ ။ :mrgreen:

    Reply

  • ဦးဦးပါလေရာ

    May 18, 2012 at 11:44 pm

    အော်… ကိုရင်နိဂိမိတို့များ
    လက်မတောင် ဖြောင့်အောင်ထောင်လို့မရဘူး…
    တစ်ဖြစ်သွားလိုက် သုညပြန်ဖြစ်လိုက်နဲ့ သုံးခါလောက်လုပ်ယူရတယ်…။

    အကျင့်ပါနေလို့ပါကိုရင်ရယ်… စိတ်လျှော့ပါ…. 😀

    Reply

  • kai

    May 19, 2012 at 12:45 am

    တိုင်းပြည်ရဲ့.. နိုင်ငံရေးစနစ်ကို ဆွဲချသွားတာတွေထဲ..ဖါးခေါ်.. မျှားခေါ်. ပင့်ခေါ်.. အဲဒီအကျင့်ဓလေ့တွေပါပါတယ်..

    အနန္တော အနန္တ ငါးပါးဖြစ်နေတဲ့..

    ဗုဒ္ဓဂုဏော အနန္တော.
    ဓမ္မဂုဏော အနန္တော.
    သံဃဂုဏော အနန္တော.
    မာတာပီတုဂုဏော အနန္တော …
    အာစရိယဂုဏော အနန္တော၊

    ကနေ.. လူတန်းစားခွဲခြားမှုတွန်းပို့စေတဲ့ မျိုးစေ့”ကျ”သွားတာလို့.. ထင်မိတယ်..။
    ဇတ်ခွဲတဲ့ ဟိန္ဒူအလေ့အကျင့်တွေ.. တွန်းလှန်ရင်းတွန်းလှန်ရင်း.. ဗုဒ္ဓရဲ့..တရားတွေ.. ကျဆုံးသွားတယ်လို့.. မြင်ပါကြောင်း… :mrgreen:

    Reply

    • ကြောင်ကြီး

      May 19, 2012 at 9:06 am

      ထူးဗာဘူး ရှိလက်စနဲ့ ထပ်ဖြည့်မယ်..
      သဂျီးဂုဏော အနနော္တ
      ထည့်သွင်းအူးခိုက်
      အပါယ်ဆိုက်
      မဆုံးအမှောင်တိုက်…။

      Reply

  • Khin Latt

    May 19, 2012 at 1:26 am

    ရွာထဲမှာ

    “သူကြီး” တဲ့။
    “ကြောင်ကြီး” တဲ့။
    “ငှက်ကြီး” တဲ့။
    “ကမ်းကြီး” တဲ့။
    “ကြီးမိုက်” တဲ့။
    “အန်ကယ်ကြီး” တဲ့။
    “ကိုပါကြီး” တဲ့။
    “ငပွကြီး” တဲ့။
    “သော်ကြီး” တဲ့။

    ဒါကြောင့် ဆာဗာလေးပြီး နှေးနေတာ။ 👿

    Reply

    • ဗိုက်ကလေး

      May 19, 2012 at 11:15 am

      အရီးလေးတဲ့
      ဗိုက်ကလေးတဲ့
      ငှက်ကလေးတဲ့
      ကြောင်လေးတဲ့

      Reply

  • Khin Latt

    May 19, 2012 at 2:28 am

    ဟေး … မောင်နိ
    Wait a minute !!!!!
    ပြန်ဖတ်တော့ “လေး” ကိစ္စမှာ တစ်ခုခု ကို ရိပ်မိလိုက်သလိုဘဲ။
    သေဟဲ့ နန္ဒိယ (နဖူးကိုရိုက်လိုက်သည်) 😀

    Reply

  • ကိုရင်မောင်

    May 19, 2012 at 4:49 am

    တူက ရေချိန်ကိုက်ပြီးရေးလိုက်တာ…
    တို့ကဖတ်ရင်းနဲ့ရေချိန်ကိုက်တွားပြီ….

    Reply

  • Khaing Khaing

    May 19, 2012 at 9:37 am

    ကိုနိဂိမီ ………. မူးတယ် စားတယ် လေးတယ် ကြီးတယ် …… ခေါင်းစားတယ် လေးစားတယ် ခေါင်းကြီးတယ် ကြီးလေးတယ် …….. အေးဆေးထပ်ဖတ်ဦးမယ်ရှင့် နားမလည်သေးဘူး …….. မူးနေတာတော့ သေချာတယ် ……..

    Reply

  • ညလေး

    May 19, 2012 at 10:31 am

    အူးအူးဗိုက်လေးရယ်……..ဒီနေ့ဘီအီးသောက်ဆရာမလိုတော့ဝူး………
    မူးချင်ရင်……ကိုနီဂိမီ ဖျော်ထားတဲ……..ကြီးကိုလေးထည့်မယ်……..လေးကိုကြီးထည့်မယ်ဆိုတဲ…
    မူးစရာလေးဖတ်လိုက်ရင်အဆင်ပြေသွားမယ်နော်……..

    Reply

  • manawphyulay

    May 19, 2012 at 2:33 pm

    အင်း ဘုရား ဘုရား မနောဖြူလေးလည်း နာမည်ပြန်ပြောင်းရတော့မယ် တူတယ်။ မနောဖြူကြီးလို့လေ… 😛

    Reply

  • sugar sugar

    May 19, 2012 at 2:59 pm

    လည်ထွက်နေတာပဲ အစကပြန်ဖတ်အုံးမယ်တစ်ခေါက်

    Reply

  • R Ga

    May 19, 2012 at 4:30 pm

    လေးချင်ရင်လေး။ ကြီးချင်ရင် ကြီး…။
    လေးလေးနက်နက်တွေးခေါ်
    ကုန်ဈေးနှုန်းက ကြီးကြီး
    ဘဝများက ခပ်လေးလေး
    ကြီးကြီးမားမားလုပ်မယ်ပြန်တော့
    လေးလေးပင်ပင်တွေပဲ “မ” နေရ။
    ကလေးလေးဘဝကနေ
    ကလေးကြီးဘဝ လျောက်နေရ။
    ဘဝ
    လမ်းကြီးကြီး၊လောကဓံလှိုင်းကြီးကြီး

    (ကျွန်တော်လည်းမူးနေတယ်နော့)

    Reply

  • ငါကတော့ မမူးပါဘူးကွဲ့
    77လေးစာဖတ်လိုက်မှ ခေါင်းနားပန်းကြီးသွားတယ်နော်။

    Reply

  • kotun winlatt

    May 19, 2012 at 6:53 pm

    အင်းးးးးကြီးကို လေးထည့်..
    လေးကိုကြီးထဲ့လိုက်တော့…
    အောင်မငီးးးးးဟယ်…..
    လစ်ပီဟယ်…
    ဒက်ကလောက်..ဒက်ကလောက်…

    Reply

  • nigimi77

    May 19, 2012 at 11:34 pm

    စာဖတ်ပြီး မူးနေတဲ့ ရွာသူ ရွာသားများ အတွက်

    မူးမူးနဲ ့ပဲ ကိုယ့် Post ကို ကိုယ်က ပြန်ပြီး ဘာသာပြန်ပါ့မယ်

    “ကညော့တယ်” ဆိုတဲ့ စကားကို သိကြမှာပေါ့

    ကညော့ချင်တဲ့ အခါများမတော့ ဆီ ဟာလည်း ” ဆီလေး ” ဖြစ်

    ဆားဟာလည်း ” ဆားလေး ” ဖြစ်

    အများသုံး ဘာသာစကား က ရှုပ်လဲ တော်တော်ရှုပ် ဆိုတော့

    ပြောချင်တာကတော့ ကညော့ပြီး ပြောချင်တာပေါ့

    ဟိုနိုင်ငံမှာ နေတုန်းက ကြားဖူးတာ ရှိတယ်

    ” မီနီမီ ” ဆိုပဲ

    အဲသဟာက ဘာကို ဆိုလိုလဲ ဆိုတော့ သေးသေး ပိစိကွေး ကို ပြောချင်တာဗျ

    ချစ်စရာ ပူတူတူး ပေါ့

    ဆိုတော့…… ” လေး ” ဆိုတဲ့ စကားရပ် ဟာ ၂ ခွ တွေးလို ့ရတယ်

    သေးတဲ့ လေး ဖြစ် နိုင်သလို မာ ၊ ထန် ၊ စီးနင်း တဲ့ လေး လည်း ဖြစ်နိုင်တယ်

    ဒီတော့ ကညော့ တဲ့ အသုံးအနှုံး ဖြစ်တဲ့ ” လေး ” နဲ ့ ၂ ခွ တွေးလို ့ရတဲ့ ” လေး ” နဲ ့

    တွဲမိပြန်တော့ ……ဘာဖြစ်ကုန်သလဲ ဆိုတော့…..

    ကိုယ်က လုပ်ပြလိုက်တာများ ဆိုရင် ” မိုင်နာ ” ပါ ဆိုတဲ့ မသိစိတ်နဲ ့ တွဲပြီး

    မထိခလုတ် ထိခလုတ် ၊ ကလူ၏သို ့ မြူ၏သို ့ အထာမျိုးနဲ ့ ” လေး ” ကုန်ကြရော

    ကိုယ်က မလုပ်နိုင်တာများ ဆိုရင် ” ကြီး ” ဆိုတာ ကို တွင်တွင် သုံးပြီး

    “ဘောမ” ကြတယ်

    စောက်ကျင့်က အဲသည်လို မပျောက်တာ

    ဒီတော့…….ကြီး ကို လေး ထည့် မယ်…..လေး ကို ကြီး ထည့် မယ်
    ===============================

    ဆိုလိုရင်းကတော့ ဒါဗျဲ :mrgreen:

    Reply

    • Ch@vez

      May 20, 2012 at 9:08 am

      အိုဘယ့် ဘရာကြော် နီဂိမိဂျီးရဲ့….

      ပုံ…
      မောင်ဂီ့လေး..

      😀

      Reply

    • surmi

      May 21, 2012 at 12:18 am

      နဲနဲ ဝင်ပါလိုက်ဦးမယ် …။
      ရီစရာလေးပါ ….တရားရုံးတစ်ခုမှာ ဓားထိုးမှုတစ်ခုကို စစ်နေတာပေါ.
      ဓားနဲ.ထိုးတဲ.ကောင်ကဘာပြောလဲဆိုတော. ” သူက လက်သီးကြီးနဲ.ထိုးလို. ကျွန်တော်ကဓား
      လေးနဲ.ပြန်ထိုးလိုက်တာပါ “တဲ. ကဲ ကိုနိဂိမိပြောတဲ.
      ကြီးနဲ. လေး …..လေးနဲ.ကြီး … အလွဲသုံးစားလုပ်လိုက်ပုံများ …..။

      Reply

  • နေဝန်းနီ

    May 20, 2012 at 9:01 pm

    ဒါလေးများ ဒါလေးများ လာပြီးပြောနေရတယ် အချစ်ရေ….။ ဒါေလေးများ ဒါလေးများ ကိုယ်က မင်းကိုချစ်မယ် ချစ်မယ်….။ ဒါ…….လေးများ ကို 77 ရေ့…။ တစ်စေ့ ကျတော်လည်း ဗိုလ်ကြီးတဲ့ နှစ်စေ့ ကျတော့လည်း ဗိုလ်ကြီးပဲ…။ အဲ သုံးစေ့ကျပြန်တော့လည်း ဒါပဲဗျ…။ တစ်ခါသား ပျဉ်းမနားမှာ ဆိုက်ကားသမား အထိုးခံလိုက်ရဖူးတယ်ဗျ…။ နှစ်စေ့နဲ့ ဗိုလ်ကြီးကို ဆရာကြီးခေါ်တာ …..။ ဟိုက ဆရာကြီးခေါ်လေ ထိုးလေ…….။ အနားကလူတစ်ယောက်က ဗိုလ်ကြီးလို့ ပြောင်းခေါ်လိုက်ဆိုမှ ပြောင်းခေါ်လို့ ထိုးလက်စ ရပ်သွားတယ်လို့ ပြောသံကြားဖူးတယ်…။ ဟုတ်မဟုတ်တေ့မသိ….။ ဖြစ်လောက်တယ်ဗျ…။ သူတို့က ကြီးပါမှကြိုက်တယ်…။ ခပ်နိမ့်နိမ့်ကြီးတောင်မဟုတ်ဘူးနော်……….။

    Reply

  • Khin Latt

    May 21, 2012 at 5:09 am

    ဒီရက်မှာမှ ကညော့ပြီး
    “ပုချ်လေး” တို့၊ “တုံကလေး” တို့၊ “ဆူးလေး” တို့၊ “ချာတူးလေး” တို့ ခေါ်ပြီး ရေးမိ တဲ့ ကိုယ့်လက် ကိုယ်ဘဲ ဆုံးမပြီး ရိုက်လိုက်ပါတော့မယ်။ 😆

    ပုံ
    အရီး”လတ်” (ကြီးလဲ မကြီး – လေးလဲမလေး – အလယ် မှာ တွေ့လား) 😉

    Reply

  • nigimi77

    May 21, 2012 at 11:04 am

    ဒေါ်လတ်ရေ ။

    ကျွန်တော် အခုမှပဲ ဒေါ်လတ်က နဖူးကို လက်ဝါးနဲ ့ ရိုက်သလဲ

    ဆိုတာ သဘောပေါက်တော့တယ် ။

    ကျွန်တော် အရီးလတ်ကို ရည်ရွယ်ပြီး ရေးတာ မဟုတ်ရပါဗျာ ။

    Reply

Leave a Reply to sugar sugar Cancel Reply

Your email address will not be published.