ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (1) … ရန်ကုန်-ညောင်ရွှေ

Ma EiMay 21, 20122min019

ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (1) … ရန်ကုန်-ညောင်ရွှေ

 

ကျမတို့ မိသားစုရဲ့ ဒီတစ်ခေါက် အပန်းဖြေ ခရီးစဉ်ကတော့ တောင်ကြီးအင်းလေးကို သွားကြမှာဖြစ်ပါတယ်…

တောင်ကြီးအင်းလေး ခရီးစဉ်ကို ကျမတို့က 5 ခေါက်လောက်ရောက်ခဲ့ဖူးပေမဲ့ သမီးလေးက မရောက်ဖူးသေးပါ။

ရွှေအင်းတိန်၊ထမ်စန်းဂူု တို့ကိုလဲကျမတို့မရောက်ဖူးသေးပါ၊ ဒါနဲ့ဘဲ ဒီနှစ်အတွက် ကျမတို့ မိသားစုရဲ့ အပန်းဖြေ

ခရီးစဉ်ကို တောင်ကြီးအင်းလေးဘက် သွားကြမယ်လို့ သတ်မှတ်လိုက်ပါတယ်…

မိသားစု 3 ဦး သွားဘို့ စီစဉ်ရာကနေ သမီးကလဲ ကောင်မလေး ကိုခေါ်ချင် အမေကလဲ လိုက်ချင်

အမေနဲ့ ကောင်မလေးထားခဲ့ရမှာလဲ စိတ်မချ ဒါနဲ့ဘဲ တစ်မိသားစုလုံး သွားကြမယ် စီစဉ်ပါတယ်…

ရုံးမှာပြောတော့ ရုံးကညီမလေး စုံတွဲ(သူလဲMG ရွာသူ) တို့ကလဲ စရိတ်မျှပေးစနစ်နဲ့ လိုက်မယ်ဆိုတော့

ခရီးသွားကြမှာစုစုပေါင်း  7  ဦးဖြစ်သွားပါတယ်…

ရန်ကုန် တောင်ကြီးကား၊ Hotel ၊ စက်လှေ ၊ လည်ဘို့အတွက်ကား စသည်ဖြင့် ရန်ကုန်ကနေ အားလုံးကို

ချိတ်ဆက်ပြီး မိသားစု အပန်းဖြေ ခရီးစဉ်လေးကို စတင်လိုက်ပါတော့တယ်…

 

အောင်မင်္ဂလာ အဝေးပြေးဝင်းမှာရှိတဲ့  သစ္စာဦး  ရန်ကုန်-တောင်ကြီး အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး

ညနေ 5 နာရီ  ကားနဲ့သွားပြီး တောင်ကြီးထိမလိုက်ဘဲ ရွှေညောင်လမ်းဆုံမှာဆင်းမှာဖြစ်ပါတယ်…

 

ကားမထွက်ခင် ဂိတ်မှ ကလေးမလေးများမှ ဆေးဘူးနဲ့ချိုချဉ်များ လိုက်ဝေတဲ့အခါ

သမီးနဲ့ ကောင်မလေးက ချိုချဉ်တစ်ဆုပ်ကြီးနှိုက်ပြီးသဘောကျနေကြပါတယ်…

ရေသန့်ဘူး၊စနိုးတာဝါ စတာတွေက ထိုင်ခုံရှေ့နေရာမှာရှိနေပြီးဖြစ်ပါတယ်…

 

 

1. ချိုချဉ်ဝေနေတဲ့ သစ္စာဦးရဲ့ကလေးမလေးတွေ…
2. နေပြည်တော် အမြန်လမ်း အဝင် ဂိတ်…
3. 115 မိုင်စခန်း Pioneer ရဲ့ အလှဆင်မီးရောင်စုံ…
4.ညောင်ရွှေ အဝင် လမ်း…

 

ရွှေညောင်လမ်းဆုံမှာ အသင့်လာကြိုနေတဲ့ကားနဲ့ ညောင်ရွှေအဝင်လမ်းအတိုင်းဝင်ခဲ့ပါတယ်..

မနှစ်ကမိုးတွင်းမှာ ရေနှစ်ခါကြီးလို့ ဒီလမ်းပေါ်ရေကျော်ပြီး ဆိုင်ကယ်တောင်သွားမရကြောင်းရယ်…

ရေကြီးတုံးက ဒီကနေ ညောင်ရွှေဝင်စရာမလိုဘဲ အင်းထဲကို စက်လှေ တိုက်ရိုက်မောင်းလို့ရခဲ့ကြောင်း

ကားမောင်းသူကလမ်းမှာပြောပြလာပါတယ်…

လမ်းမှာ ရှေးဘုရားတစ်ဆူရယ်၊ပြတင်းပေါက်အဝိုင်းတွေရှိတဲ့ ဘုန်းတော်ကြီးကျောင်းရှိပါတယ်…

နိုင်ငံခြားသားတွေဘဲ ဝင်လေ့ရှိကြတယ်လို့ ပြောပါတယ်…ကျမတို့လဲ မဝင်ဖြစ်ခဲ့ပါ…

တံတားလေးကျော်ပြီးတာနဲ့ ကျမတို့တည်းမည့် ညောင်ရွှေ Remember Inn ကို ရောက်ပါတော့တယ်…

Remember Inn ရဲ့ရှေ့မှာ အရင်က ညောင်ရွှေစော်ဘွားကြီးရဲ့ ဟော်နန်းကိုု ပြောင်းလဲဖွင့်ထားတဲ့ဗုဒ္ဒပြတိုက်ရှိပါတယ်…

မနက်ဆို လျှောက်လည် ညနေစောင်းမှပြန်ရောက်တဲ့အတွက် 2 ရက်လုံး ပြတိုက်ဖွင့်ချိန်နဲ့မကြုံ လို့ ဝင်ကြည့်ခွင့်မရခဲ့ပါ…

6. ညောင်ရွှေ မနက်ခင်း…
7. Remember Inn 1
8. ရှမ်းစက္ကူ မီးဆိုင်းလေးတွေ…

 

 

ခဏနား ရေမိုးချိုး အဝတ်စားလဲကြပြီး အင်းလေးထဲကို အလည်သွားကြပါမယ်…

 

ခင်တဲ့

မအိ

19 comments

  • Mon Kit

    May 21, 2012 at 2:28 pm

    မမအိကတော့ remember ကို remember အောင် လုပ်ပြန်ပီ…..
    အသစ်တစ်ဖန် ရင်ခုန်ခံစားသွားရင်း……
    နောင်လာမည့်အပိုင်းများကို ရင်ခုန်မျှော်လင့်ရင်းးး………

    Reply

    • Ma Ei

      May 22, 2012 at 8:36 am

      ညောင်ရွှေ Remember ကို Remember ရင်…
      ကလော Winner မှာရော…ဖြေပါ…

      Reply

      • Mon Kit

        May 22, 2012 at 8:40 am

        ဟီးးးးးးးးး…… တိသားနဲ့……….. 🙂

        Reply

  • ဗိုက်ကလေး

    May 21, 2012 at 6:10 pm

    အန်တိအိ ခရီးသွားနေသည် အပိုင်းတစ်ကို အားပေးသွားပါတယ်ဗျား..
    ရှမ်းပြည်တောင်ပိုင်းဆိုတော့ ရွာစား မောင်စွန်ခ ဆိုကလား သူတို ့ရွာပေါ့နော..

    Reply

    • Ma Ei

      May 22, 2012 at 8:43 am

      တောင်ပိုင်းသား အလည်ခေါ်လို့ သွားကြတာ…
      အလည်လွန်ပြီး မတွေ့ခဲ့မိဘူး…
      ဆက်လက်အားပေးပါနော်…

      Reply

  • မအိရေ
    ကျနော်ကအင်းလေးကိုသွားတာ ညောင်ရွှေဘက် မသွားဘဲခေါင်တိုင်စခန်းဘက်က သွားခဲ့ရတာဗျာ။
    နောက်နေ့ခြင်းပြန်ခဲ့တာ။
    အဲတော့ မအိ အခုတင်ပေးခဲ့တဲ့ နေရာလေးတွေမရောက်လိုက်ရဘူးဗျာ။
    လှတယ်။

    Reply

    • Ma Ei

      May 22, 2012 at 8:50 am

      ခေါင်တိုင်စခန်းကို အင်းထဲဘက်ကနေရောက်ဖူးတယ်…
      ပဒေါင်လူမျိုးတွေရှိတယ်…ဒီတစ်ခေါက်မရောက်ဖြစ်ခဲ့ဘူး…
      ရေပူစမ်းလဲ ရှိတယ်ပြောတယ်…ကိုပေါက် ရောက်ခဲ့လား…

      Reply

      • ရေပူစမ်းကို ဖြတ်ဘဲသွားခဲ့ရတာ။
        မဝင်ခဲ့ရဘူး။
        ကျနော်သွားတော့မိုးက မကုန်သေးဘူး။
        လိုက်ပို့တဲ့သူက ညနေပိုင်းဆိုအင်းထဲက မိုးရွာနိုင်တယ်ဆိုတာနဲ့
        မနက်ပိုင်းတင် တက်သုတ်ရိုက်ပြီးအင်းထဲဘဲအဓိက ထားသွားခဲ့တာ။
        ဒီတစ်ခေါက်တော့ အင်းထဲမရောက် ပင်းတယဘဲရောက်ခဲ့တာ။
        အလုပ်နဲ့သွားရတာဆိုတော့ သိပ်တော့ စိတ်မဖြောင့်ဘူးလေ။

        Reply

  • windtalker

    May 21, 2012 at 8:01 pm

    ကျုပ်လဲ အလည်လိုက်ခဲ့ပါတယ်ဗျို ့။
    သိချင်မိတာကတော့ ညောင်ရွှေ ရီမန်းဘား အင်း မှာ အခန်းခ ဘယ်လောက်ပေးရသလဲ ဆိုတာပါဘဲ ။

    Reply

    • Ma Ei

      May 22, 2012 at 9:05 am

      လိုက်ခဲ့ပါ…လိုက်ခဲ့ပါနော်…
      ခုမှ အပိုင်း1 ညောင်ရွှေ ဘဲရောက်သေးတယ်…
      ပုံတွေတင်မရလို့…
      Remember Inn မှာ…အခန်း အမျိုးမျိုးရှိပါတယ်…
      1-Standard -15,000.ks
      2-Superior -25,000.ks
      3-Family -35,000.ks ဖြစ်ပါတယ်…
      ကျမတို့ အဖွဲ့ 1 – Standard Room မှာဘဲ နေပါတယ်…
      ရေပူ ရတဲ့အတွက် အဆင်ပြေပါတယ်…

      Reply

      • windtalker

        May 22, 2012 at 9:41 am

        အားပါး
        အခန်းခတွေကလဲ ကြယ်ကြီးတွေနဲ့ နင်လား ငါလား
        သူဌေးကြီးပွား အပြေးခရီးသွား
        lazy နား။

        Reply

  • ကျနော်လဲ မတ်လထဲညောင်ရွှေဖက်ရောက်တော့ ခုလိုဘဲ လမ်းဘေးဝဲယာ ရေတွေပြည့်နေတာ။
    ခုထိမခန်းသေးဘူးနော် မအိရေ။ရွာထဲက ကျနော်၊ကိုပေါက်နဲ ့မအိပါ ရှမ်းပြည်တောင်ပိုင်း ပုံလေး
    တွေ ဆက်တိုက်တင်ဖြစ်နေတယ်နော်။
    သိကြားလုံးဘဲ ဝေတာလားဗျာ။အအေးဘူးတို ့ဘီယာဘူးတို ့ဆိုရင်မဆိုးဘူးနော်။နောက်တာပါဗျ။
    ဒီလို မှန်းသိရင် ရန်ကြီးအောင်ကားဂိတ်က စီးပါဘူး။သစ္စာဦး ဘဲစီးတော့မယ်။

    Reply

    • Ma Ei

      May 22, 2012 at 9:27 am

      သစ္စာဦး ကို ကြော်ငြာပေးလိုက်ဦးမယ်…
      10 ခေါက်ပြည့်ရင် 1 ခေါက် အခမဲ့စီးခွင့် ပေးပါတယ်…
      ရှူဆေးဘူး၊ပရုပ်ဆီ စသည်ဖြင့် အလျှဉ်းသင့်သလို လက်ဆောင်ဝေပါတယ်…
      ကားပေါ်မှာ Air-con မပြတ်ဖွင့်ပေးပါတယ်…အေးပြီး မွှေးနေတာဘဲ…
      ကားအတက်အဆင်းမှာ ခရီးသည်တွေရဲ့အိတ်တွေကို ကူသယ်ပေးပါတယ်…
      ဆက်ဆံရေးကောင်းတယ်လို့ သတင်းပေးလိုက်ပါတယ်…

      Reply

  • may flowers

    May 21, 2012 at 9:41 pm

    မအိရေ hotel တို့၊ စက်လှေနဲ့ လည်ဘို့အတွက်တို့ ဘယ်လိုချိတ်ဆက်ရမလဲ သိချင်ပါတယ်။

    မေဖလားဝါးတို့ လည်းအဆင်ပြေရင်လည်ရတာပေါ့။ အော်..ဒါနဲ့ဈေးနှုန်းလေးပါ အဆင်ပြေရင်

    ပြောပြပေးနိုင်ရင် ပြောပြပေးပါနော်။ နောက်အပိုင်း-၂ ကိုစောင့်မျှော်နေပါကြောင်း။

    Reply

    • Ma Ei

      May 22, 2012 at 11:23 am

      မေလေးရေ…
      အလည်သွားဘို့အတွက် 2,3 ယောက်ဆိုရင် Travel & Tour နဲ့သွားတာကောင်းပြီး
      လူများရင် မိမိတို့ဘာသာ စီစဉ်သွားတာပိုအဆင်ပြေပြီးစရိတ် သက်သာပါတယ်…
      တောင်ကြီး၊အင်းလေး ခရီးက ညောင်ရွှေမှာ နေပြီးလည်တာ ပိုအဆင်ပြေပါတယ်…
      ညောင်ရွှေ က Hotel …2,3 ခုစုံစမ်းပြီး Remember Inn ကိုရွေးလိုက်ပါတယ်…
      စက်လှေ နဲ့ ကား ကိုလဲ Remember Inn ကဘဲငှားလိုက်တာပါ…
      စက်လှေခက … ရွှေအင်းတိန် အပါ 7 နေရာ လိုက်ပို့ပါမယ်…25,000.Ks ပါ။
      ကားငှားခက ..1. ရွှေညောင်လမ်းဆုံ ကို လာကြို၊Remember Inn ,စက်လှေဆိပ်ပို့။
      2. မွေတော်ကက္ကူ၊ထမ်စန်းဂူ၊တောင်ကြီးစူဠာမုနိဘုရား၊ရပ်တော်မူဘုရားကြီး
      3. ပင်းတယ ရွှေဥမင်ဘုရား၊ မြင်းမထိဂူ၊ကလောနှီးဘုရား၊ Winner Hotel ခရီးစဉ်3ရက်အတွက်210,000.ksကျသင့်ပါတယ်…
      ခရီးစဉ်လိုက်ညှိနိုင်းတွက်ပေးပါတယ်…
      မအိတို့ငှားတာ 7 ယောက်စီး Town-ace ပါ။ကားအမျိုးစားနဲ့သွားမယ့်နေရာအလိုက်
      ဈေးနှုန်းပြောင်းနိုင်ပါတယ်…

      Reply

  • Moe Z

    May 22, 2012 at 10:14 am

    အန်တီအိရေ အင်းလေးပုံတွေများများတင်နော်
    မိုးစက်သွားတဲ့အချိန်က မြူတွေဆိုင်းနေလို့ ပုံကောင်းကောင်းသိပ်မရဘူး
    အလွမ်းပြေ .. အလွမ်းပြေ 😀

    Reply

    • Ma Ei

      May 22, 2012 at 11:42 am

      မိုးစက်လေး နဲ့ ဂီ ရေ…
      နှစ်ယောက်ပေါင်းရေးလို့ မောင်ဂီ စိတ်ဆိုးမည်ထင်၏…
      အန်တီအိတို့ သွားတဲ့အချိန်နေ့လည်မှာ မိုးရွာလို့ ငွေဇင်ယော် စားသောက်ဆိုင်မှာ
      ထမင်းစားရင်း တစ်နာရီလောက် မိုးခိုခဲ့ရတယ်…
      တောင်ခိုးတွေ၊မြူတွေနဲ့ တောင်တွေပုံ အရမ်းလှတယ် သိလား…
      ခု No 1 Trip ကို ဓါတ်ပုံတင်နေတာမရတာနဲ့ Draft ထဲမှာ 3 ရက်ကြာသွားတယ်…
      ဆက်လက်အားပေးနော်…

      Reply

  • Ch@vez

    May 22, 2012 at 10:21 am

    အန်တီအိ ရေ
    အင်းလေးပုံတွေ များများတင်နော်..
    ဂီ သွားတုန်းက ဖွန်ကြောင်နေလို့ပုံကောင်းကောင်း သိပ် မရလိုက်ဘူး..
    အလွမ်းပြေ အလွမ်းပြေ..
    😀

    အာဟိ
    ဒက်ဂလောက်

    Reply

  • Wunna Aung

    June 14, 2012 at 7:35 pm

    အန်တိ အိ ရေ ရှမ်းပြည် အလွမ်းပြေ ဝင်ရောက်ကြည့်ရှုခံစားသွားပါတယ်…… သစ္စာဦး ကားလိုင်းကလဲ လိုင်းအသစ်ထင်တယ်ခင်ဗျ အရင်တုန်းက (လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက) မသိလို့ပါ…. ခုလို ကားလိုင်းတွေက ဆက်ဆံရေးကောင်းတယ် ဆိုလို့ ဝမ်းသာပါတယ်ဗျာ……. နောက်ပြီး ခရီးစဉ်စီစဉ်တာလေးကိုလဲ မသိသေးတဲ့သူတွေ သိအောင် ပြောပြလို့ကျေးဇူးတင်ပါတယ် ခင်ဗျာ…. ဓါတ်ပုံလေးတွေ ကြည့်ပြီး ရှမ်းပြည်တောင်ပိုင်းကို အလွမ်းဝင်ဖြေသွားပါတယ် ခင်ဗျာ….. နောက်ထပ်ပုံလေးတွေ ကြည့်လိုက်ဦးမယ် အန်တီအိရေ…..

    Reply

Leave a Reply

Your email address will not be published.