ဆင်းရဲနေမြဲ လျှပ်စစ်မီးဘဲ

ခင္ခMay 18, 20121min018

ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်သဖြင့်သုံးခွလူထုမှလျှပ်စစ်ရုံးရှေ့တွင် လူအင်အားနှစ်ရာကျော်ခန့်ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြပါသည်။ မီးရရှိချိန်အလွန်နည်းနေသဖြင့်ဖုန်းဆက်မေးမြန်းသောအခါ ၁၄ ရက်နေ့တွင် မြို့ပြည်သူလူထုမှလက်မှတ်ရေးထိုးဆန္ဒပြုသဖြင့် မီးပေးချိန်တစ်ဝက်ကိုလျှော့ချသည်ဟု တာဝန်ရှိသူမှပြန်လည်ပြောကြားခဲ့ရာတွင် မြို့နေလူထုမှ ၁၇-၅-၂၀၁၂နေ့ ည၈နာရီကျော်ခန့် တွင်ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်၊ မြို ့နေ ပြည်သူလူထုပေါင်းများစွာ လာရောက်ပူးပေါင်း ခဲ ့သဖြင့် ၁ နာရီခန် ့အကြာတွင် လျှပ်စစ်မီး ပြန်လည်ပေးခဲ ့ကြောင်းဒီနေ့သတင်းတွေထဲမှာတွေ့ရ ပါတယ်။

နှစ်ပေါင်းများစွာ ဒို့တိုင်းပြည်မှာ လျှပ်စစ်မီးကတော့ ဆင်းရဲနေစဲပါ။ ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး က လျှပ်စစ်ဓါတ်အားတွေပိုလို့ အခြားတိုင်ပြည်ကိုရောင်းတာပါပြောလိုက်၊ ဟောဟိုတလောကဘဲ လျှပ်စစ်ဓါတ်အားတွေလိုလို့ ရောင်းထားတဲ့အခြားတိုင်းပြည်က ပြန်ဝယ်မယ်ပြောလိုက်နဲ့။  သူပြောတာကို ကြားရတုံးကစိတ်ထဲဘဝင်မကျဘူး၊ နောက်တော့စဉ်းစားရင်း အတွေးတစ်ခုရလိုက် တယ်။ သူကမြန်မာပြည်ကလျှပ်စစ်ဝန်ကြီးဆိုတော့ သူ့တို့လျှပ်စစ်လိုဘဲ လာလိုက် ပျက်လိုက် မမှန်တာများပြီး သူပြောတဲ့စကားပါ လျှပ်စစ်လို ပိုလိုက် လျှော့လိုက်နဲ့ ဓါတ်လိုက်သွားတယ်လို့။

လျှပ်စစ်များအချိန်ပြည့်နေရာတိုင်း လင်းထိန်မီးအားပြည့်သော ပြည်နိုင်ငံဖြစ်ပါစေလို့ ဆုတောင်းရင်း—။

 

18 comments

  • may flowers

    May 18, 2012 at 4:47 pm

    ဆုတောင်းပြီးရင်း…ဆုတောင်းရင်း…ပြီးတော့ထပ်ဆုတောင်းရင်း))))))))

    Reply

  • အဲလိုများ ဆုတောင်းလို့ လိုက်လျောမယ်ဆိုရင်
    …………………………………………………………………….
    …………………………………………………………………………………

    Reply

  • ဆူး

    May 18, 2012 at 5:06 pm

    မလောက်တာကို ခွဲပေးရတာ ဆိုရင်တော့ ဒီသတင်းလေး ဖတ်ပြီးတော့ အတွေးတခု ဝင်သွားတယ်။
    တောင်က တောင်းရင် တောင်ကိုပေး မြောက်ကို ပိတ်..
    မြောက်က တောင်းရင် မြောက်ကိုပေး တောင် ကို ပြန်ပိတ်..
    အဲလို ဖြစ်နေအုန်းမယ်။

    မီးတွေ မလောက်ဘူး တရုတ်က ဝယ်ရတယ်လည်း ကြားတယ်။

    Reply

  • ရွှေ မင်း သား

    May 18, 2012 at 6:37 pm

    လျှပ်စစ်မီးမအကြောင်းပြောရင် စိတ်တို လွန်းလို့ ……

    Reply

  • Gipsy

    May 18, 2012 at 7:53 pm

    ကျုပ်တို့ ဆီမှာတော့ မီးက မှန်သလား မမေးနဲ့ဗျို့…
    (၂၄) နာရီ လုံးဝ မပြတ်ဘူး….
    တခုပဲ ပြောစရာရှိပါတယ်…
    တယူနစ်ကို ၄၈ဝ ပါခင်ဗျ….။

    Reply

    • mgkooo

      May 19, 2012 at 2:38 pm

      Weekley Eleven, Saturday, 19 May 2012 13:10

      ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖေါက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ပြောကြား၊ အများပြည်သူများကိုလည်း အလှည့်က မီးပေးစနစ်ဖြင့်သာ ပေးမည်ဟုဆို PDF Print
      Saturday, 19 May 2012 13:10
      AddThis Social Bookmark Button
      elec
      ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူများကို မေလ ၁၉ ရက်နေ့ မီဒီယာတွေဆုံပွဲတွင် တွေ့ရစဉ်

      ရွှေလီ-မန်စံဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အားဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ရက်နေ့မှစတင်ကာ အလှည့်ကျမီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ၁၉ရက်နေ့က ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
      ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ၂၃ဝကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄ရမိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများရပ်ဆိုင်းသွားခဲ့ ကြောင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀ဝ မဂဝပ်ခန့်ကို ရရှိတော့မည်မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အားဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ရက်နေ့မှစတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျင် ၆နာရီအလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
      ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က“မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင်လဲသွားတယ်။ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေအမြန်ဆုံးပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေးကန့်သတ်ချက်ရှိတဲ့အတွက် လိုအပ်တာထက်ပိုကြာနိုင်ပါတယ်။ဘယ်လောက်ကြာနိုင်တယ်ဆိုတာတော့ အတိအကျခန့်မှန်းလို့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေးအဖွဲ့အစည်းပါ။လျှပ်စစ်ဓာတ်အားရောင်းချလို့ရမှ ကျွန်တော်တို့ ဝန်ထမ်းတွေကိုလခပေးနိုင်မှာပါ။စောနိုင်သမျှစောအောင်မီးပြန်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာပါ”ဟုပြောကြားခဲ့သည်။

      ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ၂၃ဝကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄ရမိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများရပ်ဆိုင်းသွားခဲ့ ကြောင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀ဝ မဂဝပ်ခန့်ကို ရရှိတော့မည်မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အားဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ရက်နေ့မှစတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျင် ၆နာရီအလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။

      ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က“မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင်လဲသွားတယ်။ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေအမြန်ဆုံးပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေးကန့်သတ်ချက်ရှိတဲ့အတွက် လိုအပ်တာထက်ပိုကြာနိုင်ပါတယ်။ဘယ်လောက်ကြာနိုင်တယ်ဆိုတာတော့ အတိအကျခန့်မှန်းလို့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေးအဖွဲ့အစည်းပါ။လျှပ်စစ်ဓာတ်အားရောင်းချလို့ရမှ ကျွန်တော်တို့ ဝန်ထမ်းတွေကိုလခပေးနိုင်မှာပါ။စောနိုင်သမျှစောအောင်မီးပြန်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာပါ”ဟုပြောကြားခဲ့သည်။

      Reply

  • Mandalay Thar

    May 18, 2012 at 8:09 pm

    တို့ မန်းလေးမှာ လဲ ဆန္ဒ ပြကြရအောင်လေ…..EPC ကတော်တော်နှိပ်စက်တယ်…:'(

    Reply

    • water-melon

      May 19, 2012 at 2:17 pm

      Mandalay Thar ရေကြာသလားလို့
      ကဲ ခုချက်ခြင်း လုပ်လိုက်ကြစို့
      မီးလာပါ မီးလာပါ မီးလာပါ

      Reply

      • sugar sugar

        May 19, 2012 at 2:25 pm

        ကျွန်တော်တို့လဲပါမယ် လေ ကိုဗြဲ

        Reply

  • ဦးဦးပါလေရာ

    May 18, 2012 at 8:32 pm

    လျှပ်စစ်က မပေးချင်လို့ တော့မဟုတ်ပါဘူး။
    ထွက်မှမထွက်ပဲ..။
    စီမံကိန်းတွေဖေါ်လိုက်..၊ ဝိုင်းတုတ်လိုက်၊ ပြီးရင် ဖွတ်ရှုးဖြစ်သွားလိုက်နဲ့…။
    ထွက်သလောက်လျှပ်စစ်ကလေးကလဲ မဟာဓါတ်အားလိုင်းတလျှောက်မှာ ၈၀% လောက် ဆုံးရှုံးသွားတယ်လေ။
    အဲဒီ အရူးထစီမံကိန်းတွေရပ်ပြီး
    ဒေသအလိုက်တကယ်မီးပေးနိုင်ဘို့ လုပ်သင့်တယ်။
    ပုဂ္ဂလိကတွေကို လက်ညှိုးထိုးပေးလိုက်။ တနှစ်အတွင်း မီးလင်းသွားမယ်။

    Reply

  • KoNyeinChan

    May 18, 2012 at 8:36 pm

    လျှပ်စစ်မီးကျတော့လည်း ရှားလိုက်တာလွန်ရော.. လောင်တဲ့မီး ကျတော့ ပေါလိုက်တာ
    ဇော်မင်းပြောတာ လောင်တဲ့မီး ထင်ပါ့.. ပေါလွန်းလို ့နိုင်ငံခြားရောင်းရုံတင်မက ဈေးတွေကိုတောင် လက်သည်မပေါ်အောင်လိုက်ရှို ့နေရတယ် 😀 😀 😀

    Reply

  • the best

    May 18, 2012 at 10:26 pm

    သူ ့လောက် ဘယ်သူမှ မသိဘူးလို ့ပြောရဲတာကိုက သူရဲ့အရည်အချင်းပါ။
    ဒီလို ဝန်ကြီးမျိုး ဘာဆု၊ဘာဘွဲ ့ပေးရင် ကောင်းအလဲ။

    Reply

    • mgkooo

      May 19, 2012 at 2:46 pm

      ဒီလောက်တော်တဲ့တတ်တဲ့ကောင်ကြီးကိုဆုပေးရမယ်
      မီးလောင်ရင် မီးမသတ်ခင် ဇော်မင်းကို မီးပုံထဲအရင်ထည့် (မီးအကြောင်းသူ့ထက်ပိုသိတဲ့သူမှမရှိတာ)၊၊
      သူ 1 ကောင်တည်းပျင်းရင် သူ့မိသားစုပါ ထည့်လိုက်ကြပါ။

      Reply

  • ရွှေဂက်စ် ထွက်နေတဲ့ ရခိုင်လို နေရာက ရွာတွေ လျှပ်စစ်မီးဆိုတာ မမြင်ဖူးသေးဘူး။
    အော်. ဒုက္ခ.ဒုက္ခ

    Reply

  • ရွှေ မင်း သား

    May 19, 2012 at 1:34 pm

    ဓါတ်ငွေ့လေးဘာလေး ရောင်းစား လိုက်ဦးနော်…..
    သူများ နိုင်ငံ လျှပ်စစ်မီးလင်းဖို့ …

    Reply

  • windtalker

    May 19, 2012 at 2:01 pm

    ခွဲတမ်းနဲ ့ပေးနေပြီ လို ့သိရလို ့ခွဲတမ်းလေးအပြည့်ရရင် ကို ကျေနပ်ကြမယ့်ဟာ ၊ ခွဲတမ်းပါ ထပ်ခိုးကြသတဲ့ဗျာ ။

    Reply

  • Khin Kha

    May 19, 2012 at 3:35 pm

    မန္တလေးသတင်းစာမှာ ဒီနေ့(19.5.12)မှာ ကြေငြာတစ်ခုပါလာတယ်။ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံများမှ (ရဲရွာ၊ပေါင်းလောင်း စသည့်စက်ရုံများ)၏ တာတမံရေလက်ကျန်မှာ အလွန်အမင်းကျဆင်းလျော့နည်းလာလို့ဓါတ်အားထုတ်လုပ်မှု့ထပ်မံကျဆင်းခြင်းကြောင့် အများပြည်သူနှင့် စက်မှု့ဇုန်များအား ဝန်လျော့စနစ်အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမယ်တဲ့။
    အဲဒီကြော်ငြာ မကြော်ငြာမှီက လျှပ်စစ်မီး လာချိန်နည်းပြီး ပျက်တဲ့အချိန်များတယ်။အခုတော့
    လျှပ်စစ်မီး မလာချိန်များပြီး ပျက်တဲ့အချိန်ပိုမယ်ထင်တယ်။

    Reply

  • kotun winlatt

    May 19, 2012 at 6:57 pm

    ရေလိုနေတယ်…မီးလိုနေတယ်….
    ဆုတောင်းတိုင်းသာလင်းစေချင်ပါသည်…
    ဆန္ဒအားလုံးပြည့်စုံစေရမည်…
    မကြာမှီ လာမည်..မျှော်….
    ဒါနဲ့ ဇဂါးမစပ် ..ဟိုဝံဂျီးးးကပြောတော့
    လျှပ်စစ်ဓာတ်အားးးတွေပိုလျှံနေလို့ နိုင်ငံဂျားးကို
    ရောင်းးးတာဆို..ခုတော့ ဘီလိုဖစ်ရတာဒုန်းးးးးးးး

    Reply

Leave a Reply to water-melon Cancel Reply

Your email address will not be published.