Photographyပိုးဝင်သွားခြင်း ငပြႀကီးMay 17, 20121min021M G မှာရှိတဲ့ ဓါတ်ပုံဆရာများကို အားကျမိရင်းက ဓါတ်ပုံပိုးဝင်သွားပါပြီ…လိုအပ်တာလေးတွေ သင်ပြပေးကြပါဦးနော်… ်င်္်F2.8 / 80 / ISO100F2.8 / 160 / ISO100F2.8 / 160 / ISO100 Post Views: 0 အနီးကပ္
ငပွကြီးMay 17, 2012 at 10:00 pm သူကြီးရေ ၃ ပုံတင်လိုက်တာ ကျန်တဲ့ပုံတွေဘယ်ရောက်သွားလဲမသိဘူး ကူညီပေးပါဦး..ကျူမီယား..ကျူမီယား… Reply
မဟာရာဇာ အံစာတုံးMay 17, 2012 at 10:15 pm သိပါဘူး .. ပိုးဝင်သွားတယ်ဆိုလို့ ဘာများတုန်းလို့ ဝင်ကြည့်လိုက်တာ .. အကောင်ဗလောင်တွေများ ဘယ်ထဲ ဝင်သွားတာတုန်းလို့ … အဟီးးး နောက်တာပါ .. 😀 ရွာထဲက ဒါ့ပုံဆြာတွေ လာရင် အကြံပြုကြပါလိမ့်မယ်ဗျာ .. ကျုပ်ကတော့ ဘာမှမသိလို့ လစ်လိုက်ဦးမယ်ဗျို့ … Reply
ငပွကြီးMay 17, 2012 at 10:20 pm ဒီလိုပုံတွေတင်ဖို့ကို သင်ပေးထားတဲ့ ကျွှန်တော့ဆရာ ကိုကိုအံ ကိုကျေးဇူးအထူးပါ…ကောမန့်အတွက်ရောပဲ…ပန်းတနော်တုန်းက မဆုံရလိုက်လို့ နောက်မှလက်ဖက်ရည်တိုက်ပါ့မယ်… Reply
ကိုပေါက်(မန္တလေး)May 17, 2012 at 10:48 pm ဒီပိုးဝင်လို့ကတော့ ပိုက်ဆံကုန်မယ်။ ကင်မလာလေး နဲ့ဟိုချိန်ဒီချိန်လုပ်ရင် အဆင်မသင့်ရင် အဆော်ခံရတတ်ပါတယ်။ Reply
Ch@vezMay 17, 2012 at 11:09 pm cropping ရော Depth of Field ရော ကောင်းတယ်ဗျ … အဲ့ ..sharpness တခုပဲ နည်းနည်းလိုသွားတာ.. အဆင်ပြေသွားပါလိမ့်မယ်ဗျာ …ဆက်ရိုက်ရင်းနဲ့ … ကြုံလို့ အကျယ်ပြောရရင် … ဒါကို ပိုး လို့တော့ မသုံးစေချင်ဘူးဗျ… ဒါက ပိုးမဟုတ်ပါဘူး … ဒါ့ပုံ ရိုက်သူတိုင်း ပိုကောင်းတဲ့ ဒါ့ပုံ ရိုက်နိုင်ဖို့ ရိုက်တတ်ဖို့ အခွင့်အရေးလေဗျာ … တတ်နိုင်ရင် DSLR ဝယ်ပေါ့ မဝယ်ဖြစ်လည်း ဘာမှမဖြစ်ဘူး ..အိမ်သုံးကင်မရာတွေ ကို ပိုသုံးနိုင် ပိုနားလည်နိုင်အောင် ရေးနေဖတ်နေကြရတာပဲ မဟုတ်ဘူးလားဗျ.. ကျနော် ကနွန်း ကို်ယ်စားလှည်လည်းမဟုတ်ပါ … နိုက်ကွန်းနဲ့လည်း မပါတ်သတ်ပါ…. သို့သော် .. ကျနော့် မိတ်ဆွေတွေ ပိုကောင်းတဲ့ ဒါ့ပုံရိုက်နိုင်ဖို့ ကျနော် တတ်သမျှတော့ ရှဲပါတယ်… ဆြာလုပ်တာလည်း မဟုတ်ပါ… (တခါတခါ အထင်လွဲခံရသေးရဲ့ ….) ကျနော့် အတွေးကတော့ ရှင်းပါရဲ့ဗျာ … ကိုယ့်ချင်းကိုယ့်ချင်းမှ ပညာ မမျှဝေရင် ကိုယ့်ချင်းကိုယ့်ချင်းမှ လျှိုရင် … ကိုယ့်ချင်းကိုယ့်ချင်းမှ ထမင်းအိုး တုတ်နဲ့ထိုးတယ်ထင်ရင်… အဲ … ကိုယ့်ထမင်းအိုး နိုင်ဂံဂျားသား လာ တုတ်နဲ့ထိုးတဲ့တချိန် တောင်မင်း မြောက်မင်း မကယ်နိုင်မှာ အဓိက စိုးထိတ်မိသဗျ… ဒီဂျစ်တယ်လ် ခေတ်မှာ SLR ဆိုတာဟာ ဇိမ်ခံပစ္စည်းတခုမဟုတ်တော့သလို ပညာရှင် သက်သက်ရဲ့ ဥစ္စာ ဓနလည်းမဟုတ်တော့ဘူးဗျ… ဒါ့ပုံပညာကို ပညာရပ်တခုလို့ သက်မှတ်ရင် သည်ဘက်ခေတ် ဒါ့ပုံပညာသည် တွေဆိုတာ ..ပညာသင်တွေ အိမ်သုံးတွေအတွက် အဘိဒန် မဟုတ်ရင်တောင် ရပ်ကွက်အဆင့် မြို့နယ်အဆင့် စာကြည့်တိုက် သဘောလောက် ဆောင်ရမယ် လို့ပဲမြင်တယ်….။ ထပ်ပြောရရင် ပညာဆိုတာ လျှိုတဲ့ ခေတ် သေဆုံးသွားတာ ကြာခဲ့ပါပြီ.. ပညာဆိုတာ ထပ်ဆင့်ပြန့်ပွားရင်း အသစ်ရှာဖွေရင်း တိုင်ပင်နှီးနှောရင်း လေ့ကျင့် သင်ယူရမယ့်ခေတ်ပါ…. ပညာလျှိုတယ်ဆိုတဲ့ ခေတ်က … မားကတ္တင်း မတတ်တဲ့… အတ္တကိုရှေ့တန်းတင်တဲ့ … ငါလုပ်တတ်သမျှ သူများ လိုက်မလုပ်တတ်စေရ ဆိုတဲ့ အတွေးအခေါ် ဇောင်းပေးတဲ့ ခေတ် စနစ်လို့ ရှုံ့ချပါရစေဗျ… ယနေ့ ခေတ်စနစ်ကတော့ ရှင်းရဲ့ … ငါဘာလုပ်သလဲ ဘာသုံးသလဲ အကုန်ဖွင့်ချမယ်.. မကျေနပ်ရင် လိုက်လုပ် …အဲ့ ..ငါ့ ကော်ပီကတ်ပဲ ဖြစ်မှာဘဲ … စု-တု-ပြုတယ်နော်…. အများ လက်ခံတာ မဟုတ်ရင် ဂွမ်းမှာဘဲ… အဲ့ ..စု-တု-ပြုလို့မှ .. ကိုယ့်ထက် သာပြီး သကာလ အများလက်ခံတယ်နော် …. နင့် အထှာ ငါပါပြန်သင်မယ်အေ… အားလုံးအတွက်ပေါ့… အသစ်တခု အတွက်ပေါ့… learning environment မဖြစ်သမျှတော့ …. ထင်ရာမြင်ရာ ဆော်နေသမျှတော့ … ၁ဝနှစ် အနှစ် ၂ဝ ဘာမှ အဓိပ္ပါယ် ရှိလာမှာ မဟုတ်ဘူးပဲ … အချုပ်ပြောရရင် ဆော်ဗျာ ….အားလည်းပေးတယ် အားလည်းဖြည့်မယ်… ပိုကောင်းနဲ့ မနက်ဖြန်အတွက် ပိုကောင်းတဲ့ ဒါ့ပုံတွေ ဖန်တီးနိုင်ပါစေသား… ခင်တဲ့ Inz@ghi Reply
FattyCatMay 18, 2012 at 6:45 am ကဲ မြောက်ပေးတဲ့လူကတော့ မြောက်ပေးနေပြီ ကမယ့်လူက ကွေးနေအောင်ကဖို့ပဲလိုတော့သည် ကျုပ်လဲဘဲ ဒီနှစ်ကုန်ပိုင်းလောက် ကွေးနေအောင်. ကရန် စီစဉ်ထားသည် အဖော်အပေါင်းတို့ မျက်စိနောက်စေတော့ ရွာသားငရှုပ် ကြောင်ဝတုတ် Reply
Ch@vezMay 18, 2012 at 11:57 am ရွေးထားသကိုး … ကျေးကျေးပါ. … အိုဘယ့် ၃ပွင့်ဖြစ်သွားဘီ… က ကြပါ ဆြာတို့ … ကွေး အောင် ကကြပါ … တက် အောင် ကကြပါ …(ကြွက် ပြောပါတယ်..) အာဟိ ဒက်ဂလောက် 😀 Reply
ဗိုက်ကလေးMay 18, 2012 at 12:05 pm မောင်ဂီ စိတ်ထိန်းပါကွယ်.. နင့်ကြည့်ပြီး ငါတောင် ထ.က ချင်စိတ်ပေါက်လာဘီ Reply
water-melonMay 18, 2012 at 8:33 am ဟိတ်လူတွေနော် ကင်မရာပျက်လို့စိတ်ညစ်နေတာ အဟင့် ဆရာကြီးတွေဘဲ အားကျလိုက်တာနော် Reply
ငပွကြီးMay 18, 2012 at 9:18 am ညလေး လဲကျွှန်တော့်လို ပိုးဝင် အဲလေ ဝါသနာပါသွားပြီထင်တယ်.. ကိုပေါက်ပြောတာအမှန်ဘဲဗျို့ မနေ့က ဈေးသည်ခေါင်းစဉ်အတွက် ရှောက်ရိုက်ရင်း စည်ပင်သာယာက လမ်းဘေးဈေးသည်ကိုဖမ်းနေတဲ့ပုံ သွားရိုက်တာ ဈေးခေါင်းကြီးခေါ်ပြောလို့ ပြန်ဖျက်လိုက်ရပါတယ်…ပုသိမ်ကမြို့ကျဉ်းတော့ ၁ယောက်နဲ့ ၁ယောက်သိနေတာကိုး… ဆရာဂီ ရဲ့အားပေးမူကြောင့် အားတက်သွားပါပြီ DSLR အတွက်ကြိူးစားလိုက်ပါမယ်… ကြောင်ကြောင်ရဲ့ပုံကိုတော့ လမ်းတွေ့ရင်မှတ်မိနေလို့ လှမ်းခေါ်မယ်နော်.. ရွာသူားတွေပြောသလိုဘဲပြောလိုက်မယ်….ဖြဲမရေ ကော်မန့်တွက် တိုးရှဲ့ပါတော်.. Reply
ဆူးMay 18, 2012 at 10:02 am ပိုးဝင်တယ် ဆိုလို့ ဘာပိုးလဲ ဝင်ကြည့်တာ.. နည်းနည်းနောနော ပိုး မဟုတ်ဘူး။ ဒီတခါ လမ်းဘေး ဈေးသည် မရိုက်ပဲ အားရပါးရ မာန်ပါပါ ဓါး ပင့်ပြီး ရွယ်ပြီး ငါးခုတ် နေတဲ့ ဈေးသည် ကို ရိုက်လိုက်ပေါ့။ ဟိဟိ.. တော်ကြာ ဓါတ်ပုံပြိုင်ပွဲ မပါရပဲ စီဂျေ ပြိုင်ပွဲ ဝင်နေရအုန်းမယ်။ Reply
windtalkerMay 18, 2012 at 10:17 am ပိုးဝင်သွားခြင်း အကျိုးမြင်ငှားပုလင်း အရိုးထွင်စားမင်း ….. အားပေးသွားပါ၏ Reply
ဟိန်း ဝင်း (ထားဝယ်သား)May 18, 2012 at 10:22 am တွေ့ပီ …. အဲဒီပိုး …. တစ်ကောင် .. နှစ်ကောင် …. သုံးလေးကောင်း 😛 Reply
ညလေးMay 18, 2012 at 11:02 am ပွပွကြီးရယ်……“ညလေး”ဒီပိုးဝင်နေတာကြာပေါ့….ငါးနှစ်လောက်ရှိနေပြီ…. အခုရောဂါကမသေးတော့ဝူး…….နေမြင့်လေအရူးရင့်လေဖြစ်နေပြီ…. တွေ.ကရာချိန်……..တနေ့တာမညိမ်……..ရိုက်ကွက်တွေ.ရင်ဇိမ်….. Reply
manawphyulayMay 18, 2012 at 12:38 pm ဪ ဘာပိုးများ ဝင်လေသလဲဆိုပြီး ကြည့်လိုက်တာ ဒီပိုးဝင်ရင်တော့ ကုရာနတ္တိ ဆေးမရှိပဲနော် သတိသာထားတော့ ရောက်လေရာမှာ ရိုက်မယ်ဆိုတာကြီးပဲ ဖြစ်နေတော့တာ မနောဆို မော်တော်ပီကယ်ကိစ္စလေး ရိုက်မိပါတယ်။ လိုင်းကားစီးတဲ့သူတိုင်းက မှတ်မိပြီး ခုထိပြောမဆုံးဖြစ်နေတော့ပဲ။ Reply
Khaing KhaingMay 18, 2012 at 2:33 pm ကိုငပွကြီး …… ရေစက်ကလေးက ကြလုကြခင်လေးဆိုတော့ လက်နဲ့တောင်ခံထားချင်စိတ်ကိုဖြစ်ပေါ်မိ တယ် …… ဒီလိုရိုက်နိုင်လို့လည်း ချီးကျူးပါတယ် ……… Reply
ငပွကြီးMay 18, 2012 at 3:06 pm ကိုကိုပေ ကိုကိုဟိန်းဝင်း ရေ အားပေးတာတိုးရှဲ့နော်..ကိုကိုဗိုက် ရေ ကသာက ထသာထ ချသာချ.. မနော် ပြောသလိုဘဲ ကြာရင် ပိုးက ပိုဆိုးနေပြီ အခုတောင်ဆရာဂီပြောတဲ့ဟာမျိုးအကြမ်းဖျင်း စုံစမ်းကြည့်တာ ၁၄ လောက်ကျမယ်တဲ့ ဂစ်..ဂစ်..ဂစ် ညလေး ပိုးဝင်တာ ၅နှစ်တောင်ရှိပြီဆိုတော့ တော်တော်တော့ ခရီးရောက်နေလောက်ပြီ..အားကျတယ်.. ခိုင်ခိုင် ချီးကျုးလို့ ရောဂါပိုပြင်းသွားပြီ…အော်…၁၄ သိန်း ..၁၄သိန်း…. Reply
ငပွကြီးMay 18, 2012 at 3:11 pm ဆူးရေ စီဂျေ တော့ ဝါသနာပါသား ဒါပေမယ့် နယ်ကကျဉ်းတော့ သိပ်မလွယ်ဘူး သားသား ကြောက်ကြောက် Reply
k kMay 18, 2012 at 4:18 pm ကိုငပွကြီးရေ ပိုးဝင်တာတော့ ကေကေလည်း အတူတူပဲ ဘယ်နေရာသွားသွား ကင်မရာတကိုင်ကိုင်နဲ့မို့ အိမ်ကတောင် မျက်စိနောက်နေကြပြီလေ..:) Reply
ညလေးMay 18, 2012 at 5:41 pm ပွပွကြီးရယ်စိတ်လျှော့ထားနော် ့ ့ ့ ့ ့ဆရာတက္ကသိုလ် စိုးဝင်းရဲ့ဒုတိယအဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာကျမ်းထဲက ရေးထားတာလေးသတိရသွားတယ် ့ ့ ့ ့ ဲ ဲအတတ်ပညာနှင့် ပစ္စည်းကရိယာများသည် ဓာတ်ပုံပညာရှင် ၏ အသုံးတော်ခံပစ္စည်းသာဖြစ်ပြီးကိုးကွယ်စရာပစ္စည်း မဖြစ်သင့်သည်ကို ဓာတ်ပုံပညာရှင်က အမြဲသတိရှိနေရန်အရေးကြီးပါသည် ။ တဲ့ ့ ့ ့ ့ Reply
21 comments
ငပွကြီး
May 17, 2012 at 10:00 pm
သူကြီးရေ ၃ ပုံတင်လိုက်တာ ကျန်တဲ့ပုံတွေဘယ်ရောက်သွားလဲမသိဘူး ကူညီပေးပါဦး..ကျူမီယား..ကျူမီယား…
မဟာရာဇာ အံစာတုံး
May 17, 2012 at 10:15 pm
သိပါဘူး ..
ပိုးဝင်သွားတယ်ဆိုလို့
ဘာများတုန်းလို့ ဝင်ကြည့်လိုက်တာ ..
အကောင်ဗလောင်တွေများ ဘယ်ထဲ ဝင်သွားတာတုန်းလို့ …
အဟီးးး နောက်တာပါ .. 😀
ရွာထဲက ဒါ့ပုံဆြာတွေ လာရင် အကြံပြုကြပါလိမ့်မယ်ဗျာ ..
ကျုပ်ကတော့ ဘာမှမသိလို့ လစ်လိုက်ဦးမယ်ဗျို့ …
ငပွကြီး
May 17, 2012 at 10:20 pm
ဒီလိုပုံတွေတင်ဖို့ကို သင်ပေးထားတဲ့ ကျွှန်တော့ဆရာ ကိုကိုအံ ကိုကျေးဇူးအထူးပါ…ကောမန့်အတွက်ရောပဲ…ပန်းတနော်တုန်းက မဆုံရလိုက်လို့ နောက်မှလက်ဖက်ရည်တိုက်ပါ့မယ်…
ညလေး
May 17, 2012 at 10:25 pm
ပွပွကြီးရယ်….ဒီပိုးဝင်သွားရင်မလွယ်ဝူးနော်…..
ကုရခက်တယ်…အဟိဟိ…….
ကိုပေါက်(မန္တလေး)
May 17, 2012 at 10:48 pm
ဒီပိုးဝင်လို့ကတော့ ပိုက်ဆံကုန်မယ်။
ကင်မလာလေး နဲ့ဟိုချိန်ဒီချိန်လုပ်ရင် အဆင်မသင့်ရင် အဆော်ခံရတတ်ပါတယ်။
Ch@vez
May 17, 2012 at 11:09 pm
cropping ရော Depth of Field ရော ကောင်းတယ်ဗျ …
အဲ့ ..sharpness တခုပဲ နည်းနည်းလိုသွားတာ..
အဆင်ပြေသွားပါလိမ့်မယ်ဗျာ …ဆက်ရိုက်ရင်းနဲ့ …
ကြုံလို့ အကျယ်ပြောရရင် … ဒါကို
ပိုး လို့တော့ မသုံးစေချင်ဘူးဗျ…
ဒါက ပိုးမဟုတ်ပါဘူး …
ဒါ့ပုံ ရိုက်သူတိုင်း ပိုကောင်းတဲ့ ဒါ့ပုံ ရိုက်နိုင်ဖို့ ရိုက်တတ်ဖို့
အခွင့်အရေးလေဗျာ …
တတ်နိုင်ရင် DSLR ဝယ်ပေါ့
မဝယ်ဖြစ်လည်း ဘာမှမဖြစ်ဘူး ..အိမ်သုံးကင်မရာတွေ
ကို ပိုသုံးနိုင် ပိုနားလည်နိုင်အောင် ရေးနေဖတ်နေကြရတာပဲ မဟုတ်ဘူးလားဗျ..
ကျနော် ကနွန်း ကို်ယ်စားလှည်လည်းမဟုတ်ပါ …
နိုက်ကွန်းနဲ့လည်း မပါတ်သတ်ပါ…. သို့သော် ..
ကျနော့် မိတ်ဆွေတွေ ပိုကောင်းတဲ့ ဒါ့ပုံရိုက်နိုင်ဖို့
ကျနော် တတ်သမျှတော့ ရှဲပါတယ်…
ဆြာလုပ်တာလည်း မဟုတ်ပါ…
(တခါတခါ အထင်လွဲခံရသေးရဲ့ ….)
ကျနော့် အတွေးကတော့ ရှင်းပါရဲ့ဗျာ …
ကိုယ့်ချင်းကိုယ့်ချင်းမှ ပညာ မမျှဝေရင်
ကိုယ့်ချင်းကိုယ့်ချင်းမှ လျှိုရင် …
ကိုယ့်ချင်းကိုယ့်ချင်းမှ ထမင်းအိုး တုတ်နဲ့ထိုးတယ်ထင်ရင်…
အဲ … ကိုယ့်ထမင်းအိုး နိုင်ဂံဂျားသား လာ တုတ်နဲ့ထိုးတဲ့တချိန်
တောင်မင်း မြောက်မင်း မကယ်နိုင်မှာ အဓိက စိုးထိတ်မိသဗျ…
ဒီဂျစ်တယ်လ် ခေတ်မှာ SLR ဆိုတာဟာ ဇိမ်ခံပစ္စည်းတခုမဟုတ်တော့သလို
ပညာရှင် သက်သက်ရဲ့ ဥစ္စာ ဓနလည်းမဟုတ်တော့ဘူးဗျ…
ဒါ့ပုံပညာကို ပညာရပ်တခုလို့ သက်မှတ်ရင် သည်ဘက်ခေတ် ဒါ့ပုံပညာသည်
တွေဆိုတာ ..ပညာသင်တွေ အိမ်သုံးတွေအတွက် အဘိဒန် မဟုတ်ရင်တောင်
ရပ်ကွက်အဆင့် မြို့နယ်အဆင့် စာကြည့်တိုက် သဘောလောက် ဆောင်ရမယ်
လို့ပဲမြင်တယ်….။
ထပ်ပြောရရင် ပညာဆိုတာ လျှိုတဲ့ ခေတ် သေဆုံးသွားတာ ကြာခဲ့ပါပြီ..
ပညာဆိုတာ ထပ်ဆင့်ပြန့်ပွားရင်း အသစ်ရှာဖွေရင်း
တိုင်ပင်နှီးနှောရင်း လေ့ကျင့် သင်ယူရမယ့်ခေတ်ပါ….
ပညာလျှိုတယ်ဆိုတဲ့ ခေတ်က … မားကတ္တင်း မတတ်တဲ့…
အတ္တကိုရှေ့တန်းတင်တဲ့ … ငါလုပ်တတ်သမျှ သူများ လိုက်မလုပ်တတ်စေရ
ဆိုတဲ့ အတွေးအခေါ် ဇောင်းပေးတဲ့ ခေတ် စနစ်လို့ ရှုံ့ချပါရစေဗျ…
ယနေ့ ခေတ်စနစ်ကတော့ ရှင်းရဲ့ …
ငါဘာလုပ်သလဲ ဘာသုံးသလဲ အကုန်ဖွင့်ချမယ်..
မကျေနပ်ရင် လိုက်လုပ် …အဲ့ ..ငါ့ ကော်ပီကတ်ပဲ ဖြစ်မှာဘဲ …
စု-တု-ပြုတယ်နော်…. အများ လက်ခံတာ မဟုတ်ရင် ဂွမ်းမှာဘဲ…
အဲ့ ..စု-တု-ပြုလို့မှ .. ကိုယ့်ထက် သာပြီး သကာလ
အများလက်ခံတယ်နော် ….
နင့် အထှာ ငါပါပြန်သင်မယ်အေ… အားလုံးအတွက်ပေါ့…
အသစ်တခု အတွက်ပေါ့…
learning environment မဖြစ်သမျှတော့ ….
ထင်ရာမြင်ရာ ဆော်နေသမျှတော့ …
၁ဝနှစ် အနှစ် ၂ဝ ဘာမှ အဓိပ္ပါယ် ရှိလာမှာ မဟုတ်ဘူးပဲ …
အချုပ်ပြောရရင်
ဆော်ဗျာ ….အားလည်းပေးတယ် အားလည်းဖြည့်မယ်…
ပိုကောင်းနဲ့ မနက်ဖြန်အတွက် ပိုကောင်းတဲ့ ဒါ့ပုံတွေ
ဖန်တီးနိုင်ပါစေသား…
ခင်တဲ့
Inz@ghi
FattyCat
May 18, 2012 at 6:45 am
ကဲ မြောက်ပေးတဲ့လူကတော့ မြောက်ပေးနေပြီ
ကမယ့်လူက ကွေးနေအောင်ကဖို့ပဲလိုတော့သည်
ကျုပ်လဲဘဲ ဒီနှစ်ကုန်ပိုင်းလောက် ကွေးနေအောင်.
ကရန် စီစဉ်ထားသည်
အဖော်အပေါင်းတို့ မျက်စိနောက်စေတော့
ရွာသားငရှုပ်
ကြောင်ဝတုတ်
Ch@vez
May 18, 2012 at 11:57 am
ရွေးထားသကိုး …
ကျေးကျေးပါ. …
အိုဘယ့် ၃ပွင့်ဖြစ်သွားဘီ…
က ကြပါ ဆြာတို့ …
ကွေး အောင် ကကြပါ …
တက် အောင် ကကြပါ …(ကြွက် ပြောပါတယ်..)
အာဟိ
ဒက်ဂလောက်
😀
ဗိုက်ကလေး
May 18, 2012 at 12:05 pm
မောင်ဂီ
စိတ်ထိန်းပါကွယ်..
နင့်ကြည့်ပြီး ငါတောင် ထ.က ချင်စိတ်ပေါက်လာဘီ
water-melon
May 18, 2012 at 8:33 am
ဟိတ်လူတွေနော်
ကင်မရာပျက်လို့စိတ်ညစ်နေတာ
အဟင့်
ဆရာကြီးတွေဘဲ
အားကျလိုက်တာနော်
ငပွကြီး
May 18, 2012 at 9:18 am
ညလေး လဲကျွှန်တော့်လို ပိုးဝင် အဲလေ ဝါသနာပါသွားပြီထင်တယ်..
ကိုပေါက်ပြောတာအမှန်ဘဲဗျို့ မနေ့က ဈေးသည်ခေါင်းစဉ်အတွက် ရှောက်ရိုက်ရင်း စည်ပင်သာယာက လမ်းဘေးဈေးသည်ကိုဖမ်းနေတဲ့ပုံ သွားရိုက်တာ ဈေးခေါင်းကြီးခေါ်ပြောလို့ ပြန်ဖျက်လိုက်ရပါတယ်…ပုသိမ်ကမြို့ကျဉ်းတော့ ၁ယောက်နဲ့ ၁ယောက်သိနေတာကိုး…
ဆရာဂီ ရဲ့အားပေးမူကြောင့် အားတက်သွားပါပြီ DSLR အတွက်ကြိူးစားလိုက်ပါမယ်…
ကြောင်ကြောင်ရဲ့ပုံကိုတော့ လမ်းတွေ့ရင်မှတ်မိနေလို့ လှမ်းခေါ်မယ်နော်..
ရွာသူားတွေပြောသလိုဘဲပြောလိုက်မယ်….ဖြဲမရေ ကော်မန့်တွက် တိုးရှဲ့ပါတော်..
ဆူး
May 18, 2012 at 10:02 am
ပိုးဝင်တယ် ဆိုလို့ ဘာပိုးလဲ ဝင်ကြည့်တာ.. နည်းနည်းနောနော ပိုး မဟုတ်ဘူး။
ဒီတခါ လမ်းဘေး ဈေးသည် မရိုက်ပဲ အားရပါးရ မာန်ပါပါ ဓါး ပင့်ပြီး ရွယ်ပြီး ငါးခုတ် နေတဲ့ ဈေးသည် ကို ရိုက်လိုက်ပေါ့။ ဟိဟိ.. တော်ကြာ ဓါတ်ပုံပြိုင်ပွဲ မပါရပဲ စီဂျေ ပြိုင်ပွဲ ဝင်နေရအုန်းမယ်။
windtalker
May 18, 2012 at 10:17 am
ပိုးဝင်သွားခြင်း
အကျိုးမြင်ငှားပုလင်း
အရိုးထွင်စားမင်း
…..
အားပေးသွားပါ၏
ဟိန်း ဝင်း (ထားဝယ်သား)
May 18, 2012 at 10:22 am
တွေ့ပီ …. အဲဒီပိုး …. တစ်ကောင် .. နှစ်ကောင် …. သုံးလေးကောင်း 😛
ညလေး
May 18, 2012 at 11:02 am
ပွပွကြီးရယ်……“ညလေး”ဒီပိုးဝင်နေတာကြာပေါ့….ငါးနှစ်လောက်ရှိနေပြီ….
အခုရောဂါကမသေးတော့ဝူး…….နေမြင့်လေအရူးရင့်လေဖြစ်နေပြီ….
တွေ.ကရာချိန်……..တနေ့တာမညိမ်……..ရိုက်ကွက်တွေ.ရင်ဇိမ်…..
manawphyulay
May 18, 2012 at 12:38 pm
ဪ ဘာပိုးများ ဝင်လေသလဲဆိုပြီး ကြည့်လိုက်တာ ဒီပိုးဝင်ရင်တော့ ကုရာနတ္တိ ဆေးမရှိပဲနော် သတိသာထားတော့ ရောက်လေရာမှာ ရိုက်မယ်ဆိုတာကြီးပဲ ဖြစ်နေတော့တာ မနောဆို မော်တော်ပီကယ်ကိစ္စလေး ရိုက်မိပါတယ်။ လိုင်းကားစီးတဲ့သူတိုင်းက မှတ်မိပြီး ခုထိပြောမဆုံးဖြစ်နေတော့ပဲ။
Khaing Khaing
May 18, 2012 at 2:33 pm
ကိုငပွကြီး …… ရေစက်ကလေးက ကြလုကြခင်လေးဆိုတော့ လက်နဲ့တောင်ခံထားချင်စိတ်ကိုဖြစ်ပေါ်မိ တယ် …… ဒီလိုရိုက်နိုင်လို့လည်း ချီးကျူးပါတယ် ………
ငပွကြီး
May 18, 2012 at 3:06 pm
ကိုကိုပေ ကိုကိုဟိန်းဝင်း ရေ အားပေးတာတိုးရှဲ့နော်..ကိုကိုဗိုက် ရေ ကသာက ထသာထ ချသာချ..
မနော် ပြောသလိုဘဲ ကြာရင် ပိုးက ပိုဆိုးနေပြီ အခုတောင်ဆရာဂီပြောတဲ့ဟာမျိုးအကြမ်းဖျင်း စုံစမ်းကြည့်တာ ၁၄ လောက်ကျမယ်တဲ့ ဂစ်..ဂစ်..ဂစ်
ညလေး ပိုးဝင်တာ ၅နှစ်တောင်ရှိပြီဆိုတော့ တော်တော်တော့ ခရီးရောက်နေလောက်ပြီ..အားကျတယ်..
ခိုင်ခိုင် ချီးကျုးလို့ ရောဂါပိုပြင်းသွားပြီ…အော်…၁၄ သိန်း ..၁၄သိန်း….
ငပွကြီး
May 18, 2012 at 3:11 pm
ဆူးရေ စီဂျေ တော့ ဝါသနာပါသား ဒါပေမယ့် နယ်ကကျဉ်းတော့ သိပ်မလွယ်ဘူး သားသား ကြောက်ကြောက်
k k
May 18, 2012 at 4:18 pm
ကိုငပွကြီးရေ ပိုးဝင်တာတော့ ကေကေလည်း အတူတူပဲ ဘယ်နေရာသွားသွား ကင်မရာတကိုင်ကိုင်နဲ့မို့ အိမ်ကတောင် မျက်စိနောက်နေကြပြီလေ..:)
ညလေး
May 18, 2012 at 5:41 pm
ပွပွကြီးရယ်စိတ်လျှော့ထားနော် ့ ့ ့ ့ ့ဆရာတက္ကသိုလ် စိုးဝင်းရဲ့ဒုတိယအဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာကျမ်းထဲက ရေးထားတာလေးသတိရသွားတယ် ့ ့ ့ ့ ဲ ဲအတတ်ပညာနှင့် ပစ္စည်းကရိယာများသည် ဓာတ်ပုံပညာရှင် ၏ အသုံးတော်ခံပစ္စည်းသာဖြစ်ပြီးကိုးကွယ်စရာပစ္စည်း မဖြစ်သင့်သည်ကို ဓာတ်ပုံပညာရှင်က အမြဲသတိရှိနေရန်အရေးကြီးပါသည် ။ တဲ့ ့ ့ ့ ့